Author: admin
-
တရုတ်ကြားခံငြိမ်းချမ်းရေးဆွေးနွေးပေးရန် MNDAAတောင်းဆိုပြီး ၃ရက်အကြာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်
တရုတ်ကြားခံငြိမ်းချမ်းရေးဆွေးနွေးပေးရန် MNDAAတောင်းဆိုပြီး ၃ရက်အကြာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက် မိထက်/People’s Spring လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၂၁ရက်) ညပိုင်းတွင် စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ် လေယာဉ်တစ်စီးလည်း မြို့ပေါ်၌ပျံဝဲနေဆဲဟု လားရှိုးမြို့ခံများက ပြောသည်။ ယနေ့ည ၁၀နာရီ၁၅မိနစ်နှင့် ၁၀နာရီ ၂၀မိနစ် ကြားတွင် အင်အားပြင်း ဗုံးနှစ်လုံးကြဲသွားခြင်းဟု မြို့ခံတစ်ဦးကပြောသည်။ ” မြို့ထဲကိုကြဲသွားတာပါ။ နောက်ထပ်လေယာဉ်လည်းစက်ဝဲနေသေးလို့ ဗုံးခိုကျင်းထဲနေနေရတယ်။ ဘယ်နေရာကို ကြဲချသွားမှန်း တိတိကျကျတော့မသိရသေးဘူး”ဟု ၎င်းက ပြောသည်။ မန္တလေးနှင့် တောင်ကြီးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုံးဝပြုလုပ်မည်မဟုတ်ဘဲ မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ဆက်လက် စွဲကိုင် သွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်း ပေးပါရန်မေတ္တာရပ်ခံကြောင်း လားရှိုးမြို့ကိုတိုက်ခိုက်သိမ်းပိုက်ထားသော ကိုးကန့်တပ် (MNDAA)က စက်တင်ဘာ ၁၈ရက်တွင် ထုတ်ပြန်ပြီးနောက်ပိုင်း စစ်ကောင်စီက…
-
ရန်ကုန်သပိတ်ရဲဘော်လေးဦး ဖမ်းဆီးခံရ
ရန်ကုန်သပိတ်ရဲဘော်လေးဦး ဖမ်းဆီးခံရ သတိုး/People’s Spring ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်နေသည့် ရန်ကုန်သပိတ်အင်အားစုများမှ ရဲဘော်လေးဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း တကသ ကျောင်းသားဟောင်းများအင်အားစုက အသိပေးသည်။ သပိတ်ရဲဘော်လေးဦးကို စက်တင်ဘာ ၁၉ရက် ညနေနောက်ပိုင်းတွင် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က အတည်ပြုထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသူများမှာ တကသကျောင်းသားဟောင်းများအင်အားစု၏ တွဲဖက်တည်ထောင်သူ၊ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC)၏ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC)၏ အဖွဲ့ဝင် မမြမဉ္စူ နှင့် နိုင်ငံရေးအကျဥ်းသူဟောင်း မနှင်းအိခိုင်တို့ဖြစ်ကြောင်း အထက်ပါအဖွဲ့ကအသိပေးထားသည်။ “ရဲဘော်လေးဦးသည် ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများတွင် ဦးဆောင် ပါဝင်နေသူများ ဖြစ်ကြပြီး မတရားဖမ်းဆီးခံရပြီးနောက် စစ်တပ်၏ လူမဆန်သည့်…
-
“ပဲခူးတိုင်းက ရေဘေးသင့် ပြည်သူတွေ အဖြစ်ဆိုးပြန်ပြီ😢 ဒီကိစ္စကတော့ ပေါ့လို့မရဘူး အန္တရာယ်အတော်ကြီးတယ်❗️”
“ပဲခူးတိုင်းက ရေဘေးသင့် ပြည်သူတွေ အဖြစ်ဆိုးပြန်ပြီ😢 ဒီကိစ္စကတော့ ပေါ့လို့မရဘူး အန္တရာယ်အတော်ကြီးတယ်❗️”
-
ငါးသိုင်းချောင်း၊ မအူကုန်းအုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်က စစ်မှုထမ်းဥပဒေ ဖြင့် ငွေခြိမ်းခြောက်တောင်း၊ နတ္တလင်းတွင် ပဲမခမ်းအုပ်ချုပ်ရေးမှူး ခင်ဇော်က စစ်မှုမထမ်းလိုလျှင် ငွေကျပ်သိန်း ၂၀ ပေးရမည်ဟုတောင်းခံ
ငါးသိုင်းချောင်း၊ မအူကုန်းအုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်က စစ်မှုထမ်းဥပဒေ ဖြင့် ငွေခြိမ်းခြောက်တောင်း၊ နတ္တလင်းတွင် ပဲမခမ်းအုပ်ချုပ်ရေးမှူး ခင်ဇော်က စစ်မှုမထမ်းလိုလျှင် ငွေကျပ်သိန်း ၂၀ ပေးရမည်ဟုတောင်းခံ ရန်ကုန်၊ စက်တင်ဘာ ၂၁ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်ခွဲ မအူကုန်းကျေးရွာအုပ်စု ကျုံတာရွာ အရှေ့ပိုင်းနေ အုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်က အကြမ်းဖက်စစ်တပ်ထံ စစ်မှုထမ်းရန် ပြည်သူများကို အတင်းအဓမ္မ ခိုင်းစေနေပြီး စစ်မှုမထမ်းလိုပါက ငွေကြေးကောက်ခံခြင်းများလုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ မအူကုန်း အုပ်ချုပ်ရေးမှူး ထွန်ထွန်းနိုင်က သူ၏ အိမ်သို့ အကြမ်းဖက်စစ်တပ်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ လွဲ၍ မည်သူ့ကိုမှ အဝင်မခံ၊ အတွေ့မခံကြောင်း၊ ပြည်သူများကို စစ်မှုထမ်းအတွက် ငွေကောက်ခံရာတွင် ပိုက်ဆံ မပေးနိုင်ပါက ချက်ချင်း ဖမ်းဆီးခေါ်ဆောင်မည်ဟု ခြိမ်းခြောက်ခြင်းများ လုပ် ဆောင်နေကြောင်း၊…
-
နောင်ချိုနှင့် သီပေါတွင် တိုက်ပွဲဆက်ဖြစ်ဟု TNLA ပြော
နောင်ချိုနှင့် သီပေါတွင် တိုက်ပွဲဆက်ဖြစ်ဟု TNLA ပြော ဟန်နွေ/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့၌ ယနေ့ စက်တင်ဘာ ၂၁ရက်တွင် တိုက်ပွဲဆက်ဖြစ်နေကြောင်း တအာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။ နောင်ချိုမြို့နယ် တောင်ခမ်းဒေသရှိ စစ်ကောင်စီ အမြောက်တပ် မစခ(၉၀၂) တပ်ရင်းနှင့် သီပေါ လက်ကျန်တပ်ရင်း ခလရ(၂၃)တို့တွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်နေသည်ဟု အတည်ပြုသည်။ “ဒီနေ့မှာက နောင်ချို ၉၀၂ တပ်စခန်းမှာတိုက်ပွဲနေတာဖြစ်ပါတယ်။ သီပေါမှာ ခလရ(၂၃)မှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်”ဟု၎င်းက ဆိုသည်။ တောင်ခမ်းဒေသ၌ တိုက်ပွဲများရက်ရှည်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်း တိုက်ခိုက်မှုများပြုလုပ်နေ၍ အရပ်သား သေဆုံးထိခိုက်မှုရှိနေသည်ဟုအသိပေးသည်။ “နောင်ချိုတစ်ခုလုံးကိုပြန်ကြည့်မယ်ဆိုရင်တော့ အရပ်သားသေဆုံးမှုဆို ကလေးငယ်က ၂ဦးပါမယ်။လူကြီးတွေက ၁၅ဦးအထက်ရှိပြီး ထိခိုက် ဒဏ်ရာရသူတွေက ၁၀ဦးအထက်ရှိတာပေါ့”ဟု လွေးယေဦးက…
-
တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်စစ်ဒေသခွဲ – PRF အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့၊ ပြည်သူများကို ဖိနှိပ်နှိပ်စက်နေသည့် အုပ်ချုပ်ရေးမှူးများ၏ စာရင်းများ ထပ်မံ တောင်းခံ
တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်စစ်ဒေသခွဲ – PRF အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့၊ ပြည်သူများကို ဖိနှိပ်နှိပ်စက်နေသည့် အုပ်ချုပ်ရေးမှူးများ၏ စာရင်းများ ထပ်မံ တောင်းခံ ရန်ကုန်၊ စက်တင်ဘာ ၂၁ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်စစ်ဒေသခွဲ – PRF အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပြည်သူများကို ဖိနှိပ်နှိပ်စက်နေသည့် အုပ်ချုပ်ရေးမှူးများ၏ စာရင်းများ ထပ်မံ တောင်းခံကြောင်း ချီတာစစ်ဆင်ရေး (Cheetah Operation) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ…
-
မြောက်ဒဂုံ (၄၂)ရပ်ကွက်အုပ်ကြီးရုံး လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
မြောက်ဒဂုံ (၄၂)ရပ်ကွက်အုပ်ကြီးရုံး လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ကျော်ဇော/People’s Spring ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်၊ (၄၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း The Light of Union မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ စက်တင်ဘာ ၁၉ ရက် ညနေ ၆ နာရီ ၄၅မိနစ်ခန့်က စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်သားအချို့ရှိနေသော (၄၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “သူတို့ရုံး ခြံအတွင်းဘက်အထိ ဝင်အောင်ပစ်ခဲ့ပါတယ်။ အထဲမှာလူရှိတာမို့ ထိခိုက်မှုသေချာ ပေါက်ရှိနိုင်ပါတယ်”ဟု The Light of Union မြို့ ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုကဲ့သို့ တိုက်ခိုက်ရခြင်းမှာ အဆိုပါရပ် ကွက်၏ အုပ်ချုပ်ရေးမှူးအပါအဝင်…
-
စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာပြီး တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဖားကန့်တစ်မြို့လုံး စစ်ဘေးရှောင်ကြကာ မြို့တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်သွား
စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာပြီး တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဖားကန့်တစ်မြို့လုံး စစ်ဘေးရှောင်ကြကာ မြို့တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်သွား ရန်ကုန်၊ စက်တင်ဘာ ၂၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာပြီး တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဖားကန့်တစ်မြို့လုံး စစ်ဘေးရှောင်ကြပြီး မြို့တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာ လဆန်းပိုင်းမှစတင်ပြီး ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့ရာမှ ယခုအခါ မြို့ပေါ်တွင်ပါ စစ်ရေးတင်းမာလာကြောင်း၊ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လာသဖြင့် ပြည်သူများထိခိုက်သေဆုံးမှုများ ရှိလာကြောင်း၊ ထို့ကြောင့် ဖားကန့်မြို့မှ ပြည်သူများမှာ စတင်တိမ်းရှောင်မှုများ လုပ်လာကြပြီး စျေးဆိုင်များမှာလည်း ပိတ်ထားကြောင်း၊ ယနေ့တွင်မူ ဖားကန့်တစ်မြို့လုံး စစ်ဘေးရှောင်သွားကြပြီး…
-
မန္တလေးနန်းတွင်းရှိ လပခ ကို ရှော့တိုက်ဒုံး ငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ တံတားဦး လေတပ်စခန်းကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်၊ စစ်အုပ်စုက ဒီမနက်ပိုင်း မန္တလေးကနေ မတ္တရာဘက် လက်နက်ကြီးနဲ့ လှမ်းထုနေ၊
မန္တလေးနန်းတွင်းရှိ လပခ ကို ရှော့တိုက်ဒုံး ငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ တံတားဦး လေတပ်စခန်းကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်၊ စစ်အုပ်စုက ဒီမနက်ပိုင်း မန္တလေးကနေ မတ္တရာဘက် လက်နက်ကြီးနဲ့ လှမ်းထုနေ၊ ဇူဇူး/MFP ၊ စက်တင်ဘာ – ၂၁ မန္တလေးမြို့၊ နန်းမြို့တွင်းထဲမှာ ရှိတဲ့ စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် -လပခ ကို စက်တင်ဘာလ ၁၇ရက် ညနေပိုင်းနဲ့ ညပိုင်းမှာ ၁၀၇မမ ရှော့တိုက်ဒုံး ငါးလုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ Operation Flame ရဲ့ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။ “နန်းတွင်းက ရှော့တိုက် ငါးလုံး၊ ၆နာရီ၅မိနစ်အချိန်တွင် ရှော့တိုက်ဒုံး နှစ်လုံး၊ ည၁၀နာရီ မိနစ်၂၀ ဝန်းကျင်တွင်…
-
မန္တလေးမြို့နှင့်အနီးဆုံးနေရာတွင် တိုက်ပွဲ ဖြစ်နေသဖြင့် စစ်တပ်၏ လက်နက် ကြီး ပစ်ခတ်သံများ ဆူညံနေပြီး တိုက်လေယာဉ်များလည်း အတက်အဆင်း လုပ်နေ
မန္တလေးမြို့နှင့်အနီးဆုံးနေရာတွင် တိုက်ပွဲ ဖြစ်နေသဖြင့် စစ်တပ်၏ လက်နက် ကြီး ပစ်ခတ်သံများ ဆူညံနေပြီး တိုက်လေယာဉ်များလည်း အတက်အဆင်း လုပ်နေ ရန်ကုန်၊ စက်တင်ဘာ ၂၁ မန္တလေးမြို့နှင့် အနီးစပ်ဆုံးနေရာတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ယနေ့ နံနက်ပိုင်း လက်နက်ကြီးပစ်ခတ်သံများ ဆူညံနေပြီး တိုက်လေယာဉ်များလည်း မကြာခဏ အတက်အဆင်း လုပ်နေကြောင်း မန္တလေးဒေသပြည်သူများနှင့် စစ်ရေး သတင်းရင်းမြစ်တချို့ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နံနက် ၆ နာရီဝန်းကျင်မှစတင်ပြီး မန္တလေးမြို့ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး တိုက်လေယာဉ်များဖြင့်လည်း ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ သုံးဆယ်ပေးကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး PDF စစ်ကြောင်းများ တက်လာသည်ဆိုသော သတင်းများကြောင့် စစ်တပ်က လေယာဉ်ပစ်ကူများ၊ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ “အခုထက်ထိ မန္တလေးဘက်အခြမ်း စစ်တပ်အခြေပြုထားတဲ့ရွာတွေဘက်ကနေ…