ပန်ဝါမြို့ကို ကာကွယ်ထားသည့် အမှတ် ၁၀၀၂ BGF ပင်မတပ်စခန်းကြီးနှင့်အတူ တပ်စခန်း ၄ ခု ကို KIA က ထပ်မံ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီအလံကို ဖြုတ်ချ (ရုပ်/သံ)

by

in

ပန်ဝါ BGF တပ်ရင်း KIA သိမ်းပိုက်မှု
လက်နက်မျိုးစုံ အလက် ၁၀၀ကျော်ရ
▪︎စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များ
သေဆုံးပြီး စစ်သုံ့ပမ်း အချို့ ဖမ်းမိ
ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့လုံခြုံ
ရေးအတွက် အရေးကြီးသည့် စစ်ကောင်စီ လက်
အောက်ခံ နယ်ခြားစောင့်တပ်(BGF) -၁၀၀၂ တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်
(KIA) က ယနေ့(​အောက်တိုဘာ ၁၅) အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းမျိုးစုံ အလက် ၁၀၀ ကျော်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြသသည့် ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။
ပန်ဝါဒေသ အမှတ်(၁၀၀၂) နယ်ခြားစောင့်တပ်
ရင်း သိမ်းပိုက်မှုနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု ရုပ်သံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေ
ဆုံးနေမှု၊ သိမ်းရသည့် လက်နက်ခဲယမ်းများအား စုစည်းပြသထားပြီး စစ်သုံ့ပမ်း အချို့ဖမ်းမိခဲ့သည်ကိုလည်း ရုပ်သံ၌ တွေ့သည်။
လက်နက်များကို ရေတွက်ရှိရာ ပထမ ရုပ်သံတွင် လက်နက် ကြီးငယ် အလက် ၁၀၀ ခန့်နှင့် ဒုတိယရုပ်သံတွင် လက်နက်ငယ် ၁၂လက် ကို တွေ့ရသည်။ထို့ပြင်ခဲယမ်းကျည်များ သိမ်းပိုက်ရရှိခဲ့သည်ကိုလည်းတွေ့ရသည်။
KIA အနေဖြင့် ၁၀၀၂ တပ်ရင်း ပင်မစခန်းနေရာ အပါအဝင် စခန်း ၄နေရာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြထားသည်။
အဆိုပါ တပ်စခန်းကို ယနေ့ အောက်တိုဘာ ၁၅
ရက် နေ့လည်ပိုင်းတွင် အပြီးသတ် ရှင်းလင်း လိုက်ပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်
(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူး
ကြီးနော်ဘူက လည်း အတည်ပြုထားသည်။
“အခုတော့ အဲဒီဘက်မှာ နေရာယူပြီးတော့ လုံခြုံ
ရေးပြန်ချနေပါတယ်။ နယ်မြေရှင်းလင်းရေးတွေလုပ်နေပါတယ်။ လုပီစခန်းကတော့ ပန်ဝါမြို့နဲ့ ၁၀မိုင်လောက် ဝေးတယ်လို့ ပြောပါတယ်။ဗျူဟာကနေ ပြန်ပြောမယ်ဆိုရင် ပန်ဝါရဲ့ လုံခြုံရေး ယူထားတဲ့ အဓိက စခန်းကြီးတစ်ခု ဖြစ်တယ်လို့ ကြားပါတယ်။ နောက် ကျနော်တို့ တပ်မဟာ(၇)
ဘက်ကို သွားတဲ့လမ်းမှာ တည်ရှိထားတယ်ဆိုတော့ သွားရေးလာရေးကိုလည်း စစ်ဆေးပြီးမှ အနှောက်အယှက်ပေးတဲ့ စစ်တပ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် အင်မတန်မှ အရေးကြီးတဲ့ တပ်ရင်းဌာနချုပ်တစ်ခုကိုတော့ ဒီနေ့ ၁၂နာရီ မိနစ် ၄၀ လောက်မှာ အကုန်လုံးရှင်းပစ်လိုက်တာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက People’s Springသို့ ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ BGF (၁၀၀၂)တပ်ဌာနချုပ် ကျပြီဖြစ်၍ ပန်ဝါအခြေစိုက် စစ်ကောင်
စီ ဗျူဟာ၊ ခလရ(၂၉)၊ BGF (၁၀၀၁) ၊ (၁၀၀၃)
နှင့် ပြည်သူ့စစ်အင်အားများသာ ကျန်တော့သည်ဟု စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။
(အမှတ် ၁၀၀၂ နယ်ခြား​စောင့်တပ် ကို KIA သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​​သောလက်
နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)

ပန်ဝါမြို့ကို ကာကွယ်ထားသည့် အမှတ် ၁၀၀၂ BGF ပင်မတပ်စခန်းကြီးနှင့်အတူ တပ်စခန်း ၄ ခု ကို KIA က ထပ်မံ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီအလံကို ဖြုတ်ချ (ရုပ်/သံ)
ရန်ကုန်၊ အောက်တိုဘာ ၁၅

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ကို အဓိက ကာကွယ်ထားသည့် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စန်းနှင့်အတူ တပ်စခန်း စုစုပေါင်း ၄ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထပ်မံ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ အလံကို ဖြုတ်ချလိုက်ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အောက်တိုဘာလ ၁၄ ရက်နေ့ နှင့်အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန် လုပြည် အမှတ် ၁၀၀၂ ပင်မစခန်းကြီးနှင့် ကာကင်းစခန်း ၃ ခု စုစုပေါင်း တပ်စခန်း ၄ ခုစလုံးကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် ထပ်မံ သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
လတ်တလော သတင်းများအရ အမှတ် ၁၀၀၂ BGF တပ်စခန်းမှ ထိပ်ပိုင်းတာဝန်ရှိသူတချို့ တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားပြီဟု သိရှိထားသော်လည်း အတိအကျကို အတည်ပြုရန် ခက်ခဲကြောင်း၊ လက်ရှိတွင် နယ်မြေရှင်းလင်းရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
ပန်ဝါမြို့တွင် ဇခုန်တန့်ယိန်း ဦးဆောင်သော စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဌာနချုပ်နှင့် ကချင်အထူးဒေသ ၁ ဌာနချုပ်တည်ရှိနေရာ အမှတ် ၁၀၀၂ BGF ဗျူဟာတပ်စန်းသည် ပန်ဝါမြို့ကို ကာကွယ်ထားသော စခန်းဖြစ်ရာ စစ်အရေးအရ အလွန်အရေးပါသည်ဟု စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။
ဇခုန်တန့်ယိန်း ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ပန်ဝါမြို့ဘက်သို့ ဦးတည် ထိုးစစ်ဆင်လာနေခြင်းဖြစ်ကြောင်း သိရှိရသည်။ ဦးဇခုန်တန့်ယိန်း ဦးဆောင်သော ကချင် ပြည်နယ်အထူးဒေသ ၁ တွင် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ကန်ပိုက်တည်ဒေသတို့ ပါဝင်ကြောင်း သိရှိရသည်။
KIA ပူးပေါင်းတပ်များက အောက်တိုဘာ ၃ရက်တွင် ချီဖွေ-ပန်ဝါလမ်းပေါ်ရှိ ၁၁ မိုင် BGF စခန်းကိုလည်းကောင်း၊ အောက်တို ဘာ ၄ရက်တွင် ပန်ဝါသွားလမ်းပေါ်ရှိ လန်းဂျော်စစ်ကောင်စီ ယာယီ စခန်းကိုလည်းကောင်း သိမ်းပိုက်ခဲ့ပြီးနောက် အမှတ် ၁၀၀၂ ဗျူဟာတပ်ရင်းဌာနချုပ်ကို အောက်တို ဘာလ ၁၄ ရက်နေ့တွင် သိမ်းပိုက်ရရှိခြင်းဖြစ်သည်။
စစ်ကောင်စီဘက်တော်သား ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်အထူးဒေသ ၁ အတွင်းရှိ ဆဒုံး၊ ဆော့လော်၊ ချီဖွေမြို့များကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည့်အပြင် လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများအားလုံးကိုလည်း ထိန်းချုပ်ထားကြောင်း သိရှိရသည်။ အဆိုပါဒေသများသည် မြေရှားသတ္တုကို အဓိက ထုတ်လုပ်နေသော ဒေသများအဖြစ် လူသိများ ထင်ရှားသည်။