လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပြည်သူများ ဆုတောင်းမေတ္တာပို့၍ Happy Birthday SUU Video Challenge တွင် ပူးပါင်း ပါဝင်ရန် NLD ပါတီ တိုက်တွန်း

by

in

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပြည်သူများ ဆုတောင်းမေတ္တာပို့၍ Happy Birthday SUU Video Challenge တွင် ပူးပါင်း ပါဝင်ရန် NLD ပါတီ တိုက်တွန်း
ရန်ကုန်၊ ဇွန် ၁၀

မတရား အကျဉ်းကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့၌ ပြည်သူအများက ဆုတောင်းမေတ္တာပို့သခြင်းနှင့် Happy Birthday SUU Video Challenge တွင် ပူးပေါင်းပါဝင်ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD က ပြည်သူများကို မေတ္တာရပ်ခံတိုက်တွန်းလိုက်သည်။
ဆုတောင်းမေတ္တာပို့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၈၀ ပြည့်မွေးနေ့ဖြစ်သော ၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီတိတိတွင် ပြည်သူများက မိမိတို့ နေအိမ်တွင်း သို့မဟုတ် ရောက်ရှိရာ အဆောက်အအုံအတွင်း၌ မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဓလေ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ဆန္ဒပြု ဆုတောင်းမေတ္တာပို့ခြင်းကို ၈ မိနစ်ကြာဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် Mr. Kim ‌ေခါ် ဦးထိန်လင်း ဦးဆောင်သော မွေးနေ့ဆုတောင်း စကားပြောခြင်းအစီအစဉ် Happy Birthday SUU Video Challenge ၌ ပါတီဝင်ထု တရပ်လုံးနှင့် ပြည်တွင်းပြည်ပရှိ နိုင်ငံသားအပေါင်းတို့ အပြည့်အဝပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လူထုခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည် ကို အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထားသည်မှာ ယနေ့ ဇွန်လ ၁၀ ရက်နေ့အထိ ရက်ပေါင်း ၁၅၉၀ ရက် အထိ ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။