Author: admin
-
NUG ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ မြေပြင်တွင် တော်လှန်ရေးရဲဘော်များအားတွေ့ဆုံ
NUG ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ မြေပြင်တွင် တော်လှန်ရေးရဲဘော်များအားတွေ့ဆုံ အိမ်သွင်/People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည် ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် အလုပ် သမားရေးရာ ဝန်ကြီး ၊ ဒုဝန်ကြီးတို့ပါဝင်သည့်အစိုးရအဖွဲ့က မြေပြင်တိုက်ခိုက်ရေး ရဲဘော်များထံသွားရောက်ပြီး အားပေး စကားပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အလုပ်သမားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ ၊ ဒုဝန်ကြီးဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွတ်တို့က မြေပြင်တိုက်ခိုက်ရေး ရဲဘော်များထံ သွားရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို NUG အစိုးရ၏ သတင်းပြန်ကြားရေးဌာန PVTVက ယနေ့(ဒီဇင်ဘာ ၁၀ ရက်) တွင်ဖော်ပြသည်။ တော်လှန်ရေးအောင်မှသာလျှင် ပြည်သူ့ဘဝငြိမ်း ချမ်းမည် ဖြစ်သောကြောင့် ဆက်လက်အားစိုက်ကြစေလိုကြောင်း၊ PDF များ၏ အားထုတ်မှုတိုင်းကို ကျေးဇူးတင်ကြောင်း၊ CDM နှင့်PDF က…
-
ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်မှန်သမျှ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု သက်ဆိုင်ရာက ခေါ်ယူ အသိပေးပြီး မဲနှိုက်ခြင်း၊ ငွေကြေးပေး၍ လူစားထိုးခြင်းများ လုပ်ခွင့်မရှိတော့ဟုဆို
ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်မှန်သမျှ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု သက်ဆိုင်ရာက ခေါ်ယူ အသိပေးပြီး မဲနှိုက်ခြင်း၊ ငွေကြေးပေး၍ လူစားထိုးခြင်းများ လုပ်ခွင့်မရှိတော့ဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်မှန်သမျှ အလှည့်ကျလာလျှင် မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး ယခင်ကကဲ့သို့ အလှည့်ကျ မဲနှိုက်ခြင်း၊ ငွေကြေးပေး၍ လူစားထိုးခြင်းများ လုပ်ခွင့်မရှိတော့ဟု လူငယ်များနှင့်မိသားစုများကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများက ခေါ်ယူ အသိပေးပြောဆိုလာကြောင်း သိရှိရသည်။ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ သာကေတမြို့ နယ်၊ ဒေါပုံမြို့နယ် အပါအဝင် မြို့နယ်များအားလုံးတွင် အသက် ၁၈ နှစ်မှ အသက် ၃၅…
-
အုတ်တွင်း မြို့စိုးတံတား စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)
အုတ်တွင်း မြို့စိုးတံတား စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ) ဒီဇင်ဘာ ၁၀၊ ၂၀၂၄3 ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ မြို့စိုးတံတားစစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖ Drone အဖွဲ့ထံက သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေ ထိခိုက်မှုရှိခဲ့ပေမယ့် အရေအတွက်ကို မြေပြင်အခြေအနေအရ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ အဲဒီစစ်ဆင်ရေးကို အုတ်တွင်းမြို့နယ် ပကဖ Drone အဖွဲ့နဲ့ တပ်ရင်း(၃၅၀၂) Deltaone drone force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
-
NUG နှင့် PDF များ၏ ရန်ပုံငွေရှာ Campaign များသို့ ပြည်တွင်းပြည်ပ ငွေကြေးလှူဒါန်းမှုနှင့် ငွေကြေးစီးဆင်းမှုများကို ဖိဖိစီးစီး စုံစမ်းဖော်ထုတ် အရေးယူရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြား
NUG နှင့် PDF များ၏ ရန်ပုံငွေရှာ Campaign များသို့ ပြည်တွင်းပြည်ပ ငွေကြေးလှူဒါန်းမှုနှင့် ငွေကြေးစီးဆင်းမှုများကို ဖိဖိစီးစီး စုံစမ်းဖော်ထုတ် အရေးယူရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြား ရန်ကုန်၊ ဒီဇင်ဘာ ၁၀ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် PDF များက လုပ်ဆောင်နေသော ရန်ပုံငွေရှာ Campaign များသို့ ပြည်တွင်းပြည်ပ ငွေကြေးလှူဒါန်းမှုနှင့် ငွေကြေး စီးဆင်းနေမှုများ ဆက်လက်တည်ရှိနေသည်ကို ဖိဖိစီးစီး စုံစမ်းဖော်ထုတ် အရေးယူရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားလာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ နေပြည်တော်စစ်ကောင်စီရုံး၏ ယခုရက်ပိုင်းအတွင်း အရေးပေါ် ညွှန်ကြားချက်တွင် ဆန့်ကျင်ဘက် NUGနှင့် PDF အဖွဲ့များက ခေါင်းစဉ်မျိုးစုံဖြင့် Campaign ပေါင်းစုံကို လုပ်ဆောင်နေကြကြောင်း၊ အဆိုပါ Campaign များတွင်…
-
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်သားများကို လက်နက်ချရန် AA က အသံချဲ့စက်ဖြင့်အော်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ
ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၉ရက် အမ်းမြို့အတွင်း တစ်ခုတည်းသာကျန်ရှိတော့သည့် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း မြေအောက် ဘန်ကာထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေပြီး စစ်ကောင်စီက ပေါင် ၁၀၀၀ဗုံးများဖြင့် လာရောက်ကြဲချနေကြောင်း သိရသည်။ နပခအတွင်းမြေအောက်ဘန်ကာထဲတွင် စစ်ကောင်စီတပ်သား ၄၀၀ခန့်ပိတ်မိနေပြီး အင်အား ၁၀၀ခန့်မှာ AAထံတွင် လက်နက်ချအညံ့ခံခဲ့ရာ ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချ အလံဖြူထောင်ရန် AAက နပခဝန်းအတွင်းသို့ အသံချဲ့စက်ဖြင့် အော်၍ တိုက်တွန်းနေကြောင်း သိရသည်။ “ဒဏ်ရာရ အရာရှိအပါအဝင် စစ်သား ၁၀၀နီးပါး လက်နက်ချတယ်။ AAက ဘန်ကာထဲကလူတွေကို အကုန်ထွက်လာဖို့ အော်နေတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၆ရက်နေ့တွင် အမ်းမြို့တစ်ခုလုံးကို ထိန်းချုပ်ပြီး စစ်ကောင်စီ၏ တပ်စခန်း ၃၀ကျော်ကိုပါ သိမ်းဆည်းကာ…
-
မြို့များ၊ တပ်စခန်းများနှင့်တိုင်းစစ်ဌာနချုပ်များကို လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်း ပွဲနှင့်အခမ်းအနားများ ဆက် တိုက်တက်မည်
မြို့များ၊ တပ်စခန်းများနှင့်တိုင်းစစ်ဌာနချုပ်များကို လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်း ပွဲနှင့်အခမ်းအနားများ ဆက် တိုက်တက်မည် ရန်ကုန်၊ ဒီဇင်ဘာ ၁၀ မြို့များနှင့်တိုင်းစစ်ဌာနချုပ်များ လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်း ပွဲနှင့်အခမ်းအနားများ ဆက် တိုက်တက်ရောက်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်၊ နေပြည်တော်၊ ပြင်ဦးလွင်တို့တွင် ယခုဒီဇင်ဘာလအတွင်း ပွဲများနှင့် အခမ်းအနား ၅ ခုထက်မနည်းကို ဆက်တိုက် တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၄ ရက်နေ့ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ၇၇ နှစ်မြောက် ရေတပ် နှစ်ပတ်လည်ပွဲ တက်ရောက်မည်ဖြစ်ပြီး ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်နေကြောင်း…
-
ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ၁၀ ရက်ကြာတိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၅၀ ကျော် သေဆုံး
ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ၁၀ ရက်ကြာတိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၅၀ ကျော် သေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ၁၀ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လယ်ပိုင်းအထိ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ ဒေသတွင် စစ်တပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် လက်နက်ခဲယမ်းများလည်းသိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။…
-
အမ်းရှိ စစ်သားများနှင့် တပ်မိသားစုများ ပိတ်မိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝင်းအတွင်းသို့ စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများဆက်တိုက် ကျဲချနေသဖြင့် လက်အောက်ငယ်သားများ၏ အသက်ကို အလေးမထားတော့ဟုဆို
အမ်းရှိ စစ်သားများနှင့် တပ်မိသားစုများ ပိတ်မိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝင်းအတွင်းသို့ စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများဆက်တိုက် ကျဲချနေသဖြင့် လက်အောက်ငယ်သားများ၏ အသက်ကို အလေးမထားတော့ဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၉ ရခိုင်ပြည်၊အမ်းမြို့နယ်ရှိ စစ်သားများနှင့် တပ်မိသားစုများ ပိတ်မိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးကျဲချနေကြောင်း AA သတင်းရင်းမြစ်နှင့် တပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များက စစ်လေယာဉ်များဖြင့် ဗုံးများ အဆက် မပြတ် ကျဲချခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ ပိတ်မိနေသော နပခဌာန ချုပ်ဝင်းအတွင်းအထိပါ စစ်လေယာဉ်များဖြင့် ဗုံးကျဲခြင်းဖြစ်ကြောင်း AA သတင်းရင်းမြစ်က ပြောသည်။ “နပခတိုင်းစစ်ဌာနချုပ် ဝင်းထဲကိုပါ ဗုံးတွေ လေယာဉ်တွေနဲ့ ကျဲတယ်။ ရော့ကတ်တွေနဲ့ပါ ပစ်တာ။ ပစ်တဲ့နေရာတွေက…
-
ညောင်လေးပင်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်များဖြင့် ပစ်ခတ်ဗုံးကျဲပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေ၍ KNLA တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေ၊ ကျေးရွာ ၄ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ
ညောင်လေးပင်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်များဖြင့် ပစ်ခတ်ဗုံးကျဲပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေ၍ KNLA တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေ၊ ကျေးရွာ ၄ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ ရန်ကုန်၊ ဒီဇင်ဘာ ၉ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်များဖြင့် ပစ်ခတ် ဗုံးကျဲပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေ၍ KNLA တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာ ၄ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း KNU ဗဟိုက ပြောဆိုသည်။ ဒီဇင်ဘာလ ၅ ရက်နေ့တွင် မူးမြို့နယ်၊ အုန်းပင်စုကျေးရွာတွင် နေရာယူထားသော အကြမ်းဖက် စစ်တပ်က ထွနီကုန်းကျေးရွာကို လက်နက်ကြီး ၃ လုံး၊…
-
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို AA ထိန်းချုပ်
ပြည်နယ်အတွင်း AA ထိန်းချုပ်မြို့အရေအတွက် ထပ်တိုးလာသဖြင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီဖြစ်သည်။ တိုင်းစစ်ဌာနချုပ်တစ်ခုလည်း နောက်ဆုံးအခြေအနေသို့ ရောက်နေသည်။ ယခုလ ပထမပတ် ရခိုင်ပြည်နယ် တိုက်ပွဲများတွင် အာရက္ခတပ်တော် (AA) က စစ်စခန်းအများအပြား ထပ်မံရရှိလိုက်ပြီး ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ရှိ နခခ-၅ ခေါ် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းကို သိမ်းနိုင်ခဲ့သဖြင့် ၁၆၈ မိုင် ရှည်လျားသော မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုပါ ထိန်းချုပ်လိုက်ပြီဖြစ်သည်။AA သည် မောင်တောဒေသကို ၁၁ လကြာ ထိုးစစ်ဆင်စဉ် ထိုစခန်းတစ်ခုတည်းကို ၂ လကြာ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရပြီး ဒီဇင်ဘာ ၈ ရက်နေ့ နံနက်တွင် သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု AA ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကောင်စီတပ်သည်…