Author: admin

  • လပခကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

    လပခကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

    by

    in

    လပခကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ) သတိုး၊ဇေအောင်/People’s Spring မန္တလေးမြို့ရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုန်း ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ ” ၄ လုံးအောင် ၄လုံးစလုံး အထဲကျ ။ ပစ်ပြီးတော့ ‌စခကား နှစ်စီးပတ်ရှာနေတာတွေ့တယ်”ဟု ၎င်းကပြောသည်။ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲသံများအား တမြို့လုံးနီးပါး ကြားလိုက်ရပြီး စစ်ကောင်စီတပ်၏ ပြန်လည်ပစ်ခတ်သံများလည်း ကြားရကြောင်း မန္တလေးမြို့ခံများက ပြောသည်။ “လေးခါဆက်တိုက် ကြားလိုက်ရတယ်။ အသံတော်တော်ကျယ်တယ်။ ဒုံးရွှီးဆိုပြီး အမြင့်ကကျတဲ့အသံ၊ ပြီးတော့ပစ်သံတွေလဲကြားရတယ်။”ဟု ကျုံးအနီး နေထိုင်သူတစ်ဦးက ပြောသည်။ “၅ ချက်လောက် ကြားလိုက်ရတယ်။ ဘယ်နေရာကျတယ်တော့သတင်းမကြားသေးဘူး။”ဟု…

  • မန္တလေး၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးတွင် ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့

    မန္တလေး၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးတွင် ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့

    by

    in

    မန္တလေး၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးတွင် ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့ ရန်ကုန်၊ စက်တင်ဘာ ၂၉ အကြမ်းဖက် စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မန္တလေး၊ နန်းတွင်းအနီးတွင် ယနေ့ နံနက်အစောပိုင်း ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း မန္တလေးမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် မန္တလေးနန်းတွင်းအနီးတွင် ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း၊ မန္တလေးနန်းတွင်းအထဲတွင် ကျရောက်ပေါက်ကွဲသည်ဟု ယူဆရကြောင်း၊ အသံအလွန်ကျယ်လောင်ပြီး ပေါက်ကွဲမှုကြောင့် တုန်ခါသွားသည့် အခြေအနေမျိုး ခံစားရသည်အထိ ပေါက်ကွဲမှုပြင်းထန်ကြောင်း သိရှိရသည်။ “ဒီမနက် ၂ နာရီ ၃၈ မိနစ်မှာ ရွှီး…

  • လားရှိုးမြို့ပေါ်ရှိ ကားဝပ်ရှော့သို့ စစ်ကောင်စီက  လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိ

    လားရှိုးမြို့ပေါ်ရှိ ကားဝပ်ရှော့သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိ

    by

    in

    လားရှိုးမြို့ပေါ်ရှိ ကားဝပ်ရှော့သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိ ရန်ကုန်၊ စက်တင်ဘာ ၂၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ ကားဝပ်ရှော့သို့ စစ်ကောင်စီက ယနေ့ည အချိန် လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ရာ ပြည်သူများထိခိုက်သေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၄ မိနစ်အချိန် စစ်ကောင်စီက တိုက်လေယာဉ်များက လားရှိုးမြို့ပေါ် ရပ်ကွက် ၈ အနောက် ကားဝပ်ရှော့ပေါ်သို့ ဗုံးများ ကျဲချခဲ့ခြင်းဖြစ်ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးကာ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရသည်။ “ဗုံးကျတဲ့ ကားဝပ်ရှော့က ဖွင့်ထားတာ ၁၀ ရက်လောက်ပဲရှိသေးတယ်။ အဲဒီမှာ လူသေဆုံးမှုရှိတယ်။ အခုက လေယာဉ်တွေက ထပ်ဝဲနေလို့ ခင်ဗျ။…

  • လားရှိုးထိုးစစ်ဆင်ရန်ဆိုကာ မိုင်းရယ်နှင့်တန့်ယန်းသို့ စစ်‌ကောင်စီအင်အားအများအပြားပို့နေ

    လားရှိုးထိုးစစ်ဆင်ရန်ဆိုကာ မိုင်းရယ်နှင့်တန့်ယန်းသို့ စစ်‌ကောင်စီအင်အားအများအပြားပို့နေ

    by

    in

    လားရှိုးထိုးစစ်ဆင်ရန်ဆိုကာ မိုင်းရယ်နှင့်တန့်ယန်းသို့ စစ်‌ကောင်စီအင်အားအများအပြားပို့နေ ဇော်ရမ်း/People’s Spring မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် မတော်(MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန်အတွက်စစ်​ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်းမှတဆင့် မိုင်းရယ်နှင့် တန့်ယန်းကို အင်အားအများအပြားပို့ ဆောင်နေကြောင်း သတင်းရရှိသည်။ “မိုးကာပိတ်စစ်ကားတွေအများကြီးပဲ။မိုင်းရယ်နဲ့ တန့်ယန်းဘက်ကို နေ့တိုင်း သွားနေတယ်။ လားရှိုးကို ပြန်တိုက်ဖို့ လုပ်နေတာ” ဟု ကျေးသီးမြို့ခံတစ်ဦးကပြောသည်။ စစ်ကောင်စီသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-ပင်လုံ-လွိုင်လင်-လဲချား-ကျေးသီး-မိုင်းရယ်လမ်းနှင့် ကျေးသီး-မိုင်းကိုင်-နမ့်လန်-မိုင်းရယ်လမ်းတို့ကို သုံး၍ ကားများဖြင့် မြေပြင်အင်အား တိုးချဲ့နေခြင်းဟု ‌ဒေသခံများကပြောသည်။ထိုသို့အင်အားတိုး​ချဲ့​နေသည်မှာ လားရှိုး ရမခ ကျပြီး ရက်အနည်းငယ်ကတည်းကဖြစ်​သော်လည်း စစ်​ကောင်စီသည်ရှမ်း​မြောက်တွင် ဆုံးရှုံးထား​သောနယ်​မြေများကို စစ်​ကြောင်းထိုးတိုက်ခိုက်ခြင်းမရှိဘဲ ​လေ​ကြောင်းမှသာဗုံးကြဲ​နေခြင်းဖြစ်သည်။ MNDAAက ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်တွင် ရမခ အပါအဝင် လားရှိုးမြို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့များကို သင့်​တော်သလိုတုံ့ပြန်မည်ဟု အာဏာသိမ်းခေါင်းဆောင်က…

  • “ကျေးဇူးပါ ထိုင်းဒီတခါကူညီမှုကတော့ မျက်ရည်ပါကျမိတယ်-“

    “ကျေးဇူးပါ ထိုင်းဒီတခါကူညီမှုကတော့ မျက်ရည်ပါကျမိတယ်-“

    by

    in

    “ကျေးဇူးပါ ထိုင်းဒီတခါကူညီမှုကတော့ မျက်ရည်ပါကျမိတယ်-”

  • ဂန့်ဂေါကနေ ပင်လည်ဘူးဘက် စစ်ကူပို့ခံရတဲ့ ဗိုလ်မှူးခန့်မင်းကို အပါအဝင် စစ်အုပ်စုတွေ သေဆုံး၊

    ဂန့်ဂေါကနေ ပင်လည်ဘူးဘက် စစ်ကူပို့ခံရတဲ့ ဗိုလ်မှူးခန့်မင်းကို အပါအဝင် စစ်အုပ်စုတွေ သေဆုံး၊

    by

    in

    ဂန့်ဂေါကနေ ပင်လည်ဘူးဘက် စစ်ကူပို့ခံရတဲ့ ဗိုလ်မှူးခန့်မင်းကို အပါအဝင် စစ်အုပ်စုတွေ သေဆုံး၊ ကိုထူး/MFP၊စက်တင်ဘာ-၂၈ မကွေးတိုင်း ဂန့်ဂေါမြို့‌ကနေ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ဘက် စစ်ကူပို့ခံရတဲ့ ဗိုလ်မှူးအဆင့် ခန့်မင်းကို အပါအဝင် စစ်အုပ်စုတွေ တိုက်ပွဲမှာ သေတယ်လို့ သတင်းရရှိပါတယ်။ ဂန့်ဂေါမြို့ အခြေစိုက် စစ်အုပ်စု ခြေလျင်တပ်ရင်း (ခလရ) -၅၀ က ဗိုလ်မှုးခန့်မင်းကို အပါအဝင် အင်အား ၅၀ ခန့်ကို စက်တင်ဘာလ ၂၂ ရက်မှာ မြို့သိမ်းတိုက်ခိုက်ခံနေရတဲ့ ပင်လည်ဘူးမြို့အတွက် စစ်ကူဖို့ စစ်အုပ်စုက စေလွှတ်ခဲ့တာလို့ ဂန့်ဂေါနယ်သတင်းတွေ ဖော်ပြနေတဲ့ ‌ယောအလင်းတန်း အဖွဲ့ ကိုဘကောင်းက MFP ကို ပြောပါတယ်။ စစ်ကူပို့ခံရတဲ့ ဂန့်ဂေါ်မြို့ ခလရ-၅၀ က ဗိုလ်မှုးခန့်မင်းကို သေဆုံးသွားပြီ ဖြစ်ကြောင်း…

  • မြောက်ဥက္ကလာမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပူးပေါင်းဆောင်ရွက်နေသည့် ကြံ့ဖွတ်ရုံးကို ဗုံးခွဲ တိုက်ခိုက်

    မြောက်ဥက္ကလာမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပူးပေါင်းဆောင်ရွက်နေသည့် ကြံ့ဖွတ်ရုံးကို ဗုံးခွဲ တိုက်ခိုက်

    by

    in

    မြောက်ဥက္ကလာမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပူးပေါင်းဆောင်ရွက်နေသည့် ကြံ့ဖွတ်ရုံးကို ဗုံးခွဲ တိုက်ခိုက် ရန်ကုန်၊ စက်တင်ဘာ ၂၈ ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပူးပေါင်း ဆောင်ရွက်နေသည့် ကြံ့ဖွတ်ရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမပေါ်ရှိ မြောက်ဥက္ကလာပမြို့နယ် ကြံ့ဖွတ်ရုံးကို အဝေးထိန်းမိုင်း ၂ လုံး အသုံးပြု၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား တချို့ ထိခိုက်မှုရှိပြီး အခြေအနေ အသေးစိတ်ကို…

  • “မင်းသမီးခိုင်နှင်းဝေရယ်ဒီသတင်းကတကယ်ကြီးလားလုံးဝမထင်ထားဘူး”

    “မင်းသမီးခိုင်နှင်းဝေရယ်ဒီသတင်းကတကယ်ကြီးလားလုံးဝမထင်ထားဘူး”

    by

    in

    “မင်းသမီးခိုင်နှင်းဝေရယ်ဒီသတင်းကတကယ်ကြီးလားလုံးဝမထင်ထားဘူး”

  • စစ်ကောင်စီက အာဏာစွန့်ပြီးအကြမ်းဖက်မှုများကျူးလွန်ခဲ့​ကြောင်းဝန်ခံပြီးမှ ဆွေးနွေးရန်စဉ်းစား

    စစ်ကောင်စီက အာဏာစွန့်ပြီးအကြမ်းဖက်မှုများကျူးလွန်ခဲ့​ကြောင်းဝန်ခံပြီးမှ ဆွေးနွေးရန်စဉ်းစား

    by

    in

    စစ်ကောင်စီက အာဏာစွန့်ပြီးအကြမ်းဖက်မှုများကျူးလွန်ခဲ့​ကြောင်းဝန်ခံပြီးမှ ဆွေးနွေးရန်စဉ်းစား မည်ဟု TNLAတုံ့ပြန် ▪︎ငြိမ်းချမ်းရေးကိုအာဏာသိမ်းစစ်အုပ်စုကဆောင် ရွက်နေသရွေ့မျှော်လင့်စရာမရှိဟု TNLA ​ပြော ဟန်​နွေ၊သတိုး/People’s Spring စစ်ကောင်စီက နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးမှုများ ပြုလုပ်လိုပါက ဦးစွာ အာဏာစွန့်ရန်လိုအပ်သကဲ့သို့ အမှားများ ကျူးလွန်ခဲ့မှု၊ ပြစ်မှုကျူးလွန်ခဲ့မှုများကို ဝန်ခံမှ ဆွေးနွေးရန် စဉ်းစားမည်ဟု ​မြောက်ပိုင်းမဟာမိတ် ညီ​နောင်သုံးဖွဲ့မှ တအာင်း တပ်မတော်(PSLF/TNLA) ပြောရေးဆိုခွင့်ရှိ သူ လွေးယေဦးက ပြောကြားလိုက်သည်။ စက်တင်ဘာ ၂၆ရက်တွင် စစ်ကောင်စီက ​တော်လှန်​ရေးအဖွဲ့များကို လက်နက်စွန့်၍ ပါတီ​ထောင်​၍ စစ်​ကောင်စီ​ရွေး​ကောက်ပွဲဝင်ရန် ဖိတ်ခေါ်​ကြောင်းထုတ်ပြန်ချက် အပေါ် TNLA က ယခုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် လက်ရှိတွင် ၎င်းတို့ အဘက်ဘက်မှ ချို့ယွင်းလာခြင်း၊ ရှုံးနိမ့်မှုများလာခြင်း၊ စစ်ရေး၊ နိုင်ငံရေး နှင့် နယ်မြေရေးရာများ၌…

  • ပေါင်းတည်တွင် တော်လှန်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော အုပ်ချုပ်ရေးမှူးနေရာ အစားထိုး ဝင်သည့် အုပ်ချုပ်ရေးအသစ် တင်ဦးလည်း ပစ်ခတ်ခံရ၍ သေဆုံးပြန်

    ပေါင်းတည်တွင် တော်လှန်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော အုပ်ချုပ်ရေးမှူးနေရာ အစားထိုး ဝင်သည့် အုပ်ချုပ်ရေးအသစ် တင်ဦးလည်း ပစ်ခတ်ခံရ၍ သေဆုံးပြန်

    by

    in

    ပေါင်းတည်တွင် တော်လှန်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော အုပ်ချုပ်ရေးမှူးနေရာ အစားထိုး ဝင်သည့် အုပ်ချုပ်ရေးအသစ် တင်ဦးလည်း ပစ်ခတ်ခံရ၍ သေဆုံးပြန် ရန်ကုန်၊ စက်တင်ဘာ ၂၈ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် တော်လှန်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော ရွာသစ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဉာဏ်ဝင်းနေရာသို့ အစားထိုးဝင်ရောက်သည့် အုပ်ချုပ်ရေးမှူးအသစ် တင်ဦးမှာလည်း တော် လှန်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့်ပင် ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ မှတ္တိုင်တိုက်နယ် ရွာသစ် ကြီးအုပ်စု မြွေကြီးတွင်းရွာနေ အုပ်စုအုပ်ချုပ်ရေးမှူးအသစ် တင်ဦးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ် မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ နှင့်ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်…