Author: admin

  • သန်းခေါင်စာရင်းကောက်အဖွဲ့ လုံခြုံရေးစစ်သား  လမ်းသွားလမ်းလာ အမျိုးသားကို သေနတ်နဲ့ ပစ်ခတ်

    သန်းခေါင်စာရင်းကောက်အဖွဲ့ လုံခြုံရေးစစ်သား လမ်းသွားလမ်းလာ အမျိုးသားကို သေနတ်နဲ့ ပစ်ခတ်

    by

    in

    သန်းခေါင်စာရင်းကောက်အဖွဲ့ လုံခြုံရေးစစ်သား လမ်းသွားလမ်းလာ အမျိုးသားကို သေနတ်နဲ့ ပစ်ခတ် ဆိုင်းမင်း/People’s Spring မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အောက်တိုဘာလ ၁၃ ရက်က သန်းခေါင်စာရင်းလိုက်လံကောက်ယူချိန် လမ်းသွားလမ်းလာ အမျိုးသား အစစ်မခံဘဲ ထွက်ပြေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲဒီဖြစ်စဉ်က ပြည်ကြီးတံခွန်မြို့နယ် ၊ သင်ပန်းကုန်းရပ်ကွက် ၊ ၅၅ လမ်း ၊ ၁၂၃ လမ်းနဲ့ ၁၂၄ လမ်းကြားမှာ အောက်တိုဘာလ ၁၃ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်က ဖြစ်ပွားတာပါ။ သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့ကို လုံခြုံရေး လိုက်ယူပေး တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်က ပစ်ခတ်တာလို့ သင်ပန်းကုန်းရပ်ကွက်ဒေသခံတစ်ဦးက ပြောပါတယ်။ ” လမ်းပေါ်သွားနေတဲ့သူကို စစ်တာ ၊ ဟိုကလည်းကြောက်ကြောက်နဲ့ထွက်ပြေးတာ လမ်းနှစ်ပြလောက်ထိကို သေနတ်နဲ့လိုက်ပစ်တာ”…

  • စစ်တက္ကသိုလ်များတွင် လျှောက်ထားသူ နည်းပါးလွန်းသဖြင့် လျှောက်လွှာတင် သူ မှန်သမျှ အကုန်ခေါ် စနစ်ကျင့်သုံးနေ၊ လူမရ၍ စစ်ကောင်စီက အသက် ကန့်သတ်ချက် ဆက်တိုက် ပြောင်းလဲ

    စစ်တက္ကသိုလ်များတွင် လျှောက်ထားသူ နည်းပါးလွန်းသဖြင့် လျှောက်လွှာတင် သူ မှန်သမျှ အကုန်ခေါ် စနစ်ကျင့်သုံးနေ၊ လူမရ၍ စစ်ကောင်စီက အသက် ကန့်သတ်ချက် ဆက်တိုက် ပြောင်းလဲ

    by

    in

    စစ်တက္ကသိုလ်များတွင် လျှောက်ထားသူ နည်းပါးလွန်းသဖြင့် လျှောက်လွှာတင် သူ မှန်သမျှ အကုန်ခေါ် စနစ်ကျင့်သုံးနေ၊ လူမရ၍ စစ်ကောင်စီက အသက် ကန့်သတ်ချက် ဆက်တိုက် ပြောင်းလဲ ရန်ကုန်၊ အောက်တိုဘာ ၁၆ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်တက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်နှင့် နည်းပညာတက္က သိုလ်များတွင် လျှောက်ထားသူနည်းပါးသဖြင့် လျှောက် လွှာတင်သူမှန်သမျှ အကုန်ခေါ်စနစ်ကျင့်သုံးနေကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ယခုလာမည့် ၂၀၂၅ ခုနှစ် အတွက် စစ်တက္ကသိုလ် ၊ တပ်မတော်ဆေးတက္ကသိုလ် အမျိုးသမီးဗိုလ် လောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်များအတွက် သင်တန်းသားများ ခေါ်ယူခဲ့ရာတွင် လျှောက်ထားသူ နည်းပါးလွန်းသဖြင့် လျှောက်လွှာတင်သူမှန်သမျှကို အကုန်ခေါ်ယူသည့် စနစ်ကို ကျင့်သုံးနေကြောင်း၊ လျှောက်ထားကြသူများမှာလည်း အဓိက အားဖြင့် စစ်မှုထမ်း မိသားစုများ၊စစ်မှုထမ်းဟောင်း မိသားစုများနှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၏…

  • တာမွေ၊ ဗျိုင်းရွာမ ရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မောင်က လူငယ်များ စစ်မှုမထမ်းလိုလျှင် ငွေကျပ် သိန်း ၄၀ ပေးရမည်ဟု တောင်းခံ၊ တောင်ငူနှင့်အုတ်တွင်းစစ်ဆေးရေးဂိတ်များတွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံနေရ

    တာမွေ၊ ဗျိုင်းရွာမ ရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မောင်က လူငယ်များ စစ်မှုမထမ်းလိုလျှင် ငွေကျပ် သိန်း ၄၀ ပေးရမည်ဟု တောင်းခံ၊ တောင်ငူနှင့်အုတ်တွင်းစစ်ဆေးရေးဂိတ်များတွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံနေရ

    by

    in

    တာမွေ၊ ဗျိုင်းရွာမ ရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မောင်က လူငယ်များ စစ်မှုမထမ်းလိုလျှင် ငွေကျပ် သိန်း ၄၀ ပေးရမည်ဟု တောင်းခံ၊ တောင်ငူနှင့်အုတ်တွင်းစစ်ဆေးရေးဂိတ်များတွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံနေရ ရန်ကုန်၊ အောက်တိုဘာ ၁၆ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မောင်က စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအနေဖြင့် စစ်မှုမထမ်းလိုဘဲယာယီ ရွှေ့ဆိုင်းလိုခြင်း၊ ရှောင်ရှားလိုပါက လူငယ် ၁ ဦးလျှင်ငွေကျပ် သိန်း ၄၀ ပေးရမည်ဟု တောင်းခံလာကြောင်း တာမွေမြို့နယ် အတွင်းမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ တာမွေမြို့နယ်အတွက် လစဉ် စစ်မှုထမ်းရမည့် လူငယ်များစာရင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အဓိက ကိုင်တွယ်ပြီး စာရင်းများ ထုတ်ပေးနေကြရကြောင်း၊ ထို့ကြောင့် ဗျိုင်းရွာမရပ်ကွက်အတွင်းမှ လူငယ်များအနေဖြင့် စစ်မှုမထမ်းလိုပါ ငွေကျပ် သိန်း…

  • တောင်ပိုင်းတိုင်း စစ်ဒေသတွင် စက်တင်ဘာလတိုက်ပွဲများအတွင်း စစ်ကောင် စီတပ်ဘက်မှ ၁၄၇ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၈ ဦး ဖမ်းဆီးရရှိကာ PDF ၁၇ ဦး ကျဆုံးခဲ့

    တောင်ပိုင်းတိုင်း စစ်ဒေသတွင် စက်တင်ဘာလတိုက်ပွဲများအတွင်း စစ်ကောင် စီတပ်ဘက်မှ ၁၄၇ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၈ ဦး ဖမ်းဆီးရရှိကာ PDF ၁၇ ဦး ကျဆုံးခဲ့

    by

    in

    တောင်ပိုင်းတိုင်း စစ်ဒေသတွင် စက်တင်ဘာလတိုက်ပွဲများအတွင်း စစ်ကောင် စီတပ်ဘက်မှ ၁၄၇ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၈ ဦး ဖမ်းဆီးရရှိကာ PDF ၁၇ ဦး ကျဆုံးခဲ့ ရန်ကုန်၊ အောက်တိုဘာ ၁၆ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စက်တင်ဘာလတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၁၄၇ ဦးသေ ဆုံးပြီး စစ်သုံ့ပန်း ၈ ဦး ဖမ်းဆီးရရှိကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ၊တော်လှန် ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် အာဏာသိမ်း အ ကြမ်း ဖက်စစ်ကောင်စီ၏ တပ်စခန်းကို သိမ်းပိုက်မှု ၃ ကြိမ်အပါအဝင် ထိတွေ့တိုက်ပွဲပေါင်း ၆၆ ကြိမ်၊ အကြမ်းဖက်စစ်တပ် အတွက်…

  • ယနေ့နံနက်စော 5နာရီခွဲအချိန် အမြန်လမ်း ၁၅၄ မိုင် ရန်ကုန်- တောင်ကြီး တက်နေလင်း Express လိုင်း တိမ်းမှော-က်၍ (၂)ဦးသေဆုံးကြောင်းသိရ😢

    ယနေ့နံနက်စော 5နာရီခွဲအချိန် အမြန်လမ်း ၁၅၄ မိုင် ရန်ကုန်- တောင်ကြီး တက်နေလင်း Express လိုင်း တိမ်းမှော-က်၍ (၂)ဦးသေဆုံးကြောင်းသိရ😢

    by

    in

    ■ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တက်နေလင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာ အမျိုးသမီး နှစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် တက်နေလင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ကနဦး ထုတ်ပြန်ချက်အရ သိရသည်။ အောက်တိုဘာ ၁၆ ရက် (ယနေ့) နံနက် ၅ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၅၄/ဝ) တွင် YUTONG အမျိုးအစား တက်နေလင်း ခရီးသည်တင်ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ လဲကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်တွင် ယာဉ်ပေါ်ပါ ၂၈ ဦးအနက် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး လေးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသူ…

  • ပန်ဝါမြို့အနီးရှိ အမှတ် ၁၀၀၂ BGF စခန်းကြီးကို တိုက်ခိုက်သိမ်းပိုက်မှုတွင် လက်နက်ခဲယမ်းများ၊ စစ်သားအလောင်းများနှင့် စစ်သုံ့ပန်း ဖမ်းဆီးရရှိ

    ပန်ဝါမြို့အနီးရှိ အမှတ် ၁၀၀၂ BGF စခန်းကြီးကို တိုက်ခိုက်သိမ်းပိုက်မှုတွင် လက်နက်ခဲယမ်းများ၊ စစ်သားအလောင်းများနှင့် စစ်သုံ့ပန်း ဖမ်းဆီးရရှိ

    by

    in

    ပန်ဝါမြို့အနီးရှိ အမှတ် ၁၀၀၂ BGF စခန်းကြီးကို တိုက်ခိုက်သိမ်းပိုက်မှုတွင် လက်နက်ခဲယမ်းများ၊ စစ်သားအလောင်းများနှင့် စစ်သုံ့ပန်း ဖမ်းဆီးရရှိ ရန်ကုန်၊ အောက်တိုဘာ ၁၆ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ကို အဓိက ကာကွယ်ထားသည့် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စန်းနှင့်အတူ တပ်စခန်း စုစုပေါင်း ၄ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာတွင် လက်နက်ခဲယမ်းများ၊ စစ်သားအလောင်းများနှင့် စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ နှင့်အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်…

  • အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဒုချုပ် စိုးဝင်း ရောက်ရှိစဉ် ဒရုန်း ၂ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်၊ ကညွတ်ကွင်းရှိ ၄၃၉ ပွိုင့်တွင် အထိုင်ချထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဒုချုပ် စိုးဝင်း ရောက်ရှိစဉ် ဒရုန်း ၂ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်၊ ကညွတ်ကွင်းရှိ ၄၃၉ ပွိုင့်တွင် အထိုင်ချထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    by

    in

    အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဒုချုပ် စိုးဝင်း ရောက်ရှိစဉ် ဒရုန်း ၂ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်၊ ကညွတ်ကွင်းရှိ ၄၃၉ ပွိုင့်တွင် အထိုင်ချထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် ရန်ကုန်၊ အောက်တိုဘာ ၁၅ စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ်အတွင်းကို ဒုချုပ် စိုးဝင်း ရောက်ရှိနေစဉ် ကာမီကာဇေ ဒရုန်း ၂ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ထိရောက်စွာ ပေါက်ကွဲမှုရှိခဲ့ကြောင်း ဒေါင်းတမာန် လေကြောင်း စစ်ဆင်ရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)…

  • ပန်ဝါမြို့ကို ကာကွယ်ထားသည့် အမှတ် ၁၀၀၂ BGF ပင်မတပ်စခန်းကြီးနှင့်အတူ တပ်စခန်း ၄ ခု ကို KIA က ထပ်မံ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီအလံကို ဖြုတ်ချ (ရုပ်/သံ)

    ပန်ဝါမြို့ကို ကာကွယ်ထားသည့် အမှတ် ၁၀၀၂ BGF ပင်မတပ်စခန်းကြီးနှင့်အတူ တပ်စခန်း ၄ ခု ကို KIA က ထပ်မံ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီအလံကို ဖြုတ်ချ (ရုပ်/သံ)

    by

    in

    ပန်ဝါ BGF တပ်ရင်း KIA သိမ်းပိုက်မှု လက်နက်မျိုးစုံ အလက် ၁၀၀ကျော်ရ ▪︎စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များ သေဆုံးပြီး စစ်သုံ့ပမ်း အချို့ ဖမ်းမိ ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့လုံခြုံ ရေးအတွက် အရေးကြီးသည့် စစ်ကောင်စီ လက် အောက်ခံ နယ်ခြားစောင့်တပ်(BGF) -၁၀၀၂ တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့(​အောက်တိုဘာ ၁၅) အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းမျိုးစုံ အလက် ၁၀၀ ကျော်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြသသည့် ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။ ပန်ဝါဒေသ အမှတ်(၁၀၀၂) နယ်ခြားစောင့်တပ် ရင်း သိမ်းပိုက်မှုနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု ရုပ်သံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေ ဆုံးနေမှု၊ သိမ်းရသည့် လက်နက်ခဲယမ်းများအား စုစည်းပြသထားပြီး…

  • သေနတ်နဲ့ပစ်ခံရတဲ့ မန္တလေးက ယာဉ်ထိန်းဒုရဲအုပ် ရဲမေ အဆုတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ပဲ ဆေးရုံမှာသေ

    သေနတ်နဲ့ပစ်ခံရတဲ့ မန္တလေးက ယာဉ်ထိန်းဒုရဲအုပ် ရဲမေ အဆုတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ပဲ ဆေးရုံမှာသေ

    by

    in

    သေနတ်နဲ့ပစ်ခံရတဲ့ မန္တလေးက ယာဉ်ထိန်းဒုရဲအုပ် ရဲမေ အဆုတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ပဲ ဆေးရုံမှာသေ အောက်တိုဘာ ၁၅၊ ၂၀၂၄ မန္တလေးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒုရဲအုပ် ယာဥ်ထိန်းရဲမေ ဖူးပွင့်ဇော်မှာ မနေ့ည (အောက်တိုဘာ ၁၄) ကပဲ အဆုတ်ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၃ရက်၊ ညနေပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စရပ်ကွက်၊ ၆၂လမ်း၊ ၁၂၄လမ်းနဲ့ ၁၂၅လမ်းမှာ ယာဥ်လမ်းကြောစစ်ဆေးနေတဲ့ ယာဥ်ထိန်းဒုရဲအုပ် ဖူးပွင့်ဇော်ကို ဆိုင်ကယ်စီးနင်းလာသူ ၂ယောက်က သေနတ်နဲ့ ပစ်ခတ်သွားတာဖြစ်ပါတယ်။ “ပြည်ကြီးတံခွန် ၊ စရပ်ကွက်၊ ၆၂လမ်း ၁၂၄လမ်း ၁၂၅လမ်း ကြားမှာ ညနေ ၄နာရီလောက်က ဗျိုင်းဖြူမတစ်ကောင် ပစ်ခတ်ခံရပါတယ်။ ချက်ချင်းမသေဘဲ ညာဖက်ရင်အုပ်ကို ထိမှန်ပြီး ခဏအကြာမှာပဲ လူနာတင်ကားတွေနဲ့…

  • သာယာဝတီတွင် စစ်တပ်ခန့် ၅ ရွာစား အုပ်ချုပ်ရေးမှူး ဝင်းဇော် ပစ်ခတ်ခံရပြီး ရန်ကုန်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုနေရ

    သာယာဝတီတွင် စစ်တပ်ခန့် ၅ ရွာစား အုပ်ချုပ်ရေးမှူး ဝင်းဇော် ပစ်ခတ်ခံရပြီး ရန်ကုန်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုနေရ

    by

    in

    သာယာဝတီတွင် စစ်တပ်ခန့် ၅ ရွာစား အုပ်ချုပ်ရေးမှူး ဝင်းဇော် ပစ်ခတ်ခံရပြီး ရန်ကုန်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုနေရ ရန်ကုန်၊ အောက်တိုဘာ ၁၅ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ခန့် ၅ ရွာစား အုပ်ချုပ်ရေးမှူး ဝင်းဇော်သည် သုံးဆယ်မြို့သို့ အိမ်စီးကားဖြင့် အသွား လမ်းတွင် ပစ်ခတ်ခံရပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်အချိန် သာယာဝတီမြို့နယ်၊ စည်ပင်‌ကျေးရွာတွင် နေထိုင်သော ၅ ရွာစား အုပ်ချုပ်ရေးမှူး ဝင်းဇော် သည် သုံးဆယ်မြို့ပေါ်သို့ ၎င်း၏…