Category: News

  • အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ပိတ်ဆို့၍ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်များအတွက် ပြေးစရာမြေမရှိတော့ဟုဆို

    အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ပိတ်ဆို့၍ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်များအတွက် ပြေးစရာမြေမရှိတော့ဟုဆို

    by

    in

    အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ပိတ်ဆို့၍ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်များအတွက် ပြေးစရာမြေမရှိတော့ဟုဆို ရန်ကုန်| အောက်တိုဘာ ၂၉ ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် AA ဖက်က အောင်မြင်မှုများနှင့်အတူ စစ်ရေးအသာစီးရနေပြီး စစ်ကောင်စီဖက်လည်း လေကြောင်းပစ်ကူပေး အပြင်းအထန် ခုခံနေကြောင်း သိရသည်။ အမ်းမြို့တွင် စစ်ကောင်စီ (မြန်မာစစ်တပ်) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိပြီး ဗျူဟာကုန်းများအပါအဝင် စစ်ကောင်စီတပ်ရင်း ၁၀ ကျော်ရှိသည်။ ထိုအထဲက နပခ ဌာနချုပ်၏ အဓိက အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်း၊ စွေ့ချောင်းဗျူဟာကုန်း၊ မဲတောင်ဗျူဟာကုန်းများကို AA က သိမ်းပိုက်ထားပြီး အမ်းမြို့ထဲက ဆက်လက် ထိုးစစ်ဆင်တိုက်ရာ တပ်ရင်းတပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ထားကြောင်း ဒေသခံ ကိုမျိုးလွင်က ပြောသည်။ “အမ်းမြို့…

  • စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့အရေးယူ

    by

    in

    စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့အရေးယူ 🟥အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေ ရန်ကုန်၊ အောက်တိုဘာ ၃၀ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့်နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ ကျူးလွန်နေသော ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ဥရောပသမဂ္ဂက ဒဏ်ပိတ်ဆို့အရေးယူလိုက်ကြောင်း EU က တရားဝင် သတင်းထုတ်ပြန် ကြေညာသည်။ အောက်တိုဘာလ ၂၉ ရက်နေ့တွင် မြန်မာစစ်ကောင်စီနှင့် ဆက်နွယ်နေသည့် နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူ ၃ ဦးနှင့်ကုမ္ပဏီ ၁ ခုကို EU က ထိုသို့ ဒဏ်ခတ်ပိတ်ဆို့…

  • စဥ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကိုင်းတိုင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီလူးစစ်ကြောင်းကို မန္တလေး PDF က ဖမ်းဆီးရမိ ▪︎စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွင် ဘီလူးစစ်ကြောင်းမှ ၄ ဦး သေဆုံး

    စဥ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကိုင်းတိုင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီလူးစစ်ကြောင်းကို မန္တလေး PDF က ဖမ်းဆီးရမိ ▪︎စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွင် ဘီလူးစစ်ကြောင်းမှ ၄ ဦး သေဆုံး

    by

    in

    စဥ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကိုင်းတိုင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီလူးစစ်ကြောင်းကို မန္တလေး PDF က ဖမ်းဆီးရမိ ▪︎စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွင် ဘီလူးစစ်ကြောင်းမှ ၄ ဦး သေဆုံး ဇေအောင်/People’s Spring စဥ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကိုင်းတိုင်း၌ အ ကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီ လူးစစ်ကြောင်းကို မန္တလေး PDF က ဖမ်းဆီးရမိခဲ့ပြီး ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုတွင် ဘီ လူးစစ်ကြောင်းမှ ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။ စဥ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်က သိမ်းပိုက်နိုင်ခဲ့ စဥ် စစ်ကိုင်းတိုင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီလူးစစ်ကြောင်းကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။…

  • နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာ ရဲစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်မှု ရဲစခန်းကို ထိမှန်ခဲ့ပြီး အမိုးပွင့်ထွက် ပျက်စီး

    နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာ ရဲစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်မှု ရဲစခန်းကို ထိမှန်ခဲ့ပြီး အမိုးပွင့်ထွက် ပျက်စီး

    by

    in

    နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာ ရဲစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်မှု ရဲစခန်းကို ထိမှန်ခဲ့ပြီး အမိုးပွင့်ထွက် ပျက်စီး ရန်ကုန်၊ အောက်တိုဘာ ၂၉ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ ရဲစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းကို ထိမှန်ပြီး ခေါင်မိုးများ ပွင့်ထွက် ပျက်စီးခဲ့ကြောင်း နွားထိုးကြီး မြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် နွားထိုးကြီးမြို့နယ် ၊ ပြင်စည်ကျေးရွာ ရဲစခန်း၀င်းအတွင်းကို Rocket ၅ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံးမှာ စစ်တပ် ကင်းပုန်းကို ထိမှန်ခဲ့ပြီး ကျန် ၁ လုံးမှာ ရဲစခန်းကို…

  • အမ်းမြို့သိမ်းတိုက်ပွဲ နပခ အပါအဝင်စစ်​ကောင်စီတပ်စခန်းများအားလုံးကို AA ပိတ်ဆို့တိုက်ခိုက်

    အမ်းမြို့သိမ်းတိုက်ပွဲ နပခ အပါအဝင်စစ်​ကောင်စီတပ်စခန်းများအားလုံးကို AA ပိတ်ဆို့တိုက်ခိုက်

    by

    in

    အမ်းမြို့သိမ်းတိုက်ပွဲ နပခ အပါအဝင်စစ်​ကောင်စီတပ်စခန်းများအားလုံးကို AA ပိတ်ဆို့တိုက်ခိုက် အိမ်သွင်/People’s Spring အမ်းမြို့သိမ်းတိုက်ပွဲအတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အပြင် စစ်ကောင်စီစခန်းများအားလုံးကို အာရက္ခတပ်တော်( AA)က ပိတ်ဆို့ထားပြီး အမ်း-ပဒါန်းလမ်းကိုလည်း AAကထိန်း ချုပ်ထားကြောင်း ​ဒေသခံများက​ပြောသည်။ စက်တင်ဘာလ ၂၆ရက်နေ့ကစတင်ခဲ့သည့် အမ်းမြို့သိမ်းတိုက်ပွဲသည် ယခုရက်ပိုင်း အလွန်ပြင်းထန်နေပြီး စစ်ကောင်စီ၏ထွက်ပေါက်များအားလုံးကို AAက ပိတ်ဆို့ထားပြီဖြစ်​ကြောင်း ဒေသခံတဦးကပြောသည်။ “ဒီကနေ့ အပြင်းထန်ဆုံးကတော့ ၉၁၉ တပ်ဘက်မှာ။ (၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း)။အဲ့တပ်ကစစ်ကောင်စီတပ်သားတွေ ကစဥ့်ကလျားပဲထွက်ပြေးနေရတယ်။စစ်တပ်က နပခထဲကို ဟက်စကီးတွေနဲ့ လူတွေထပ်ချတယ်။အဓိက ကစစ်ကောင်စီ ချောင်ပိတ်သွားတဲ့အနေအထားပါ”ဟု မြို့ခံတဦးကပြောသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့်အမ်းမြို့နယ်တွင် ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)(၃၇၄)အမြောက်တပ်ရင်း၊ အမှတ်၂ ကုတင် ၃၀၀စစ်ဆေးရုံ၊ အမှတ် (၉၄၆) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၄၅) စက်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့…

  • NUGကို အစိုးရအဖြစ်အသိအမှတ်ပြုသည့် ကယန်းအမျိုးသားတပ်မတော်(KNA) ဖွဲ့စည်း

    NUGကို အစိုးရအဖြစ်အသိအမှတ်ပြုသည့် ကယန်းအမျိုးသားတပ်မတော်(KNA) ဖွဲ့စည်း

    by

    in

    NUGကို အစိုးရအဖြစ်အသိအမှတ်ပြုသည့် ကယန်းအမျိုးသားတပ်မတော်(KNA) ဖွဲ့စည်း * * * * * ကယန်းလူထုအခြေပြု လက်နက်တော်လှန်ရေးတပ်များစုစည်း၍ ကယန်းအမျိုးသားတပ်မတော်(KNA)ကို ယနေ့ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက်နေ့တွင် တပ်ရင်း(၈)ရင်းဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ကယန်းအမျိုးသားတပ်မတော်(KNA)ကို အခြေခံမူ(၉)ချက်၊ အမျိုးသားရည်မှန်းချက် (၅)ချက်ဖြင့် ဖွဲ့စည်းထားပြီး ကယန်းဒေသအတွင်းရှိ တော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေသော ပုဂ္ဂိုလ်များဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ကယန်းအမျိုးသားတပ်မတော်(KNA)သည် လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံနှင့် အခြား ကယန်းဒေသရှိ ပြန့်ကျဲနေသော ကယန်းလက်နက်ကိုင်တပ်ဖွဲ့တို့ကို တစုတစည်းတည်း ပြန်လည်ပေါင်းစည်းပြီး စစ်ကောင်စီကို တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ ကယန်းအမျိုးသားတပ်မတော်(KNA)အနေဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေသည့် မည်သည့် တော်လှန်ရေးအင်အားစု လက်နက်ကိုင်နှင့်မဆို အတူလက်တွဲပြီး တိုက်ပွဲဝင်သွားမည် ဟုဆိုသည်။ ကယန်းအမျိုးသားတပ်မတော်(KNA)သည်…

  • ဟားခါးမြို့အနီး စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်အရာရှိတစ်ဦးအပါအဝင်လေးဦးကို ချင်းပူးပေါင်းတပ် အရှင်ဖမ်းမိ

    ဟားခါးမြို့အနီး စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်အရာရှိတစ်ဦးအပါအဝင်လေးဦးကို ချင်းပူးပေါင်းတပ် အရှင်ဖမ်းမိ

    by

    in

    ဟားခါးမြို့အနီး စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်အရာရှိတစ်ဦးအပါအဝင်လေးဦးကို ချင်းပူးပေါင်းတပ် အရှင်ဖမ်းမိ ▪️စစ်ကောင်စီတပ် ၁၄ဦးသေဆုံးဟု ချင်းသတင်းရင်းမြစ်ပြော ▪️ထန်တလန်မြို့၉၀ ရာခိုင်နှုန်းကို ချင်းပူးပေါင်းတပ် ထိန်းချုပ် ဟန်နွေ/People’s Spring ချင်းပြည်နယ် ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ ကမ်တောင်း(ဒေသအခေါ် ကမ်တလန်) စခန်းကို ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရပူးပေါင်းတပ်များက ယမန်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၄ဦး အရှင်ဖမ်းမိခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။ ” မနေ့က ဟားခါးမြို့ပြင်အနီးမှာရှိတဲ့ ကမ်တောင်း(ကမ်တလန်း)စခန်းပေါ့နော်။ အဲဒီမှာ CNA ၊CDF ချင်းပြည်အစိုးရ ပူးပေါင်းတပ်တွေ က သိမ်းပိုက်နိုင်ခဲ့တဲ့အထဲမှာ ဖမ်းဆီးနိုင်တဲ့ လေးယောက်ဖြစ်ပါတယ်။ အဲဒီ စကစလေးယောက်မှာ တစ်ယောက်က မေဂျာအဆင့်ဖြစ်ပါတယ်။ နာမည်ကတော့ မသိနိုင်သေးဘူး”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့က ဟားခါးမြို့အနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲထားသည့်…

  • လေးကေ့ကော်စွယ်တော်ကုန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန် (ရုပ်/သံ)

    လေးကေ့ကော်စွယ်တော်ကုန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန် (ရုပ်/သံ)

    by

    in

    လေးကေ့ကော်စွယ်တော်ကုန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန် (ရုပ်/သံ) အောက်တိုဘာ ၂၉၊ ၂၀၂၄ ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်းအမြောက်စခန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Federal Wings က ထုတ်ပြန်လိုက်ပါတယ်။ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း အမြောက်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၇ လကြာ ပိတ်ဆို့ထားပြီး အောက်တိုဘာ ၁၇ ရက်က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

  • ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် စာရင်း လာရောက်ကောက်ယူသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး အေးမင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊  “PDF မကြောက်၍ တစ်ယောက်တည်းသွားလာနေတာကွ” ဟု စာရေး အေးမင်းနိုင်က ကြွေးကြော်ခဲ့

    ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် စာရင်း လာရောက်ကောက်ယူသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး အေးမင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ “PDF မကြောက်၍ တစ်ယောက်တည်းသွားလာနေတာကွ” ဟု စာရေး အေးမင်းနိုင်က ကြွေးကြော်ခဲ့

    by

    in

    ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် စာရင်း လာရောက်ကောက်ယူသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး အေးမင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ “PDF မကြောက်၍ တစ်ယောက်တည်းသွားလာနေတာကွ” ဟု စာရေး အေးမင်းနိုင်က ကြွေးကြော်ခဲ့ ရန်ကုန်၊ အောက်တိုဘာ ၂၉ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် စာရင်း လာရောက်ကောက်ယူသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး အေးမင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန် ရွှေတောင်မြို့နယ်၊ မမဲကြီးကျေးရွာတွင် စစ်မှုထမ်း တပ်သားသစ်စာရင်း လာရောက်ယူနေစဉ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး အေးမင်းနိုင် ကို…

  • ဟဲဟိုး ကနေ မန္တလေး သွားတဲ့ ဘုရားဖူးကား ချောက်ထဲကျပြီး ၇ ဦး ‌ေ-သဆုံး

    ဟဲဟိုး ကနေ မန္တလေး သွားတဲ့ ဘုရားဖူးကား ချောက်ထဲကျပြီး ၇ ဦး ‌ေ-သဆုံး

    by

    in

    ဟဲဟိုး ကနေ မန္တလေး သွားတဲ့ ဘုရားဖူးကား ချောက်ထဲကျပြီး ၇ ဦး ‌ေ-သဆုံး ၂၀၂၄၊အောက်တိုဘာလ၊၂၉ရက် ရှမ်း‌ပြည်နယ်တောင်ပိုင်း၊ ရွာငံ – ဟံမြင့်မိုရ်လမ်းပိုင်းမှာ ဟဲဟိုး ကနေ မန္တလေးကို ဘုရားဖူးသွားတဲ့ မီနီ ဘတ်စ်ကား ချောက်ထဲထိုးကျပြီး ၇ ဦး‌ေ-သဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) ကထုတ်ပြန်ထားပါတယ်။ မန္တလေးမြို့ကို ဘုရားဖူးရန်လာတဲ့ ရန်ကုန်မြို့မှ ခြောက်ဘီး Mini Bus ဟာ ရွာငံ – ဟံမြင့်မိုရ်လမ်းပိုင်း ဒေသအခေါ် စခန်းကြီးအတက် အနီးမှာ အမြင့်ပေ ၃၅၀ ခန့်အနက် ချောက်အောက်သို့ ထိုးကျသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ေ-သဆုံးသူ ၇ ဦးထဲမှာ အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား…