Author: admin
-
ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ ခမရ ၂၄ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိ
ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ ခမရ ၂၄ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိ ရန်ကုန်၊ မေ ၁၄ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိကြောင်း KNU သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရသည်။ မေလ ၁၀ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ ခမရ ၂၄ တပ်ရင်း၏ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကလည်း စခန်းမကျစေရေးအတွက်…
-
ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်၍ စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှု ရှိရလိမ့်မည်ဟု AA က သတိပေး
ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်၍ စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှု ရှိရလိမ့်မည်ဟု AA က သတိပေး ရန်ကုန်၊ မေ ၁၄ အရပ်သား ပြည်သူများကို အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများမှာ စစ်တပ်က စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်၍ စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှု ရှိရလိမ့်မည်ဟု AA အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတိပေးပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်သူများ သေဆုံးစေခဲ့သော စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ AA ၏ သဘောထားကို ဆက်သွယ်မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်းပြောဆို သတိပေးလိုက်ခြင်းဖြစ်သည်။ “ဒီလိုမျိုး ဘာတိုက်ပွဲမှ မရှိတဲ့နေရာမှာ အကြမ်းဖက် စစ်ကောင်စီက အရပ်သားပြည်သူတွေကို ဦးတည်ပြီးတော့မှ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ်ဆိုတာက ဒါဟာ စစ်ရာဇဝတ်မှုကို…
-
တာလယ်ဗျုဟာကို စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက်နေ့မှာ KNU သိမ်းယူ
တာလယ်ဗျုဟာကို စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက်နေ့မှာ KNU သိမ်းယူ မေ – ၁၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက် ဒီနေ့ (မေလ ၁၃ ရက် )မှာ သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်း ရင်း မြစ်ထံကသိရပါတယ်။ တာလယ်ဗျူဟာစခန်းကို KNU က အပြီးသတ်သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦး ဝန်းကျင်သေဆုံးသလို ၂၀ ကျော် ထွက်ပြေးသွားခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ KNU ဘက်ကလည်း တပ်မဟာ (၇)လက်အောက်ခံ…
-
ရန်ကုန်တွင် စစ်မှုထမ်းခိုင်းရန် အသက်မပြည့်သေးသော ကျောင်းသား မောင်ထက်ဝေယံ အပါအဝင် လူငယ် ၂ ဦးကို စစ်သားအဖြစ် ရောင်းစားခံရမှု စစ်တပ်လော်ဘီများ ဝန်ခံ၊ လှည်းကူးတွင်လည်း လူစားထိုး စစ်မှုထမ်းများ အရောင်းအဝယ်လုပ်နေ
ရန်ကုန်တွင် စစ်မှုထမ်းခိုင်းရန် အသက်မပြည့်သေးသော ကျောင်းသား မောင်ထက်ဝေယံ အပါအဝင် လူငယ် ၂ ဦးကို စစ်သားအဖြစ် ရောင်းစားခံရမှု စစ်တပ်လော်ဘီများ ဝန်ခံ၊ လှည်းကူးတွင်လည်း လူစားထိုး စစ်မှုထမ်းများ အရောင်းအဝယ်လုပ်နေ ရန်ကုန်၊ မေ ၁၄ ရန်ကုန်မြို့တွင် စစ်မှုထမ်းခိုင်းရန် အသက်မပြည့်သေးသော ကျောင်းသားမောင်ထက်ဝေယံ အပါအဝင် လူငယ်များကို စစ်သားအဖြစ် ရောင်းစားခံရမှုများရှိနေကြောင်း စစ်တပ်လော်ဘီများဝန်ခံပြောဆိုလိုက်ကြသည်။ မေလ ၁၃ ရက်နေ့ စစ်တပ်လော်ဘီ နောင်တော်ကလေး လုပ်ကိုင်နေသည့် Myanmar National Post တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ကွမ်းခြံကုန်းမြို့နယ် ပကောက်ကျေးရွာအုပ်စု ပဒုံစောကျေးရွာမှ ကျောင်းသား မောင်ထက်ဝေယံနှင့် မောင်မိုးချစ်နောင်တို့ ၂ ဦး ရန်ကုန်တွင် သွားရောက် အလုပ်ရှာရာမှ စစ်မှုထမ်း တပ်သားများအဖြစ် ဖမ်းဆီးရောင်းစားခံလိုက်ရကြောင်း မိဘဆွေမျိုးများနှင့်တွေ့ဆုံမေးမြန်း၍ ထုတ်ပြန်ထားသည်။…
-
ရေစကြိုမှာ ပျူရွာကထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေစောင့်ဆိုင်းတိုက်ခိုက်လို့ စစ်အုပ်စု ၃၀ ခန့် သေ၊ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး ၁၀ ခန့် ဒဏ်ရာရရှိခဲ့
ရေစကြိုမှာ ပျူရွာကထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေစောင့်ဆိုင်းတိုက်ခိုက်လို့ စစ်အုပ်စု ၃၀ ခန့် သေ၊ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး ၁၀ ခန့် ဒဏ်ရာရရှိခဲ့ အီသာရမ်/MFP ၊ မေ-၁၃ မကွေးတိုင်း ရေစကြိုမှာ ပျူစောထီးရွာက ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးတပ်တွေအသင့် စောင့်ဆိုင်းတိုက်ခိုက်လို့ စစ်အုပ်စု ၃၀ ခန့်သေဆုံးခဲ့တယ်လို့ Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်း က ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၉ ရက် မနက် ၇ နာရီခန့်မှာ ဆင်ချောင်းပျူစောထီးကျေးရွာကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်အုပ်စု စစ်ကြောင်းကို ဆန်းသစ်ကျေးရွာမြောက်ဘက်မှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်းတိုက် ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ၁ နာရီခွဲခန့်…
-
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောက်လုပ်ရမည်ဟု အမိန့် ထုတ်ပြန်ပြီး စစ်ကောင်စီထိပ်ပိုင်းက စိစစ်မည်၊ ဗလီအပြိုအပျက်များကို ပြင်ဆင်ခွင့်ပိတ်ပင်ထား
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောက်လုပ်ရမည်ဟု အမိန့် ထုတ်ပြန်ပြီး စစ်ကောင်စီထိပ်ပိုင်းက စိစစ်မည်၊ ဗလီအပြိုအပျက်များကို ပြင်ဆင်ခွင့်ပိတ်ပင်ထား ရန်ကုန်၊ မေ ၁၃ စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောင်လုပ်ရမည်ဟု စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်လိုက်သော်လည်း စစ်ကောင်စီက ဆောက်လုပ်ခွင့်နှင့်ဖြိုဖျက်ခွင့်များ လုံး၀ ချထားမပေးဘဲ ပိတ်ပင်ထားကြောင်း ရမည်းသင်းအခြေစိုက် ဗလီကျောင်းတော်အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီက ငလျင်ကြောင့် ပြိုပျက်သွားသော ဗုဒ္ဓဘာသာ ဘုရားစေတီပုထိုးနှင့်ကျောင်းတိုက်များကိုမူ ကြိုက် နှစ်သက်လို ပြန်လည် တည်ထားခွင့်ပေးထားသော်လည်း ဗလီနှင့်ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကိုမူ မူလအတိုင်းသာ ဆောက်လုပ်ရန်၊ ဆောက်လုပ်ခြင်းနှင့်ဖြိုဖျက်ခြင်းများကိုလည်း စစ်ကောင်စီက ခွင့်ပြုမှသာ လုပ် ဆောင်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း၊ အမှန်တကယ် ခွင့်ပြုချက်တောင်းခံသောအခါ ဖြိုဖျက် ရှင်းလင်းခွင့်ပင် မပေးဘဲ ပြန်လည်တည်ဆောက်ခွင့်မှာ…
-
ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရ
ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရ ရန်ကုန်၊ မေ ၁၃ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ မေလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ဆောထိမြို့နယ် အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးသီးများဖြင့် သိုက်တူးကုန်း…
-
ရသေ့တောင်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၃ဦးရှိလာ ■နှစ်ရက်ဆက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ်တွင် အရပ်သား ၄၆ ဦးထက်မနည်းသေ
ရသေ့တောင်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၃ဦးရှိလာ ■နှစ်ရက်ဆက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ်တွင် အရပ်သား ၄၆ ဦးထက်မနည်းသေ ဆုံးပြီး ၇၀ ဦးထက်မနည်း ဒဏ်ရာရ မေ-၁၃၊၂၀၂၅။ကဖေး/People’s Spring ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ထွန်းရေဝကျေးရွာကို ယနေ့ (မေလ၁၃ရက်) နံနက်ပိုင်း၌စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူ ၁၃ ဦးရှိလာပြီး ၃၀ဦးထက်မနည်း ဒဏ်ရာရထားသည်။ ထွန်းရေဝကျေးရွာကို နံနက် ၁၀ နာရီခန့်တွင် စစ် တပ်ကဂျက်ဖိုက်တာဖြင့်ဗုံး နှစ်လုံးကြဲခြင်းဟု ရခိုင် ဒေသခံသတင်းရင်းမြစ်ကပြောသည်။ ” အလောင်းက ၁၃ လောင်းရထားပါတယ်။ဒဏ်ရာရက ၃၀ ကျော်ပြီးလက်ရှိ၂၀ ကျော်ရထားပါတယ်။ထိခိုက်သူ ပိုများလာနိုင်ပါတယ်”ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။ သေဆုံးသူနှင့် ဒဏ်ရာရသူများအားလုံး အရပ် သားများဖြစ်ပြီး ကလေးငယ်နှင့် အမျိုးသမီးများလည်း ပါဝင်သည်ဟုစုံစမ်းသိရသည်။ ထွန်းရေဝကျေးရွာကို စစ်ကောင်စီတပ်က လေ…
-
ဂန့်ဂေါတွင် ခလရ ၅၀ တပ်ရင်းက လယ်မရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူ ၁၁ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြန်၊ ပြည်သူ ၂၀ ကျော်ကိုလည်း ဖမ်းဆီးသွား
ဂန့်ဂေါတွင် ခလရ ၅၀ တပ်ရင်းက လယ်မရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူ ၁၁ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြန်၊ ပြည်သူ ၂၀ ကျော်ကိုလည်း ဖမ်းဆီးသွား ရန်ကုန်၊ မေ ၁၃ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ခလရ ၅၀ တပ်ရင်းမှ အကြမ်းဖက် စစ်သားများက လယ်မရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူ ၁၁ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မေလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ခန့်တွင် ဂန့်ဂေါမြို့နယ်၊ ခလရ ၅၀ တပ်ရင်းမှ…
-
နယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းစစ်တပ် လုံခြုံရေး တိုးမြှင့်
နယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းစစ်တပ် လုံခြုံရေး တိုးမြှင့် ဧရာဝတီ၊ မေ ၁၃၊ ၂၀၂၅ အာဏာသိမ်းစစ်တပ်က နယ်စပ်မျဉ်းအနီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့်အတွက် ယနေ့မနက်တွင် ထိုင်းစစ်တပ်မှလက်နက်ကြီးအချို့တပ်ဆင်ကာ နေရာယူတပ်စွဲထားကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းဌာန၌ ဖော်ပြသည်။ ထိုင်းနယ်စပ် ၇မှ ကီလိုမီတာခန့်အကွာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ တာလယ်(Tale)စစ်စခန်းအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ လေကြောင်းဖြင့် တန်ပြန်ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။ ပိတ်ဆို့တိုက်ခိုက်ခံနေရသည့် စစ်တပ်အား လေကြောင်းပစ်ကူပေးနေခြင်းဖြစ်ပြီး ပေါက်ကွဲသံများကို ထိုင်းဘက်ခြမ်းမှ ကြားနေရကြောင်း Khaosod က ဖော်ပြသည်။ ပိုင်ကျုံမြို့နယ်အတွင်းရှိ တခေါ်ဘီခွီးစစ်စခန်းအား KNLA ပူးပေါင်းတပ်များက မေလ ၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တာလယ်စစ်စခန်းကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ…