Category: News

  • ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ၊ စစ်ကောင်စီက မုန်းတီးလေဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ပြောကြား (ရုပ်/သံ)

    ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ၊ စစ်ကောင်စီက မုန်းတီးလေဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ပြောကြား (ရုပ်/သံ)

    by

    in

    ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ၊ စစ်ကောင်စီက မုန်းတီးလေဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ပြောကြား (ရုပ်/သံ) ဇွန် ၁၈၊ ၂၀၂၅ ဇွန်လ ၁၉ ရက် မနက်ဖြန်မှာ ကျရောက်မယ့် ဒေါ်‌အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ဆုတောင်းမှာ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ၊ စစ်ကောင်စီက မုန်းတီးလေဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ “မေတ္တာဆိုတာ အသွားအပြန် ရှိတယ်ဆိုတဲ့ စကားလိုပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူအပေါ်ထားတဲ့ မေတ္တာကို ပြည်သူက တုန့်ပြန် ရောင်ပြန်ဟပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မနာလို ဝန်တိုစိတ် အင်မတန်ကြီးပြီး ပြည်သူကို ရန်သူလို မှတ်ယူလေ့ရှိတဲ့ စစ်အုပ်စုကတော့ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးလေ ဖြစ်ပါတယ်”လို့…

  • ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

    ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

    by

    in

    ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး ရန်ကုန်၊ ဇွန် ၁၈ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မင်းလှမြို့နယ်၊ ဂင်ဒိတ်ကုန်းရွာ အဝင် ဆိုင်းဘုတ်အနီးရှိ ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသော ရဲ များကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း…

  • မန္တလေးမှာ ငလျင်လှုပ်ပြီး နှစ်လခွဲကျော်ကြာတဲ့အထိ ရေမီတာများ ပြတ်တောက်နေ

    မန္တလေးမှာ ငလျင်လှုပ်ပြီး နှစ်လခွဲကျော်ကြာတဲ့အထိ ရေမီတာများ ပြတ်တောက်နေ

    by

    in

    မန္တလေးမှာ ငလျင်လှုပ်ပြီး နှစ်လခွဲကျော်ကြာတဲ့အထိ ရေမီတာများ ပြတ်တောက်နေ ဇွန်၁၈၊၂၀၂၅။မေရီ/People’s Spring မန္တလေးမှာ ငလျင်ကြီးလှုပ်ခတ်ပြီးနှစ်လခွဲကျော်ကြာတဲ့အထိရပ်ကွက်တချို့မှာရေမီတာများပြတ်တောက်နေဆဲဖြစ်ကြောင်းမြို့ခံ​တွေကပြောပါတယ်။ မတ်လ (၂၈)ရက်နေ့က ငလျင်ကြီးလှုပ်ခတ်ပြီးနောက် မန္တလေးမြို့ပေါ် နေရာတချို့က ရေမီတာစနစ်နဲ့ပေးဝေနေတဲ့ရေပိုက်လိုင်းများ ကြိုးပဲ့ပျက်စီးခဲ့ပြီး ရေပေးဝေရေးစနစ် ပြတ်တောက်ခဲ့ပါတယ်။ သို့သော် ယခုဇွန်လလယ်ရောက်ပြီးနှစ်လခွဲကျော်ကြာတဲ့အထိ ရေပိုက်လိုင်းတွေ လာရောက်ပြင်ဆင်ပေးတာမရှိလို့ ရေမီတာကနေ ရေလုံးဝမရဘဲ အခက်အခဲဖြစ်နေ​ကြောင်းမြို့ခံတချို့ကပြောပါတယ်။ “၂၈ ရက်နေ့ငလျင်လှုပ်ပြီးအချိန်ကတည်းက စိန် ပန်းမှာ ရေမီတာ ပြတ်တောက်သွားတာ။အခုအ ချိန်အထိလည်း မရသေးဘူး။”လို့မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် ဒေသခံတဦးက ပြောပါတယ်။ အလားတူအောင်မြေသာစံမြို့နယ်ကရပ်ကွက်တ ချို့မှာလည်း ရေမီတာရေမရတဲ့အတွက် သောက်သုံးရေအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့လျှပ်စစ်နဲ့တင်ပြီးသုံးတဲ့နေအိမ်တွေက ရေနဲ့ လူမှုကူညီရေးအသင်းတွေက လာဝေတဲ့ရေကို သုံးစွဲနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးမှာ မတ်လ(၂၈)ရက်နေ့က ငလျင်ကြီးလှုပ်ခတ်မှုကြောင့် လူရာချီသေဆုံးပြီး အဆောက်အဦး လေးထောင်ဝန်းကျင်…

  • ကော့ကရိတ်-အင်းကြီးလမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား

    ကော့ကရိတ်-အင်းကြီးလမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား

    by

    in

    ကော့ကရိတ်-အင်းကြီးလမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား ရန်ကုန်၊ ဇွန် ၁၈ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကော့ကရိတ် – အင်းကြီးလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၂၀ ကျော် သေဆုံးထားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက် ၇ နာရီအချိန်မှ စတင်ပြီး ကျုံဒိုးမြို့နယ်၊ ၇ တိုင်၊ ရေပူပိုင်ရမုခ်ဝအနီးနှင့် အင်း ကြီး ရွာတို့ဘက်တွင် တိုက်ပွဲပြင်းထန်ခဲ့ရာ နံနက် ၉ နာရီအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်သား ၂၀ ကျော်သေဆုံးကာ တိုက်ပွဲဖြစ်ပွားရာနေ ရာသို့ ကျုံဒိုးဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။ “၇ တိုင် ဘက်က ဒီမနက်…

  • ရွှေတိဂုံဘုရားပေါ် လူငယ်အများစုကို မသင်္ကာတာနဲ့ လိုက်ဖမ်းပြီး စစ်ဆေးနေ

    ရွှေတိဂုံဘုရားပေါ် လူငယ်အများစုကို မသင်္ကာတာနဲ့ လိုက်ဖမ်းပြီး စစ်ဆေးနေ

    by

    in

    ရွှေတိဂုံဘုရားပေါ် လူငယ်အများစုကို မသင်္ကာတာနဲ့ လိုက်ဖမ်းပြီး စစ်ဆေးနေ (DBA) ဇွန် – ၁၈ ဒီနေ့ ဇွန်လ၁၈ရက်နေ့ မနက်အစောပိုင်းကတည်းက ရွှေတိဂုံဘုရားမှာ အင်္ကျီအဖြူဝတ်နဲ့ ပန်းကိုင်လာတဲ့ သူတွေကို ချမ်းသာကြီးတန်ဆောင်းဆီ ဖမ်းခေါ်သွားပြီး စစ်ဆေးမေးမြန်းနေကြတယ်လို့ ဘုရားဖူးပြည်သူ တွေကပြောပါတယ်။ ဖမ်းဆီးစစ်ဆေးခံရသူများမှာ လူငယ်အများစု အစစ်ခံကြရတာဖြစ်ပြီး ဘုရားပေါ်မှာလည်း အရပ်ဝတ် တွေ အများကြီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြန့်ထားကြပြီး အောင်မြေကို ဆုံမှတ်လုပ်ပြီး လှုပ်ရှားနေကြ ဖြတယ်လို့ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည် မွေ့နေ့မနက်ဖြန်တွင် ကျရောက်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေ လုပ်ဆောင်မှာကို စစ်ကောင်စီကထိတ်လန့်နေပြီး ပန်းပန်တဲ့သူတွေနဲ့ အဝတ်အပြာရောင် ဝတ်သူတွေကို ဖမ်းဆီးသွားမှာဖြစ်ပြီး လွတ်ငြိမ်းခွင့်မရဘဲ ထောင်၃နှစ်အထိချမှတ်မှာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ ဇွန်လ၁၇ရက်နေ့ထဲက ဖော်ပြနေတာဖြစ်ပါတယ်။ “မနက်ဖြန်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက်ကြိုပြီးတင်းကြပ်နေကြပုံရ။ဒီနေ့လည်းသတင်းမှာအ ရင်၂၀၂၂ကရုံးထုတ်တဲ့ဗီဒီယိုတွေဖြန့်တယ်။ပြီးတော့နိုင်ငံခြားရောက်အနုပညာရှင်တွေကိုနိုင်ငံသားအဖြစ်ကဖျက်သိမ်းတဲ့ဖိုင်တွေတင်ပြီးထပ်ဖြန့်တယ်။ဒီတော့သူတို့ကပြည်သူတွေမွေးနေ့ပွဲမှာမပါနိုင်အောင်နည်းမျိုးစုံနဲ့ခြိမ်းခြောက်နေတာ။ပြည်တွင်းလွတ်မြောက်နယ်မြေကသူတွေကတော့ပျော်ရွှင်စွာပါနိုင်ကြမှာပါ။မနက်ဖြန်မြန်မာပြည်တွင်းမှာနေထိုင်သူတွေဘာလုပ်ပြနိုင်မလဲဆိုတာတော့မြင်ရမယ်ထင်ပါတယ်” လို့ ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးကပြောပါတယ်။…

  • စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်နှင့် အနုပညာရှင် ၁၃ ဦးကို စစ်ကောင်စီက နိုင်ငံသားအဖြစ်မှ ရပ်စဲ

    စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်နှင့် အနုပညာရှင် ၁၃ ဦးကို စစ်ကောင်စီက နိုင်ငံသားအဖြစ်မှ ရပ်စဲ

    by

    in

    စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်နှင့် အနုပညာရှင် ၁၃ ဦးကို စစ်ကောင်စီက နိုင်ငံသားအဖြစ်မှ ရပ်စဲ ရန်ကုန်၊ ဇွန် ၁၈ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်နှင့် အနုပညာရှင် ၁၃ ဦးကို စစ်ကောင်စီက နိုင်ငံ သားအဖြစ်မှ ရပ်စဲသော အမိန့်စာများကို စစ်တပ်၏ တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ယနေ့ ဖြန့်ဝေ သတင်းထုတ် ပြန်သည်။ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်မှစတင်၍ စစ်တပ်၏ တယ်လီဂရမ်ချန်နယ်များအားလုံးတွင် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ရင်း ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်နှင့် အနုပညာရှင် ၁၃ ဦးကို စစ်ကောင်စီက နိုင်ငံသားအဖြစ်မှ ရပ်စဲသည့် ထုတ်ပြန်ချက်များကို ဖြန့်ဝေလာခြင်းဖြစ်ကြောင်း၊ ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ၏ အကျိုးကို…

  • နတ်ရေကန်ဗျူဟာမှ လက်နက်ကြီးအချို့ကိုဆုတ် ခွာမည့်လမ်းပိုင်းရှိတပ်ရင်းများသို့ စစ်တပ်နေရာစပြောင်း

    နတ်ရေကန်ဗျူဟာမှ လက်နက်ကြီးအချို့ကိုဆုတ် ခွာမည့်လမ်းပိုင်းရှိတပ်ရင်းများသို့ စစ်တပ်နေရာစပြောင်း

    by

    in

    နတ်ရေကန်ဗျူဟာမှ လက်နက်ကြီးအချို့ကိုဆုတ် ခွာမည့်လမ်းပိုင်းရှိတပ်ရင်းများသို့ စစ်တပ်နေရာစပြောင်း ဇွန်-၁၇၊၂၀၂၅။အိမ်သွင်/People’s Spring အာရက္ခတပ်‌တော်(AA) နှင့် ပူး​ပေါင်းတပ်များက တိုက်ခိုက်နေသည့် နတ်ရေကန်ဗျူဟာမှ လက် နက်ကြီးအချို့ကို အမ်း-ပဒါန်းလမ်းပိုင်းရှိ စခန်းအချို့ထံ စစ်ကောင်စီက ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ အမြောက်များ နှင့် လက်နက်ကြီးအချို့ကို အ မြောက်တပ်(၄၀၉)၊ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၉၀၅)သို့ဇွန်လဒုတိယလပတ်အတွင်း စတင်ရွှေ့ပြောင်းနေသည်ကို တွေ့ရကြောင်း ‌AA နှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်များကပြောသည်။ “၉၉တပ်မမှူး ‌အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းလည်းသိပ်ထူးခြားမှုမရှိဘူး။ လက်နက်ကြီးတွေကိုတော့ပြန်ဆုတ်ယူသွားတယ်လို့ သတင်းရတယ်။ နတ်ရေကန်ဗျူဟာကျရင်လက်နက်ကြီးတွေမပါအောင် ကြိုကာတဲ့သဘောပဲ”ဟုစစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အမြောက်တပ်(၄၀၉)၊ အမြောက်စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်(၉၀၅)တို့သည် နတ်ရေကန်ဗျူဟာနှင့် ၁၅မိုင်ခန့်ဝေးသည်။ လက်ရှိတွင် အမ်း-ပဒါန်းလမ်းပိုင်း၌ အမြောက်တပ်(၄၀၉)၊ အမြောက်စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၉၀၅)၊ပျဉ်းဝဂိတ်၊တ ရုတ်ဓာတ်ငွေ့ပိုင်းလိုင်းနေရာ၊ မြေလတ်ရွာ၊ ဂုတ်ကြီးရွာ၊ လက်ဖက်ခြံတို့က စစ်ကောင်စီက တပ်စွဲထားဆဲဖြစ်ပြီး ‌လမ်းပိုင်းနေရာအများစုကို AAနှင့်မဟာမိတ်များက…

  • ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ တရားခွင် အမှုရင်ဆိုင်နေသည့်  CCTV မှတ်တမ်း ဗီဒီယို နှင့် လူထုခေါင်းဆောင်၏ ထောင်တွင်း နေ့စဉ် နေထိုင်မှု မှတ်တမ်းများ ဂါးဒီးယန်းသတင်းဌာနသို့ ပေါက်ကြား (ရုပ်/သံ)

    ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ တရားခွင် အမှုရင်ဆိုင်နေသည့် CCTV မှတ်တမ်း ဗီဒီယို နှင့် လူထုခေါင်းဆောင်၏ ထောင်တွင်း နေ့စဉ် နေထိုင်မှု မှတ်တမ်းများ ဂါးဒီးယန်းသတင်းဌာနသို့ ပေါက်ကြား (ရုပ်/သံ)

    by

    in

    ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ တရားခွင် အမှုရင်ဆိုင်နေသည့် CCTV မှတ်တမ်း ဗီဒီယို နှင့် လူထုခေါင်းဆောင်၏ ထောင်တွင်း နေ့စဉ် နေထိုင်မှု မှတ်တမ်းများ ဂါးဒီးယန်းသတင်းဌာနသို့ ပေါက်ကြား (ရုပ်/သံ) ရန်ကုန်၊ ဇွန် ၁၈ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ တရားခွင် အမှုရင်ဆိုင်နေသည့် CCTV မှတ်တမ်း ဗီဒီယို နှင့် လူထုခေါင်းဆောင်၏ ထောင်တွင်း နေ့စဉ် နေထိုင်မှုမှတ်တမ်းများ ဂါးဒီးယန်းသတင်းဌာနသို့ ပြည်သူ့ရင်ခွင်အဖွဲ့မှတစ် ဆင့် ပေါက်ကြားလာကြောင်း အဆိုပါ သတင်းဌာနက သတင်းဖော်ပြ သည်။ စစ်ကောင်စီ၏ တရားခွင်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှားရှားပါးပါး ဗီဒီယိုဖိုင်နှင့် သူမ၏ နေ့စဉ် အကျဉ်းထောင်များဆိုင်ရာ အသေးစိတ် မှတ်တမ်းများကို ဂါးဒီးယန်းက ရရှိခဲ့ပြီး အသက် ၈၀ ပြည့် မွေးနေ့…

  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့်မွေးနေ့ဆုတောင်းဗီဒီယို ၇သောင်းကျော်အထိ ရောက်ရှိလာ

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့်မွေးနေ့ဆုတောင်းဗီဒီယို ၇သောင်းကျော်အထိ ရောက်ရှိလာ

    by

    in

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့်မွေးနေ့ဆုတောင်းဗီဒီယို ၇သောင်းကျော်အထိ ရောက်ရှိလာ ဇွန် ၁၈ ၊ ၂၀၂၅ ဂင်းနစ်စံချိန်ချိုးဖို့အတွက် လုပ်ဆောင်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့် မွေးနေ့ဆုတောင်းဗီဒီယို ၇သောင်းကျော်အထိရောက်ရှိလာပြီ ဖြစ်ပြီး ၁ ရက်ပဲ ကျန်တော့တာမို့ ဆက်လက် ပါဝင်ပေးကြဖို့အတွက် Suu 80 Birthday Campaign က ဒီနေ့မနက်မှာ အသိပေးထားပါတယ်။ “အမေ့ကိုချစ်တဲ့သူတွေရဲ့ မွေးနေ့ဆုတောင်းတွေဟာ အခုဆို စုစုပေါင်း ၇၂၄၉၇ ကိုရောက်လာပါပြီ ၈၀၀၀၀ ပြည့်ဖို့သိပ်မလိုတော့ဘူးနော် ဆက်ဆွဲစို့” လို့ Suu 80 Birthday Campaign က ပြောပါတယ်။ ဇွန် ၁၈ရက် (ဒီနေ့) မနက်အထိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)…

  • စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို နိုင်ငံခြားပညာသင်စေလွှတ်မှု တင်းကျပ်ကန့်သတ်အမိန့်ထုတ်လိုက်ပြီး မြန်မာနိုင်ငံတွင် သင်ကြားနိုင်သော ဘာသာရပ်များအတွက် ပြည်ပသို့ မလွှတ်ရန် ညွှန်ကြား

    စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို နိုင်ငံခြားပညာသင်စေလွှတ်မှု တင်းကျပ်ကန့်သတ်အမိန့်ထုတ်လိုက်ပြီး မြန်မာနိုင်ငံတွင် သင်ကြားနိုင်သော ဘာသာရပ်များအတွက် ပြည်ပသို့ မလွှတ်ရန် ညွှန်ကြား

    by

    in

    စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို နိုင်ငံခြားပညာသင်စေလွှတ်မှု တင်းကျပ်ကန့်သတ်အမိန့်ထုတ်လိုက်ပြီး မြန်မာနိုင်ငံတွင် သင်ကြားနိုင်သော ဘာသာရပ်များအတွက် ပြည်ပသို့ မလွှတ်ရန် ညွှန်ကြား ရန်ကုန်၊ ဇွန် ၁၈ အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို နိုင်ငံခြားသို့ ပညာသင်စေလွှတ်မှုများအား တင်းကျပ်ကန့်သတ်ရန် အမိန့်ထုတ်လိုက်ပြီး မြန်မာနိုင်ငံတွင် သင်ကြားနိုင်သော ဘာသာရပ်များအတွက် ပြည်ပသို့သွားရောက်မှုများ စိစစ်ရန် ညွှန်ကြားလာကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်းနှင့် စစ်ကောင်စီ၏ ထုတ်ပြန်လာသော အမိန့်အရ သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၅ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်များ ပြင်ဆင်ထုတ်ပြန်ခြင်း အမိန့် တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်တွင် Non-CDM ဝန်ထမ်းများကို ပြည်ပသို့ စေလွှတ်မှုများနှင့်ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် ကန့်သတ် လာခြင်းဖြစ်သည်။ စစ်ကောင်စီ…