လားရှိုးမြို့ပေါ်ရှိ ကားဝပ်ရှော့သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိ

by

in

လားရှိုးမြို့ပေါ်ရှိ ကားဝပ်ရှော့သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိ
ရန်ကုန်၊ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ ကားဝပ်ရှော့သို့ စစ်ကောင်စီက ယနေ့ည အချိန် လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ရာ ပြည်သူများထိခိုက်သေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၄ မိနစ်အချိန် စစ်ကောင်စီက တိုက်လေယာဉ်များက လားရှိုးမြို့ပေါ် ရပ်ကွက် ၈ အနောက် ကားဝပ်ရှော့ပေါ်သို့ ဗုံးများ ကျဲချခဲ့ခြင်းဖြစ်ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးကာ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရသည်။
“ဗုံးကျတဲ့ ကားဝပ်ရှော့က ဖွင့်ထားတာ ၁၀ ရက်လောက်ပဲရှိသေးတယ်။ အဲဒီမှာ လူသေဆုံးမှုရှိတယ်။ အခုက လေယာဉ်တွေက ထပ်ဝဲနေလို့ ခင်ဗျ။ လေယာဉ်သံက မပျောက်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။