Author: admin
-
ရေစကြိုမြို့ပေါ်တွင် သန်းခေါင်စာရင်းကောက်သည့်အဖွဲ့ ပစ်ခတ်ခံရ
ရေစကြိုမြို့ပေါ်တွင် သန်းခေါင်စာရင်းကောက်သည့်အဖွဲ့ ပစ်ခတ်ခံရ ဟာနာဆန်/People’s Spring မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် သန်းခေါင်စာရင်းကောက်နေသည့် စစ်ကောင်စီအုပ်စုအား ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောသည်။ နိုဝင်ဘာ ၁၀ ရက် နံနက် ၁၁နာရီခန့်က ရေစကြိုမြို့၊ အမှတ်(၇)၊ ၅၀၀ ပြည့်ရပ်ကွက်တွင် သန်းခေါင်စာရင်းကောက်ရန် ရောက်ရှိနေသော အင်အား၅၀ခန့်ပါ စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီဝန်ထမ်းများအား အနီးကပ်တိုက်ခိုက်ရာ ၁၅မိနှစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဝင် တစ်ဦးသေဆုံးပြီး ၅ဦး ထိမှန်ဒဏ်ရာရရှိကြောင်း ရေစကြိုပကဖက ပြောသည်။ “သူတို့နဲ့ သိပ်မဝေးဘူး။ ပေသုံးရာအကွာလောက်ပဲ။ တစ်ဦးဗိုက်ပွင့်သေတာက မျက်မြင် ပါ”ဟု ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ သို့သော် စစ်ကောင်စီအုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။…
-
မိတ္တီလာရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မ(၉၉) ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရ
Update News- မိထ္တီလာရှိ ရှမ်းတဲလေတပ်စခန်း အပြင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်များပါ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ ရန်ကုန်၊ နိုဝင်ဘာ ၁၁ မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်ရှိ ရှမ်းတဲလေတပ်စခန်းအပြင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်များပါ ယနေ့ နံနက်ပိုင်းရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရကြောင်း မိတ္တီလာအခြေစိုက် သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ရှမ်းတဲလေတပ်သို့ ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခြားသော တပ်ရင်းစခန်းများဖြစ်သည့် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်များပါ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရကြောင်း သိရှိရသည်။ “ရှမ်းတဲလေတပ်အပြင် လေကြောင်းရန်ကာကွယ်ရေးတပ်၊…
-
Breaking News- မိတ္တီလာအခြေစိုက် ရှမ်းတဲလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား
Breaking News- မိတ္တီလာအခြေစိုက် ရှမ်းတဲလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား ရန်ကုန်၊ နိုဝင်ဘာ ၁၁ မန္တလေးတိုင်း၊ မိတ္တီလာအခြေစိုက် ရှမ်းတဲလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ယနေ့ နံနက်အစောပိုင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း မိတ္တီလာဒေသပြည်သူများနှင့် တပ်ဘက်သတင်းရင်းမြစ်တချို့က အတည်ပြုပြောဆိုသည်။ ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် မိတ္တီလာ ရှမ်းတဲလေတပ်စခန်းအတွင်းသို့ ဦးတည်သော ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လတ်တလော ထိခိုက်မှုများရှိသည်ဟု သိရှိထားပြီး အသေးစိတ်အခြေအနေများ မသိရှိရသေးကြောင်း တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။ “ရှမ်းတဲလေတပ် ဒုံးနဲ့ အပစ်ခံရတာတော့ မှန်တယ်။ အသေးစိတ် ဘာမှ မသိရသေးဘူး။ အခုနောက်ပိုင်းမှာ လေတပ်စခန်းတွေ ရှော့တိုက်ဒုံးနဲ့အပစ်ခံရရင် အပြင်ကို သတင်းမထွက်ဘူး။ တပ်အချင်းချင်းလှမ်းမေးရင်တောင် မဖြေကြတော့ဘူး”…
-
ကချင်အထူးဒေသ ၁ တွင် နောက်ဆုံး လက်ကျန်မြို့ဖြစ်သော တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီမြို့ကို KIA က မသိမ်းရန် တရုတ်နိုင်ငံက ဖိအားပေးနေ၊ လန်ဆယ်ကျေးရွာရှိ ပြည်သူ့စစ်စခန်းကို KIA နှင့်တော်လှန်ရေးတပ်များက သိမ်းပိုက်
ကချင်အထူးဒေသ ၁ တွင် နောက်ဆုံး လက်ကျန်မြို့ဖြစ်သော တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီမြို့ကို KIA က မသိမ်းရန် တရုတ်နိုင်ငံက ဖိအားပေးနေ၊ လန်ဆယ်ကျေးရွာရှိ ပြည်သူ့စစ်စခန်းကို KIA နှင့်တော်လှန်ရေးတပ်များက သိမ်းပိုက် ရန်ကုန်၊ နိုဝင်ဘာ ၁၁ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဇခုန်တိမ့်ယိန်း ဦးဆောင်သော ကချင်အထူးဒေသ ၁ တွင် KIA က သိမ်းယူရန် ကျန်ရှိနေသော နောက်ဆုံး လက်ကျန်မြို့ဖြစ်သည့် တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီမြို့ကို သိမ်းယူခြင်းမပြုရန် တရုတ်နိုင်ငံက ဖိအားပေးလျက်ရှိနေကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန် ကချင်အထူးဒေသ ၁ ရှိ လန်ဆယ်ကျေးရွာကို…
-
အမှတ်(၁)စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း)
အမှတ်(၁)စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း) နိုဝင်ဘာ ၁၀ ၊ ၂၀၂၄ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင် P1-4019 တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၉) ရက် မနေ့က တပ်ခွဲ(၁)၊ (၂) နဲ့ (၃)တို့ စုပေါင်းကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီအခမ်းအနားမှာ တပ်ရင်းက တာဝန်ရှိသူတွေ၊ တပ်ခွဲမှူးတွေ၊ ဦးစီးခေါင်းဆောင်တွေ အသီးသီးက ရဲဘော်တွေကို မိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းက ထူးချွန်ရဲဘော်တွေကို ဆုချီးမြှင့်ခြင်း၊ရဲဘော်၊ရဲမေတွေက သင်တန်းဆင်းရဲဘော်တွေကို ဖျော်ဖြေခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီအခမ်းအနားကို လေကြောင်း လုံခြုံရေး…
-
တံတားဦးမြို့တွင် စစ်တပ်မှ ဗိုလ်မှူးသန်းနိုင်ဦး ဦးဆောင်၍ အမျိုးသမီးများ အပါအဝင် ပြည်သူ ၇၀ ခန့်ကို ပေါ်တာဆွဲဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင်သွား
တံတားဦးမြို့တွင် စစ်တပ်မှ ဗိုလ်မှူးသန်းနိုင်ဦး ဦးဆောင်၍ အမျိုးသမီးများ အပါအဝင် ပြည်သူ ၇၀ ခန့်ကို ပေါ်တာဆွဲဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင်သွား ရန်ကုန်၊ နိုဝင်ဘာ ၁၀ မန္တလေးတိုင်း၊ တံတားဦးမြို့တွင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူးသန်းနိုင်ဦး ဦးဆောင်၍ အမျိုးသမီးများ အပါအဝင် ပြည်သူ ၇၀ ခန့်ကို ပေါ်တာဆွဲဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်၍ တံတားဦးမြို့တွင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူးသန်းနိုင်ဦး ဦးဆောင်၍ စစ်ကောင်စီ တပ်သားများက အမျိုးသမီးများ အပါအဝင် ပြည်သူ ၇၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း…
-
KIA ကဆော့လော်မြို့နယ် ၊လန်ဆယ်ရွာကို ထပ်မံ သိမ်းပိုက်
KIA ကဆော့လော်မြို့နယ် ၊လန်ဆယ်ရွာကို ထပ်မံ သိမ်းပိုက် ဟန်နွေ/People’s Spring ကချင်ပြည်နယ် ဆော့လော်မြို့နယ်၊ လန်ဆယ်ရွာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (နိုဝင်ဘာ ၁၀ရက်နေ့) မနက်တွင် သိမ်းပိုက်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ် အချို့က အသိပေးသည်။ စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ၏ ကချင်အထူးဒေသ(၁) နယ်မြေကို ထိုးစစ်ဆင်နေသည့် KIAက နိုဝင်ဘာ ၄ရက်တွင် ချီဖွေမြို့နယ် ကန်ဖန့်ရွာကို သိမ်းပိုက်ပြီး တစ်ပတ်ခန့်အကြာတွင် လန်ဆယ်ရွာကို ထပ်မံ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ သတင်းရင်းမြစ်တဦးက ခေါန်လန်ဖူး(ဌာနေ) ပြည် သူ့စစ် နယ်မြေ လန်ဆယ်ရွာအား နိုဝင်ဘာ ၁၀ရက် မနက် ၅နာရီ အချိန်ခန့်တွင် KIAက သိမ်းပိုက်နိုင်ခဲ့ပြီး လုံခြုံရေး နှင့် စည်းရုံးရေးဆောင်ရွက်နေကြောင်း အသိပေးထားသည်။ လန်ဆယ်ရွာ…
-
မြန်မာနိုင်ငံမှာထုတ်လုပ်မှုရပ်နားထားတာကြောင့် မြေရှားသတ္တုစျေးနှုန်းဆက်တိုက် မြင့်တက် ◾️ကိုးလအတွင်းတရုတ်က မြန်မာဆီကနေ မြေရှားသတ္တုတန်ချိန် ၃၁၀၀၀ တင်သွင်းထားပြီး တရုတ်ရဲ့ ပြည်ပကနေ ဝယ်ယူမှုအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းခန့်အထိရှိနေ
မြန်မာနိုင်ငံမှာထုတ်လုပ်မှုရပ်နားထားတာကြောင့် မြေရှားသတ္တုစျေးနှုန်းဆက်တိုက် မြင့်တက် ◾️ကိုးလအတွင်းတရုတ်က မြန်မာဆီကနေ မြေရှားသတ္တုတန်ချိန် ၃၁၀၀၀ တင်သွင်းထားပြီး တရုတ်ရဲ့ ပြည်ပကနေ ဝယ်ယူမှုအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းခန့်အထိရှိနေ -People’s Spring မြန်မာ့ ပြည်တွင်းရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံတကာ စျေးကွက်ထဲမှာ မြေရှားသတ္တု (REM)တွေ ဆက်ပြီး စျေးတက်လိမ့်မယ်လို့ စျေးကွက် လေ့လာသူတွေက ခန့်မှန်းကြတယ်လို့ Global Times သတင်းဌာနကဖော်ပြပါတယ် ။ တရုတ်အစိုးရအာဘော်သတင်းဌာန ဖြစ်တဲ့ Global Times ကမြန်မာပြည်တွင်းရေး မတာ်မငြိမ်မှုကြောင့်လို့ ဆိုပေမယ့် ကချင်ပြည်နယ်မှာ မြေရှားသတ္ထုတွေ အဓိကထွက်ရှိတဲ့ ပန်ဝါ ၊ ချီဖွေ ၊ဆော့လော် ၊ဖီမော် စတဲ့ ဒေသတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က စစ်တပ်နဲ့ နယ်ခြားစောင့် တပ်စခန်းတွေ ၊မြို့တွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး…
-
စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးလိုလျင် အချက် ၂ ချက် လိုက်နာရမည်ဟု TNLA ပြော
စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးလိုလျင် အချက် ၂ ချက် လိုက်နာရမည်ဟု TNLA ပြော ▪︎”နံပတ် ၁ အချက်က ကျွန်မတို့ကို အကြမ်းဖက်အုပ်စုကနေ ပယ်ဖျက်ရမှာဖြစ်ပါတယ်။ နံပတ် ၂ အချက်က စစ်ကောင်စီဟာ လက်ရှိမြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ ဒုစရိုက်မှုတွေကို ဝန်ခံပြီးတော့မှ နိုင်ငံရေးကနေ ထွက်ခွာမယ်ဆိုရင် ကျွန်မတို့ဘက်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရှိပါတယ်” -လွေးယေဦး (TNLAပြောရေးဆိုခွင့်ရှိသူ) နေ့သစ်/People’s Spring အာဏာသိမ်းခေါင်းဆောင်က ညီနောင်မဟာမိတ်သုံးဖွဲ့အား ငြိမ်းချမ်းရေးကို အမှန်တကယ်ရချင်သည့် စိတ်ရင်းအမှန်ရှိရန် လိုအပ်သည်ဟုပြောဆိုပြီးနောက် စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေး ရလိုပါကလိုက်နာရမည့်အချက်နှစ်ချက်ရှိကြောင်း တအာင်းတပ်မတော်(TNLA)ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက People’s Spring သို့ ပြောသည်။ တရုတ်နိုင်ငံသို့ ရောက်ရှိနေသော စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် တရုတ်ဝန်ကြီးချုပ် Mr. Li Qiang နှင့်…