နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာ ရဲစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်မှု ရဲစခန်းကို ထိမှန်ခဲ့ပြီး အမိုးပွင့်ထွက် ပျက်စီး

by

in

နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာ ရဲစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်မှု ရဲစခန်းကို ထိမှန်ခဲ့ပြီး အမိုးပွင့်ထွက် ပျက်စီး
ရန်ကုန်၊ အောက်တိုဘာ ၂၉
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ ရဲစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းကို ထိမှန်ပြီး ခေါင်မိုးများ ပွင့်ထွက် ပျက်စီးခဲ့ကြောင်း နွားထိုးကြီး မြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် နွားထိုးကြီးမြို့နယ် ၊ ပြင်စည်ကျေးရွာ ရဲစခန်း၀င်းအတွင်းကို Rocket ၅ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံးမှာ စစ်တပ် ကင်းပုန်းကို ထိမှန်ခဲ့ပြီး ကျန် ၁ လုံးမှာ ရဲစခန်းကို ထိမှန်ခဲ့သောကြောင့် ခေါင်မိုးများ ပွင့်ထွက် ပျက်စီးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ ထိခိုက် သေဆုံးမှု အခြေအအနေတော့ မသိရသေးပါဘူး။ စုံစမ်းနေဆဲပါ ” ဟု နွားထိုးကြီးမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုး ကြီး PDF နှင့် မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းတို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်ဖြစ်ကြောင်း သိရသည်။