Author: admin

  • စစ်ခေါင်းဆောင် စစ်ဆေးရေးဆင်းမည့်နေရာကို ကြိုတင်လုံခြုံရေးယူသည့် ရဲနှင့်စစ်သားအချို့ ရေနှင့် မျောပါသွား

    စစ်ခေါင်းဆောင် စစ်ဆေးရေးဆင်းမည့်နေရာကို ကြိုတင်လုံခြုံရေးယူသည့် ရဲနှင့်စစ်သားအချို့ ရေနှင့် မျောပါသွား

    by

    in

    စစ်ခေါင်းဆောင် စစ်ဆေးရေးဆင်းမည့်နေရာကို ကြိုတင်လုံခြုံရေးယူသည့် ရဲနှင့်စစ်သားအချို့ ရေနှင့် မျောပါသွား ဧရာဝတီတိုင်းမ် စက်တင်ဘာ ၁၇ ရက် နေပြည်တော်တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ပြီးနောက် သွားရောက်ကြည့်ရှုစစ်ဆေးမည့် စစ်ခေါင်း ဆောင်၏ လမ်းကြောင်းကို ကြိုတင်လုံခြုံရေးယူသည့်အဖွဲ့ထဲမှ ရဲနှင့်စစ်သား အချို့ရေနှင့်မျောပါ သွားကြောင်း သိရသည်။ နေပြည်တော် ပျဉ်းမနားမြို့အရှေ့ဘက်ရှိ ဈေးကုန်း နှင့် ဆင်သေရွာဘက်တွင် စစ်ခေါင်းဆောင်၏ လုံခြုံရေးအတွက် ကြိုတင်လုံခြုံရေးယူနေသည့် ရဲနှင့်စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သည် စက်တင်ဘာ ၁၃ ရက်နေ့က ရေစီးနှင့် မျောပါသွားခြင်း ဖြစ်ကြောင်း သိရသည်။ “စစ်ခေါင်းဆောင်ရော ဒုချုပ်ရော မြေပြင်ဆင်းပြီး စစ်ဆေးမှာဆိုတော့ လမ်းကြောင်းကြိုချထားတာ။ အဲဒီဘက်တွေက အဲဒီရက်တွေမှာ ရေကတအားတက်နေ၊ စီးနေတုန်း။ လုံခြုံရေးချထားရင်း ရဲနဲ့ စစ်သား ၂၀ လောက် ရေနဲ့မျောပါသွားတာ”ဟု…

  • တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း 19W(INVEST-98W)သည် တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ရန်မရှိတော့ကြောင်းတွေ့ရ

    တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း 19W(INVEST-98W)သည် တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ရန်မရှိတော့ကြောင်းတွေ့ရ

    by

    in

    တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း 19W(INVEST-98W)သည် တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ရန်မရှိတော့ကြောင်းတွေ့ရ စက်တင်ဘာ ၁၇ ရက် နေ့လည် ၂ နာရီ ===== တောင်တရုတ်ပင်လယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဖိလစ်ပိုင်အမည် GENER(19W)က အခု နေ့လည် ၁ နာရီမှာ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် ၅၅၇ မိုင်အကွာ တောင်တရုတ်ပင်လယ်ပြင်မှာ ဗဟိုပြုနေပြီး အနောက်ဘက်ကို တနာရီ ၂၈ မိုင်(45 km/h)နှုန်းနဲ့ လျှင်လျှင်မြန်မြန်ရွေ့လျားနေကြောင်း ဖိလစ်ပိုင်မိုးလေဝသဋ္ဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ အခုလို အနောက်ဘက်ကို လျှင်လျှင်မြန်မြန် ရွေ့လျားနေတာကြောင့် စက်တင်ဘာလ ၁၉ ရက် နေ့လည်ပိုင်းမှာ ဗီယက်နမ် ကမ်းခြေ ဒါနန်းမြို့အနီးကိုရောက်ရှိလာမှာဖြစ်ကြောင်း၊ မုန်တိုင်းဗဟိုချက်အနီးမှာ 64knots ရှိလာမှ တိုင်ဖွန်းဖြစ်နိုင်ပြီး အခုလေဖိအားနည်းရပ်ဝန်း 19W – ဖိလစ်ပိုင်အမည် GENER…

  • “ရေဘေးမလှူဘူးဆိုပြီး ဝေဖန်နေတဲ့သူတွေ အံ့ဩရလောက်အောင် လှူဒါန်းပြလိုက်တဲ့ သရုပ်ဆောင် စမိုင်းလ်😱”

    “ရေဘေးမလှူဘူးဆိုပြီး ဝေဖန်နေတဲ့သူတွေ အံ့ဩရလောက်အောင် လှူဒါန်းပြလိုက်တဲ့ သရုပ်ဆောင် စမိုင်းလ်😱”

    by

    in

    “ရေဘေးမလှူဘူးဆိုပြီး ဝေဖန်နေတဲ့သူတွေ အံ့ဩရလောက်အောင် လှူဒါန်းပြလိုက်တဲ့ သရုပ်ဆောင် စမိုင်းလ်😱” စမိုင်းလ် Smile မိသားစုမှ သိန်း (၃၀၀) ကျပ်ကို ရေဘေးကယ်ဆယ်ရေးအတွက် ရေဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်နိုင်ရေးအတွက် ကူညီနိုင်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်)ကိုလှူန်းဒါန်းခဲ့ကြောင်းသိရပါတယ်။ #Photocrd #Smile

  • နိုင်ငံတစ်ဝန်း စစ်မှုထမ်းဥပဒေအရ လူငယ်များကို ပေါ်တာဆွဲခြင်း၊ ဆင့်ခေါ်ခြင်းနှင့် စုဆောင်းပေးခြင်းများ လုပ်ဆောင်ပေးနေသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ၏ သား၊ တူနှင့်ဆွေမျိုးများကို နားလည်မှုဖြင့် စစ်မှုထမ်း ကင်းလွတ်ခွင့်ပြု

    နိုင်ငံတစ်ဝန်း စစ်မှုထမ်းဥပဒေအရ လူငယ်များကို ပေါ်တာဆွဲခြင်း၊ ဆင့်ခေါ်ခြင်းနှင့် စုဆောင်းပေးခြင်းများ လုပ်ဆောင်ပေးနေသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ၏ သား၊ တူနှင့်ဆွေမျိုးများကို နားလည်မှုဖြင့် စစ်မှုထမ်း ကင်းလွတ်ခွင့်ပြု

    by

    in

    နိုင်ငံတစ်ဝန်း စစ်မှုထမ်းဥပဒေအရ လူငယ်များကို ပေါ်တာဆွဲခြင်း၊ ဆင့်ခေါ်ခြင်းနှင့် စုဆောင်းပေးခြင်းများ လုပ်ဆောင်ပေးနေသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ၏ သား၊ တူနှင့်ဆွေမျိုးများကို နားလည်မှုဖြင့် စစ်မှုထမ်း ကင်းလွတ်ခွင့်ပြု ရန်ကုန်၊ စက်တင်ဘာ ၁၇ မြန်မာနိုင်ငံတစ်ဝန်း စစ်မှုထမ်းဥပဒေအရ လူငယ်များကို ပေါ်တာဆွဲခြင်း၊ ဆင့်ခေါ်ခြင်းနှင့် စုဆောင်းပေးခြင်းများ လုပ်ဆောင်ပေးနေသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၏ သား၊ တူနှင့်ဆွေမျိုးများကို စစ်ကောင်စီက နားလည်မှုဖြင့် စစ်မှုထမ်းကင်း လွတ်ခွင့်ပြုထားကြောင်း ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုနှစ် ဧပြီလမှစတင်ပြီး စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်သားစုဆောင်းရာတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များသည် အခြေခံ အကျဆုံး အကောင်အထည်ဖော်ရသည့် ယန္တရားဖြစ်ကြောင်း၊ စစ်မှုထမ်းဥပဒေဖြင့် စစ်သားများ…

  • ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ (၁၀) ရက်နေ့မှ စတင်၍ နိုင်ငံတွင်း ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘောဇဘဏ်လီမိတက်မှ ကျပ်‌‌ငွေ (၁၀) ဘီလီယံ  မ,တည်လှူဒါန်း

    ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ (၁၀) ရက်နေ့မှ စတင်၍ နိုင်ငံတွင်း ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘောဇဘဏ်လီမိတက်မှ ကျပ်‌‌ငွေ (၁၀) ဘီလီယံ မ,တည်လှူဒါန်း

    by

    in

    ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ (၁၀) ရက်နေ့မှ စတင်၍ နိုင်ငံတွင်း ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘောဇဘဏ်လီမိတက်မှ ကျပ်‌‌ငွေ (၁၀) ဘီလီယံ မ,တည်လှူဒါန်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံဒေသများရှိ ရေဘေးသင့်ပြည်သူများအား ထိရောက်သော ကူညီပံ့ပိုးမှုများပေးနိုင်ရန် ကမ္ဘောဇဘဏ်ခွဲများ၊ ဘဏ်ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ လူမှုရေး၊ စီးပွားရေး မိတ်ဖက် အဖွဲ့အစည်း ကွန်ယက်များမှတဆင့် ဖြန့်ကျက်ဆောင်ရွက်လျက် ရှိပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံဖြစ်ပွားလျက်ရှိသော သဘာဝ ဘေးအန္တရာယ်သင့် နေရာဒေသ အသီးသီးအတွက် ဘဏ်ခွဲပေါင်း (၁၀၀) ကို အရေးပေါ် ကူညီရန် ဌာနများအဖြစ်သတ်မှတ်ကာ ဘဏ်ခွဲတစ်ခုလျှင် ကျပ်သိန်း(၁၀၀၀)ဖြင့် ကျပ်ငွေ (၁၀) ဘီလီယံ မတည်၍…

  • Soulik Typhoon အားလုံးသတိ မြန်မာနိုင်ငံအထိ မိုးသက်ရောက်မည်…

    Soulik Typhoon အားလုံးသတိ မြန်မာနိုင်ငံအထိ မိုးသက်ရောက်မည်…

    by

    in

    Soulik Typhoon အားလုံးသတိ မြန်မာနိုင်ငံအထိ မိုးသက်ရောက်မည်… ၂၀၂၄ စက်တင်ဘာလ ၂၂ရက်နေ့ ၂၃ရက်နေ့ မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခုးတိုင်းအရှေ့ပိုင်းအထိ Soulik typhoon မုန်တိုင်းရဲ့ UAC 500mbar winds များရောက်ရှိမိုးကြီးစေနိုင်ပါတယ် ဟိုင်နန်ကျွန်း ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့်မြောက်ပိုင်း ကဗ္ဘောဒီးယားနိုင်ငံ ထိုင်းနိုင်ငံ မြန်မာနိုင်ငံ အားလုံး မုန်တိုင်းအန္တရာယ်ရှိပါတယ် ကြိုတင်ပြင်ဆင်ကြပါ အန္တရာယ်ရှိသဖြင့် ရက်နီး update weather forecast ခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားမှာဖြစ်သလို လက်ရှိဖြစ်ပေါ်နေတဲ့ ရေဘေးအကူအညီများကိုလည်း တတ်နိုင်တဲ့ဖက်က စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ပေးနေပါတယ် 17/09/2024 7:25am(MMT) Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 ၂၄နာရီအတွင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်း နေပြည်တော် ကယားပြည်နယ် လင်းခေးခရိုင်…

  • “ရန်ကုန်မြေနိမ့်အားလုံးပြင်ဆင်ထားကျပါအရေးကြီးပါတယ်”

    “ရန်ကုန်မြေနိမ့်အားလုံးပြင်ဆင်ထားကျပါအရေးကြီးပါတယ်”

    by

    in

    “ရန်ကုန်မြေနိမ့်အားလုံးပြင်ဆင်ထားကျပါအရေးကြီးပါတယ်”

  • ရွှေပေါက္ကံမြို့သစ် (၂၂)ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

    ရွှေပေါက္ကံမြို့သစ် (၂၂)ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

    by

    in

    ရွှေပေါက္ကံမြို့သစ် (၂၂)ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက် သတိုး/People’s Spring ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်ရှိ စစ်ကောင်စီ​၏ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ “လက်ပစ်ဗုံးနှစ်လုံးကွဲအား ပြင်းတယ်။ လတ်တလော အုပ်ကြီးရှောသွားတယ်ကြားတယ်”ဟု ၎င်းက ပြောသည်။ စက်တင်ဘာ ၁၆ ရက် ည ၈နာရီခွဲခန့်တွင် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက အစစ်အဆေးပြုလုပ်ခဲ့သော်လည်း ရဲဘော်များဘေးကင်းရာသို့ရောက်ရှိပြီဟု ၎င်းက ပြောသည်။ “အုံးသံကြားပြီး မီးတွေအကုန်ဖြတ်ပစ်လိုက်ပြီး ဆေးရုံကားသံတွေကြားရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိအချိန်အထိ ပေါက်ကွဲမှုဖြစ်သည့်နေရာ၌ ပျူစောထီးအင်အားအများအပြားဖြင့် ကင်းလှည့်မှုများပြုလုပ်ကာ အစစ်အဆေးလုပ်နေကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် မြို့ပြစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ…

  • တောင်သာ ခြုံကြီးရွာ စီးနင်းခံရပြီး ခြောက်ဦး အဖမ်းခံရကာ နှစ်ဦး ခေါင်းဖြတ်၊ နှစ်ဦး သေနတ်နဲ့တေ့ ပစ်သတ်ခံရ၊  စစ်အုပ်စုက ရွာကို လေကြောင်းဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံး၊  စစ်အုပ်စုနဲ့ ပျူတွေက ခြုံကြီးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေ၊

    တောင်သာ ခြုံကြီးရွာ စီးနင်းခံရပြီး ခြောက်ဦး အဖမ်းခံရကာ နှစ်ဦး ခေါင်းဖြတ်၊ နှစ်ဦး သေနတ်နဲ့တေ့ ပစ်သတ်ခံရ၊ စစ်အုပ်စုက ရွာကို လေကြောင်းဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံး၊ စစ်အုပ်စုနဲ့ ပျူတွေက ခြုံကြီးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေ၊

    by

    in

    တောင်သာ ခြုံကြီးရွာ စီးနင်းခံရပြီး ခြောက်ဦး အဖမ်းခံရကာ နှစ်ဦး ခေါင်းဖြတ်၊ နှစ်ဦး သေနတ်နဲ့တေ့ ပစ်သတ်ခံရ၊ စစ်အုပ်စုက ရွာကို လေကြောင်းဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံး၊ စစ်အုပ်စုနဲ့ ပျူတွေက ခြုံကြီးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေ၊ MN/MFP ၊ စက်တင်ဘာ – ၁၆ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ခြုံကြီးရွာကို ဒီကနေ့ စက်တင်ဘာလ (၁၆)ရက် မနက်ပိုင်း စစ်အုပ်စုက အလစ်အငိုက် စီးနင်းကာ ခြောက်ဦးကို ဖမ်းဆီး၊ ညှဉ်းပန်း၊ နှိပ်စက်ပြီးနောက် နှစ်ဦးကို ခေါင်းဖြတ်၊ နှစ်ဦးကို သေနတ်နဲ့တေ့ ပစ်သတ်ကာ နှစ်ဦးကတော့ အလောင်းမတွေ့သေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဒါ့အပြင် ခြုံကြီးရွာမှာ တိုက်ပွဲဖြစ်ပွားချိန်…

  • ကရင်နီပြည်အပါအဝင် တိုင်းနှင့်ပြည်နယ် ၄ ခုမိုးကြီးနိုင်

    ကရင်နီပြည်အပါအဝင် တိုင်းနှင့်ပြည်နယ် ၄ ခုမိုးကြီးနိုင်

    by

    in

    ကရင်နီပြည်အပါအဝင် တိုင်းနှင့်ပြည်နယ် ၄ ခုမိုးကြီးနိုင် ရောင်နီ (မဇ္ဈိမ)။ ။ လက်ရှိကာလ၌ ရေကြီးနစ််မြုပ်မှုကြုံတွေ့နေသည့် ကရင်နီပြည်အပါအဝင် တိုင်းနှင့်ပြည်နယ် လေးခုတွင် မိုးကြီးနိုင်သည့်အတွက် ရေဘေးသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ယ‌နေ့(စက်တင်ဘာလ ၁၆ရက်) သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၂၀ ၊ ၂၁၊ ၂၂ ရက်နေ့များ၌ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ကရင်နီပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း MOHADM က သတိပေးထားသည်။ အဆိုပါဒေသများတွင် မိုးကြီးမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပေါ်လာနိုင်သဖြင့် ထိခိုက်မှုအန္တရာယ်လျော့ပါးစေရေး ကြိုတင်ပြင်ဆင်နေထိုင်ရန်လည်းအကြံပြုထားသည်။ လက်ရှိတွင် ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်ကာ မြို့ပေါ်ရပ်ကွက်များ ရေဝင်နေပြီး ဒေသခံများသည် ရေကြီးနစ်မြုပ်မှုကြုံတွေ့နေသည်။ ကရင်နီပြည်၌လည်း ဒီးမော့ဆိုမြို့အပါအဝင် ဒေသအများစု ရေဘေးကြုံတွေ့နေပြီး ဘေးသင့်ပြည်သူ ထောင်ချီရှိနေသည်ဟု ကူညီရေးလုပ်ဆောင်နေသူများထံမှသိရသည်။ မြစ်ရေကြီးမှုများလည်း…