ရွှေတိဂုံဘုရားပေါ် လူငယ်အများစုကို မသင်္ကာတာနဲ့ လိုက်ဖမ်းပြီး စစ်ဆေးနေ
(DBA) ဇွန် – ၁၈
ဒီနေ့ ဇွန်လ၁၈ရက်နေ့ မနက်အစောပိုင်းကတည်းက ရွှေတိဂုံဘုရားမှာ အင်္ကျီအဖြူဝတ်နဲ့ ပန်းကိုင်လာတဲ့ သူတွေကို ချမ်းသာကြီးတန်ဆောင်းဆီ ဖမ်းခေါ်သွားပြီး စစ်ဆေးမေးမြန်းနေကြတယ်လို့ ဘုရားဖူးပြည်သူ တွေကပြောပါတယ်။
ဖမ်းဆီးစစ်ဆေးခံရသူများမှာ လူငယ်အများစု အစစ်ခံကြရတာဖြစ်ပြီး ဘုရားပေါ်မှာလည်း အရပ်ဝတ် တွေ အများကြီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြန့်ထားကြပြီး အောင်မြေကို ဆုံမှတ်လုပ်ပြီး လှုပ်ရှားနေကြ ဖြတယ်လို့ သိရပါတယ်။
လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည် မွေ့နေ့မနက်ဖြန်တွင် ကျရောက်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေ လုပ်ဆောင်မှာကို စစ်ကောင်စီကထိတ်လန့်နေပြီး ပန်းပန်တဲ့သူတွေနဲ့ အဝတ်အပြာရောင် ဝတ်သူတွေကို ဖမ်းဆီးသွားမှာဖြစ်ပြီး လွတ်ငြိမ်းခွင့်မရဘဲ ထောင်၃နှစ်အထိချမှတ်မှာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ ဇွန်လ၁၇ရက်နေ့ထဲက ဖော်ပြနေတာဖြစ်ပါတယ်။
“မနက်ဖြန်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက်ကြိုပြီးတင်းကြပ်နေကြပုံရ။ဒီနေ့လည်းသတင်းမှာအ ရင်၂၀၂၂ကရုံးထုတ်တဲ့ဗီဒီယိုတွေဖြန့်တယ်။ပြီးတော့နိုင်ငံခြားရောက်အနုပညာရှင်တွေကိုနိုင်ငံသားအဖြစ်ကဖျက်သိမ်းတဲ့ဖိုင်တွေတင်ပြီးထပ်ဖြန့်တယ်။ဒီတော့သူတို့ကပြည်သူတွေမွေးနေ့ပွဲမှာမပါနိုင်အောင်နည်းမျိုးစုံနဲ့ခြိမ်းခြောက်နေတာ။ပြည်တွင်းလွတ်မြောက်နယ်မြေကသူတွေကတော့ပျော်ရွှင်စွာပါနိုင်ကြမှာပါ။မနက်ဖြန်မြန်မာပြည်တွင်းမှာနေထိုင်သူတွေဘာလုပ်ပြနိုင်မလဲဆိုတာတော့မြင်ရမယ်ထင်ပါတယ်” လို့ ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးကပြောပါတယ်။
ဂင်းနစ်စံချိန်ချိုးဖိုအတွက် လုပ်ဆောင်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့် မွေးနေ့ဆုတောင်းဗီဒီယို ၇သောင်းကျော်အထိရောက်ရှိလာပြီ ဖြစ်ပြီး ၁ ရက်ပဲ ကျန်တော့တာမို့ ဆက်လက် ပါဝင်ပေးကြဖိုအတွက် Suu 80 Birthday Campaign က ဒီနေ့မနက်မှာ အသိပေး ထားပါတယ်။
“အမေ့ကိုချစ်တဲ့သူတွေရဲ့ မွေးနေ့ဆုတောင်းတွေဟာ အခုဆို စုစုပေါင်း ၇၂၄၉၇ ကိုရောက်လာပါပြီ ၈၀၀၀၀ ပြည့်ဖိုသိပ်မလိုတော့ဘူးနော် ဆက်ဆွဲစို့” လို့ Suu 80 Birthday Campaign က ပြောပါတယ်။
ဇွန် ၁၈ရက် (ဒီနေ့) မနက်အထိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေး နေ့ ဆုတောင်းဗီဒီယိုပေးပိုမှုက ၇၂၄၉၇ ခု အထိ ရှိလာခဲ့ပြီလို Suu 80 Birthday Campaign က အသိ ပေး ထားတာပါ။
