တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၈၈ မြို့ရှိလာ

by

in

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၈၈ မြို့ရှိလာ
-ဒီပ/People’s Spring

မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူး​ပေါင်းတပ်​တွေက နိုဝင်ဘာ ၂၀ရက်​နေ့ ညနေပိုင်းမှာ အပြီး
သတ်သိမ်းပိုက်လိုက်ပါတယ် ။
ဒါ​ကြောင့်​ နွေဦး​တော်လှန်​ရေးမှာ​ တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့​ပေါင်း ၈၈ မြို့အထိ့ရှိလာပြီဖြစ်ပါတယ် ။စစ်တပ်လက်​အောက်ခံ ဦးဇခုန်တိန့်ယိန်း ရဲ့ ကချင်အထူးဒေသ(၁)နယ်မြေအတွင်း KIA သိမ်းဖို့ နောက်
ဆုံးကျန်နေတဲ့ ကန်ပိုက်တီမြို့ကို နိုဝင်ဘာ ၂၀ရက် မနက်ပိုင်းမှာ KIAနဲ့ မဟာမိတ် တပ်​တွေက စတင်ထိုးစစ်ဆင်ခဲ့ပြီး ညနေပိုင်းမှာ သိမ်းနိုင်ခဲ့တာပါ။
KIA နဲ့ ပူးပေါင်း တပ်​တွေဟာ ကချင် အထူးဒေသ(၁)နယ်မြေကို ၂၀၂၄ခုနှစ် နှစ်လယ်ပိုင်းစတင်ထိုးစစ်ဆင်ခဲ့တာမှာ ဇွန်လ အတွင်း ဆဒုံးဒေသ၊ စက်တင်ဘာလကုန်မှာ ချီဖွေမြို့ ၊ အောက်
တိုဘာလဆန်းပိုင်းမှာ ဆော့လော်မြို့ ၊ အောက်တို
ဘာလလယ်မှာပန်ဝါမြို့​၊ နိုဝင်ဘာ ၂ ရက်မှာဖီ​မော်မြို့ တွေကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
တရုတ်ဖိအား​ပေး​နေတဲ့ကြားက KIA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေက ကန်ပိုက်တီမြို့ကိုသိမ်းပိုက်ခဲ့တာဖြစ်သလို၊ စစ်​ကောင်စီက တန်​ဆောင်မုန်းလ
ပြည့်​နေ့(နိုဝင်ဘာ ၁၅ ရက်) မှာကချင်ပြည်နယ်၊မိုးမောက်မြို့နယ် ၊ကုန်းလောရွာက KBC ဘုရားကျောင်းကိုဗုံးကြဲလို့ က​လေးငယ်​တွေအပါအဝင်စစ်​ရှောင်ပြည်သူ ၉ ​ဦး​သေဆုံး၊ ၃၀ဦးခန့် ဒဏ်ရာရတဲ့ဖြစ်ရပ်အပြီး ၅ ရက်အကြာမှာ စစ်တပ်လက်​အောက်ကမြို့ကိုသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ် ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA ဟာ ကချင်ပြည်နယ်မှာ အနည်းဆုံး မြို့ ၁၄ မြို့ကိုသိမ်းပိုက်ခဲ့ပြီးဖြစ်ပါတယ်။ဒါအပြင် ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ မဘိန်းမြို့ နဲ့ ကွတ်ခိုင်မြို့နယ်ထဲက နန့်ဖက်ကာ​ဒေသကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။
တချိန်တည်းမှာ အာရက္ခတပ်​တော်က ​မောင်​တော ၊အမ်း ၊​တောင်ကုတ် ၊ဂွမြို့က စစ်တပ်လက်ကျန်စခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက်​နေသလို ၊ PDF​တွေက အင်း​တော်မြို့ ၊ ချင်းညီ​နောင်တပ်​တွေက မင်းတပ်မြို့ နဲ့ ဖလမ်းမြို့က စစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက်​နေပါတယ် ။