စစ်ကောင်စီက စက်ချို့ယွင်း၍ တိုက်လေယာဉ် ပျက်ကျဟု လိမ်လည် သတင်းထုတ်ပြန်ချိန် PLA က ပျက်ကျ တိုက်လေယာဉ်၏ ဓာတ်ပုံများကို ဝေဝေဆာဆာ ထပ်မံ ထုတ်ပြ
ရန်ကုန်၊ ဇွန် ၁၀
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပစ်ချခံရ၍ တိုက်လေယာဉ်ပျက်ကျမှုကို စက်ချို့ယွင်း၍ ပျက်ကျဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ ကန့်ဒေါင့် ရဲစခန်းသိမ်း တိုက်ပွဲကို ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ပစ်ချခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက စက်ချို့ယွင်း၍ တိုက်လေယာဉ် ပျက်ကျဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်လာချိန် PLA က ပျက်ကျ တိုက်လေယာဉ်၏ ဓာတ်ပုံများကို ဝေဝေဆာဆာ ထပ်မံ ထုတ်ပြန်လာသည်။
အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်နှင့်စစ်ရဟတ်ယာဉ်များ ပစ်ချခံရ ၍ ပျက်ကျတိုင်း စက်ချို့ယွင်း၍ ပျက်ကျသည်ဟု အမြဲလိုလို လိမ်လည်သတင်း ထုတ်ပြန်လေ့ရှိသည်။
မေလ ၂၀ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာပို့သော စစ်ရဟတ်ယာဉ် ၂ စီးကို KIA က အသေခံဒရုန်းများဖြင့် ပစ်ချနိုင်ခဲ့ပြီး ယင်းရဟတ်ယာဉ် ပျက်ကျမှုကိုလည်း စစ်ကောင်စီက စက်ချို့ယွင်း၍ ပျက်ကျခဲ့သည်ဟု လိမ်လည် သတင်းထုတ်ပြန်ခဲ့သည်။