Category: News
-
FPV ဒရုန်း အန္တရာယ်ရှိနေ၍ လေယာဉ်နှင့်ရဟတ်ယာဉ်များကို လေယာဉ်ဂိုဒေါင်များတွင် လုံခြုံစွာ သိမ်းဆည်းထားရန်၊ Jammer နှင့် ဒရုန်း Guard များကို စဉ်ဆက်မပြတ် စစ်ဆေးရန် ညွှန်ကြား
FPV ဒရုန်း အန္တရာယ်ရှိနေ၍ လေယာဉ်နှင့်ရဟတ်ယာဉ်များကို လေယာဉ်ဂိုဒေါင်များတွင် လုံခြုံစွာ သိမ်းဆည်းထားရန်၊ Jammer နှင့် ဒရုန်း Guard များကို စဉ်ဆက်မပြတ် စစ်ဆေးရန် ညွှန်ကြား ရန်ကုန်၊ ဇွန် ၄ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ နှင့် ရွှေကူမြို့တို့တွင် FPV (First Person View)ဒရုန်းများဖြင့် စစ်ရဟတ်ယာဉ် ၂ စီးကို KIA က ဖျက်ဆီးခဲ့ပြီးနောက် လေတပ်များတွင် ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များကို လေယာဉ်ဂိုဒေါင် (Hanger) များတွင် လုံခြုံစွာ သိမ်းဆည်းထားရန်၊ Jammer နှင့် ဒရုန်း Guard များကို စဉ်ဆက်မပြတ် စစ်ဆေးရန် လေတပ်အတွင်း ညွှန်ကြားထားကြောင်း သိရှိရသည်။ လေတပ်များတွင် တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို လေ့ကျင့်ပျံသန်းပြီးချိန်၊ စစ်ဆင်ရေးပြီးဆုံးချိန်များတွင်…
-
ဒုတိုင်းမှူးကို ပစ်ခတ်ရန် ကြံစည်မှုဖြင့် တပ်ကြပ်ကြီး အပါအဝင် ၃ ဦး ဖမ်းဆီးခံရ
ဒဏ်ရာရစစ်သည်တွေကို ဆေးခွင့်မပေးဘဲ ခံစစ်ပြင်ခိုင်းတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရဲလင်းအောင်ကို သေနတ်နဲ့ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ တပ်ကြပ်ကြီးအပါအ ဝင် ၃ ယော်ကို ဖမ်းဆီးထားတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ ဧရာဝတီတိုင်း ငသိုင်းချောင်း- ဂွ ကားလမ်းမ ပေါ်မှာရှိတဲ့ အမှတ် ၃၄၄ အမြောက်တပ်ရင်းမှာ ဇွန် ၁ ရက်က ခံစစ်ပြင်နေတဲ့ အရာရှိ၊ စစ်သည်တွေကို အားပေးစကားလာပြောချိန် ဆေးခွင့်မရတဲ့ တပ်ကြပ်ကြီးနဲ့ တပ်သား ၂ ယောက်က ဗိုလ်မှူးချုပ် ရဲလင်းအောင်ကို ပစ်ခတ်ဖို့ ကြိုးစားခဲ့တာလို့ ပြောပါတယ်။ တပ်တွင်းသတင်းရင်းမြစ်က “မနေ့က ဒုတိုင်းမှူးအပစ်ခံရတယ်လို့ သတင်းထွက်ပြီးမှ တပ်ကြပ်ကြီးနဲ့ရဲဘော် ၂ ယောက် အဖမ်းခံရတာ။ ပြသာနာက ကာကင်းမှာ ဒဏ်ရာရလာတဲ့ စစ်သည်တွေကို ဆေးရုံမပို့ဘဲ ခံစစ်ပြင်ခိုင်းလို့…
-
Breaking News- ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ
Breaking News- ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ ရန်ကုန်၊ ဇွန် ၃ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များက ယနေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိသွားပြီဖြစ်သည်။ ယမန်နေ့ ဇွန်လ ၂ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်၏ သေ့ဘောဘိုးစခန်းကို KNLA ပူးပေါင်းတပ်များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ယနေ့တွင် တိုက်ပွဲ အလွန်ပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီက လေယာဉ်များဖြင့် တောက်လျှောက်ဆိုသလို ဗုံးကျဲ ခုခံခဲ့ကြောင်း၊ ယခုအခါ အဆိုပါစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချသွားပြီဖြစ်ကြောင်း သိရှိရသည်။ “စခန်းရသွားပြီ။ စခန်းကို ဦးစီးတဲ့ အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင်လက်နက်ချတယ်။ မနိုင်မှန်းသိတော့မှ လက်နက်ချတာ” ဟု…
-
ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်စခန်း ၅ ခုသာ ကျန်ရှိတော့
ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်စခန်း ၅ ခုသာ ကျန်ရှိတော့ ဧရာဝတီတိုင်းမ် ဇွန် ၃ ရက် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးတပ်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်မှ Federal Wings ဒရုန်းတပ်နဲ့ ပူးပေါင်းကာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ တည်းဖြတ်/ထုတ်လုပ် – ဧရာဝတီတိုင်းမ် နယ်စပ်ကိုချဉ်းကပ်ခဲ့တဲ့မြန်မာစစ်လေယာဉ်ကြောင့်ထိုင်းကF-16တိုက်လေယာဉ်တွေစေလွှတ် ဇွန်-၃၊၂၀၂၅။People’s Spring မြန်မာ စစ်လေယာဉ်တစ်စီးနယ်ကျော်ဝင်ရောက် လာမှုကို တားဆီးဖို့ ထိုင်းတော်ဝင်လေတပ်ဟာ F-16 တိုက်လေယာဉ်နှစ်စီးကိုစေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။ ဇွန်လ ၃ ရက်နေ့က မြန်မာ စစ်လေယာဉ်ဟာ တက်ခ်ပြည်နယ်ရဲ့ ဖော့ဖရား ခရိုင်နဲ့ ထိစပ်ရာ နယ်စပ်ဆီ အရမ်း နီးနီးကပ်ကပ် ချဉ်းကပ် ပျံသန်းလာတဲ့နောက် နာခွန်ဆာဝမ် ပြည်နယ်ထဲက လေတပ်စ…
-
စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး KNLA ပူးပေါင်းတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲ ပြင်းထန်နေဆဲ
စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး KNLA ပူးပေါင်းတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲ ပြင်းထန်နေဆဲ ရန်ကုန်၊ ဇွန် ၃ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး KNLA ပူးပေါင်းတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၂ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်၏ သေ့ဘောဘိုးစခန်းကို KNLA ပူးပေါင်းတပ်များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ယနေ့တွင် တိုက်ပွဲ အလွန်ပြင်းထန်နေကြောင်း၊ စစ်ကောင်စီက လေယာဉ်များဖြင့် တောက်လျှောက်ဆိုသလို ဗုံးကျဲ ခုခံခဲ့ကြောင်း၊ လတ်တလော သေ့ဘောဘိုးစစ်တပ်စခန်းကို အပြီးသတ်ချေမှုန်းနိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရှိရသည်။ “လေယာဉ်တွေ တောက်လျှောက်တက်နေတယ်။ ဗုံးတွေကျဲချနေတာ တောက်လျှောက်ပဲ။ သေ့ဘောဘိုးစခန်းကို…
-
မင်းအောင်လှိုင် အပါအဝင် စစ်အရာရှိကြီးများကို ဆဲဆိုခဲ့သည့် စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို ဆက်သွယ်ရေးဥပဒေ၊ သစ်မှောင်ခိုမှု၊ လက်နက်မှု၊ လိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့် စစ်ကောင်စီတပ်က ပြန်ဖမ်းဟုဆို
မင်းအောင်လှိုင် အပါအဝင် စစ်အရာရှိကြီးများကို ဆဲဆိုခဲ့သည့် စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို ဆက်သွယ်ရေးဥပဒေ၊ သစ်မှောင်ခိုမှု၊ လက်နက်မှု၊ လိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့် စစ်ကောင်စီတပ်က ပြန်ဖမ်းဟုဆို ရန်ကုန်၊ ဇွန် ၃ မင်းအောင်လှိုင် အပါအဝင် စစ်အရာရှိကြီးများကို ဆဲဆိုခဲ့သည့် စစ်လော်ဘီ ဇော် ဘုန်းဟိန်းကို ဆက်သွယ်ရေးဥပဒေ၊ သစ်မှောင်ခိုမှု၊ လက်နက်မှု၊ လိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့် စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း ပြင်ဦးလွင်ရဲအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ပြင်ဦးလွင်တွင် နေထိုင်သော စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊ မင်းအောင်လှိုင် အပါအဝင် စစ်အရာရှိကြီးများကို ဆဲဆိုသည့်အတွက် ရန် ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းတွင် (ပ)အမှတ် ၃၅၈/၂၀၂၅ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မဘသနှင့်စစ်တပ်ထောက်ခံသူ…
-
တန့်ဆည်တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ၂ ပွင့် ဗိုလ် အပါအ၀င် ၈ ဦးအထိသေဆုံး
တန့်ဆည်တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ၂ ပွင့် ဗိုလ် အပါအ၀င် ၈ ဦးအထိသေဆုံး ဇွန် ၂ ၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ သဲကုန်းကျေးရွာကို ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA နဲ့ မဟာမိတ်တွေက ကြားဖြတ်တိုက်ခိုက်ရာ ၂ ပွင့် ဗိုလ်အပါအ၀င် ၈ ဦးအထိသေဆုံးခဲ့တယ်လို့ PLA ထံမှ သိရပါတယ်။ သဲကုန်းကျေးရွာဘက်ကို ဇွန် ၂ ရက် မနေ့က မနက် ၅ နာရီ ၁၀ မိနစ်မှာ ကင်းလှည့်လာတဲ့ အကြမ်းဖက် စစ်သားတွေနဲ့ သူတို့လက်အောက်ခံ ပြည်သူ့စစ်(ပျူစောထီး)တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်က ၂ ပွင့်ဗိုလ်တဦးအပါအ၀င် ၈ဦးအထိသေဆုံးခဲ့ပြီး ကာဘိုင် အမျိုးအစား…
-
ပြည်ပရောက် တက်ကြွလှုပ်ရှားသူများ၏ ကုန်ပစ္စည်းများကို ဝယ်ယူအားပေးလျှင် အကြမ်းဖက်ဥပဒေဖြင့်အရေး ယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်မှု တော်လှန်ရေးထောက်ပို့လမ်းကြောင်းဖြတ်တောက်ရန် ရည်ရွယ်ဟုဆို
ပြည်ပရောက် တက်ကြွလှုပ်ရှားသူများ၏ ကုန်ပစ္စည်းများကို ဝယ်ယူအားပေးလျှင် အကြမ်းဖက်ဥပဒေဖြင့်အရေး ယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်မှု တော်လှန်ရေးထောက်ပို့လမ်းကြောင်းဖြတ်တောက်ရန် ရည်ရွယ်ဟုဆို ရန်ကုန်၊ ဇွန် ၃ ပြည်ပတွင်ရောက်ရှိနေကြသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများ၏ ကုန်ပစ္စည်းများကို ဝယ် ယူအားပေးလျှင် အကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်လာမှု တော်လှန်ရေးထောက်ပို့လမ်းကြောင်းဖြတ်တောက်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သုံးသပ်ပြောဆိုသည်။ တော်လှန်ရေးကို ထောက်ပို့လှူဒါန်းနေသည့် အဆိုတော် ချမ်းချမ်း၊ ပန်ဆယ်လို အကောင့်ပိုင်ရှင် အိမ့်ပိုးဥ၊ ShweNadi အကောင့်ပိုင်ရှင် သင်းသင်းနွယ်၊ Aung Thaw အကောင့်ပိုင်ရှင် အောင်သော်၊ Khaing Su Lwin အကောင့်ပိုင်ရှင် DCS ဆရာမ ခိုင်စုလွင်၊ P&H Fashion အကောင့်ပိုင်ရှင် ထက်နီနီသန်း၊ Tr…
-
မင်းအောင်လှိုင် အမိန့်ဖြင့် နိုင်ငံတစ်ဝန်း လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို စီမံချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးရာတွင် ငွေညှစ်ခံရမှုများ၊ ထောင်ဒဏ် ၁ လချခံရမှုများနှင့် စစ်မှုထမ်းအဖြစ် ဖမ်းဆီးစုဆောင်းခံရမှုများ အကြီးအကျယ်ဖြစ်နေ
မင်းအောင်လှိုင် အမိန့်ဖြင့် နိုင်ငံတစ်ဝန်း လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို စီမံချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးရာတွင် ငွေညှစ်ခံရမှုများ၊ ထောင်ဒဏ် ၁ လချခံရမှုများနှင့် စစ်မှုထမ်းအဖြစ် ဖမ်းဆီးစုဆောင်းခံရမှုများ အကြီးအကျယ်ဖြစ်နေ ရန်ကုန်၊ ဇွန် ၃ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ဖြင့် နိုင်ငံတစ်ဝန်း လိုင်စင်မဲ့ကားများနှင့်ဆိုင်ကယ်များကို စီမံချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးရာတွင် ငွေညှစ်ခံရမှုများ၊ ထောင်ဒဏ် ၁ ချခံရမှုများနှင့် စစ်မှုထမ်းအဖြစ် ဖမ်းဆီး စုဆောင်းခံရမှုများ အကြီးအကျယ်ဖြစ်ပေါ်နေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။ ဇွန်လ ၁ ရက်နေ့မှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီက လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို စီမံချက်ဖြင့် ဖမ်းဆီးနေရာ နိုင်ငံတစ်ဝန်းတွင် ငွေညှစ်မှုများ၊ လိုင်စင်ရှိ ဆိုင်ကယ်နှင့်ကား ခြိမ်းခြောက်ငွေတောင်းမှုများ၊ လိုင်စင်မဲ့ဆိုင်ကယ်နှင့်ကား စီးနင်းသည်ဟုဆိုကာ ပစ္စည်းသိမ်း၍ လူကိုလည်း တရားရုံးတင် ထောင်ဒဏ် ၁ လချမှတ်မှုများ၊…
-
ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA တပ်က ဒရုန်းများဖြင့် တိုက်ခိုက်နေပြီး ပြည်သူ ၅၀၀ ကျော် ထိုင်းဘက်သို့ တိမ်းရှောင်
ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA တပ်က ဒရုန်းများဖြင့် တိုက်ခိုက်နေပြီး ပြည်သူ ၅၀၀ ကျော် ထိုင်းဘက်သို့ တိမ်းရှောင် ရန်ကုန်၊ ဇွန် ၃ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA တပ်က ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်နေပြီး ပြည်သူ ၅၀၀ ကျော် ထိုင်းဘက်သို့ ထွက်ပြေးလာကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။ ယမန်နေ့ ဇွန်လ ၂ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များက ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်နေပြီး ပေါက်ကွဲသံများကို ထိုင်းဘက်အခြမ်းမှ ကြားနေရကြောင်း၊ သေ့ဘောဘိုးစခန်းသည် ထိုင်း-မြန်မာနယ်စပ်နှင့် ၁ ကီလိုမီတာသာ ကွာဝေးပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု တချို့ရှိကြောင်း သိရှိရသည်။ လတ်တလော…