Author: admin
-
■ ပဲခူးတိုင်းမှာ စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်ဖွဲ့ အပြန်အလှန်ထိုးစစ်ဆင်
■ ပဲခူးတိုင်းမှာ စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်ဖွဲ့ အပြန်အလှန်ထိုးစစ်ဆင် ဧပြီ ၂၉ ရက် ရခိုင်ရိုးမတောင်းတန်းနှင့် နီးကပ်သည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့တို့ကြား အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်နေကြကြောင်း သိရသည်။ ပန်းတောင်းမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းများကို အာရက္ခတပ်တော် AA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ကိုလည်း သိမ်းဆည်းရရှိထားသည်။ လက်လွှတ်လိုက်ရသော စစ်ခန်းများအား ပြန်လည်ရရှိရန် အာဏာသိမ်း စစ်ကောင်စီကလည်း ပြည်လမ်းမဘက်မှနေ၍ အင်အား ရာချီပါဝင်သော တပ်ဖွဲ့များဖြင့် AA ပူးပေါင်းတပ်ဖွဲ့များကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ထိုကြောင့် စစ်ကောင်စီတပ်ဖွဲ့များအား ပြန်လည်ခုခံတိုက်နိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များမှ သေချာပြင်ဆင်ထားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနှင့်…
-
ပခုက္ကူခရိုင်အတွင်းရှိ ပကဖများ ပူးပေါင်းပြီ
ပခုက္ကူခရိုင်အတွင်းရှိ ပကဖများ ပူးပေါင်းပြီ ဧပြီ ၂၉၊ ၂၀၂၅ မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ ရေစကြို၊ ပေါက်၊ မြိုင်မြို့နယ်တို့က မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်လာပါတယ်။ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တို့က မြို့နယ်၊ ဇုန်၊ တိုက်နယ်၊ ရပ်ကျေးတွေအနေနဲ့ စစ်ရေး ကိစ္စရပ်တွေဖြစ်စေ၊ နယ်မြေအတွင်း အဖွဲ့အစည်း အချင်းချင်း သင့်မြတ်ကောင်းမွန်စွာ ရေရှည်ဆက်ဆံနိုင်ရေးနဲ့ အပြန်အလှန်လိုအပ်ချက်တွေကို ကူညီပံ့ပိုး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပကဖ တာဝန်ခံတွေဟာ မြေပြင်မှာ မျက်နှာစုံညီ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ မြေပြင် အခက်အခဲတွေအပေါ် နိုင်ငံရေး၊ စစ်ရေး၊ နယ်မြေလုံခြုံရေးနဲ့ ဒေသတွင်း တော်လှန်ရေး အားကောင်းစေဖို့အတွက် ပကဖတွေ အနေနဲ့ လက်တွဲညီညီ…
-
ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စစ်ကောင်စီ၏ ထိန်းချုပ်မှုမရှိတော့ဘဲ AA လက်အောက်ကျရောက်သွားပြီဖြစ်၍ AA နှင့်မဆက်ဆံဘဲ နေမရတော့ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ၏ နိုင်ငံခြားရေးအကြံပေးပြောဆို
ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စစ်ကောင်စီ၏ ထိန်းချုပ်မှုမရှိတော့ဘဲ AA လက်အောက်ကျရောက်သွားပြီဖြစ်၍ AA နှင့်မဆက်ဆံဘဲ နေမရတော့ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ၏ နိုင်ငံခြားရေးအကြံပေးပြောဆို ရန်ကုန်၊ ဧပြီ ၂၉ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စစ်ကောင်စီ၏ ထိန်းချုပ်မှုမရှိတော့ဘဲ AA လက်အောက်ကျရောက်သွားပြီဖြစ်၍ ဘင်္ဂလားဒေ့ရှ်က AA နှင့်မဆက်ဆံဘဲ နေမရတော့ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ၏ နိုင်ငံခြားရေးအကြံပေး Md. Towhid Hossain ကပြောဆိုသည်။ ဧပြီလ ၂၇ ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒါကာမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ “ နယ်စပ်တခုလုံးကို AA က ထိန်းချုပ်ထားပါပြီ။ စစ်ကောင်စီအနေနဲ့ ဘာမှ မထိန်းချုပ်နိုင်တော့ဘူး။ ကျနော်တို့အနေနဲ့ AA ကို မဆက်ဆံဘဲ နေလို့မရတော့ပါဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ လိုအပ်သလောက် ဆက်ဆံရေးကို လုပ်ဆောင်သွားရပါလိမ့်မယ်”…
-
ရေစကြိုမြို့နယ်၊ ဗလဘရွာကို ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၀ ကျော် သေဆုံး
ရေစကြိုမြို့နယ်၊ ဗလဘရွာကို ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၀ ကျော် သေဆုံး ရန်ကုန်၊ ဧပြီ ၂၉ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗလဘရွာကို ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း ရေစကြို တပ်ပေါင်းစု သတင်းပြန်ကြားရေး တာဝန်ခံ ZPK က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၀ ရက်နေ့တွင် ပခုက္ကူမြို့မှ လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ရေစကြိုဘက်မှ…
-
ကလေးမြို့နယ်၊ ကြံသာရွာသို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးသေဆုံး၊ စစ် Mi-35 ရဟတ်ယာဉ် ၁ စီးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့
ကလေးမြို့နယ်၊ ကြံသာရွာသို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးသေဆုံး၊ စစ် Mi-35 ရဟတ်ယာဉ် ၁ စီးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ ရန်ကုန်၊ ဧပြီ ၂၉ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာရွာသို့ ထိုးစစ်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ် သား ၂၇ ဦးသေဆုံးပြီး Mi 35 ရဟတ်ယာဉ် ၁ စီးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ကြောင်း Chinland Information Center နှင့် CNA ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီတို့ထံမှ သိရှိရသည်။ ဧပြီလ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာဘက်သို့ စစ်ကောင်စီတပ်က အင်အား ၂၀၀…
-
ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားများ ဘဏ်ကြွေးဆပ်ရန်ခြိမ်းခြောက်ခံနေရပြီး မဆပ်နိုင်ပါက လယ်သိမ်းမည်ဖြစ်ပြီး စစ်မှုထမ်းလိုက်ရမည်ဟုပါ ခြိမ်းခြောက်
ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားများ ဘဏ်ကြွေးဆပ်ရန်ခြိမ်းခြောက်ခံနေရပြီး မဆပ်နိုင်ပါက လယ်သိမ်းမည်ဖြစ်ပြီး စစ်မှုထမ်းလိုက်ရမည်ဟုပါ ခြိမ်းခြောက် ဧရာဝတီတိုင်းမ် ဧပြီ ၂၉ ရက် ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး မှူးက လယ်သမားများကို ဖိအားပေး၍ ဘဏ်ကြွေးများဆပ်ခိုင်းနေကြောင်း သိရသည်။ မေယ်လမြိုင်ကျွန်းမြို့နယ်၊ လင်းဇွဲမဲဇလီကျေးရွာ ကြံ့ခိုင်ရေးခေါင်းဆောင် စစ်ကောင်စီခန့်အုပ်ချုပ် ရေးမှူးက လယ်လုပ်သူများကို စိုက်ဘဏ်ချေးငွေများပြန်ဆပ်ရန် ဖိအားပေးနေပြီး အကြွေးမဆပ် နိုင်ပါက လယ်သိမ်းမည်ဖြစ်ကာ လယ်သိမ်းယူမခံလိုပါက စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ပြောဆို မှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။ “စပါးတွေကလည်းရိတ်ပြီးမှ မိုးရွာတော့ အပင်ပေါက်တာတွေနဲ့ ဆန်ဈေးတက်ပြီး စပါးဈေးကျတာနဲ့ စားဖို့အနိုင်နိုင်ဆိုတော့ ဘဏ်ကြွေးလည်းဆပ်ဖို့ ဒုက္ခ ရောက်နေပါတယ်။ အကြွေးမဆပ်နိုင်ရင် လယ်သိမ်းပြီး စစ်မှုထမ်းထဲလိုက်ရမယ်ဆိုလို့ အကုန် ကြောက်နေကြတယ်” ဟု လယ်လုပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို…
-
မင်းအောင်လှိုင်နှင့်စစ်ကောင်စီ၏ မြန်မာပြည်သူအပေါ် အကြမ်းဖက်လုပ်ရပ်များကို အာဆီယံက လျစ်လျူရှုထားလျှင် နိုင်ငံ ငြိမ်းချမ်းတည်ငြိမ်မှု မရနိုင်ဟု NUG က သတိပေး
မင်းအောင်လှိုင်နှင့်စစ်ကောင်စီ၏ မြန်မာပြည်သူအပေါ် အကြမ်းဖက်လုပ်ရပ်များကို အာဆီယံက လျစ်လျူရှုထားလျှင် နိုင်ငံ ငြိမ်းချမ်းတည်ငြိမ်မှု မရနိုင်ဟု NUG က သတိပေး ရန်ကုန်၊ ဧပြီ ၂၉ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်စစ်ကောင်စီ၏ မြန်မာပြည်သူအပေါ် အကြမ်းဖက်လုပ်ရပ်များကို အာဆီယံက လျစ်လျူရှုထားလျှင် မြန်မာနိုင်ငံ ငြိမ်းချမ်းတည်ငြိမ်မှု မရနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ၏ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က သတိပေးပြောဆိုလိုက်သည်။ ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထုနှင့်နိုင်ငံကာသို့ သတင်းစကားပြောကြားခြင်း Press Briefing အစီအစဥ်တွင်နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်တွင်လည်း အပစ်ရပ်ကြေညာခဲ့သော်လည်း ပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြောင်း၊ မတ်လ ၂၈ရက် ငလျင်ဖြစ်ပွားပြီးချိန်မှစတင်ပြီး…
-
ဟားလီးကွေ့စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၆ ဦး လက်နက်ချအညံ့ခံခဲ့သည့် မှတ်တမ်း (ရုပ်/သံ)
ဟားလီးကွေ့စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၆ ဦး လက်နက်ချအညံ့ခံခဲ့သည့် မှတ်တမ်း (ရုပ်/သံ) ဧပြီ ၂၉၊ ၂၀၂၅ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဟားလီးကွေ့စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို YePhyu People Defence Force က ထုတ်ပြန်လိုက်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး ၁ ယောက်သေပြီး တပ်သား ၁၆ ယောက် လက်နက်ချအညံ့ခံခဲ့ပါတယ်။ တိုက်ပွဲအတွင်း MA ၉ လက်၊ MA 2 ၁ လက်၊ MA 3 ၆ လက်၊ MA 4 ၁ လက်၊ MA…
-
တောင်းခမ်းတိုက်ပွဲ စစ်ကောင်စီတပ် ရွာတစ်ရွာထပ်သိမ်းပြီး ၁မိုင်ကျော် ရှေ့တိုးလာ ■စစ်ကောင်စီတပ်သိမ်းနိုင်တဲ့ မဲပုတ်ရွာအနီး နောင်လင်ရွာနဲ့ နောင်ချိုမြို့ဟာ ၁၆မိုင်ကျော်ကွာဝေး
တောင်းခမ်းတိုက်ပွဲ စစ်ကောင်စီတပ် ရွာတစ်ရွာထပ်သိမ်းပြီး ၁မိုင်ကျော် ရှေ့တိုးလာ ■စစ်ကောင်စီတပ်သိမ်းနိုင်တဲ့ မဲပုတ်ရွာအနီး နောင်လင်ရွာနဲ့ နောင်ချိုမြို့ဟာ ၁၆မိုင်ကျော်ကွာဝေး ဧပြီ ၂၈၊၂၀၂၅။ ဒီဒီး/People’s Spring တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ဟာ နောင်လင်ကျေးရွာကိုသိမ်းပိုက်ပြီး နောင်ချိုမြို့ဆီကို တစ်မိုင်ကျော်ရှေ့တိုးလာခဲ့ပါတယ်။ အမြောက်တပ်ရင်းတွေရှိတဲ့ တောင်းခမ်းဒေသက စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ တတိယပတ်မှာ တောင်းခမ်းကျေးရွာအနီးက မဲပုတ်ကျေးရွာကို သိမ်းပိုက်ရပြီးနောက် တစ်လအကြာမှာ မဲပုတ်ရွာကနေ (၁)မိုင်ကျော်ဝေးတဲ့ နောင်လင်ကျေးရွာကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ တောင်းခမ်းနဲ့ (၆)မိုင်ပဲဝေးတဲ့ မဲပုတ်ရွာကို သိမ်းပိုက်စဉ်က အဲဒီရွာရဲ့ တိမ်ပင်လယ်စခန်းကို သိမ်းပိုက်စဉ်က နောင်ချိုမြို့နားက တိမ်ပင်လယ်စခန်းကို သိမ်းရသယောင် ဝါဒဖြန့်ခဲ့ပါသေးတယ်။ နောင်ချိုမှာ တိမ်ပင်လယ်လို့ပြောလိုက်ရင် ပြည်သူအများစုသိတာက နောင်ချိုမြို့တောင်ဘက်နားက ကံကြီးကျေးရွာ အရှေ့ဘက် နောင်ချိုကြီးရွာနားက တိမ်ပင်လယ်ကိုပဲ…
-
မန္တလေးရှိ ရွှေဇာမဏီ ရွှေဆိုင်ကို ပြောက်ကျားဝတ် လူ ၂ ဦး အပါအဝင် ဓားပြ ၅ ဦးက ဓားပြတိုက်မှု ရွှေ ၂၃ ကျပ်သား ပါသွား (ရုပ်/သံ)
မန္တလေးရှိ ရွှေဇာမဏီ ရွှေဆိုင်ကို ပြောက်ကျားဝတ် လူ ၂ ဦး အပါအဝင် ဓားပြ ၅ ဦးက ဓားပြတိုက်မှု ရွှေ ၂၃ ကျပ်သား ပါသွား (ရုပ်/သံ) ရန်ကုန်၊ ဧပြီ ၂၉ မန္တလေးရှိ ရွှေဇာမဏီ ရွှေဆိုင်ကို ပြောက်ကျားဝတ် လူ ၂ ဦး အပါအဝင် ဓားပြ ၅ ဦးက ယမန်နေ့ ဓားပြဝင်ရောက်တိုက်သွားခဲ့ပြီး ရွှေ ၂၃ ကျပ်သား ပါသွားကြောင်း သိရှိရသည်။ ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၇ မိနစ်အချိန် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃×၁၀၄ လမ်း ကြား၊ ၅၅ လမ်းပေါ်ရှိ “ရွှေဇာမဏီ”ရွှေဆိုင်ကို…