မြောက်ဥက္ကလာမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပူးပေါင်းဆောင်ရွက်နေသည့် ကြံ့ဖွတ်ရုံးကို ဗုံးခွဲ တိုက်ခိုက်

by

in

မြောက်ဥက္ကလာမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပူးပေါင်းဆောင်ရွက်နေသည့် ကြံ့ဖွတ်ရုံးကို ဗုံးခွဲ တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၂၈

ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပူးပေါင်း ဆောင်ရွက်နေသည့် ကြံ့ဖွတ်ရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမပေါ်ရှိ မြောက်ဥက္ကလာပမြို့နယ် ကြံ့ဖွတ်ရုံးကို အဝေးထိန်းမိုင်း ၂ လုံး အသုံးပြု၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား တချို့ ထိခိုက်မှုရှိပြီး အခြေအနေ အသေးစိတ်ကို ထပ်မံ စုံစမ်းလျက်ရှိကြောင်း၊ အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
“သန်းခေါင်စာရင်းကောက်ဖို့ ကြိုးစားနေတဲ့ သူတွေကို အခုထက်ပိုပြီး တိုက်ခိုက်မယ်လို့ သတင်းစကားပါးချင်ပါတယ်” ဟု ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောက်စီ အလိုကျ သန်းခေါင်စာရင်းကောက်ရန် ကူညီပေးနေသော စစ်တပ်နှင့် အပေါင်းအပါများကို ဆက်လက် တိုက်ခိုက်သွားမည်ဟု ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။