NUGကို အစိုးရအဖြစ်အသိအမှတ်ပြုသည့် ကယန်းအမျိုးသားတပ်မတော်(KNA) ဖွဲ့စည်း

by

in

NUGကို အစိုးရအဖြစ်အသိအမှတ်ပြုသည့် ကယန်းအမျိုးသားတပ်မတော်(KNA) ဖွဲ့စည်း

* * * * *

ကယန်းလူထုအခြေပြု လက်နက်တော်လှန်ရေးတပ်များစုစည်း၍ ကယန်းအမျိုးသားတပ်မတော်(KNA)ကို ယနေ့ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက်နေ့တွင် တပ်ရင်း(၈)ရင်းဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ကယန်းအမျိုးသားတပ်မတော်(KNA)ကို အခြေခံမူ(၉)ချက်၊ အမျိုးသားရည်မှန်းချက် (၅)ချက်ဖြင့် ဖွဲ့စည်းထားပြီး ကယန်းဒေသအတွင်းရှိ တော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေသော ပုဂ္ဂိုလ်များဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကယန်းအမျိုးသားတပ်မတော်(KNA)သည် လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံနှင့် အခြား ကယန်းဒေသရှိ ပြန့်ကျဲနေသော ကယန်းလက်နက်ကိုင်တပ်ဖွဲ့တို့ကို တစုတစည်းတည်း ပြန်လည်ပေါင်းစည်းပြီး စစ်ကောင်စီကို တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကယန်းအမျိုးသားတပ်မတော်(KNA)အနေဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေသည့် မည်သည့် တော်လှန်ရေးအင်အားစု လက်နက်ကိုင်နှင့်မဆို အတူလက်တွဲပြီး တိုက်ပွဲဝင်သွားမည် ဟုဆိုသည်။
ကယန်းအမျိုးသားတပ်မတော်(KNA)သည် NUG အစိုးရကို ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: Progressive Karenni People Force – PKPF