ယနေ့နံနက်စော 5နာရီခွဲအချိန် အမြန်လမ်း ၁၅၄ မိုင် ရန်ကုန်- တောင်ကြီး တက်နေလင်း Express လိုင်း တိမ်းမှော-က်၍ (၂)ဦးသေဆုံးကြောင်းသိရ😢

by

in

■ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တက်နေလင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာ အမျိုးသမီး နှစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် တက်နေလင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ကနဦး ထုတ်ပြန်ချက်အရ သိရသည်။
အောက်တိုဘာ ၁၆ ရက် (ယနေ့) နံနက် ၅ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၅၄/ဝ) တွင် YUTONG အမျိုးအစား တက်နေလင်း ခရီးသည်တင်ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ လဲကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်တွင် ယာဉ်ပေါ်ပါ ၂၈ ဦးအနက် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး လေးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်။
သေဆုံးသူ နှစ်ဦးနှင့် ဒဏ်ရာရသူတို့ကို 192 အရေးပေါ်ကူညီမှု အသင်းအဖွဲ့ယာဉ်ဖြင့် တောင်ငူဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း၊ ဖြစ်စဉ်ကို ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်များ ‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(၁၆.၁၀.၂၀၂၄)မနက်(၅:၀၄)မိနစ်တွင်
(၁၅၄မိုင်)တွင်ကားမောက်သောကြောင့် Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့ မှကယ်ဆယ်ရေးယာဉ်၂စီးထွက်၍ကူညီဆောင်ရွက်နေသည်
ထိခိုက်ဒဏ်ရာရသူ(၁ဝ)ဦးအာ တောင်ငူဆေးရုံကြီးသို့ပို့ဆောင်
၊သေဆုံးသူအမျိုးသမီးအသက်(၇၀)ဝန်ကျင်နှင့်(၁၄)နှစ်ဝန်ကျင် DB(၂)လောင်းအာ ဆေးရုံကြီးမှတဆင့် ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့သည်။
09 882211749/ 09 449191914
Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့