Author: admin
-
ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ မပေးနိုင်သည့် ရပ်ကွက်တစ်ခုလျှင် ငွေကျပ်သိန်းသုံးဆယ်ကျော်တောင်းယူ
ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ မပေးနိုင်သည့် ရပ်ကွက်တစ်ခုလျှင် ငွေကျပ်သိန်းသုံးဆယ်ကျော်တောင်းယူ ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၅ ရက် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်း သင်တန်းသားမပေးနိုင်သည့် ရပ်ကွက်များကို ငွေကျပ်သိန်းသုံးဆယ်ကျော်တောင်းယူနေကြောင်း ဒေသခံများထံကသိရသည်။ င်္ဟသာတမြို့နယ်တွင် မြို့ပေါ် ၂၁ ရပ်ကွက်ရှိပြီး မြို့နယ်ခွဲ နှစ်ခုမှ ရပ်ကွက် ၁၀ခုရှိရာ စုစုပေါင်း ရပ်ကွက် ၃၁ ခုကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ဆန်းထွန်းက ပြည်သူ့စစ်မှုထမ်းသင်တန်းသား မပေးနိုင်သည့် ရပ်ကွက်အလိုက်ကို ကျပ်ငွေသိန်းသုံးဆယ်ကျော်အထိ တောင်းယူသည်ဟု ထွေအုပ်ရုံးနှင့်နီးစပ်သူများက ပြောသည်။ “ရုံးပေါ်က အကြီးတန်း စာရေးမနဲ့ စကားပြောပြီး အုပ်ချုပ်ရေးမှူးကိုငွေပေးရတယ်။ ငွေပေးနိုင်ရင်တော့ ဘာမှမပြောဘူး၊ ငွေမပေးနိုင်တဲ့ ရပ်ကွက်အပိုင် အုပ်ကြီးနဲ့စာရေးတွေကို ပြည်သူ့စစ်မှုထမ်းမပေးနိုင်ရင် တိုင်းရုံးသွားရှင်းရမယ်၊ အရေးယူတာတွေလုပ်မယ်ဆိုပီးခြိမ်းခြောက်နေတယ်”ဟု…
-
မှော်ဘီနှင့် မိထ္တီလာလေတပ်စခန်းများ တိုက်ခိုက်ခံရမှုတွင် လေတပ်အရာရှိ ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိပြီး စစ်တပ်တာဝန်ရှိသူ ၅ ဦးကို စစ်ကောင်စီက အရေးယူ
မှော်ဘီနှင့် မိထ္တီလာလေတပ်စခန်းများ တိုက်ခိုက်ခံရမှုတွင် လေတပ်အရာရှိ ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိပြီး စစ်တပ်တာဝန်ရှိသူ ၅ ဦးကို စစ်ကောင်စီက အရေးယူ ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းနှင့် မန္တလေးတိုင်း၊ မိထ္တီလာလေတပ်စခန်း တိုက်ခိုက်ခံရမှုတွင် လေတပ်အရာရှိ ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိပြီး လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် စစ်တပ်တာဝန်ရှိသူ ၅ ဦးကို စစ်ကောင်စီက အရေးယူထားကြောင်း တော်လှန် ရေး တပ်များက ထုတ်ပြန်ပြောဆိုထားသည်။ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း မှော်ဘီလေတပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ပြီးနောက် တပ်တွင်း ဖရဲသီးသတင်းပေးများ ၏သတင်းပေးပိုချက်အရ ဟက်စကီး ကွင်း နှင့် တောင်ပိုင်းလေတပ်အရာရှိများ နေအိမ်သိုကျရောက်ခဲ့ပြီး အရာရှိ…
-
Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ
Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ နိုဝင်ဘာ ၁၅၊ ၂၀၂၄ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ မြို့ပြပေါ်က လူငယ်တွေကို အတင်းအဓမ္မတပ်သားသစ်အဖြစ် စုဆောင်းနေတာကြောင့် ဒီအခြေအနေကို ရှောင်လွှဲလိုတဲ့ လူငယ်တွေအတွက် အထူးအခွင့်အရေးဖြစ်တယ်လို့လည်း Yangon Federal Army က ဆိုပါတယ်။ ပြည်သူလူထုအတွက် မိမိအသက်ကို စွန့်လွှတ်စွန့်စားလိုတဲ့ လူငယ်တွေကို Yangon Federal Army ( Y.F.A ) က ကြိုဆိုနေပြီး Yangon Federal Army (…
-
NLD အစိုးရ၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဦးအုန်းမောင်နှင့် သမီးဒေါ် ယာဉ်မျိုးစုပိုင် Inle Princess Resort ဟိုတယ် မီးလောင်ပြာကျ
NLD အစိုးရ၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဦးအုန်းမောင်နှင့် သမီးဒေါ် ယာဉ်မျိုးစုပိုင် Inle Princess Resort ဟိုတယ် မီးလောင်ပြာကျ ရန်ကုန်၊ နိုဝင်ဘာ ၁၆ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက်တွင် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဖြစ်ခဲ့သူ ဦးအုန်းမောင်နှင့် သမီးဒေါ် ယာဉ်မျိုးစုပိုင်ဆိုင်သော Inle Princess Resort ဟိုတယ် မီးလောင်ပြီး အပျက်အစီးများပြားကြောင်း သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန် တန်ဆောင်တိုင်လပြည့်ညတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးရှိ Inle Princess Resort ဟိုတယ်တွင် မီးများလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ဟိုတယ်တစ်ခုလုံး နီးပါး မီးလောင်ပြာကျသွားကြောင်း၊ ဟိုတယ် မီးလောင်မှုမှာ ကနဦး…
-
ပြည်ပရောက် မြန်မာများ စစ်မှုထမ်းရန် ဆင့်ခေါ်ချိန် ပြန်မလာပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ပိတ်ပင်မည်၊ ပြည်တွင်းပြန်ရောက်လျှင် စစ်မှု ထမ်း ဥပဒေအရ ထောင်ဒဏ်ချမှတ် အရေးယူမည့်အပြင် ပြည်ပထွက်ခွာခွင့် ရာသက်ပန် ပိတ်ပင်မည်
ပြည်ပရောက် မြန်မာများ စစ်မှုထမ်းရန် ဆင့်ခေါ်ချိန် ပြန်မလာပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ပိတ်ပင်မည်၊ ပြည်တွင်းပြန်ရောက်လျှင် စစ်မှု ထမ်း ဥပဒေအရ ထောင်ဒဏ်ချမှတ် အရေးယူမည့်အပြင် ပြည်ပထွက်ခွာခွင့် ရာသက်ပန် ပိတ်ပင်မည် ရန်ကုန်၊ နိုဝင်ဘာ ၁၆ ပြည်ပနိုင်ငံများတွင်ရောက်ရှိ နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်ချိန် ပြည်တွင်းသို့ ပြန်မလာဘဲ စစ်မှု ထမ်းရန် ရှောင်တိမ်းပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်မပြုဘဲ ပြည် တွင်း ပြန်ရောက်လျှင်လည်း စစ်မှုထမ်းဥပဒေအရ ထောင်ဒဏ်ချမှတ် အရေးယူမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် ပြည်ပရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက်မှ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်နေသော မြန်မာနိုင်ငံသားများ၏ စာရင်းကို ပြုစုလျက်ရှိကြောင်း၊ ယင်းစာရင်းကို…
-
မင်းတပ်၊ဖလမ်း မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် စစ်အုပ်စုစခန်းတချို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထား၊ စစ်အုပ်စုက မြို့မကျရေး လေကြောင်းဗုံးကြဲပြီး အသည်းအသန် ခုခံနေ
မင်းတပ်၊ဖလမ်း မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် စစ်အုပ်စုစခန်းတချို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထား၊ စစ်အုပ်စုက မြို့မကျရေး လေကြောင်းဗုံးကြဲပြီး အသည်းအသန် ခုခံနေ ကိုသူ/MFP၊ နိုဝင်ဘာ-၁၅ ချင်းပြည် မင်းတပ်နဲ့ ဖလမ်း မြို့နယ်တွင်း တိုက်ပွဲ ဖြစ်ပွားနေတာ တစ်ပတ်ကြာရှိပြီး တော်လှန်ရေး အင်အားစုတွေ အနေနဲ့ စစ်အုပ်စု စခန်းတချို့ ကို သိမ်းပိုက်ရရှိထားကာ စစ်အုပ်စုက မြို့မကျ ရေး လေကြောင်းအပါအဝင် လက်နက်ကြီးနဲ့ ပစ်ကူတိုက်ခိုက်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ လက်ရှိမှာလည်း ချင်းညီနောင်အဖွဲ့တွေနဲ့ စစ်အုပ်စုတပ်တွေကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ် ။ “မင်းတပ်နဲ့ ဖလမ်းက တိုက်ပွဲ ဖြစ်နေတုန်းပါ။လေကြောင်းကတော့ လာပါတယ်။ ဘယ်နှကြိမ် ကြဲတယ်ဆိုတာကို မမှတ်မိတော့ဘူး။ အဓိက တော့ ကလေးမြို့ကနေ ပစ်တဲ့ မက်ဇိုင်း ပေါ့နော်။…
-
KIA က တရုတ်-မြန်မာ နယ်စပ်ဂိတ်များကိုသံဂဟေနဲ့ပိတ်လိုက်ပြီ
KIA က တရုတ်-မြန်မာ နယ်စပ်ဂိတ်များကိုသံဂဟေနဲ့ပိတ်လိုက်ပြီ နိုဝင်ဘာ ၊၁၄ ရက် လိုင်ဇာ KIA ထိန်းချုပ်နယ်မြေက တရုတ်-မြန်မာ နယ်စပ် ဂိတ်တွေကို လက်ရှိKIA ဘက်က ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း KIA နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “အထူး ဒေသ ၁ တွေဘက် တိုက်ပွဲ ဖြစ်လာတော့ တရုတ်ဘက်က နယ်စပ်ဂိတ်ကို ပိတ်လိုက်တယ်။ အခုကျတော့ တရုတ်ဘက်က သူတို့ ဖွင့်ချင်တဲ့ လွယ်ဂျယ်နဲ့ ကံပိုင်တည် ဂိတ်ပဲ ဖွင့်မယ်ပေါ့။ KIA ဘက်ကတော့ဖွင့်မယ်ဆိုရင် နယ်စပ်ဂိတ် အားလုံးဖွင့်ပေး၊ မဖွင့်နိုင်ဘူး ဆိုရင် တစ်ဂိတ်မှ မဖွင့်တော့ဘူး ဆိုပြီး သံတံခါးကြီးတွေနဲ့ အသေပိတ်ချလိုက်တာ” လို့ KIA နဲ့ နီးစပ်သူ တစ်ဦးက…
-
ရွာငံမြို့အဝင်ရှိ စစ်တပ်၊ ရဲနှင့် အဖွဲ့ပေါင်းစုံပါသော စစ်ဆေးရေးဂိတ်၊ မူးယစ်ရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေးတပ်တို့ကို ပစ်ခတ်တိုက်ခိုက်မှု ရဲအရာရှိကြီး ၁ ဦး အပါအဝင် ရဲ ၆ ဦးသေဆုံး
ရွာငံမြို့အဝင်ရှိ စစ်တပ်၊ ရဲနှင့် အဖွဲ့ပေါင်းစုံပါသော စစ်ဆေးရေးဂိတ်၊ မူးယစ်ရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေးတပ်တို့ကို ပစ်ခတ်တိုက်ခိုက်မှု ရဲအရာရှိကြီး ၁ ဦး အပါအဝင် ရဲ ၆ ဦးသေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့အဝင်ရှိ စစ်တပ်၊ ရဲနှင့် အဖွဲ့ပေါင်းစုံပါသော စစ်ဆေးရေးဂိတ်၊ မူးယစ်ရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးတပ်တို့ကိုကို ပစ်ခတ်တိုက်ခိုက်မှု ရဲအရာရှိကြီး ၁ ဦး အပါအဝင် ရဲ ၆ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ဝန်းကျင်အချိန် ရွာငံမြို့အဝင်တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ လုပ်ဆောင်နေသော စစ်ကောင်စီလက်အောက်ခံ အဖွဲ့ပေါင်းစုံ…
-
မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေကာ ဒရုန်း ၂ စီးကို ပစ်ချနိုင်ခဲ့ (ရုပ်/သံ)
မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေကာ ဒရုန်း ၂ စီးကို ပစ်ချနိုင်ခဲ့ (ရုပ်/သံ) နိုဝင်ဘာ ၁၅၊ ၂၀၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်းရဲ့ စစ်ကြောင်း ၃ နယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ၃ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဘက်က နိုဝင်ဘာ ၁၁ ရက်က စတင်ကာ လေကြောင်းကနေ ၁၅ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲခဲ့ပြီး မြေပြင်ထိုးစစ်စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ၃ ရက်တာ တိုက်ပွဲမှာ အကြမ်းဖက်စစ်သား အများအပြားသေခဲ့ပြီး ဒရုန်း ၂ စီးကို…
-
ဆင်ဖြူကျွန်းတွင် ဆုတ်လေဦးစစ်ကောင်စီကင်း စခန်းအား PDFများတိုက်ခိုက်သိမ်းပိုက်
ဆင်ဖြူကျွန်းတွင် ဆုတ်လေဦးစစ်ကောင်စီကင်း စခန်းအား PDFများတိုက်ခိုက်သိမ်းပိုက် ဟာနာဆန်/People’s Spring မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အ နီး ဆုတ်လေဦးလမ်းဆုံရှိ စစ်ကောင်စီကင်းစခန်းအား တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း မင်းဘူးခရိုင် အမှတ်(၁) တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။ ယနေ့(နိုဝင်ဘာ ၁၅ ရက်) နံနက် ၅ နာရီခွဲခန့်က စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီး၊ ဆုတ်လေဦးလမ်းဆုံရှိ စစ်ကောင်စီအထိုင်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး လက်နက်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။ “အများကြီး မပစ်လိုက်ရဘူး ကျွန်တော်တို့။ မိနစ်ပိုင်းပဲ ပစ်လိုက်ရတယ်။ အလံဖြူထောင်တဲ့ကောင်ကထောင်တယ်။ သေနတ်ထားပြီး ဆုတ်ပြေးတဲ့ကောင်တွေက ပြေးတယ်။ လောလောဆယ်တော့ အလောင်းတစ်လောင်းနဲ့ လက်နက်ပစ္စည်းအချို့ ရထားတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြော သည်။…