Author: admin
-
စလင်းမြို့ အနီး တော်လှန်ရေး တပ်များ ရောက်လာပြီးနောက် မြို့ပေါ် ဌာနဆိုင်ရာရုံး အားလုံးကို စစ်တပ်က ယာယီပိတ်လိုက်ပြီး အရေးကြီး စာရွက်စာတမ်းများကို မကွေးသို့ သယ်ယူ၊ Non-CDM ဝန်ထမ်းများ ထွက်ပြေးရန် ပြင်ဆင်နေ
စလင်းမြို့ အနီး တော်လှန်ရေး တပ်များ ရောက်လာပြီးနောက် မြို့ပေါ် ဌာနဆိုင်ရာရုံး အားလုံးကို စစ်တပ်က ယာယီပိတ်လိုက်ပြီး အရေးကြီး စာရွက်စာတမ်းများကို မကွေးသို့ သယ်ယူ၊ Non-CDM ဝန်ထမ်းများ ထွက်ပြေးရန် ပြင်ဆင်နေ ရန်ကုန်၊ ဇန်နဝါရီ ၉ မကွေးတိုင်း၊ စလင်းမြို့ အနီး တော်လှန်ရေး တပ်ဖွဲ့များ ရောက်ရှိလာပြီးနောက် မြို့ပေါ် ဌာနဆိုင်ရာရုံး အားလုံးကို အကြမ်းဖက် စစ်တပ်က ယာယီ ပိတ်ထားလိုက်ပြီး အရေးကြီး စာရွက်စာတန်းများကို မကွေးမြို့သို့ ပြောင်းရွှေ့သယ်ယူနေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၅ ရက်နေ့ စလင်း-ဆင်ဖြူကျွန်း ကားလမ်းပိုင်း၌ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခရီးသွား ပြည်သူများကို သွားလာရေး အဆင်ပြေစေရန်…
-
ပြင်ဦးလွင်နှင့် အုတ်ဖိုတွင် စစ်မှုထမ်းအပတ်စဉ် ၉ အတွက် လူငယ်များကို ပေါ်တာဆွဲ ဆက်တိုက်ဖမ်းဆီးနေ၊ လှည်းကူးတွင် စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀ တောင်းခံ
ပြင်ဦးလွင်နှင့် အုတ်ဖိုတွင် စစ်မှုထမ်းအပတ်စဉ် ၉ အတွက် လူငယ်များကို ပေါ်တာဆွဲ ဆက်တိုက်ဖမ်းဆီးနေ၊ လှည်းကူးတွင် စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀ တောင်းခံ ရန်ကုန်၊ ဇန်နဝါရီ ၉ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ရပ်ကွက် အတွင်းမှ လူငယ် အားလုံး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလမှ စတင်ပြီး ပြင်ဦးလွင်မြို့တွင် အကြမ်းဖက် စစ်တပ်ခန့် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်အေးနှင့် သားဖြစ်သူ ပျူစောထီး ဇော်လတ်က ဦးဆောင်ပြီး ရပ်ကွက်အတွင်းမှ…
-
ရန်ကုန်-မန္တလေး အမြန်လမ်းအနီးတွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်း အဖမ်းခံရ
ရန်ကုန်-မန္တလေး အမြန်လမ်းအနီးတွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်း အဖမ်းခံရ ရန်ကုန်၊ ဇန်နဝါရီ ၉ ရန်ကုန်-မန္တလေး အမြန်လမ်းအနီး နတ်မောက်-ပျော်ဘွယ်လမ်းပေါ်တွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်း အဖမ်းခံရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၆၂ အနီး၊ နတ်မောက်-ပျော်ဘွယ် လမ်းပေါ် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်းကို စစ်ဆေးဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ အဆိုပါ လက်ထောက်ညွှန်ကြားရေးမှူးမှာ မွေးရပ်ဇာတိ ရွှေတောင်မှ တာဝန်ကျရာ တောင်ကြီးသို့ အသွားတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရှီရသည်။ “သူ့မွေးရပ် ရွှေတောင်ကနေ တာဝန်ကျတဲ့ တောင်ကြီးကို အပြန်လမ်းမှာ အစစ်ဆေးခံရရင်း အဖမ်းခံရတာ ဖြစ်ပါတယ်။…
-
စစ်တပ်ပိုင် Mytel ကုမ္ပဏီကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ဆန့်ကျင်သော ကုမ္ပဏီ အဖြစ် စာရင်းသွင်းအရေးယူ
စစ်တပ်ပိုင် Mytel ကုမ္ပဏီကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ဆန့်ကျင်သော ကုမ္ပဏီ အဖြစ် စာရင်းသွင်းအရေးယူ ရန်ကုန်၊ ဇန်နဝါရီ ၉ အကြမ်းဖက် စစ်တပ်ပိုင် ဆက်သွယ်ရေး Mytel ကုမ္ပဏီကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ဆန့်ကျင်သော ကုမ္ပဏီ အဖြစ် စာရင်းသွင်းအရေးယူကြောင်း ဇန်နဝါရီလ ၆ ရက်နေ့တွင် အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုလုပ်ငန်းရှင်လုံခြုံရေးဌာနက ကြေညာသည်။ အမေရိကန်စက်မှုလုပ်ငန်းနှင့်လုံခြုံရေးဌာန (BIS) က ကုန်သွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု စည်းမျဉ်းများ (EAR) တွင် ပြင်ဆင်မှုများပြုလုပ်ပြီးနောက် မြန်မာနိုင်ငံမှ စစ်တပ်ပိုင် Mytel ကုမ္ပဏီ ၊ တရုတ်ကုမ္ပဏီ ၁၁ ခု နှင့်ပါကစ္စတန်ကုမ္ပဏီ ၁ ခု စုစုပေါင်း ၁၃ ခုကို အမေရိကန်၏…
-
ဗန်းမော်မြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ရေး KIA က ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်တပ်ကင်းစင်သွားသော မံစီမြို့နယ်တွင် KIA ကချင်အမျိုးသား အလံများ လွှင့်ထူ
ဗန်းမော်မြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ရေး KIA က ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်တပ်ကင်းစင်သွားသော မံစီမြို့နယ်တွင် KIA ကချင်အမျိုးသား အလံများ လွှင့်ထူ ရန်ကုန်၊ ဇန်နဝါရီ ၉ ကချင်ပြည်နယ်၊ မံစီမြို့နယ် တစ်ခုလုံးကို KIA တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ကချင် အလံတော်များ လွှင့်ထူခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မံစီမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန် တပ်ရင်းများဖြစ်သော ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မံစီမြို့နယ် တစ်ခုလုံးကို…
-
Breaking News ရမ်းဗြဲမြို့နယ် ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရမှု လူ ၄၀ ကျော်သေဆုံးပြီး နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီး
Breaking News ရမ်းဗြဲမြို့နယ် ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရမှု လူ ၄၀ ကျော်သေဆုံးပြီး နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီး အဉ္စနလီညှင်း လေးဝတီ(FM)၊ ၉ ၊ ဇန်နဝါရီ ၊၂၀၂၅ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ကျောက်နီမော်စံပြကျေးရွာကြီး ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မူကြောင့် အရပ်သား (၄၀) ကျော်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရကာ နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီဟာ ဂျက်ဖိုက်တာနဲ့ ဇန်နဝါရီ ၈ ရက် နေ့လည် ၁ နာရီကျော် မှာလာရောက်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ကျောက်နီမော် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက် နဲ့ ကျောက်နီမော်ဈေး အနီးဝန်းကျင်တွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ် လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ “မနေ့က လာပစ်တယ်။…
-
ရခိုင်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် ဗိုလ်မှူးချုပ် ၃ ဦး၏ မိသားစုဝင်များ စစ်တပ်ထံမှ လစာထုတ်ယူခွင့်မရရှိတော့သည့်အပြင် စစ်တပ်က ပေးထားသည့် အရာရှိအိမ်ရာများမှလည်း ဖယ်ရှားပေးရတော့မည်
ရခိုင်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် ဗိုလ်မှူးချုပ် ၃ ဦး၏ မိသားစုဝင်များ စစ်တပ်ထံမှ လစာထုတ်ယူခွင့်မရရှိတော့သည့်အပြင် စစ်တပ်က ပေးထားသည့် အရာရှိအိမ်ရာများမှလည်း ဖယ်ရှားပေးရတော့မည် ရန်ကုန်၊ ဇန်နဝါရီ ၉ ရခိုင်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့် ဗိုလ်မှူးချုပ် ၃ ဦး၏ မိသားစုဝင်များအနေဖြ့် စစ်တပ်ထံမှ လစာထုတ်ယူခွင့်မရတော့ကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ AA က ဒီဇင်ဘာလ ၂၀ ရက်နေ့ အမ်းမြို့နယ်ရှိ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းကိုလည်းကောင်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကိုလည်းကောင်း၊ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် စကခ ၁၅ မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို မောင်တောတွင်လည်းကောင်း အရှင် လက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ အဆိုပါ ဗိုလ်မှူးချုပ်…
-
ပုဇွန်တောင်တွင် ဈေးရောင်းပွဲသို့ သွားရောက်သည့် အသက် ၁၈ နှစ်အရွယ် မောင်ကျော်ကျော်ကို စစ်တပ်က ရိုက်နှက် ပေါ်တာဆွဲ ဖမ်းဆီး၊ ရန်ကုန်တွင် အသက်မပြည့်သေးသော ဆယ်ကျော်သက်အရွယ် ကျောင်းသားတချို့ ပျောက်ဆုံး
ပုဇွန်တောင်တွင် ဈေးရောင်းပွဲသို့ သွားရောက်သည့် အသက် ၁၈ နှစ်အရွယ် မောင်ကျော်ကျော်ကို စစ်တပ်က ရိုက်နှက် ပေါ်တာဆွဲ ဖမ်းဆီး၊ ရန်ကုန်တွင် အသက်မပြည့်သေးသော ဆယ်ကျော်သက်အရွယ် ကျောင်းသားတချို့ ပျောက်ဆုံး ရန်ကုန်၊ ဇန်နဝါရီ ၉ ရန်ကုန်မြို့၊ ပုဇွန်တောင်ချောင်းကို ဖြတ်သန်း တည်ဆောက်ထားသော ဂျပန်တံတား အနီးတွင် ပြုလုပ်သည့် ဈေးရောင်းပွဲတော်ကို သွားရောက်သည့် အသက် ၁၈ နှစ်အရွယ် ကိုကျော်ကျော်ကို အကြမ်းဖက် စစ်တပ်က ရိုက်နှက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်းတွင် အသက် ၁၈ နှစ်အရွယ် ကိုကျော်ကျော်သည် ပုဇွန်တောင် ဂျပန်တံတားအနီးတွင် ပြုလုပ်သည့် စျေးရောင်းပွဲတော်ကို သွားရောက်စဉ်…
-
အမ်း၊ ဂွနဲ့ တောင်ကုတ် ရိုးလမ်း (၃) ခုပေါ်ရှိ စစ်ကောင်စီစခန်းများအားလုံးနီးပါးကို AA ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်
အမ်း၊ ဂွနဲ့ တောင်ကုတ် ရိုးလမ်း (၃) ခုပေါ်ရှိ စစ်ကောင်စီစခန်းများအားလုံးနီးပါးကို AA ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက် ဇန်နဝါရီ ၈/၂၀၂၅ ရခိုင်ပြည်နဲ့ ဗမာပြည်ကို ဆက်သွယ်ထားတဲ့ အမ်း၊ တောင်ကုတ်နှင့် ဂွ ရိုးလမ်း (၃) ခုပေါ်ရှိ စစ်ကောင်စီ စခန်းတွေအားလုံးနီးပါးကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုပါတယ်။ အမ်-ပဒါန်းလမ်းပေါ်ရှိ ရိုးမလမ်းပေါ်ရှိ တောင်စောက်စခန်းတွေအပါအဝင် နတ်ရေကန် အရောက်ထိ စစ်ကောင်စီစခန်းများအားလုံးကို သိမ်းပိုက်လိုက်သလို တောင်ကုတ်နဲ့ ပန်းတောင်း ရိုးလမ်းပေါ်ရှိ တောင်ပုံကြီး စခန်းကိုလည်း သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ဆိုပါတယ်။ အလားတူ ဂွ- ငသိုင်းချောင်း ရိုးလမ်းပေါ်ရှိ ၂၄ မိုင် အနီးအထိုင်ချထားတဲ့ အမြောက်စခန်း၊ ၂၅…
-
ပခုက္ကူ-မြစ်ခြေ လမ်းပိုင်းနှင့် မြိုင်-ပခုက္ကူ လမ်းပိုင်း တို့တွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးနှင့် စစ်တပ် ရိက္ခာပို့ယာဉ်တန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံး (ရုပ်/သံ)
ပခုက္ကူ-မြစ်ခြေ လမ်းပိုင်းနှင့် မြိုင်-ပခုက္ကူ လမ်းပိုင်း တို့တွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးနှင့် စစ်တပ် ရိက္ခာပို့ယာဉ်တန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံး (ရုပ်/သံ) ရန်ကုန်၊ ဇန်နဝါရီ ၈ မကွေးတိုင်း၊ ပခုက္ကူ-မြစ်ခြေ လမ်းပိုင်းနှင့် မြိုင်-ပခုက္ကူ လမ်းပိုင်း တို့တွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးနှင့် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ အဖွဲ့က ပြောဆိုသည်။ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပခုက္ကူ-မြစ်ခြေ လမ်းခွဲမှ ကောင်းစက်ဝိုင်ဆီဆိုင်အနီးကို အောင်သာပျူစောထီးရွာမှ ပျူစောထီး…