Category: News
-
မညီညွတ်ပါက သွေးခွဲရေးလမ်းစဉ်ဖြင့် တော်လှန်ရေးအင်အားချိနဲ့အောင် စစ်အာဏာရှင်များက လုပ်ဆောင်လိမ့်မည်ဟု NUG ဝန်ကြီးချုပ် သတိပေး
မညီညွတ်ပါက သွေးခွဲရေးလမ်းစဉ်ဖြင့် တော်လှန်ရေးအင်အားချိနဲ့အောင် စစ်အာဏာရှင်များက လုပ်ဆောင်လိမ့်မည်ဟု NUG ဝန်ကြီးချုပ် သတိပေး ဟန်နွေ/People’s Spring တော်လှန်ရေးအင်အားစုများ မညီညွတ်ပါက တစ်ဖွဲ့ချင်းစီကို ဖဲ့ထုတ်ပြီး သွေးခွဲရေးလမ်းစဉ်ဖြင့် တော်လှန်ရေးကို အင်အားချိနဲ့အောင် စစ်အာဏာရှင်များက လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောကြားသည်။ ” ဒီအခြေအနေမျိုးတွေ ထပ်ခါထပ်ခါဖြစ်မလာအောင် ကျွန်တော်တို့အားလုံး ရုန်းကန် ကျော်လွှားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က သတိပေးသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ရက်က ကျင်းပစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ” တော်လှန်ရေးတစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ စိန်ခေါ်မှု တွေကလည်းပိုများလာ တတ်ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို နည်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ နှိပ်ကွပ်ပြီး နိုင်ငံတကာ…
-
နေပြည်တော်တွင် လူငယ်များကို မူးယစ်ဆေးဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးပြီး ငွေညှစ်ခြင်းနှင့် စစ်မှုထမ်း တပ်သားအဖြစ် ဖမ်းဆီးစုဆောင်း၊ တိမ်းရှောင် ထွက်ပြေးလျှင် ပုဒ်မ ၁၉ (က)ဖြင့် ၀ရမ်းထုတ်ထောင်ချမည်ဟု ခြိမ်းခြောက်
နေပြည်တော်တွင် လူငယ်များကို မူးယစ်ဆေးဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးပြီး ငွေညှစ်ခြင်းနှင့် စစ်မှုထမ်း တပ်သားအဖြစ် ဖမ်းဆီးစုဆောင်း၊ တိမ်းရှောင် ထွက်ပြေးလျှင် ပုဒ်မ ၁၉ (က)ဖြင့် ၀ရမ်းထုတ်ထောင်ချမည်ဟု ခြိမ်းခြောက် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ နေပြည်တော်တွင် ပျဉ်းမနားမြို့နယ်တွင် မူးယစ်ဆေးဝါး လက်ဝယ်ရှိသည်ဟုဆိုကာ လူငယ်များကို ထောင်ချောက်ဆင် ဖမ်း ဆီးပြီး ငွေညှစ်ခြင်းနှင့် စစ်မှုထမ်း တပ်သားအဖြစ် ဖမ်းဆီးစုဆောင်းမှုများကို စစ်တပ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်ရဲများက လုပ်ဆောင်လျက်ရှိကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့၏ မိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ လမ်းပျဉ်းမနားဟောင်းအုပ်စု၊ ကြို့ပင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဇော်နိုင်စိုးက ပျဉ်းမနားရဲစခန်းမှ ဒုတပ်ကြပ် အေးအေးခိုင်နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးနေသူများကို ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၊ ဆယ်အိမ်မှူးများကို…
-
သူ…. ရေးတင်ခဲ့တုန်းကတော့ ရိုးရိုး အသိပေးစာ သတိပေးစာလေးအနေနဲ့ပဲဖတ်ဖြစ်ခဲ့တာ။ အခုတော့ သေတမ်းစာဖြစ်သွားခဲ့ရပီပေါ့
သူ…. ရေးတင်ခဲ့တုန်းကတော့ ရိုးရိုး အသိပေးစာ သတိပေးစာလေးအနေနဲ့ပဲဖတ်ဖြစ်ခဲ့တာ။ အခုတော့ သေတမ်းစာဖြစ်သွားခဲ့ရပီပေါ့ ရဟန်းအမရယ်။ Edit… SLE Lupas( အရေပြား လေးဘက်နာရောဂါသည်) ဆိုပီး ခေါင်းစဉ်မှားတပ်ခံရတဲ့ ကျမ 3လပိုင်း 2024လောက်ကတည်းကစဖြစ်တာ လက်တွေမှာရော ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာရော အနီစက်တွေပေါ်လာတော့ ရေမသန့်တာတွေချိုးမိလို့ allergic တွေ ပေါ်လာတယ်ထင်ခဲ့တာ 10ရက်လောက်ကြာတော့ ခြေထောက်တွေယောင်လာပြီး မထနိုင်တော့ဘူး အဲဒါနဲ့ဘဲ11လပိုင်း2024အထိပြခဲ့တာ စုစုပေါင်းဆို အားလုံး 9လကျော်ပေါ့နော် တကယ်တော်ပါတဲ့ဆရာဝန်ပြပါတယ် စစပြတုန်းက ကိုယ်အိတ်လေးကိုယ်ဆွဲပြီး ကိုယ်အကျီ်ကိုယ်လျှော် ကိုယ်စားဖို့ရော သူများစားဖို့ရော ချက်နိုင်ပြုတ်နိုင် စားနိုင်သောက်နိုင်သေးတယ် အဲတုန်းက ပေါင်တစ်ရာကျော်ရှိသေးတယ် နောက်ပိုင်းဆေးခန်းပြရင်း အစားမဝင်တော့ဘူး လူကသက်သာမလာတဲ့အပြင် ပိုပိုပြီးအခြေအနေဆိုးလာတယ် ဆရာဝန်ပြောင်းပြဖို့ကျ တစ်နေ့သက်သာလာမှာဘဲလေဆိုတဲ့မျှော်လင့်ချက်ကလေးနဲ့ ရှေ့ဆက်ဇွဲရှိရှိနဲ့ပြလာခဲ့တာ အိပ်ယာထဲမထနိုင်တဲ့အထိပါဘဲ သွေးလဲသေချာစစ်မပေးတော့ ဘာတွေပျက်စီးသွားမှန်းသေချာမသိရပါဘူး တော်တော်ကိုခံရခက်တဲ့ရောဂါပါ နောက်ထပ်ဆရာဝန်တစ်ယောက်ပြောင်းရင်ရော သူလို့ဆရာဝန်မျိုးဖြစ်နေရင်…
-
စစ်ကောင်စီ၏ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ဥပဒေအရ လက်နက်တပ်ဆင်ထားသော ပြည်တွင်းပြည်ပ လုံခြုံရေးအဖွဲ့နှင့်ကုမ္ပဏီများက စစ်တပ်၊ရဲများနှင့် ပူးပေါင်းဆောင်ရွက်ရမည် 🟥 တရုတ်နှင့်ရုရှား အပါအဝင် နိုင်ငံခြား လုံခြုံရေးကုမ္ပဏီများ မြန်မာနိုင်ငံတွင် ထူထောင်ခွင့်ပြုပြီး တိုက်ပွဲများတွင်တိုက်ရိုက်စစ်ရေး အကူအညီများ စစ်ကောင်စီက ရယူလာနိုင်ဟုဆို
စစ်ကောင်စီ၏ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ဥပဒေအရ လက်နက်တပ်ဆင်ထားသော ပြည်တွင်းပြည်ပ လုံခြုံရေးအဖွဲ့နှင့်ကုမ္ပဏီများက စစ်တပ်၊ရဲများနှင့် ပူးပေါင်းဆောင်ရွက်ရမည် 🟥 တရုတ်နှင့်ရုရှား အပါအဝင် နိုင်ငံခြား လုံခြုံရေးကုမ္ပဏီများ မြန်မာနိုင်ငံတွင် ထူထောင်ခွင့်ပြုပြီး တိုက်ပွဲများတွင်တိုက်ရိုက်စစ်ရေး အကူအညီများ စစ်ကောင်စီက ရယူလာနိုင်ဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရခိုင်ပြည်နယ်၊ ကျောက်ဖြူရှိ တရုတ်နိုင်ငံပိုင် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း အပါအဝင် တရုတ်စီမံကိန်းများကို အဓိက ကာကွယ်ရန် ရည်ရွယ်ပြဋ္ဌာန်းထားသော ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ဥပဒေအရ လက်နက်တပ်ဆင်ထားသော ပြည်တွင်းနှင့် ပြည်ပ လုံခြုံရေးအဖွဲ့များနှင့် ကုမ္ပဏီများသည် စစ်တပ်၊ ရဲ အပါအဝင် စစ်ကောင်စီ၏လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သော…
-
တရုတ်လက်နက်ကိုင်ကြေးစားတပ်များ မြန်မာပြည်ဝင်လာနိုင်ရန် စစ်ကောင်စီက ဥပဒေသစ် ပြဋ္ဌာန်း
တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေ မြန်မာနိုင်ငံမရောက်မီ လက်နက်ကိုင်ဆောင်ခွင့်ပါတဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေသစ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းက ထုတ်ပြန် ပြဋ္ဌာန်းလိုက်ပါတယ်။ အခုနှစ် ဇန်နဝါရီအစောပိုင်းကတည်းက တရုတ်လုံခြုံရေးကုမ္မဏီတွေ မြန်မာနိုင်ငံကို ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းတွေကြားပြီးကတည်းက စစ်ကောင်စီက ဒီဥပဒေကို ရေးဆွဲနေတာလို့ နေပြည်တော်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။ “ကျောက်ဖြူ ရေနက်စီမံကိန်းနဲ့ ပိုးလမ်းမစီမံကိန်းကို တရုတ်တွေက ကိုယ်တိုင် လုံခြုံရေးယူချင်တယ်။ တရုတ်တွေ လက်နက်နဲ့ဝင်လာရင် ပြည်သူတွေအထိန့်တလန့်ဖြစ်မယ်။ ဒါကို ကြိုကာတဲ့အနေနဲ့ ဒီဥပဒေထုတ်တာ။” ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကွဲရေး ဗဟိုကော်မတီကို ၁၆ ယောက်နဲ့ ဖွဲ့စည်းထားပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ နယ်လုံဝန်ကြီးက ဦးဆောင်ကာ ၁၄ ယောက်နဲ့ဖွဲ့ စည်းထားပါတယ်။ ဒီဥပဒေမှာတော့ စစ်ကောင်စီက သတ်မှတ်ထားတဲ့…
-
တိုင်းရင်းသားများက နိုင်ငံနှင့် ပြည်သူအပေါ် သဘောထားမမှန်ကန်၊ အမှန်တိုင်း ရှုမြင်မှုမရှိဘဲ မတည်ငြိမ်မှုကို အခွင့် ကောင်းယူ၊ အေးချမ်းနေသော ဒေသများကို တိုက်ခိုက်ဖျက်ဆီးနေဟု မင်းအောင်လှိုင် ပြော
တိုင်းရင်းသားများက နိုင်ငံနှင့် ပြည်သူအပေါ် သဘောထားမမှန်ကန်၊ အမှန်တိုင်း ရှုမြင်မှုမရှိဘဲ မတည်ငြိမ်မှုကို အခွင့် ကောင်းယူ၊ အေးချမ်းနေသော ဒေသများကို တိုက်ခိုက်ဖျက်ဆီးနေဟု မင်းအောင်လှိုင် ပြော ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ မြန်မာနိုင်ငံနှင့် ပြည်သူအပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသား လက် နက် ကိုင်အဖွဲ့များက အခြေအနေကို အမှန်တိုင်းရှုမြင်ခြင်းမရှိဘဲ မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေသော ဒေသများကို တိုက်ခိုက်ဖျက်ဆီးနေကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သည့် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ အတွက် ပေးပို့သော စာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုနေခြင်းဖြစ်သည်။ လက်ရှိ ကြုံတွေ့နေရမှုများမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲမသမာမှု ရလဒ်ကို ပယ်ဖျက်ခဲ့သည့် အခြေအနေများကို တိုင်းရင်းသားများက…
-
တပ်မ(၈၈)လက်အောက်ခံစစ်ကြောင်းကို နေပြည် တော်နှင့်သရက်ခရိုင်PDFများပူးပေါင်းတိုက်ခိုက်
တပ်မ(၈၈)လက်အောက်ခံစစ်ကြောင်းကို နေပြည် တော်နှင့်သရက်ခရိုင်PDFများပူးပေါင်းတိုက်ခိုက် ကျော်ဇော၊ကဖေး/People’s Spring မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသရက်ခရိုင်အမှတ်(၁)တပ် ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။ စစ်ကောင်စီတပ်မ ၈၈ လက်အောက်ခံ ထုတ်နှုတ်အင်အားများနှင့် ပျူများဖြင့် ဖွဲ့စည်းထားသည့် အင်အား ၉၀ ခန့်ပါစစ်ကြောင်းသည် ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းအား နယ်မြေရှင်းလင်းရန် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှစတင်ကာ ၇ ရက်ကြာစစ်ကြောင်းထိုးလာခြင်းဟုအမှတ် (၁)တပ်ရင်းက အသိပေးသည်။ စစ်ကောင်စီဗိုလ်မှူးအောင်ဇော်ဖြိုး ဦးဆောင်သည့် အဆိုပါစစ်ကြောင်းသည် ကိုးပင်-သာဂရလမ်းပိုင်းပေါ်ရှိဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာမှစတင်ကာဘန်းကုန်းကျေးရွာအထိ နယ်မြေရှင်းလင်းရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များကထိုစစ် ကြောင်းအား ကိုးပင်-သာဂရလမ်းပေါ်ရှိ ဝါးစိမြောင်ကျေးရွာနှင့် ကြက်မွေးနှုတ်ကျေးရွာအ ကြားတွင် ပဒေသာမိုင်းနှစ်တွဲအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သရက်ခရိုင် အမှတ်(၁)တပ်…
-
ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာရှိ ကွမ်းသီးတောဘုရားကုန်း နှင့် ကွမ်းသီးခြံတစ်ခုတွင် အခြေစိုက် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် စစ်ဆေးရေး ပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကို ရေးဘီဘူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း…
-
အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ
အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ မနေ့က ဖေဖော်ဝါရီလ ၁၈ ရက်မှာ ငဖဲမြို့နယ်အပိုင်၊ နတ်ရေကန်ဗျူဟာကုန်းစခန်း အနီးဝန်းကျင်မှာ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ နတ်ရေကန် ခံစစ်စခန်း အနီးဝန်းကျင်မှာ ထိတွေ့မှု အနည်းငယ်ရှိတာကလွဲရင် တိုက်စစ်ကြီးကြီးမားမား မရှိသေးပေမယ့် မကွေးလေတပ်ကတော့ ရဟတ်ယာဉ် တစ်လှည့် လေယာဉ်ပျံ တစ်လှည့်နဲ့ ကင်းထောက်နေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် အသိပေးထားပါတယ်။ “နတ်ရေကန်စခန်းက အမ်းမကျခင်ကတုန်းကတော့ ရေတာစခန်းပေါ့နော်၊ အမ်းကျပြီးနောက်ပိုင်းမှ…
-
ပေါက်ခေါင်းတွင် စစ်တပ်အတွက် စားနပ်ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ စစ်ကားများနှင့်ခဲယမ်းများ မီးလောင်ပျက်စီး (ရုပ်/သံ)
ပေါက်ခေါင်းတွင် စစ်တပ်အတွက် စားနပ်ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ စစ်ကားများနှင့်ခဲယမ်းများ မီးလောင်ပျက်စီး (ရုပ်/သံ) ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်အတွက် စားနပ်ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadowက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၊ ပြည်-ပေါင်းတလည်အကြား၊ တောင်ဆင်းဝဂွေအနီး စစ်တပ်၏ ရိက္ခာနှင့်ခဲယမ်းပို့ဆောင်နေသော…