Author: admin
-
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ သစ်အဖြစ် ဗိုလ်ချုပ်ကြီး မောင်မောင်အေး တာဝန်ပြောင်းလဲယူလိုက်ပြီး စစ်မှုထမ်းဆင့်ခေါ်ရေး ယခင်ထက် ပိုမို ကြမ်းတမ်းစွာ ကိုင်တွယ်မည်ဖြစ်၍ ပေါ်တာဆွဲမှုဖမ်းဆီးများ အခြေအနေ ဆိုးလာနိုင်ဟု သတိပေး
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ သစ်အဖြစ် ဗိုလ်ချုပ်ကြီး မောင်မောင်အေး တာဝန်ပြောင်းလဲယူလိုက်ပြီး စစ်မှုထမ်းဆင့်ခေါ်ရေး ယခင်ထက် ပိုမို ကြမ်းတမ်းစွာ ကိုင်တွယ်မည်ဖြစ်၍ ပေါ်တာဆွဲမှုဖမ်းဆီးများ အခြေအနေ ဆိုးလာနိုင်ဟု သတိပေး ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ သစ်အဖြစ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကိုင်တွယ်နေရာကနေ ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စတင်တာဝန်ပြောင်းလဲယူနေပြီး စစ်မှုထမ်းဆင့်ခေါ်ရေးမှာ အရင်ထက် ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်လာဖို့ရှိနေတယ်လို့ နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အကြမ်းဖက် မင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ညှိ/ကွပ်ရာထူးကနေ ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အဖွဲ့ဝင် ၁၈…
-
မြို့ကြီးသုံးမြို့တွင် တမနက်တည်းဓားပြတိုက် ၊လူသတ်မှုသုံးမှုဖြစ်ပြည်သူနှစ်ဦးသေဆုံး
ဗဟန်းတွင် အလှကုန်ဆိုင်ပိုင်ရှင်အမျိုးသမီး ဆွဲကြိုးလုခံရ၍ ခုခံစဉ် ဓားထိုးခံရပြီး သေဆုံး 26 Dec 2024 By Nway / MPA ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် အလှကုန်ဆိုင်ပိုင်ရှင် အမျိုးသမီး ဆွဲကြိုးလုခံရ၍ ခုခံစဉ် ဓားထိုး ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၂၆ရက်) နံနက် ရှစ်နာရီခွဲခန့်တွင် ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်ရှိ AK Cosmetic Store ဆိုင်ပိုင်ရှင် ဒေါ်အေးအိခိုင်သည် ဆိုင်ဖွင့်နေစဥ် အမျိုးသားတစ်ဦးက ၎င်းဝတ်ဆင်ထားသော ရွှေဆွဲကြိုးကိုလုယက်သောကြောင့် ပြန်လည်ခုခံခဲ့ကြောင်း လုယက်သူအမျိုးသားက ဓားဖြင့်ထိုးခဲ့ရာ ဒေါ်အေးအိခိုင်သည် အခင်းဖြစ်သည့်နေရာတွင်ပင် သေဆုံးခဲ့ကြောင်းBahan Information ll ထံက သိရသည်။ “သေဆုံးသူက အသက်…
-
မန္တလေးမြို့သည် နွေဦးတော်လှန်ရေးခရီးကြမ်းတွင် စုစည်းမှုဖြင့်ချီတက်နေဟု ဒေါက်တာတေဇာစန်းပြော
မန္တလေးမြို့သည် နွေဦးတော်လှန်ရေးခရီးကြမ်းတွင် စုစည်းမှုဖြင့်ချီတက်နေဟု ဒေါက်တာတေဇာစန်းပြော -People’s Spring မန္တလေးမြို့လယ်တနေရာတွင် တော်လှန်လူငယ်များက ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။ မန္တလေးမြို့၏ နွေဦးတော်လှန်ရေးနှင့် ပတ်သက်ပြီး လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာစန်းက အောက်ပါအတိုင်း ဖွင့်ဟထားသည်။ “ကျနော်တို့ ပြည်သူတွေ၊ ကျနော်တို့ ရွှေမန်းသူ ရွှေမန်းသားတွေရဲ့တော်လှန်စိတ်ကတော့ အံ့ဩဖို့ကောင်းလောက်အောင် ထက်သန်မြဲ၊ ပြင်းပြဆဲဗျို့။ ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်”ဟု ဒေါက်တာတေဇာစန်းက ပြောသည်။ မန္တလေးမြို့သည် နွေဦးတော်လှန်ရေး ခရီးကြမ်းတွင် မြို့သူ၊မြို့သားများ၏ စုစည်းညီညွတ်မှုအားနှင့်အတူ ခိုင်မြဲစွာ ချီတက်နေကြသည်ဟု ဒေါက်တာတေဇာစန်းက ဆိုသည်။ “ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား…
-
မုံရွာမြို့ပေါ်တွင် နေအိမ်အတွင်း ဝင်ရောက်ဓားပြတိုက် လူသတ်ပြီး ကားယူဆောင်သွား၊ တော်လှန်ရေးအဖွဲ့များက ဓားပြတိုက်သူများကို လိုက်လံလိုက်လံဖမ်းဆီးရာမှ ကားကို ပြန်လည် သိမ်းဆည်းရရှိ၊ ကျူးလွန်သူများကို သိရှိထားပြီး အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးမည်
မုံရွာမှာ အမျိုးသမီးတစ်ဦးကို ပစ်သတ်ပြီး ကားလုယက် ဒီဇင်ဘာ ၂၆၊ The Nation Voice သတင်း – 015 စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မိုးကောင်းလမ်းပေါ်က အဟောင်းပစ္စည်းရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို လက်နက်ကိုင်ဆောင်ထားတဲ့ လူသုံးဦးက ဆိုင်အတွင်းထိ ဝင်ရောက် ပစ်သတ်ခဲ့ပြီး ကားကို လုယက်ယူဆောင်သွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာ ၂၆ ရက် မနက်အစောပိုင်းက မုံရွာမြို့ မိုးကောင်လမ်းပေါ်ရှိ အဟောင်းအစ္စည်း ရောင်းဝယ်ရေး ဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဟာ ဆိုင်အတွင်းထိ ဝင်ရောက်ပြီး ပိုင်ရှင်ဖြစ်သူ အမျိုးသမီးကို အဓမ္မဖမ်းဆီးဖို့ ပြုလုပ်ခဲ့ရာအသာတကြည် အဖမ်းမခံတာကြောင့် သေနတ်နဲ့ လေးချက်ပစ်သတ်ခဲ့ပြီးနောက် ဆိုင်မှာရှိတဲ့ ကားကို လုယက်ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတဲ့…
-
စမ်းချောင်းတွင် လူငယ်များကို တပ်သားသစ်အဖြစ် ဖမ်းဆီး ငွေညှစ်မှုကြောင့် ပစ်ခတ်ခံရသော ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ဒဏ်ရာပြင်းထန်၍ ဆေးကုသရင်း သေပြီ
စမ်းချောင်းတွင် လူငယ်များကို တပ်သားသစ်အဖြစ် ဖမ်းဆီး ငွေညှစ်မှုကြောင့် ပစ်ခတ်ခံရသော ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ဒဏ်ရာပြင်းထန်၍ ဆေးကုသရင်း သေပြီ ရန်ကုန်၊ ဒဇင်ဘာ ၂၆ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေညှစ် တောင်းခံခဲ့သည့် ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ယနေ့ နံနက်အစောပိုင်း ဆေးရုံတွင် သေဆုံးသွားပြီဖြစ်ကြောင်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေသည် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဟုမ်းလမ်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး စန်းငွေသည်…
-
မန္တလေး၊ နဂါးနန်းတော် ရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွား၊ စစ်တပ်နှင့်ရဲက ပိတ်ဆို့စစ်ဆေးမှုများလုပ်နေ
မန္တလေး၊ နဂါးနန်းတော် ရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွား၊ စစ်တပ်နှင့်ရဲက ပိတ်ဆို့စစ်ဆေးမှုများလုပ်နေ ရန်ကုန်၊ ဒီဇင်ဘာ ၂၆ မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်ရှိ နဂါးနန်းတော် ရွှေဆိုင်ကို ဆိုင်ဖွင့်ချိန် လူ ၂ ဦးက လက်နက်များကိုင်ဆောင် ဓားပြတိုက်သွားပြီး သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွားကြောင်း မန္တလေးမြို့ သတင်းရင်းမြစ်နှင့် ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နံနက် ၈ နာရီ ၄၇ မိနစ်ဝန်းကျင်အချိန် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၇၇လမ်း၊ ၃၁×၃၂လမ်း အကြား “နဂါးနန်းတော်”ရွှေဆိုင်သို့ လက်နက်ကိုင်ဆောင်ထားသော လူ ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ဓားပြတိုက်သွားခြင်းဖြစ်ပြီး သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်များ…
-
ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာ စစ်စခန်းမှ စစ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်၊ အုတ်ဖို၊ ခမရ ၆ မှ လက်နက်များဖြင့် ထွက်ပြေးသွားသော စစ်သား ၇ ဦးလည်း ဖမ်းမမိတော့
ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာ စစ်စခန်းမှ စစ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်၊ အုတ်ဖို၊ ခမရ ၆ မှ လက်နက်များဖြင့် ထွက်ပြေးသွားသော စစ်သား ၇ ဦးလည်း ဖမ်းမမိတော့ ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာ စစ်စခန်းတွင် စစ်တပ်အရာရှိများက တပ်သားများကို ပေါ်တာဆွဲ၍ တပ်သားသစ်ရှာဖွေ ဖမ်းဆီးရန် အမိန့်ပေးစေခိုင်းခြင်းကြောင့် စစ်သား ၅ ဦးမှာ အမိန့်ဖီဆန်ပြီး ထွက်ပြေးသွားကြောင်း တပ်တွင်း သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီခန့်အချိန် ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းတွင် တပ်အရာရှိများက တပ်သားများကို ပေါ်တာဆွဲ…
-
မြန်မာကို ကာလဝမ်းရောဂါဆေးတွေ ထိုင်း အကူအညီပေး
မြန်မာကို ကာလဝမ်းရောဂါဆေးတွေ ထိုင်း အကူအညီပေး ဒီဇင်ဘာ ၂၅၊ ၂၀၂၄ မြန်မာပြည်မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ကာကွယ်တိုက်ဖျက်ရေး အကူအညီဖြစ်စေဖို့ ကာလဝမ်းရောဂါဆေးတွေကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပေးထားကြောင်း Bangkok Post က ဒီဇင်ဘာ ၂၄ ရက်မှာ ဖော်ပြထားပါတယ်။ ထိုင်းအစိုးရက အကူအညီပေးမယ့် ဆေးတွေဟာ ကာလဝမ်းရောဂါဝေဒနာရှင် ၂၄၀၀ အတွက် လုံလောက်တဲ့ ဆေးဝါးတွေနဲ့ ကာလဝမ်းရောဂါကာကွယ်ဆေး ၅၀၀၀ ခန့် ဖြစ်မယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း ကာလဝမ်းရောဂါ ဖြစ်ပွားမှု ၇၀၀၀ ခန့်ရှိတယ်လို့ တရားဝင် ထုတ်ပြန်ချက်မဟုတ်တဲ့ သတင်းတွေက ဖော်ပြထားကြောင်း ဆိုပါတယ်။ ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲရမတ်ခရိုင် တဖက်ခြမ်း BGF/KNA အကာအကွယ်ပေးထားရာ ရွှေကုက္ကိုလ်မြို့မှာ အနည်းဆုံး ရောဂါဖြစ်ပွားသူ ၃၀၀…
-
ဂွမြို့ကို တင့်ကားနှင့် စစ်ကူများပို့ထားသော်လည်း ခမရ ၅၆၂ မှ စစ်ကောင်စီ အရာရှိများ စတင်ထွက်ပြေး
ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၂၅ရက် စစ်ကောင်စီ တပ်ရင်းတစ်ခုသာကျန်ရှိတော့သည့် ဂွကို တင့်ကားနှင့် စစ်အင်အားဖြည့်တင်းထားသော်လည်း ကျန်ရှိသည့်တပ်ရင်းမှ စစ်ကောင်စီတပ်အရာရှိများ စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာ ၂၅ရက် နံနက်ပိုင်းမှစတင်ပြီး ဂွရှိ ခမရ ၅၆၂တပ်ရင်းမှ စစ်အရာရှိများ စတင်ဆုတ်ခွာနေကြပြီး မြို့ကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့ထားကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ရက် ညပိုင်းအချိန်တွင် စစ်ကောင်စီက တင့်ကားနှင့် စစ်ကားအစီးရေ ၂၀ ပါဝင်သည့် စစ်ကြောင်း ကို ဂွ-ငသိုင်းချောင်းလမ်းမှတစ်ဆင့် ဂွမြို့ကို အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။ ထို့အပြင် အမြောက်တပ် ၃၄၄တွင်လည်း ရဟတ်ယာဉ်ကွင်းများပြင်ဆင်ဆောက်လုပ်နေပြီး တင့်ကား သုံးစီးကို အဆင်သင့်ပြင်ထားကြောင်း သိရသည်။ “အမတ ၃၄၄မှာ ဟန့်တားစစ်ပြင်ထားတယ်။ အသေခံ ခံစစ်မဟုတ်ဘူး။…
-
သာယာဝတီခရိုင်တွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုပြင်ထားရန် PDF တပ်ဖွဲ့ သတိပေး
သာယာဝတီခရိုင်တွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုပြင်ထားရန် PDF တပ်ဖွဲ့ သတိပေး ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ပဲခူးတိုင်း၊ သာယာဝတီခရိုင် ပဲခူးရိုးမအတွင်း စစ်တပ်က စစ်ကြောင်း ထိုးရန် ပြင်ဆင်နေပြီး မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ်တို့နှင့် ထိစပ်နေသော ပဲခူးရိုးအတွင်း အကြမ်းဖက် စစ်တပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ပဲခူးရိုးမအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလျှင် တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး မြို့သိမ်းတိုက်ပွဲများပါ…