Category: News
-
တပ်မတော်နေ့အတွက် စစ်ရေးပြလေ့ကျင့်နေသူများ မျောက်ကျောက်ရောဂါဖြစ်နေဟုဆို
တပ်မတော်နေ့အတွက် စစ်ရေးပြလေ့ကျင့်နေသူများ မျောက်ကျောက်ရောဂါဖြစ်နေဟုဆို ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅ နေပြည်တော်မှာ တပ်မတော်နေ့အတွက် စစ်ရေးပြ ချီတက်ဖို့ လေ့ကျင့်နေတဲ့ စစ်သားတချို့ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံ သိရပါတယ်။ အဆိုပါ စစ်ရေးပြစစ်သားတွေကို အကျွေးအမွေးတာဝန်ယူထားရတဲ့ ထောက်ပို့တပ်သားမှာ မျောက်ကျောက်ရောဂါ လက္ခဏာကို ထင်ရှားစွာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရောဂါ ကူးစက်ခံရသူ အယောက် ၂၀ အထိ ရှိနေပြီလို့ သိရပါတယ်။ “မော်လမြိုင်ရှိ အမှတ် (၅၂၅) ထောက်ပို့တပ်မှ ကျွေးမွေးရေးတာဝန်ဖြင့် ရောက်ရှိနေသူများမှ စတင်ဖြစ်တာပါ၊ ပြင်ဆင်ကျွေးမွေးရေး တာဝန်ယူထားသူများဖြစ်သောကြောင့် ကူးစက်မှုများ ထပ်မံတိုးလာနိုင်ပါတယ်” လို့ တပ်တွင်းသတင်းရင်းမြစ်က ဆိုပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက် မနေ့က ကျွေးမွေးရေးတာဝန်ယူထားသူ စစ်သား (၈)ယောက်ထံမှာ ရောဂါလက္ခဏာ ထင်ရှားစွာတွေ့ပြီး…
-
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၅၁၃) တပ်ရင်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၅၁၃) တပ်ရင်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၅၁၃) တပ်ရင်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ရုပ်သံမှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
-
လှိုင်သာယာရဲစခန်းနှင့် လှိုင်ချည်မျှင်စက်ရုံကို ဖောက်ခွဲတိုက်ခိုက်
လှိုင်သာယာရဲစခန်းနှင့် လှိုင်ချည်မျှင်စက်ရုံကို ဖောက်ခွဲတိုက်ခိုက် သတိုး / People’s Spring ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။ “အထိအခိုက်တော့ မသိရသေးဘူး။ လှိုင်သာယာရဲစခန်းထဲတော့ ၃ လုံး လုံးကျတယ်” ဟု ၎င်းကပြောသည်။ ဖေဖော်ဝါရီ ၂၀ ရက် ည ၁၀ နာရီခွဲခန့်တွင် ယင်းနေရာနှစ်ခုစလုံးကို တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချည်မျှင်နှင့်အထည်စက်ရုံဂိတ်ကို လက်ပစ်ဗုံး ၃ လုံး ၊ လှိုင်သာယာရဲစခန်းကို အဝေးပစ်လောင်ချာ 79 ဖြင့် ၄၀ မမ ၃ လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ “ပထမက ကျနော်တို့မိုင်းနဲ့တိုက်ခိုက်မလို့၊ မိုင်းက အဆင်မပြေလို့…
-
နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော်လည်း လေယာဉ်၊ ဒုံးကျည် ၊ ရေငုပ်သင်္ဘော အပါ အဝင် ခေတ်မီလက်နက်ခဲယမ်းများ ပိုင်ဆိုင်ထား၍ စစ်မှုထမ်းတပ်သားများ စိတ်အားငယ်စရာ မလိုဟု စစ်တပ်က ဝါဒမှိုင်းသွင်း 🟥 စစ်တပ်ကသာအမြဲ အနိုင်ရရှိသော ပေါ်လစီ စစ်ကားများကို စစ်မှုထမ်းတပ်သားများကို ကြည့်ရှုခိုင်း
နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော်လည်း လေယာဉ်၊ ဒုံးကျည် ၊ ရေငုပ်သင်္ဘော အပါ အဝင် ခေတ်မီလက်နက်ခဲယမ်းများ ပိုင်ဆိုင်ထား၍ စစ်မှုထမ်းတပ်သားများ စိတ်အားငယ်စရာ မလိုဟု စစ်တပ်က ဝါဒမှိုင်းသွင်း 🟥 စစ်တပ်ကသာအမြဲ အနိုင်ရရှိသော ပေါ်လစီ စစ်ကားများကို စစ်မှုထမ်းတပ်သားများကို ကြည့်ရှုခိုင်း ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ မြန်မာ နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော်လည်း လေယာဉ်၊ ဒုံးကျည် ၊ ရေငုပ်သင်္ဘော အပါအဝင် ခေတ်မီလက်နက်ခဲယမ်းများ ပိုင်ဆိုင်ထား၍ စိတ်အားငယ်စရာမလိုဘဲ ပေါ်လစီ စစ်ကားများကို အမြဲပြသပြီး စစ်မှုထမ်းတပ်သားများကို ဝါဒမှိုင်းသွင်းလျက်ရှိကြောင်း လွတ်မြောက်လာသော CDM စစ်မှုထမ်းတပ်သား မောင်အောင်ဆက်ပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ သထုံမြို့နယ်၊ အမှတ် ၄၀၂ တပ်ရင်းမှ လွတ်မြောက်လာသော…
-
ဗန်းမော်မြို့ ၊ ခလရ ၂၃၆ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်တပ်ဘက်မှ အရာရှိတချို့ အပါအဝင် ၇၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ဗန်းမော်မြို့ ၊ ခလရ ၂၃၆ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်တပ်ဘက်မှ အရာရှိတချို့ အပါအဝင် ၇၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ၊ ခလရ ၂၃၆ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၇၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်ပြီး တိုက်ခိုက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ခလရ ၂၃၆ တပ်ရင်းကို စတင် သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့…
-
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းမှ ဖယ်ရှားရန် မဖြစ်နိုင်၊ ဥပဒေအရ ရင်ဆိုင်ရန် တိုက်တွန်း
သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နာမည်တွေကို အာဂျင်တီးနားတရားရုံးက ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းစာရင်းနေ ဖယ်ရှားဖို့ မဖြစ်နိုင်တော့ဘဲ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့နည်းလမ်းသာရှိတယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ် ပြောပါတယ်။ အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီ ဒုတိယအပတ်ထဲမှာထုတ်ပြန်ခဲ့တဲ့ ဖမ်းဝရမ်းမှာ စစ်ခေါင်းဆောင်တွေနဲ့အတူ အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ရဲ့ နာမည်တွေ ပါဝင်လာခဲ့တာပါ။ ပြည်တွင်း၊ ပြည်ပ တရားရုံးတွေမှာ ဖမ်းဝရမ်းထုတ်တဲ့ပုံစံ ၂ မျိုးရှိကာ ပထမနည်းလမ်းက တရားစွဲတဲ့ဥပဒေအရာရှိက တရားရုံးမှာဖမ်းဝရမ်းတခါတည်းတွဲတင်တာဖြစ်ပြီး ဒုတိယနည်လမ်းက တရားရုံးက ဆင့်ခေါ်စာထုတ်တာကို မလာတဲ့အတွက် ဝရမ်းထုတ်တာ ဖြစ်ပါတယ်။ အာဂျင်တီးနားတရားရုံးက ထုတ်တဲ့ဖမ်းဝရမ်းဟာ ပထမနည်းလမ်းဖြစ်ပြီး ထွက်ပြေးတိမ်း ရှောင်မယ့်သူ၊ လာမှာမဟုတ်တဲ့သူ၊ တခါတည်းဖမ်းပြီး ရုံးတော်မှာစစ်ဆေးဖို့လိုအပ်သူတွေအတွက် သုံးတဲ့နည်းလမ်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ…
-
“ဒူဘိုင်းမှာထိုးနေတဲ့အောင်လပွဲ.. အခုလာနေပြီ ဒီရုပ်သံလိုင်းကကြည့်”
“ဒူဘိုင်းမှာထိုးနေတဲ့အောင်လပွဲ.. အခုလာနေပြီ ဒီရုပ်သံလိုင်းကကြည့်”
-
နှစ်လကျော် ကြာမြင့်လာသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ KIA အသာစီးရလာကာ ဆက်လက်ပြင်းထန်နေ
နှစ်လကျော် ကြာမြင့်လာသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ KIA အသာစီးရလာကာ ဆက်လက်ပြင်းထန်နေ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅ KIA နဲ့ တော်လှန်ရေးအင်အားစုတွေဟာ တော်လှန်ရေးအတွက် ပထဝီအနေအထားအရ အရေးပါတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို သိမ်းတိုက်ပွဲ ဆင်နွှဲလာတာ ၂လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ ၂၀၂၄ ဒီဇင်ဘာလက စတင်လာတဲ့ တိုက်ပွဲတွေဟာ လက်ရှိအချိန်အထိ နေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး ယခင်မြေပြင်မှာ ထိတွေ့တိုက်ပွဲတွေကနေ စစ်ကောင်စီဟာ တဖြည်းဖြည်းချင်း လေကြောင်းကနေ အားပြုတိုက်ခိုက်နေရတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်မှာရှိတဲ့ စကခ ၂၁ တပ်စခန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ လက်ရှိ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့က ဗန်းမော်အမြောက်တပ် ၇၀၀၆…
-
ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားသစ်ခုနစ်ဦး ကင်းကျချိန်မှာ လက်နက်တွေယူပြီး ဒေါနစစ်ကြောင်းထံ အလင်းဝင်လာ
ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားသစ်ခုနစ်ဦး ကင်းကျချိန်မှာ လက်နက်တွေယူပြီး ဒေါနစစ်ကြောင်းထံ အလင်းဝင်လာ ဒီးဒီ/People’s Spring ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခမရ(၅၅၈) တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦးဦဆောင်တဲ့ စစ်သားသစ် ခုနစ်ဦးဟာ လက်နက်တွေနဲ့ မနေ့က (ဖေဖော်ဝါရီ ၁၉ရက်)မှာ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်းရဲ့ ပြောရေးဆိုခွင်ရှိသူ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ပြောပါတယ်။ အလင်းဝင်လာတဲ့ စစ်သားတွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ စစ်သားသစ်စုဆောင်းခံရသူတွေဖြစ်တယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။ တပ်ကြပ်ကြီး ကျော်စွာဝင်းဟာ လမ်းကင်းတာဝန်ကျချိန်မှာ သူကဦးဆောင်ပြီးတော့ တပ်သားသစ် ခြောက်ဦးကို ခေါ်ဆောင်လာတာလို့ ပြောပါတယ်။ သေနတ်တွေလည်း တစ်လက်စီယူလာခဲ့ကြတယ်လို့ ဒေါနကစစ်ကြောင်းက အသိပေးထားပါတယ်။ “သူတို့က တပ်စိတ်တစ်စိတ်ထဲကပေါ့နော်။ တပ်ကြပ်ကြီးကိုယ်တိုင်ဦးဆောင်ပြီးတော့ ခေါ်ချလာတာ”လို့ ဒေါနစစ်ကြောင်းရဲ့ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ပြောပါတယ်။ အခုရက်ပိုင်းအတွင်းမှာ ဒေါနစစ်ကြောင်းဆီ အလင်းဝင်လာတာ…
-
မညီညွတ်ပါက သွေးခွဲရေးလမ်းစဉ်ဖြင့် တော်လှန်ရေးအင်အားချိနဲ့အောင် စစ်အာဏာရှင်များက လုပ်ဆောင်လိမ့်မည်ဟု NUG ဝန်ကြီးချုပ် သတိပေး
မညီညွတ်ပါက သွေးခွဲရေးလမ်းစဉ်ဖြင့် တော်လှန်ရေးအင်အားချိနဲ့အောင် စစ်အာဏာရှင်များက လုပ်ဆောင်လိမ့်မည်ဟု NUG ဝန်ကြီးချုပ် သတိပေး ဟန်နွေ/People’s Spring တော်လှန်ရေးအင်အားစုများ မညီညွတ်ပါက တစ်ဖွဲ့ချင်းစီကို ဖဲ့ထုတ်ပြီး သွေးခွဲရေးလမ်းစဉ်ဖြင့် တော်လှန်ရေးကို အင်အားချိနဲ့အောင် စစ်အာဏာရှင်များက လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောကြားသည်။ ” ဒီအခြေအနေမျိုးတွေ ထပ်ခါထပ်ခါဖြစ်မလာအောင် ကျွန်တော်တို့အားလုံး ရုန်းကန် ကျော်လွှားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က သတိပေးသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ရက်က ကျင်းပစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ” တော်လှန်ရေးတစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ စိန်ခေါ်မှု တွေကလည်းပိုများလာ တတ်ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို နည်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ နှိပ်ကွပ်ပြီး နိုင်ငံတကာ…