Category: News

  • စစ်တပ်ထောက်ခံမှုများသည့်ဒေသများတွင်လည်း စစ်မှုထမ်းရန် ဖမ်းဆီးနေ

    စစ်တပ်ထောက်ခံမှုများသည့်ဒေသများတွင်လည်း စစ်မှုထမ်းရန် ဖမ်းဆီးနေ

    by

    in

    စစ်တပ်ထောက်ခံမှုများသည့်ဒေသများတွင်လည်း စစ်မှုထမ်းရန် ဖမ်းဆီးနေ အင်ကြင်း/People’s Spring စစ်တပ်ထောက်ခံမှုအားကောင်းသည်ဆိုသော အလယ်ပိုင်းဒေသများဖြစ်သည့် မိတ္ထီလာ၊ကျောက်ဆည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များတွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန် လူငယ် အများအပြားအား လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့(နိုဝင်ဘာ ၂၀ ရက်)က မိတ္ထီလာ၊ကျောက်ဆည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များတွင် စစ်ကောင်စီတပ်က လူငယ်အများအပြားအား လိုက်လံဖမ်းဆီးနေပြီး မလှိုင်မြို့နယ်မှ လူငယ် ၃၀ကျော်၊ ဝမ်းတွင်းမြို့နယ်မှ လူငယ် ၄၀ ကျော် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။ “ကျွန်တော်တို့သိရသလောက် မြို့ပေါ်တွေမှာဆွဲတာပါ၊ ညဘက်အိမ်ပေါ်အထိ တက်ဆွဲတာရှိသလို ညဦးပိုင်းအပြင်ထွက်တဲ့လူငယ်တွေကို ဆွဲတာပါ။”ဟု Guardians Of Mahlaing အဖွဲ့က ပြောသည်။ Voice Of Wundwin အဖွဲ့ဝင်တစ်ဦးကလည်း ” အကြီးအကျယ်ပေါ်တာဆွဲနေတာ”ဟု ပြောသည်။ မိတ္ထီလာနှင့်…

  • ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက် ၁၀၀ ကျော်နှင့် ဒရုန်းများပါ သိမ်းပိုက်ရရှိ၊  KIA က အလံတင်ပြီးနောက် တရုတ်က နယ်စပ်ဂိတ်ကို ပိတ်ထား

    ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက် ၁၀၀ ကျော်နှင့် ဒရုန်းများပါ သိမ်းပိုက်ရရှိ၊ KIA က အလံတင်ပြီးနောက် တရုတ်က နယ်စပ်ဂိတ်ကို ပိတ်ထား

    by

    in

    ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက် ၁၀၀ ကျော်နှင့် ဒရုန်းများပါ သိမ်းပိုက်ရရှိ၊ KIA က အလံတင်ပြီးနောက် တရုတ်က နယ်စပ်ဂိတ်ကို ပိတ်ထား ရန်ကုန်၊ နိုဝင်ဘာ ၂၂ ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုက်တီမြို့ကို KIA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက် ၁၀၀ကျော်နှင့် ဒရုန်းများပါ သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ ကန်ပိုက်တီမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့အတွင်းနှင့်ပတ်ဝန်းကျင်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသို့လုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းများ…

  • တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်

    တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်

    by

    in

    တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင် ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၉ နာရီခန့်အချိန် တောင်ဥက္ကလာပမြို့နယ် ၊ ငွေတောင်စား သောက်ဆိုင် ဘေးရှိ အမှတ် ၁၄ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ…

  • မတ္တရာမှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၂ ယောက် သေပြီး လက်နက် (၉) လက် သိမ်းဆည်းရရှိ…

    မတ္တရာမှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၂ ယောက် သေပြီး လက်နက် (၉) လက် သိမ်းဆည်းရရှိ…

    by

    in

    မတ္တရာမှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၂ ယောက် သေပြီး လက်နက် (၉) လက် သိမ်းဆည်းရရှိ… နိုဝင်ဘာ ၂၁၊ ၂၀၂၄ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ၁၂ ယောက် သေပြီး လက်နက် (၉) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ထားပါတယ်။ အမှတ် (၉၁၀) စစ်အင်ဂျင်နီယာတပ်ရင်းက ထွက်လာတဲ့ ဗိုလ်မှူး ကျော်ဇေယျ (ခမရ-၇၀၁) ဦးစီး ခမရ (၇၀၁၊ ၇၀၃၊ ၇၀၄) အင်အား (၇၀) ကျော်ပါ စစ်ကြောင်းကို ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူးရဲ့ကွပ်ကဲမှုနဲ့ အမှတ် (၅၁၀) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်/…

  • မှော်ဘီရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန အဆောက်အအုံကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    မှော်ဘီရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန အဆောက်အအုံကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    by

    in

    မှော်ဘီရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန အဆောက်အအုံကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန အဆောက်အအုံကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် Yangon Army(YA)၏ ၁ နှစ်ပြည့်အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ် ရှိအကြမ်းဖက်မင်းအောင်လှိုင် လက်အောက်ခံ မြဝတီအသံလွှင့်ဌာန ကို Yangon Army (YA)က ဗုံးပစ်လောင်ချာ M79 လက်နက်ကြီးဖြင့် ၄၀ မမ ဗုံး ၃လုံးကို ထိထိရောက်ရောက်ပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ “မှော်ဘီမှာ ဒီညနေ…

  • စစ်ကောင်စီအသက်ဆက်နိုင်ရေး ယွမ်ငွေဘီလီယံချီ တရုတ်ကူညီမည်

    စစ်ကောင်စီအသက်ဆက်နိုင်ရေး ယွမ်ငွေဘီလီယံချီ တရုတ်ကူညီမည်

    by

    in

    စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက် ဘီလီယံချီသည့်ယွမ်ငွေများ အကူအညီပေးရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။ စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက် ယွမ်ငွေ ဘီလီယံချီသည့် အကူအညီပေးရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။ Myanmar Now က ရရှိသည့် စစ်ကောင်စီ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတွင်း စာရွက်စာတမ်းများအရ သန်းခေါင်စာရင်းကောက်ယူရေးအပါအဝင် တရုတ်ယွမ်ငွေ ၁ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၃၀ သန်းကျော်) ကုန်ကျမည့် စီမံကိန်းအခု ၂၀ ကို တရုတ်အစိုးရပေးမည့် အကူအညီဖြင့်လည်ပတ်မည်ဟုဆိုသည်။ နှစ်ဖက်ဆွေးနွေးမှုသည် နိုဝင်ဘာလဆန်းတွင်စတင်ခဲ့ပြီး မကြာသေးမီက စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အတွင်း ထိုစီမံကိန်းများကို သဘောတူခဲ့ကြောင်း နားလည်ရသည်။ စစ်ကောင်စီဘက်ကတောင်းဆိုသည့် နောက်ထပ်စီမံကိန်း ၇၇ ကိုလည်း အကူအညီပေးရန် တရုတ်နှင့်စစ်ကောင်စီတို့ အကြား ဆွေးနွေးဖွယ်ရှိကြောင်း ပေါက်ကြားလာသည့်မှတ်တမ်းများအ ရသိရသည်။…

  • ကျိုက်ထော် (တ) ဆုတောင်းပြည့်စေတီတော်ကြီး စိန်ဖူးတော် ငလျင်လှုပ်ခက်မှူကြောင့် 😢😢😢

    ကျိုက်ထော် (တ) ဆုတောင်းပြည့်စေတီတော်ကြီး စိန်ဖူးတော် ငလျင်လှုပ်ခက်မှူကြောင့် 😢😢😢

    by

    in

    ကျိုက်ထော် (တ) ဆုတောင်းပြည့်စေတီတော်ကြီး စိန်ဖူးတော် ငလျင်လှုပ်ခက်မှူကြောင့် 😢😢😢

  • မုံရွာက PDF ရှေ့တန်းစခန်း ၂ ခုကို စစ်တပ်ကစီးနင်းပြီး သေနတ်နဲ့ပစ္စည်းတချို့သိမ်းဆည်းခံရ  ■ စစ်ကြောင်းဝင်ရာတလျှောက်က ဒေသခံ ၂၀ ကျော်ကိုပါဖမ်းဆီးထား

    မုံရွာက PDF ရှေ့တန်းစခန်း ၂ ခုကို စစ်တပ်ကစီးနင်းပြီး သေနတ်နဲ့ပစ္စည်းတချို့သိမ်းဆည်းခံရ ■ စစ်ကြောင်းဝင်ရာတလျှောက်က ဒေသခံ ၂၀ ကျော်ကိုပါဖမ်းဆီးထား

    by

    in

    မုံရွာက PDF ရှေ့တန်းစခန်း ၂ ခုကို စစ်တပ်ကစီးနင်းပြီး သေနတ်နဲ့ပစ္စည်းတချို့သိမ်းဆည်းခံရ ■ စစ်ကြောင်းဝင်ရာတလျှောက်က ဒေသခံ ၂၀ ကျော်ကိုပါဖမ်းဆီးထား မုံရွာ၊ နိုဝင်ဘာ ၂၀၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နိဗ္ဗာန်ဝကျေးရွာရှိ မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်းရဲ့ ရှေ့တန်းစခန်း ၂ ခုကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကြောင်းဝင်ရာလမ်းတလျှောက်က ဒေသခံ ၂၀ ကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့ တပ်ရင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၁၉ ရက် မနက် ၈ နာရီကျော်မှာ သံပြားကာ ကား ၄ စီး၊ ဖောကား ၁ စီးနဲ့ အင်အား ၁၅၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိဗ္ဗာန်ဝရွာနဲ့ ရွာနီးကပ်လျက်မှာရှိတဲ့ ရွှေမြင်းတင်တောင်ရှိ…

  • တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၈၈ မြို့ရှိလာ

    တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၈၈ မြို့ရှိလာ

    by

    in

    တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၈၈ မြို့ရှိလာ -ဒီပ/People’s Spring မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူး​ပေါင်းတပ်​တွေက နိုဝင်ဘာ ၂၀ရက်​နေ့ ညနေပိုင်းမှာ အပြီး သတ်သိမ်းပိုက်လိုက်ပါတယ် ။ ဒါ​ကြောင့်​ နွေဦး​တော်လှန်​ရေးမှာ​ တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့​ပေါင်း ၈၈ မြို့အထိ့ရှိလာပြီဖြစ်ပါတယ် ။စစ်တပ်လက်​အောက်ခံ ဦးဇခုန်တိန့်ယိန်း ရဲ့ ကချင်အထူးဒေသ(၁)နယ်မြေအတွင်း KIA သိမ်းဖို့ နောက် ဆုံးကျန်နေတဲ့ ကန်ပိုက်တီမြို့ကို နိုဝင်ဘာ ၂၀ရက် မနက်ပိုင်းမှာ KIAနဲ့ မဟာမိတ် တပ်​တွေက စတင်ထိုးစစ်ဆင်ခဲ့ပြီး ညနေပိုင်းမှာ သိမ်းနိုင်ခဲ့တာပါ။ KIA နဲ့ ပူးပေါင်း တပ်​တွေဟာ ကချင် အထူးဒေသ(၁)နယ်မြေကို ၂၀၂၄ခုနှစ် နှစ်လယ်ပိုင်းစတင်ထိုးစစ်ဆင်ခဲ့တာမှာ ဇွန်လ အတွင်း ဆဒုံးဒေသ၊ စက်တင်ဘာလကုန်မှာ ချီဖွေမြို့ ၊…

  • နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဝန်ကြီးဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်းများနှင့် စစ်အရာရှိဟောင်းများ၏ နေအိမ်များကို စည်ပင်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ စစ်တပ်၊ရဲနှင့်စည်ပင်များက ဝင်ရောက်ဖျက်ဆီး

    နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဝန်ကြီးဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်းများနှင့် စစ်အရာရှိဟောင်းများ၏ နေအိမ်များကို စည်ပင်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ စစ်တပ်၊ရဲနှင့်စည်ပင်များက ဝင်ရောက်ဖျက်ဆီး

    by

    in

    နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဝန်ကြီးဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်းများနှင့် စစ်အရာရှိဟောင်းများ၏ နေအိမ်များကို စည်ပင်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ စစ်တပ်၊ရဲနှင့်စည်ပင်များက ဝင်ရောက်ဖျက်ဆီး ရန်ကုန်၊ နိုဝင်ဘာ ၂၁ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဝန်ကြီးဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်းများနှင့် စစ်အရာရှိဟောင်းများ၏ နေအိမ်များကို စည်ပင်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ စစ်တပ်၊ရဲနှင့်စည်ပင်များက ဝင်ရောက်ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီ၊ ရတနာဒီပ၊ မင်္ဂလာဒီပ၊ ဆင်ဖြူရပ်ကွက်၊ ညောင်ပင်ကြီးစုရပ်ကွက်၊ ညောင်ပင်စုကြီးကွက်သစ်၊ အောင်သုခကျေးရွာများမှ နေအိမ်များကို စည်ပင်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ စစ်တပ်၊ ရဲနှင့် စည်ပင်အင်အား ၂၀၀ ဖြင့် ဝင်ရောက် ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ၊ အဆိုပါ နေအိမ်အများစုမှာ ၂၀၁၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး…