ဥကရစ်ထစခန်းအားတော်လှန်ရေးတပ်များသိမ်း
ပိုက်ပြီး ကရင့်အမျိုးသားအလံတော်အားလွှင့်ထူ
၁၂-ဇူလိုင်၊၂၀၂၅။People’s Spring
မြန်မာ-ထိုင်းနယ်စပ်၊မြဝတီမြို့တောင်ဘက်ရှိ
စစ်ကောင်စီတပ်၏ ဥကရစ်ထစခန်းအား ယနေ့နေ့လယ်တွင် ဗိုလ်ဒါဘော ဦးဆောင်သော ဗျူဟာ (၃၂)၊ KNLA တပ်ပေါင်းစုနှင့်အတူ Cobra Column 2 VENOM စစ်ကြောင်းမှတိုက်ခိုက်
သိမ်းပိုက်နိုင်ခဲ့သည်။
ဥကရစ်ထစခန်းအားသိမ်းပိုက်ရာတွင် စစ်သားများထိုင်းဘက်ကမ်းသို့ထွက်ပြေးသွားပြီး စခန်းအတွင်း လက်နက်အများအပြားသိမ်းဆည်းရရှိခဲ့ပြီး ၊ စစ်သားအလောင်းအချို့လည်းတွေ့ရှိခဲ့ရသည်ဟုCobra Column 2 VENOM စစ်
ကြောင်းကထုတ်ပြန်သည်။
ကျန်ရှိနေသော စစ်တပ်စခန်းများကိုအစွမ်းကုန်တိုက်ထုတ်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် တောင်းဆိုအပ်ပညကြောင်းCobra Column2 VENOM
စစ်ကြောင်းကအသိပေးသည်။
သတင်းထုတ်ပြန်ရာတွင် ဥကရစ်ထစခန်းတွင် စစ်တော်လှန်ရေးတပ်က စစ်တပ်၏အလံကိုဖြုတ်၍ ကရင့်အမျိုးသားအလံလွှင့်ထူခဲ့သည်။
တော်လှန်ရေးတက်များက ၂၀၂၂ ဇွန်လတွင် ဥကရစ်ထစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်းမသိမ်းနိုင်ခဲ့ပေ။ထိုကြောင့် စစ်တပ်က မင်းသားသရုပ်ဆောင်ဖြင့် ဥကရစ်ထစခန်းကို အခြေတည်
၍ သက်ရှိခြံစည်းရိုး အမည်ရှိ စစ်တပ်ဝါဒဖြန့်
ဇာတ်ကားရိုက်ကူး၍ ၂၀၂၄ မတ်လတွင်ပြသ၍ ဝါဒဖြန့်ခဲ့သည်။ထိုကြောင့်တော်လှန်ရေးတပ်များက စခန်းကိုသိမ်းပြီး အောင်ပွဲခံချိန်တွင် စစ်တပ်ထောက်ခံသော မင်းသားခန့်စည်သူ နှင့် သက်ရှိ ခြံစည်းရိုး အမည်များကို ပြော၍ အောင်ပွဲခံခဲ့ကြသည်။
ရုပ်သံ- Cobra Column 2 VENOM စစ်ကြောင်း
ရုပ်သံ
ဥကရိထစခန်းရှိ စစ်ကောင်စီတပ်သား ၁၀၀ ဦးဟာထိုင်းနိုင်ငံပြောင်းဖူးခြံထဲဖြတ်ပြီး ဝင်ရောက်လာတာပါ…
.
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့် ဒီကနေ့ထိုင်းဘက်ခြမ်း ဝေါ်လေရွာဘက်ကိုထွက်ပြေးလာပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ တိုကွဲပြင်းထန်လျှက်ရှိပြီး စစ်ရှောင်အရေအတွက်များတိုးလာလို့ အကူညီတွေအလုံအလောက်မရရှိသေးဘူးလို့ သိရပါတယ်။
.
#Right_Now #ဥကရိထစခန်း #ထိုင်း_မြန်မာနယ်စပ်