Author: admin
-
စစ်ကောင်စီ၏ ဖမ်းဆီးမှုခံရပြီးနောက် သတင်းပျောက်ဆုံးနေခဲ့သည့် စီးပွား/ကူးသန်း ဒုဝန်ကြီးဟောင်း ညွှန့်အောင် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရ
စစ်ကောင်စီ၏ ဖမ်းဆီးမှုခံရပြီးနောက် သတင်းပျောက်ဆုံးနေခဲ့သည့် စီးပွား/ကူးသန်း ဒုဝန်ကြီးဟောင်း ညွှန့်အောင် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရ ရန်ကုန်၊ အောက်တိုဘာ ၁၂ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးမှု ခံရပြီးနောက် သတင်းပျောက်ဆုံးနေခဲ့သော စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုဝန်ကြီးဟောင်း ညွှန့်အောင်မှာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပြီး ပိုင်ဆိုင်မှုများကိုပါ စစ်တပ်က ချိတ်ပိတ်သိမ်းဆည်းသွားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်း ဝယ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နှစ် စက်တင်ဘာလတွင် စစ်ကောင်စီက ကုန်သွယ်ရေးကော်မတီ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ဖမ်းဆီးချိန်တွင် တွဲဖက်ဖြစ်သော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ညွှန့်အောင်ကိုပါ တစ်ပါတည်း ဖမ်းဆီးခဲ့ကြောင်း၊ ဒုဝန်ကြီးဟောင်း ညွှန့်အောင်ကိုမူ မိုးမြင့်ထွန်း၊ ရန်နောင်စိုးတို့နှင့်…
-
ဆိုင်းတောင်တိုက်ပွဲတွင် ဖမ်းဆီးရမိသောစစ်သားများရုပ်သံထွက်ပေါ်လာ
ဆိုင်းတောင်တိုက်ပွဲတွင် ဖမ်းဆီးရမိသောစစ်သားများရုပ်သံထွက်ပေါ်လာ ထားမြတ်/People’s Spring ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဆိုင်းတောင်ရွာ ၊Lucky Men ဟိုတယ်တိုက်ပွဲအတွင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်များကစစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုဖမ်းဆီးရမိခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းမိခဲ့သည့်ရုပ်သံအောက်တိုဘာ ၁၂ ရက်မနက်အစောပိုင်း၌ထွက်ပေါ်လာသည်။ ဆိုင်းတောင်ရှိစစ်ကောင်စီတပ်များကို KIA ပူးပေါင်းတပ်ကစက်တင်ဘာ ၇ ရက်တွင်စတင်ထိုးစစ်ဆင်ခဲ့ရာတစ်လခန့်အကြာအောက်တိုဘာ ၈ရက်တွင် ဆိုင်းတောင်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်များကိုရှင်းလင်းနိုင်ခဲ့ခြင်းဖြစ် သည်။ စက်တင်ဘာ၁၂ရက်တွင် ဆိုင်းတောင်ရဲစခန်းသိမ်းပိုက်ပြီးနောက် ဆိုင်းတောင် လက်ကီးမန်းဟိုတယ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို KIA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ကီးမန်းဟိုတယ်ရှင်းလင်းမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်ဖမ်းမိခဲ့သည်ဟုစစ်ရေးသတင်းရင်းမြစ်က ပြောပြထားသည်။ ရုပ်သံမှတ်တမ်းတွင် စစ်သား ၁၅ ဦးခန့်ကို ဖမ်းဆီး၍ လက်နောက်ပြန်ကြိုးတုပ်ကာ မြေပေါ်တွင် အတန်းမှောက်ခိုင်းထားသည်ကိုတွေ့ရသည်။ “ဒီကောင်တွေပဲ။ဆိုင်းတောင်ရွာမီးရှို့တဲ့အဖွဲ့တွေ။သက်ပိုင်ထွန်းအဖွဲ့တွေ။တပ်မ၃၃လက်အောက်ခံ ၁၁၉၊၁၁၆ ဟုတ်လား။” ဟု အောက်တိုဘာ၁၂ ရက် မနက်တွင်ထွက်ပေါ်လာသည့် စစ်သားများအား ဖမ်းဆီးထားသည့် ရုပ်သံတွင်…
-
တပ်တွင်း PreCDM(ဖရဲသီး)များ ကို ဆက်လက်ဖိတ်ခေါ်နေကြောင်း နှင့် အသက်အန္တရာယ်စိုးရိမ်ရသူများကို ရွှေ့ပြောင်းစောင့်ရှောက်ပေးနေ
တပ်တွင်း PreCDM(ဖရဲသီး)များ ကို ဆက်လက်ဖိတ်ခေါ်နေကြောင်း နှင့် အသက်အန္တရာယ်စိုးရိမ်ရသူများကို ရွှေ့ပြောင်းစောင့်ရှောက်ပေးနေ ဧရာဝတီတိုင်းမ် အောက်တိုဘာ ၁၁ ရက် စစ်တပ်အတွင်း အခြေအနေအမျိုးမျိုးကြောင့် CDM လုပ်နိုင်ခြင်းမရှိသူများကို PreCDM(ဖရဲသီး)များ အဖြစ် ကြိုတင်စာရင်းပေးထားနိုင်ကြောင်း နှင့် အသက်အန္တရာယ် စိုးရိမ်ရသူများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကာ စောင့်ရှောက်မှုများ ပေးနေကြောင်း ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြည်သူ့ရင်ခွင်က ထုတ်ပြန်ခဲ့သည်။ အမာခံသတင်းပေးပို့သူ ဖရဲသီး(PreCDM)များအဖြစ် တာဝန်ထမ်းဆာင်နေကြသည့် စစ်တပ်၊ ရဲနှင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများသည် လုံခြုံရေးအရ စိုးရိမ်ရသည့် ပြည်တွင်းတွင် နေ၍ ရာထူးတာဝန်အရ သိလာရသည့် တပ်တွင်းသတင်းများ ပေးပို့မှုကြောင့် တော်လှန်ရေးတွင် အထောက်အကူများစွာဖြစ်ခဲ့ရပြီး တိုက်ပွဲများအတွက်လည်း အထောက်အကူများစွာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ PreCDM ပြုလုပ်ထားသူများမှ စစ်ရေးပြင်းထန်သည့်ဒေသများသို့…
-
စက်သုံးဆီဆိုင်များတွင် စမတ်ကတ်နှင့်ပတ်သက်သော စက်နှင့် နည်းပညာ Software များ မဝယ်မနေရ ရောင်းချ၊ စမတ်ကတ်ဖြင့် စက်သုံးဆီ ဝယ်ယူရမည့်စနစ် စတင်ပြီးလျှင် ဆီတင်သွင်းမှုများကို စစ်ကောင်စီက အကြီးအကျယ် လျှော့ချမည်
စက်သုံးဆီဆိုင်များတွင် စမတ်ကတ်နှင့်ပတ်သက်သော စက်နှင့် နည်းပညာ Software များ မဝယ်မနေရ ရောင်းချ၊ စမတ်ကတ်ဖြင့် စက်သုံးဆီ ဝယ်ယူရမည့်စနစ် စတင်ပြီးလျှင် ဆီတင်သွင်းမှုများကို စစ်ကောင်စီက အကြီးအကျယ် လျှော့ချမည် ရန်ကုန်၊ အောက်တိုဘာ ၁၂ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းက စက်သုံးဆီများကို စမတ်ကတ်ဖြင့် ကန့်သတ်ရောင်းချရန် ဆီဆိုင်များတွင် စမတ်ကတ်နှင့်ပတ်သက်သော စက်နှင့် နည်းပညာ Software များ မဝယ်မနေရ ရောင်းချနေကြောင်း စုံစမ်းသိရှိရသည်။ လာမည့်လအနည်းငယ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် စမတ်ကတ်များဖြင့် စက်သုံးဆီများ ရောင်းချရန် စစ်ကောင်စီနှင့် စက်သုံးဆီအသင်းတို့က ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အဆိုပါ စမတ်ကတ်များကို ဆီဆိုင်များတွင် အသုံးပြုရန် စမတ်ကတ်ဖတ်စက်များ၊ နည်းပညာနှင့် Software များကိုလည်း မဝယ်မနေရ ရောင်းချ တပ်ဆင်ခိုင်းနေကြောင်း သိရှိရသည်။…
-
မြောက်ဥက္ကလာပတွင် သန်းခေါင်စာရင်းကောက်နေသော ဋ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်
မြောက်ဥက္ကလာပတွင် သန်းခေါင်စာရင်းကောက်နေသော ဋ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက် ရန်ကုန်၊ အောက်တိုဘာ ၁၂ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံမှုကို ကူညီနေသည့် ဋ ရပ်ကွက် ရုံးကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၃၈ မိနစ်ဝန်းကျင်အချိန် အကြမ်းဖက်စစ်ကောင် စီ၏ သန်းခေါင်စာရင်းကောက်ယူမှုကို ကူညီပေးနေသည့် မြောက်ဥကလာပမြို့နယ် ဋ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “ဖောက်ခွဲပြီးတော့ စခမီးတန်းကားတွေနဲ့ ပိတ်ဆို့စစ်ဆေးတာရှိတယ်။ မီးတန်းကားတွေနဲ့တိုးလို့ ရဲဘော်တွေ အခြားနေရာကနေပြန်ဆုတ်ခဲ့ရတာ။ အဲဒီရပ်ကွက်ရုံးက သန်းခေါင်စာရင်းကောက်…
-
“$ပုတော့ တပူပေါ် တပူဆင့်ပြန်ပြီ ဒီပြသနာကို ဘယ်လိုရှင်းမလဲ စောင့်ကြည့်ရမယ်”
“$ပုတော့ တပူပေါ် တပူဆင့်ပြန်ပြီ ဒီပြသနာကို ဘယ်လိုရှင်းမလဲ စောင့်ကြည့်ရမယ်”
-
စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘဲ စစ်တပ်ကို အာဏာပြန်ပေးမည့် ရွေးကောက်ပွဲသာဖြစ်ဟု အမေရိကန်သံအမတ်ကြီး ပြောဆို
စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘဲ စစ်တပ်ကို အာဏာပြန်ပေးမည့် ရွေးကောက်ပွဲသာဖြစ်ဟု အမေရိကန်သံအမတ်ကြီး ပြောဆို ရန်ကုန်၊ အောက်တိုဘ ၁၁ အကြမ်းဖက်စစ်ကောင်စီက လာမည့်နှစ်အတွက် ပြုလုပ်မည်ဟု ပြောဆိုနေသော ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘဲ စစ်တပ်ကို အာဏာပြန်ပေးမည့် ရွေးကောက်ပွဲသာဖြစ်ကြောင်း အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုများအတွက် တရားမျှတမှု ဆိုင်ရာ အကြီးတန်းသံအမတ် Beth Van Schaack က ပြောဆိုသည်။ မြန်မာနိုင်ငံတွင် စစ်ကောင်စီက ကျင်းပမည်ဟု ပြောဆိုသော ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိနိုင်ကြောင်း၊ ရွေးကောက်ပွဲသည် စစ်တပ်ကို အာဏာပြန်ပေးမည့် ရွေးကောက်ပွဲတစ်ခုသာဖြစ်ကြောင်း ပြောဆိုသည်။ “ရွေးကောက်ပွဲက စစ်တပ်ကို အာဏာပြန်ပေးမယ့် ရွေးကောက်ပွဲတစ်ခုသာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဒေသတိုင်းလိုလိုမှာ…
-
မိတ္ထီလာမြို့တွင် စစ်ဆေးရေးဂိတ်၌ ရပ်မပေးသည့် ညွှန်မှူး၏ကား ပစ်ခတ်ခံရ
မိတ္ထီလာမြို့တွင် စစ်ဆေးရေးဂိတ်၌ ရပ်မပေးသည့် ညွှန်မှူး၏ကား ပစ်ခတ်ခံရ အင်ကြင်း/People’s Spring မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ ရပ်မပေးသည့် ညွှန်ကြားရေးမှူး၏ကား ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက် ည ၁၀နာရီခန့်က မိတ္ထီလာမြို့အဝင်၌ စစ်အုပ်စုက စစ်ဆေးရေးပြုလုပ်နေစဥ် ကားတစ်စီးမှာ ရပ်မပေးဘဲ မောင်းနှင်သွား၍ အဆိုပါဂိတ်မှစစ်သားများက ပစ်ခတ်ခဲ့ကြောင်း မိတ္ထီလာမြို့ခံအချို့က ပြောသည်။ ကားပေါ်၌ မိတ္ထီလာမြို့ ဌာနဆိုင်ရာတစ်ခုမှ ညွှန်ကြားရေးမှူးဆိုသူလိုက်ပါလာပြီး ကားပေါ်ပါသူများ ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မြို့ခံအချို့က ပြောသည်။ “ညွှန်မှူးပါလာတဲ့ကားက ရပ်မပေးလို့ပစ်တာပြောတယ်။ ဘယ်ဌာနကလဲတော့မသိဘူး။”ဟု မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။ ဖြစ်စဥ်အား နောက်ဆက်တွဲအခြေအနေ စုံစမ်းနေပြီး လက်တလောမသိရသေးပေ။ မိတ္ထီလာမြို့သည် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်စခန်းအပါအဝင် စစ်တပ်စခန်းအများအပြားရှိသော်လည်း စက်တင်ဘာလ ၁၇…
-
Breaking News- မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာ ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာ ၃ ပါး၊ ကလေး ၁ ဦး အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံး
မတ္တရာ၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၍ သံဃာတော်များ၊ ကလေးများ အပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးမှု စစ်ရာဇဝတ်မှု ကျူးလွန်မှုအဖြစ် MDY PDF ထုတ်ပြန် ရန်ကုန်၊ အောက်တိုဘာ ၁၁ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၍ သံဃာတော်များ၊ ကလေးများ အပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးမှု စစ်ရာဇဝတ်မှု ကျူး လွန်မှုအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)- MDY PDFက သတင်း ထုတ် ပြန်သည်။ ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ၀န်းကျင်အချိန်တွင် မတ္တရာမြိုနယ် ၊ ဝေါစုကျေးရွာရှိ…
-
💥ငလျင်လှုပ်ပြန်ပီဟေ့💥 မြို့ ၆မြို့မှာ တပြိုင်တည်းလှုပ်သွားတာ ကြောက်စရာကြီး😱
💥ငလျင်လှုပ်ပြန်ပီဟေ့💥 မြို့ ၆မြို့မှာ တပြိုင်တည်းလှုပ်သွားတာ ကြောက်စရာကြီး😱