Author: admin

  • “စစ်ကိုင်းငလျင်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ပေမဲ့ တရားနဲ့ဖြေခဲ့တဲ့ မနော”

    “စစ်ကိုင်းငလျင်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ပေမဲ့ တရားနဲ့ဖြေခဲ့တဲ့ မနော”

    by

    in

    “စစ်ကိုင်းငလျင်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ပေမဲ့ တရားနဲ့ဖြေခဲ့တဲ့ မနော” စစ်ကိုင်းငလျင်ဒဏ်ကြောင့် နေအိမ်ပြိုကျ ပျက်စီးဆုံးရှူံးခဲ့ရသူတွေထဲမှာ တေးသံရှင်မနောရဲ့ နေအိမ်လည်း ပါဝင်သွားခဲ့ပါတယ်။ အောက်ထပ်တစ်ထပ်လုံး မြေကြီးထဲကျွံဝင်သွားခဲ့ကာ အပေါ်ထပ်ကလည်း ပျက်စီးသွားခဲ့ရတဲ့အခြေအနေပါ။ နေအိမ်ပျက်စီးဆုံးရှုံးခဲ့ပေမဲ့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေကို အလေးအနက်ထား နာယူလေ့ရှိတဲ့ မနောက ဒီဖြစ်ရပ်ပေါ်မှာလည်း တရားနဲ့သာဖြေကြောင်း အခုလို ရေးသားထားတာပါ။ “အရာအားလုံးက မမြဲဘူးဆိုတာ ပိုပြီးလက်တွေ့သိလာခဲ့ရတယ်” #MaNaw #မနော

  • မင်းအောင်လှိုင်အလိုမရှိကြောင်းဆန္ဒပြ ထိုင်းလူမျိုးများနှင့် ဆန္ဒပြပွဲလာရောက်ဟန့်တားသည့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများ ရုန်းရင်းဆန်ခတ်ဖြစ်

    မင်းအောင်လှိုင်အလိုမရှိကြောင်းဆန္ဒပြ ထိုင်းလူမျိုးများနှင့် ဆန္ဒပြပွဲလာရောက်ဟန့်တားသည့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများ ရုန်းရင်းဆန်ခတ်ဖြစ်

    by

    in

    မင်းအောင်လှိုင်အလိုမရှိကြောင်းဆန္ဒပြ ထိုင်းလူမျိုးများနှင့် ဆန္ဒပြပွဲလာရောက်ဟန့်တားသည့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများ ရုန်းရင်းဆန်ခတ်ဖြစ် ဧပြီ ၅၊၂၀၂၅။နဒီ/People’s Spring စစ်ခေါင်းဆောင်မင်းအေင်လှိုင်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြသည့် ထိုင်းလူမျိုးများ၏ ဆန္ဒပြပွဲ လာရောက်ဟန့်တားသည့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့(ဧပြီ ၅ရက်) နံနက် ၁၁နာရီခန့်က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ UNရုံးရှေ့၌ ထိုင်းလူမှုအသင်းအဖွဲ့ဖြစ်သော Bright Future အဖွဲ့သည် နိုင်ငံသား ၆,၀၀၀ကျော်သတ်ဖြတ်ထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲလာရောက်ဟန့်တားသော ထိုင်းအမျိုးသားရေးအဖွဲ့ဖြစ်သည့် ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)မှ နှုတ်ခမ်းမွှေး(နာမည်ပြောင်)ဦးဆောင်သော လူအချို့က မင်းအောင်လှိုင်ဆန့်ကျင်ရေးဆန္ဒပြသူများအား စတင်ရန်ရှာခဲ့ကြောင်း Bright Future အဖွဲ့နှင့် နီးစပ်သူက လူထုနွေဦးသို့ ပြောသည်။ ” ဆန္ဒပြပွဲမှာမြန်မာတွေမပါဘူ။ အခု ထိုင်းနှုတ်ခမ်းမွှေးက လာရန်ရှာတာ။…

  • ထိုင်းနိုင်ငံတွင်  BIMSTEC အစည်းအဝေးတက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင် သတ်မှတ်ရက်ထက်စော၍ ညတွင်းချင်း နေပြည်တော်သို့ ပြန်လာ

    ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေးတက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင် သတ်မှတ်ရက်ထက်စော၍ ညတွင်းချင်း နေပြည်တော်သို့ ပြန်လာ

    by

    in

    ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေးတက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင် သတ်မှတ်ရက်ထက်စော၍ ညတွင်းချင်း နေပြည်တော်သို့ ပြန်လာ ရန်ကုန်၊ ဧပြီ ၅ ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေးတက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်သည် အစည်းအဝေးပြီးသည်နှင့် သတ်မှတ်ရက်စော၍ ညတွင်းချင်း နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက် မင်းအောင်လှိုင်သည် ယမန်နေ့ ည ၉ နာရီတွင် ဘန်ကောက်မြို့မှ ထွက်ခွာပြီး ည ၁၀ နာရီအချိန် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဧပြီလ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ စစ်တပ် အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဧပြီလ ၄ ရက်နေ့ BIMSTEC အစည်းအဝေး တက်ရောက်ခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်သည် ယမန်နေ့ ညတွင်းချင်း…

  • မန္တလေးမြို့ပေါ်တွင် ရုပ်အလောင်းများ ပြန်မဖော်နိုင်သေးသည့် ပြိုကျ နေအိမ်နှင့် အဆောက်အအုံများစွာရှိနေပြီး မြေတူးစက် ငှားရမ်းခများ သိန်းရာချီထိ ဈေးမြင့်တက်နေ

    မန္တလေးမြို့ပေါ်တွင် ရုပ်အလောင်းများ ပြန်မဖော်နိုင်သေးသည့် ပြိုကျ နေအိမ်နှင့် အဆောက်အအုံများစွာရှိနေပြီး မြေတူးစက် ငှားရမ်းခများ သိန်းရာချီထိ ဈေးမြင့်တက်နေ

    by

    in

    မန္တလေးမြို့ပေါ်တွင် ရုပ်အလောင်းများ ပြန်မဖော်နိုင်သေးသည့် ပြိုကျ နေအိမ်နှင့် အဆောက်အအုံများစွာရှိနေပြီး မြေတူးစက် ငှားရမ်းခများ သိန်းရာချီထိ ဈေးမြင့်တက်နေ ရန်ကုန်၊ ဧပြီ ၅ မန္တလေးမြို့ပေါ်တွင် ရုပ်အလောင်းများ ပြန်မဖော်နိုင်သေးသည့် နေရာများစွာရှိနေပြီး မြေတူးစက် ငှားရမ်းခများ သိန်းရာချီထိ ဈေးမြင့်တက်နေကြောင်း အိမ်ပြိုကျခဲ့ရသည့် အိမ်ပိုင်ရှင်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် မန္တလေးမြို့သည် ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ပြီး လက်ရှိချိန်ထိ အပျက်အစီး အားလုံးရှင်းလင်းနိုင်ခြင်းမရှိသေးဘဲ ရုပ်အလောင်းများစွာကိုလည်း တူးဖော်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ရုပ်အလောင်းများ တူးဖော်နိုင်ရန် မြေတူးစက် ငှားရမ်းခများလည်း များစွာမြှင့်တက်နေပြီး သိန်းရာချီ ပေးဆောင်နိုင်မှသာ ငှားရမ်းနိုင်ကြောင်း၊ ထိုသို့ ငှားရမ်းခများ မြင့်တက်နေသော်လည်း ငွေကြေး ချမ်းသာသူများ၊…

  • နေပြည်တော်တွင် ငလျင်ဒဏ်သင့် Non-CDM ဝန်ထမ်းများ ရုံးမဖြစ်မနေ ပြန်လည်တက်ကြရန်နှင့် နေပြည်တော်ပြင်ပသို့ ပြောင်းရွှေ့ ထွက်ခွာခြင်းမလုပ်ရန် စစ်ကောင်စီက ညွှန်ကြား 🟥 ငလျင်ဒဏ်သင့် ဝန်ထမ်းများ စားဝတ်နေရေး အဆင်ပြေစေရန် စစ်ကောင်စီက ပံ့ပိုးမှု အလွန်နည်းပါး

    နေပြည်တော်တွင် ငလျင်ဒဏ်သင့် Non-CDM ဝန်ထမ်းများ ရုံးမဖြစ်မနေ ပြန်လည်တက်ကြရန်နှင့် နေပြည်တော်ပြင်ပသို့ ပြောင်းရွှေ့ ထွက်ခွာခြင်းမလုပ်ရန် စစ်ကောင်စီက ညွှန်ကြား 🟥 ငလျင်ဒဏ်သင့် ဝန်ထမ်းများ စားဝတ်နေရေး အဆင်ပြေစေရန် စစ်ကောင်စီက ပံ့ပိုးမှု အလွန်နည်းပါး

    by

    in

    နေပြည်တော်တွင် ငလျင်ဒဏ်သင့် Non-CDM ဝန်ထမ်းများ ရုံးမဖြစ်မနေ ပြန်လည်တက်ကြရန်နှင့် နေပြည်တော်ပြင်ပသို့ ပြောင်းရွှေ့ ထွက်ခွာခြင်းမလုပ်ရန် စစ်ကောင်စီက ညွှန်ကြား 🟥 ငလျင်ဒဏ်သင့် ဝန်ထမ်းများ စားဝတ်နေရေး အဆင်ပြေစေရန် စစ်ကောင်စီက ပံ့ပိုးမှု အလွန်နည်းပါး ရန်ကုန်၊ ဧပြီ ၅ . နေပြည်တော်တွင် ငလျင်ဒဏ်သင့် Non-CDM ဝန်ထမ်းများအနေဖြင့် ရုံးမဖြစ်မနေ ပြန်လည်တက်ကြရန်နှင့် နေပြည်တော်ပြင်ပသို့ ပြောင်းရွှေ့ ထွက်ခွာခြင်းမလုပ်ရန် စစ်ကောင်စီက ညွှန်ကြားလာကြောင်း နေပြည်တော် Non-CDM ဝန်ထမ်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ၊ ဝန်ကြီးဌာနရုံးများစွာ ပြိုကျပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့သည့်အပြင် ဝန်ထမ်းများနှင့် မိသားစုဝင်များလည်း သေဆုံးမှုများ ရှိခဲ့ကြောင်း၊ မတ်လ ၂၈…

  • စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တောင်းခမ်း၌ တိုက်ပွဲဖြစ် ▪️စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီ ယနေ့ လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၂ဦးထိခိုက်

    စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တောင်းခမ်း၌ တိုက်ပွဲဖြစ် ▪️စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီ ယနေ့ လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၂ဦးထိခိုက်

    by

    in

    စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တောင်းခမ်း၌ တိုက်ပွဲဖြစ် ▪️စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီ ယနေ့ လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၂ဦးထိခိုက် ဧပြီ ၄၊၂၀၂၅။ဟန်နွေ/People’s Spring တအာင်းတပ်မတော်(TNLA)ပါဝင်သည့် ညီနောင်မဟာမိတ် (၃)ဖွဲမှ ငလျင်ဘေးကြောင့် တိုက်ပွဲဖြစ်ပွားနေသော နေရာများတွင် ထိုးစစ်ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်းကြေညာခဲ့သော်လည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နောင်ချိုမြို့နယ်၊တောင်းခမ်းဒေသ၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။ TNLA၊ ကိုးကန့်(MNDAA)၊အာရက္ခတပ်တော် (AA) ညီနောင်သုံးဖွဲ့က ဧပြီ တစ်လလုံးအပစ် ရပ်ကြောင်း ကြေညာထားပြီး စစ်ကောင်စီကလည်း ဧပြီ ၂ရက်မှ ၂၂ရက်နေ့အထိ ရက်ပေါင်း ၂၀ကြာ ယာယီအပစ်ရပ်မည်ဟု ကြေညာထားသော်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ၊ ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ အပစ်ရပ်ကြေညာပြီးသော်လည်း ဧပြီ ၃ရက် နေ့လည် ၁၂နာရီခန့်တွင်…

  • မြန်မာ့ငလျင်ဘေးအတွက် Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်းကူညီမည်

    မြန်မာ့ငလျင်ဘေးအတွက် Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်းကူညီမည်

    by

    in

    မြန်မာ့ငလျင်ဘေးအတွက် Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်းကူညီမည် ဧပြီ ၄၊ ၂၀၂၅ ဆိုးရွားပြင်းထန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ငလျင်ဘေးအတွက် Quad အဖွဲ့ ဝင် ၄ နိုင်ငံက ကူညီမှုတွေပြုလုပ်ပေးသွားမယ်လို့ ဒီနေ့ ဧပြီလ ၄ရက်နေ့မှာ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အဖွဲ့ဝင် ၄ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနဲ့ အိန္ဒိယ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတွေ ဆက်သွယ်ဆွေးနွေးပြီး မြန်မာ့ငလျင်ဘေးကို ကူညီဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ အခြေခံအဆောက်အအုံတွေ ကြီးကြီးမားမားပျက်စီးဆုံးရှုံးမှုတွေက လက်ရှိ လူသားချင်းဆိုင်ရာ ဒုက္ခတွေကို ပိုမိုဆိုးဝါးစေတယ်လို့ Quad အဖွဲ့ဝင်နိုင်ငံတွေက ပြောပါတယ်။ မြန်မာငလျင် ပျက်စီးဆုံးရှုံးမှုတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ သဘာ၀ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အထိရောက်ဆုံး ကူညီမှုသွားမယ်လို့လည်း…

  • လားရှိုးမြို့ပေါ်  အုပ်ချုပ်ရေး စစ်ကောင်စီကို ပြန်လွှဲပေးရမည်ဟု MNDAA အတည်ပြု

    လားရှိုးမြို့ပေါ် အုပ်ချုပ်ရေး စစ်ကောင်စီကို ပြန်လွှဲပေးရမည်ဟု MNDAA အတည်ပြု

    by

    in

    လားရှိုးမြို့ပေါ် အုပ်ချုပ်ရေး စစ်ကောင်စီကို ပြန်လွှဲပေးရမည်ဟု MNDAA အတည်ပြု မဲခေါင်၊ ဧပြီ ၄ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်မှ ယခုလ၊ ဧပြီ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး MNDAA တပ်များဆုတ်ခွာကာ အုပ်ချုပ်မှုကို စစ်ကောင်စီထံ​ ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း MNDAA စစ်ဘက်သတင်းရင်းမြစ်က မဲခေါင်ကို အတည်ပြု ပြောသည်။ လက်ရှိလားရှိုးမြို့ထဲတွင် တာဝန်ထမ်းဆောင်အချို့အနေဖြင့် မဖြစ်မနေမြို့ထဲမှ ပြန်လည်စွန့်ခွာရမည်ဖြစ်ပြီး ဧပြီလ မကုန်ခင်အတွင်း စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းအချို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ကြောင်း ယင်းသတင်းရင်းမြစ်က ပြောသည်။ “ပြောရမှာတောင် အားမရှိတော့ဘူးဗျာ၊ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်တော့ တော်တော်စိတ်မကောင်းဖြစ်နေကြတယ်။လမကုန်ခင် ဌာနဆိုင်ရာအဖွဲ့တစ်ချို့ပြန်ဝင်လိမ့်မယ်။ စကစဖက်ကပေါ့။ စစ်ဖက်ဆိုင်ရာတော့မဝင်သေးဘူး” ဟု ၎င်းကပြောသည်။ လားရှိူးမြို့မှ MNDAA တပ်များ ပြန်လည်ဆုတ်ခွာခြင်းမရှိပါက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု စစ်ကောင်စီဘက်က…

  • အာဂျင်တီးနားတရားရုံးက မင်းအောင်လှိုင်ကို အလိုရှိနေသည့် ဖမ်း၀ရမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) ထံ သို့ ပေးပို့၊ BIMSTEC နိုင်ငံများအနေဖြင့် ဖမ်း၀ရမ်းကို လေးစားလိုက်နာပေးရန် BROUKက တိုက် တွန်း

    အာဂျင်တီးနားတရားရုံးက မင်းအောင်လှိုင်ကို အလိုရှိနေသည့် ဖမ်း၀ရမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) ထံ သို့ ပေးပို့၊ BIMSTEC နိုင်ငံများအနေဖြင့် ဖမ်း၀ရမ်းကို လေးစားလိုက်နာပေးရန် BROUKက တိုက် တွန်း

    by

    in

    အာဂျင်တီးနားတရားရုံးက မင်းအောင်လှိုင်ကို အလိုရှိနေသည့် ဖမ်း၀ရမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) ထံ သို့ ပေးပို့၊ BIMSTEC နိုင်ငံများအနေဖြင့် ဖမ်း၀ရမ်းကို လေးစားလိုက်နာပေးရန် BROUKက တိုက် တွန်း ရန်ကုန်၊ ဧပြီ ၄ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသည့် အကြမ်းဖက် မင်းအောင်လှိုင်ကို အလိုရှိနေသော ဖမ်း၀ရမ်းကို အာဂျင်တီးနားတရားရုံးက နိုင်ငံတကာရဲတပ်ဖွဲ့( အင်တာပိုလ်)ထံသို့ ပေးပို့ထားပြီဖြစ်ကြောင်း Burmese Rohingya Organization -UKမှ ဦးထွန်းခင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၁ ရက်နေ့တွင် အာဂျင်တီးနားတရားရုံးက မင်းအောင်လှိုင်ကို ဖမ်းဆီးရန် ထုတ်ထားသည့် ဖမ်း၀ရမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)ထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး အင်တာပိုလ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မင်းအောင်လှိုင်ကို တွေ့ရှိပါက…

  • လားရှိုးမြို့ကို တရုတ်အကူအညီဖြင့် ရက်ပိုင်းအတွင်း စစ်ကောင်စီပြန်ဝင်မည်ဟု သတင်းထွက် ▪︎MNDAAအနေဖြင့် ထွက်ခွာပေးခြင်းမပြုရန် လားရှိုးမြို့ခံများ တောင်းဆို

    လားရှိုးမြို့ကို တရုတ်အကူအညီဖြင့် ရက်ပိုင်းအတွင်း စစ်ကောင်စီပြန်ဝင်မည်ဟု သတင်းထွက် ▪︎MNDAAအနေဖြင့် ထွက်ခွာပေးခြင်းမပြုရန် လားရှိုးမြို့ခံများ တောင်းဆို

    by

    in

    လားရှိုးမြို့ကို တရုတ်အကူအညီဖြင့် ရက်ပိုင်းအတွင်း စစ်ကောင်စီပြန်ဝင်မည်ဟု သတင်းထွက် ▪︎MNDAAအနေဖြင့် ထွက်ခွာပေးခြင်းမပြုရန် လားရှိုးမြို့ခံများ တောင်းဆို ဧပြီ ၄၊ ၂၀၂၅။စိုင်းနန်၊ဟန်နွေ/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ကိုးကန့်တပ်မတော်(MNDAA) တပ်များ ဆုတ်ခွာရန်နှင့် စစ်ကောင်စီက ချက်ချင်းနေရာပြန်ယူရန် တရုတ်အစိုးရက ဖိအားပေးမှုပိုလုပ်လာပြီး ယခုရက်ပိုင်းအတွင်း အခြေအနေများရှုပ်ထွေးနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။ ” ၁၇ရက်နေ့ကို တရုတ်ဘက်က အဖွဲ့တစ်ဖွဲ့ လားရိူးကို ဝင်လာမယ်တဲ့။ MNDAAအနေနဲ့ အဲ့ဒီမတိုင်ခင် အသုတ်လိုက်ထွက်ပြီး စစ်တပ်က တစ်ခါတည်း ပြန်အထိုင်ချမယ်တဲ့။ ဒီသတင်းက သေချာသလောက်ကို မြို့ခံတွေကြားသိနေရတဲ့သတင်းပါ”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။ MNDAA၏ မြို့အုပ်ချုပ်ရေးယန္တရားပါဝင်ဆောင်ရွက်ပေးနေသည့် ဝန်ထမ်းများလည်း လောက်ကိုင်မြို့သို့ အသုတ်လိုက်ထွက်ခွာနေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။ “ရုံးတွေထဲကို ကုန်တင်ကားတွေ ခါလီဝင်တယ်။ ပြီးရင် ပရိဘောဂတွေ၊…