ဟဲဟိုး ကနေ မန္တလေး သွားတဲ့ ဘုရားဖူးကား ချောက်ထဲကျပြီး ၇ ဦး ‌ေ-သဆုံး

by

in

ဟဲဟိုး ကနေ မန္တလေး သွားတဲ့ ဘုရားဖူးကား ချောက်ထဲကျပြီး ၇ ဦး ‌ေ-သဆုံး
၂၀၂၄၊အောက်တိုဘာလ၊၂၉ရက်
ရှမ်း‌ပြည်နယ်တောင်ပိုင်း၊ ရွာငံ – ဟံမြင့်မိုရ်လမ်းပိုင်းမှာ ဟဲဟိုး ကနေ မန္တလေးကို ဘုရားဖူးသွားတဲ့ မီနီ ဘတ်စ်ကား ချောက်ထဲထိုးကျပြီး ၇ ဦး‌ေ-သဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) ကထုတ်ပြန်ထားပါတယ်။
မန္တလေးမြို့ကို ဘုရားဖူးရန်လာတဲ့ ရန်ကုန်မြို့မှ ခြောက်ဘီး Mini Bus ဟာ ရွာငံ – ဟံမြင့်မိုရ်လမ်းပိုင်း ဒေသအခေါ် စခန်းကြီးအတက် အနီးမှာ အမြင့်ပေ ၃၅၀ ခန့်အနက် ချောက်အောက်သို့ ထိုးကျသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ေ-သဆုံးသူ ၇ ဦးထဲမှာ အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၁ ဦး ပါဝင်ပြီး စိုးရိမ်ရတဲ့လူနာ ၅ ဦးကို ရွာငံ‌ဆေးရုံကနေ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး)
#mercury #mercurynews #ဟဲဟိုး #မတော်တဆမှု #မြန်မာ #ပြည်တွင်းသတင်း