သူ…. ရေးတင်ခဲ့တုန်းကတော့ ရိုးရိုး အသိပေးစာ သတိပေးစာလေးအနေနဲ့ပဲဖတ်ဖြစ်ခဲ့တာ။ အခုတော့ သေတမ်းစာဖြစ်သွားခဲ့ရပီပေါ့

by

in

သူ….
ရေးတင်ခဲ့တုန်းကတော့
ရိုးရိုး အသိပေးစာ
သတိပေးစာလေးအနေနဲ့ပဲဖတ်ဖြစ်ခဲ့တာ။
အခုတော့ သေတမ်းစာဖြစ်သွားခဲ့ရပီပေါ့
ရဟန်းအမရယ်။ Edit…

SLE Lupas( အရေပြား လေးဘက်နာရောဂါသည်) ဆိုပီး
ခေါင်းစဉ်မှားတပ်ခံရတဲ့ ကျမ
3လပိုင်း 2024လောက်ကတည်းကစဖြစ်တာ
လက်တွေမှာရော ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာရော အနီစက်တွေပေါ်လာတော့ ရေမသန့်တာတွေချိုးမိလို့ allergic တွေ
ပေါ်လာတယ်ထင်ခဲ့တာ 10ရက်လောက်ကြာတော့ ခြေထောက်တွေယောင်လာပြီး မထနိုင်တော့ဘူး
အဲဒါနဲ့ဘဲ11လပိုင်း2024အထိပြခဲ့တာ စုစုပေါင်းဆို အားလုံး 9လကျော်ပေါ့နော် တကယ်တော်ပါတဲ့ဆရာဝန်ပြပါတယ်
စစပြတုန်းက ကိုယ်အိတ်လေးကိုယ်ဆွဲပြီး ကိုယ်အကျီ်ကိုယ်လျှော် ကိုယ်စားဖို့ရော သူများစားဖို့ရော ချက်နိုင်ပြုတ်နိုင်
စားနိုင်သောက်နိုင်သေးတယ်
အဲတုန်းက ပေါင်တစ်ရာကျော်ရှိသေးတယ်
နောက်ပိုင်းဆေးခန်းပြရင်း အစားမဝင်တော့ဘူး
လူကသက်သာမလာတဲ့အပြင် ပိုပိုပြီးအခြေအနေဆိုးလာတယ်
ဆရာဝန်ပြောင်းပြဖို့ကျ တစ်နေ့သက်သာလာမှာဘဲလေဆိုတဲ့မျှော်လင့်ချက်ကလေးနဲ့ ရှေ့ဆက်ဇွဲရှိရှိနဲ့ပြလာခဲ့တာ အိပ်ယာထဲမထနိုင်တဲ့အထိပါဘဲ
သွေးလဲသေချာစစ်မပေးတော့ ဘာတွေပျက်စီးသွားမှန်းသေချာမသိရပါဘူး
တော်တော်ကိုခံရခက်တဲ့ရောဂါပါ
နောက်ထပ်ဆရာဝန်တစ်ယောက်ပြောင်းရင်ရော
သူလို့ဆရာဝန်မျိုးဖြစ်နေရင် ကျမအသက်ဆုံးရှုံးဖို့ဘဲရှိပါတယ်
ခုဆို ပေါင် 80ကျော်နဲ့ အိပ်ယာထဲလဲနေပါပြီ
အရမ်းလဲဝမ်းနည်းစိတ်ဓါတ်တွေလဲကျမိပါတယ်
ဘဝမှာဒီလောက်ခဲခဲရင်းရင်းဖြတ်သန်းရလိမ့်မယ်လို့ တခါမှမတွေးခဲ့မိဘူး
ဒီရောက်တော့လိုအပ်တဲ့ body check up တွေလုပ်တော့ ခန္ဓာကိုယ်က ကလီစာတွေဆေးအပြင်းစားတွေတိုက်လို့
အတော်လေးပျက်စီးနေပါပြီ
နောက်ပြီး အရေပြားလေးဖက်နာမဟုတ်ပါဘူးတဲ့
လိုအပ်တဲ့စစ်ဆေးမှုတွေမလုပ်ဘဲ ဆေးတွေမှားတိုက်တာပါတဲ့
ဆေးတွေကြောင့် ဆီးချိုသွေးချိုဖြစ်တယ် အခြားကလီစာတွေ အတော်ပျက်စီးကုန်တာပါ ….
ကျမကစာအရှည်ကြီးရေးချင်လို့ရေးနေရတာမဟုတ်ပါဘူး
ကျမလိုမဖြစ်ဖို့ သတိထားစေချင်လို့ပါ
မလိုအပ်ဘဲ ဆေးမှားတိုက်တဲ့ဆရာဝန်ကြောင့် အသက်မဆုံးရှုံးစေချင်လို့ပါ
နောက်သုံးလလောက်သာ အဲ့ဒီဆရာဝန်ပေးတဲ့ဆေးတွေဆက်သောက်နေမယ်ဆိုရင် အသက်ဆုံးရှုံးဖို့ရှိပါတယ်တဲ့
နှစ်သစ်မှာ အားလုံးဘဲကျမ်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိူင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်