Category: News
-
အမ်းမြို့နယ်ရှိ အမြောက်တပ်ကို AA ထံမှ ပြန်ရရန် စစ်ကောင်စီ အပြင်းအထန်ကြိုးပမ်း
အမ်းမြို့နယ်ရှိ အမြောက်တပ်ကို AA ထံမှ ပြန်ရရန် စစ်ကောင်စီ အပြင်းအထန်ကြိုးပမ်း ဓါတု မဇ္ဈိမ။ ။ AA သိမ်းပိုက်ရရှိထားသည့် အမှတ်(၃၇၄) အမြောက်တပ်ကို ပြန်လည်ရရှိရန် စစ်ကောင်စီက အပြင်းအထန်ကြိုးစားနေပြီး လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ထိုအမြောက်တပ်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အနီးတွင်ရှိပြီး ယမန်နေ့ (နိုဝင်ဘာလ ၈ ရက် ) နေ့လယ်ပိုင်းက စတင်ကာ ယနေ့ (နိုဝင်ဘာလ ၉ရက် )အထိ စစ်ကောင်စီကလေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေကြောင်း သိရသည်။ “ဂျက်ဖိုက်တာနဲ့ မနေ့ညအထိဗုံးကြဲတာ Y-12 ကနေအတွဲလိုက်ဒုံးတွေနဲ့ပစ်တယ်။ အနီးကပ်ဖြစ်နေတာ။ ဒီနေ့မနက်အထိ လက်နက်ငယ်အပြန်အလှန်ပစ်တာတွေကြားရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က မဇ္စျိမကိုပြောသည်။ စစ်ကူအဖြစ် နပခသို့ရောက်ရှိနေသည့် ခြေမြန်တပ်မဌာနချုပ် တပ်မ( ၆၆) နှင့်…
-
ကျောက်ဆည်မှာ စစ်အုပ်စုက လူငယ်တွေကို ပေါ်တာဆွဲ၊ လိုက်ထရပ်ကား တစ်စီးစာ ပါသွား၊
ကျောက်ဆည်မှာ စစ်အုပ်စုက လူငယ်တွေကို ပေါ်တာဆွဲ၊ လိုက်ထရပ်ကား တစ်စီးစာ ပါသွား၊ တေဇ/MFP ၊ နိုဝင်ဘာ – ၉ မန္တလေးတိုင်း ကျောက်ဆည်မြို့ အဝင်အထွက်တွေမှာ ဂိတ်ဖွင့် ငွေညှစ်နေတဲ့ စစ်အုပ်စုက နိုဝင်ဘာလ ၈ရက် မနေ့က လမ်းသွားလမ်းလာတွေကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး လူငယ်လူရွယ်တွေ လိုက်ထရပ်ကား တစ်စီးစာ ပေါ်တာဆွဲ ခံလိုက်ရတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ကျောက်ဆည်မြို့ အနောက်ဘက်၊ ကျောက်ဆည် – တံတားဦးလမ်းမှာ ဂိတ်ဖွင့်ထားတဲ့ စစ်အုပ်စုက နေ့စဉ် လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေရာက မနေ့ကတော့ အလစ်အငိုက် ပေါ်တာဆွဲလို့ အလုပ်သွား အလုပ်ပြန် လူငယ်တွေ ပါသွားတာလို့ ဆိုပါတယ်။…
-
မင်းအောင်လှိုင်ကို လူမှုကွန်ရက်မှ Live လွှင့် သရော်မှု၊ ဓာတ်ပုံများ ဖြတ်ညှပ်ကပ်လုပ်မှုဖြင့် ငါးမင်းဆွေကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီး
စစ်ခေါင်းဆောင်ကို မကြာခဏ သရော်ပြောဆိုသည့် ငါးမင်းဆွေကို စစ်ကောင်စီက ဖမ်းဆီး ရန်ကုန်၊ နိုဝင်ဘာ ၉ News Ambassador အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို လူမှုကွန်ရက်တွင် မကြာခဏ သရော်ပြောဆိုလေ့ရှိသည့် ငါးမင်းဆွေကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်လိုက်ကြောင်း သိရသည်။ “ကျနော့ကို ကျိုက်ထိုရဲစခန်းမှူးက လာခေါ်တယ်။ လာခေါ်တဲ့အကြောင်းက ရန်ကုန်၊ လှိုင်မြို့နယ်မှာ ကျနော့ကို ၅၀၅ (က) နဲ့ အမှုဖွင့်ထားပါတယ်တဲ့။ အဲဒီကိစ္စနဲ့ကျနော့်ကို လာခေါ်တာပေါ့ဗျာ။ ကျနော့ကို ရန်ကုန်ပို့မှာပေါ့ဗျာ။ ၅၀၅ (က) နဲ့ ကျနော့ကို တရားစွဲထားတယ်ဗျ။ အဲ့ဒီလိုတော့ အကြမ်းဖျဉ်းသိရတယ်ဗျ။ အသေးစိတ်တော့ ဘာမှမသိရဘူး။ ကျနော်လိုက်သွားရမယ်ပေါ့ဗျာ။ ချစ်လှစွာသော မြန်မာများအားလုံးကို ကျနော် နှုတ်ဆက်ပါတယ်” ဟု ငါးမင်းဆွေက ၎င်း ရဲစခန်းသို့…
-
ပုသိမ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် ၇ တက်ရောက်ရန် သင်တန်းသားသစ်များ သင်တန်းကျောင်းသို့ ရောက်ရှိ
ပုသိမ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် ၇ တက်ရောက်ရန် သင်တန်းသားသစ်များ သင်တန်းကျောင်းသို့ ရောက်ရှိ ဧရာဝတီတ်ိုင်းမ် နိုဝင်ဘာ ၈ ရက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် ( ၇ )သင်တန်းတက်ရောက်ရန် စစ်သင်တန်း လေ့ကျင့်ရေးကျောင်းသို့ သင်တန်းသားများ ရောက်ရှိနေကြောင်း ဒေသခံများထံကသိရသည်။ ယခု နိုဝင်ဘာလက စတင်ပြီး ပုသိမ်မြို့၊ ရွှေမြင်တင်၊အမှတ်(၆)စစ်အခြေခံ စစ် လေ့ကျင့်ရေးကျောင်းသို့ သင်တန်းသား ရာနှင့်ချီကာ ရောက်ရှိနေသည်ဟု ဒေသခံများကပြောသည်။ “စုဆောင်းထားတဲ့ သင်တန်းသား အသစ်တွေ သင်တန်းတက်ဖို့ ရောက်နေကြတာများတယ်။ လောလောဆယ် အဲ့ဒီသင်တန်း မတက်ခင် တပ်ထဲမှာ သူတို့ဝယ်စားနေရတယ်။ သင်တန်းကာလကျမှ သူတို့စရိတ်သက်သာမယ်။ လူများတော့ တပ်ထဲမှာ စျေးရောင်းတဲ့သူတွေ အလုပ်ဖြစ်နေတယ်”ဟု ပုသိမ်မြို့ လေ့ကျင့်ရေးကျောင်းနှင့် နီးစပ်သူမြို့ခံတစ်ဦက ဧရာဝတီတိုင်းမ်ကိုပြောသည်။ သင်တန်းတက်ရန်…
-
မြောက်ဥက္ကလာ EPC ရုံး လုံခြုံရေးဂိတ် လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး အစောင့်ကျတဲ့ အကြမ်းဖက်စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရ
မြောက်ဥက္ကလာ EPC ရုံး လုံခြုံရေးဂိတ် လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး အစောင့်ကျတဲ့ အကြမ်းဖက်စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရ နိုဝင်ဘာ ၉၊ ၂၀၂၄ နိုဝင်ဘာလ ၈ရက်၊ ည ၇နာရီကျော်လောက်က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ EPC ရုံး လက်ပစ်ဗုံးနဲ့အပစ်ခံရပြီး ကင်းအစောင့်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။ မြောက်ဥက္ကလာပ EPC ရုံး၊ အစောင့်ချထားတဲ့ နေရာကို လက်ပစ်ဗုံး ၂လုံးနဲ့ ပစ်သွင်းတိုက်ခိုက်ခဲ့တာကြောင့် ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲတွေ ထိခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရတာပါ။ “ပြည်သူတွေကိုအကြမ်းဖက်နေတဲ့ စစ်တပ်၊ ရဲတွေကို၊ သူတို့ကင်းကျတဲ့ EPC ရုံးထိ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်” လို့ Yangon UG People Army တာဝန်ခံ ဂျိုးက မောင်းကိုပြောပါတယ်။…
-
မြန်မာနိုင်ငံတွင် အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း ၊အလုပ်သမား၊ အလုပ်ရှင်နှင့်လူ့အခွင့်အရေး ချိုးဖောက် နေသော စစ်ကောင်စီကို ILO ၏ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေးယူရေး အတည်ပြုရန်ရှိ
မြန်မာနိုင်ငံတွင် အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း ၊အလုပ်သမား၊ အလုပ်ရှင်နှင့်လူ့အခွင့်အရေး ချိုးဖောက် နေသော စစ်ကောင်စီကို ILO ၏ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေးယူရေး အတည်ပြုရန်ရှိ ရန်ကုန်၊ နိုဝင်ဘာ ၉ မြန်မာနိုင်ငံတွင် စစ်တပ်က အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း ၊အလုပ်သမား၊ အလုပ် ရှင်နှင့်လူ့အခွင့် အရေး ချိုးဖောက်နေမှုများ ကျူးလွန်နေကြောင်း ကမ္ဘာ့အလုပ် သမားအဖွဲ့ချုပ် ILO က ထပ်မံအတည်ပြုလိုက်ပြီး ILO၏ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေးယူရေး အတည်ပြုရန် စာတမ်းတင်ပြခိုင်းထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၏ ဥက္ကဋ္ဌ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပြီဖြစ်သော ILO အုပ်ချုပ်ရေးအဖွဲ့၏ အစည်းအဝေးတွင်…
-
စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ ရက်အကြာတွင် NLD အစိုးရ လျှပ် စစ် ဝန်ကြီး ဦးဝင်းခိုင် မန္တလေးဆေးရုံကြီး ICU တွင် ကွယ်လွန်၊ ယနေ့သဂြိုလ်မည်
စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ ရက်အကြာတွင် NLD အစိုးရ လျှပ် စစ် ဝန်ကြီး ဦးဝင်းခိုင် မန္တလေးဆေးရုံကြီး ICU တွင် ကွယ်လွန်၊ ယနေ့သဂြိုလ်မည် ရန်ကုန်၊ နိုဝင်ဘာ ၉ အကြမ်းဖက်စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ ရက်အကြာတွင် NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်သည် မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်တွင် ကွယ်လွန်သွားကြောင်း NLD သတင်းရင်းမြစ်က အတည် ပြုသည်။ ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီအချိန် NLD အစိုးရ ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံ နက် ၁၁ နာရီအချိန် မန္တလေးဆေးရုံကြီး၊ ရေခဲတိုက်မှ ကြာနီကန်သုဿာန်သို့…
-
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ခေါင်းဆောင်ဆီ ထောက်မပြခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ကို အတိုက်အခံအမတ် ဝေဖန်
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ခေါင်းဆောင်ဆီ ထောက်မပြခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ကို အတိုက်အခံအမတ် ဝေဖန် -People’s Spring အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ဘာကြောင့် ထောက်မပြခဲ့သလဲလို့ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် တစ်ဦးက ထိုင်းဝန်ကြီးချုပ်ကို မေးခွန်းထုတ်လိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှင်နာဝပ်ထရာဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ မဟာမဲခေါင် ဒေသခွဲ (GMS) ထိပ်သီး ညီလာခံနဲ့ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတာပါ။ သူဟာ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ကို ပထမဆုံး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နိုဝင်ဘာ ၇ ရက်နေ့က ACMECS အစည်းအဝေး…
-
မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီး မြောက်ဥက္ကလာပလျှပ်စစ်ရုံးကိုလည်း လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား
မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီး မြောက်ဥက္ကလာပလျှပ်စစ်ရုံးကိုလည်း လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား ရန်ကုန်၊ နိုဝင်ဘာ ၉ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်ကို ယနေ့ နံနက် ၁ နာရီဝန်းကျင်အချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ပေါက်ကွဲသံများကို ထွက်ပေါ်လာကြောင်း လေတပ်အနီးနေထိုင်သူ ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြော ဆိုသည်။ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် မှော်ဘီလေတပ်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သံများကြားရပြီး ပေါက်ကွဲသံ ၂ ကြိမ်ခန့်မှာ အလွန်ကျယ်လောင်ကြောင်း၊ ထပ်မံ၍ အနည်းငယ်သာ ကြားရသော ပေါက်ကွဲသံ တချို့ကိုလည်း ဆက်လက် ကြားရကြောင်း မှော်ဘီလေတပ်အနီးရှိ တပ်ကြီးကုန်းကျေးရွာမှ ပြည်သူတချို့က ပြောဆိုကြသည်။ “ပေါက်ကွဲသံတွေကြားရတာ။…
-
ဖီမော်မြို့၊ ကန်ဖန်းရွာမှ အလင်းဝင်ရောက်ခဲ့သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြု ကြိုဆို
ဖီမော်မြို့၊ ကန်ဖန်းရွာမှ အလင်းဝင်ရောက်ခဲ့သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြု ကြိုဆို ရန်ကုန်၊ နိုဝင်ဘာ ၈ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖီမော်မြို့၊ ကန်ဖန်းရွာမှ အလင်းဝင်ရောက်ခဲ့သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြု ကြိုဆိုခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖီမော်မြို့၊ ကန်ဖန်းရွာမှ အလင်းဝင်ရောက်ခဲ့သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြုကြိုဆိုပွဲပြုလုပ်ခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဟောပြောပွဲလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကန်ဖန်းရွာကို နိုဝင်ဘာလ ၄ ရက်နေ့…