ဥကရစ်ထစစ် စခန်းကစစ်သား ၁၀၀ ခန့် ထိုင်းဘက်ထွက်​ပြေး

ဥကရစ်ထစစ် စခန်းကစစ်သား ၁၀၀ ခန့်
ထိုင်းဘက်ထွက်​ပြေး
ဇူလိုင်-၁၂၊၂၀၂၅။People’s Spring

စစ်​ကောင်စီက သက်ရှိစည်းရိုး လို့ ဝါဒဖြန့်စစ်ကားဇာတ်လမ်းရိုက်ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် ဥကရစ်ထ စစ်တပ်စခန်းက စစ်သား ၁၀၀ ခန့်ဟာထိုင်းနိုင်ငံဘက်ကို ထွက်​ပြေးလာတယ်လို့ ထိုင်းနယ်စပ်ကမီဒီယာတွေက​ဖော်ပြပါတယ် ။
ဥကရစ်ထ စစ်တပ်စခန်းက စစ်သား​တွေဟာ KNLA ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေရဲ့တိုက်ခိုက်ခံရမှု​ကြောင့် ပစ်ကူ​တောင်း​ပေမယ့် ပစ်ကူမရတဲ့အခါ ​နောက်ဆုံးမှာထိုင်းနိုင်ငံဘက်ကိုထွက်​ပြေးလာတယ်လို့ ထိုင်း-မြန်မာနယ်စပ်ကစစ်​ရေးသတင်း​တွေ​ဖော်ပြ​ပေး​နေတဲ့ AEC ​Newsက​ဖော်ပြပါတယ် ။
ထွက်​ပြေးလာတဲ့ စစ်သား​တွေကို နယ်စပ်မှာလုံခြုံ​ရေးယူထားတဲ့ ထိုင်းစစ်သား​တွေက ​ခေါ်​ဆောင်​သွားတဲ့ဓါတ်ပုံကိုလည်း​ဖော်ပြထားပါတယ်။နယ်
စပ်မှာတိုက်ပွဲ​တွေပြင်းထန်​နေတာ​ကြောင့် ထိုင်းစစ်တပ်ကလုံခြုံ​ရေးမြှင့်ထားပြီး ၂၄ နာရီ ​စောင့်ကြည့်​နေတယ်လို့လည်း​ဖော်ပြပါတယ် ။
ဥကရစ်ထစခန်းကို ​တော်လှန်​ရေးတပ်​တွေက ပထမအကြိမ်တိုက်ခိုက်ခဲ့တုန်းကအပြီးသတ်မသိမ်းနိုင်ခဲ့တာ​ကြောင့် စစ်တပ်က အင်အားဖြည့်အခိုင်အမာတပ်ပြန်စွဲ ခံစစ်ပြင်ပြီး သက်ရှိစည်းရိုးဆိုပြီး စစ်တပ်ဝါဖြန့်ချီ​ရေးဇာတ်ကားရိုက်ကူးပြသခဲ့တာပါ ။
မြန်မာ−ထိုင်းနယ်စပ်၊ စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၃ရက်မှာ စတင်တိုက်ခိုက်ပြီး ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၂ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဇူလိုင် ၁၁ ရက်​နေ့ကလည်း​ဝေါ​လေဗျူဟာကုန်းမှာ ကြီးမားတဲ့​ပေါက်ကွဲမှုဖြစ်ခဲ့ပါ​သေးတယ် ။
ကရင်အမျိုးသားအစည်းအရုံး(KNU)လက်
အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက KNU တပ်မဟာ(၇)၊ တပ်မဟာ(၆) ၊ တပ်မဟာ
(၄)က ထိုင်းနယ်စပ်တ​​လျှောက်မှာရှိတဲ့ စစ်တပ်စခန်း​တွေကို ဧပြီလကစပြီ ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်နေတာပါ။
(ထိုင်းထွက်​ပြေးတဲ့စစ်သား​တွေ နဲ့ နယ်စပ်မှာလုံခ္ခြုံ​ရေးမြှင့်ထားတဲ့ထိုင်းစစ်တပ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-AEC)