မုန်တိုင်း”ဝီဖာ”(WIPHA)အရှိန်ကြောင့် မိုးကြီးနိုင်၊
မိုးသက်လေပြင်းတိုက်နိုင်
————————————-
၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၂၀)ရက်
အပူပိုင်းမုန်တိုင်း”ဝီဖာ”(WIPHA)ရဲ့ အရှိန်သက် ရောက်မှုကြောင့် ဒေသတော်တော်များများမှာ မိုးကြီးဖို့နဲ့ ကမ်းရိုးတန်းဒေသတွေ မိုးသက်လေပြင်း တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။
ဒီနေ့ညနေအထိခန့်မှန်းချက် အနေနဲ့တနင်္သာရီတိုင်းဒေသကြီးနှင့် မွန် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
ဒီ့အပြင်မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါတယ်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်အဖြစ်တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့မှာ မိုးပိုလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာမိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#mercury #mercurynews #မြန်မာ #မိုးလေ၀သ #ပြည်တွင်းသတင်း
