Author: admin

  • မင်္ဂလာဒုံလေတပ်ပတ်လည်၌ ကတုတ်ကျင်းများတူးနေ

    မင်္ဂလာဒုံလေတပ်ပတ်လည်၌ ကတုတ်ကျင်းများတူးနေ

    by

    in

    ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က အမှတ် ၅၀၂ လေတပ်စခန်းနဲ့ လေယာဉ်ကွင်းပတ်လည်မှာ စက်ယန္တရားတွေအသုံးပြုပြီး ကတုတ်ကျင်းတွေတူးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မင်္ဂလာဒုံမြို့ခံတယောက်က “မြေသားကျင်းက တလိုင်း၊ အခု ကျောက်တွေထပ်ဖို့တာက တလိုင်း၊ အခုရက်ပိုင်းမှ ကားတွေပိုများလာတာ။ ဝေဘာဂီဘူတာအနောက်က ဝင်ပေါက်မှာလည်း စစ်ကားတွေ အဝင်အထွက်ရှိတယ်” လို့ ပြောပါတယ်။ အခု ဇန်နဝါရီလဆန်းမှာ ပိုလုပ်ဆောင်လာတာဖြစ်ပြီး ကြံခင်းစုရပ်ကွက်ဘက်ခြမ်းမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လလောက်ကတည်းက မြေသားမြောင်းတွေတူး၊ ကျောက်သားစီနေသလို၊ အနန်းပင်ဘက်မှာတော့ ဒီဇင်ဘာလလောက်မှာ လုပ်ဆောင်နေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အမှတ် ၅၀၂ လေတပ်စခန်းဟာ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ကပ်လျက်ရှိနေတာဖြစ်သလို လူနေရပ်ကွက်တွေဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်နဲ့ အနန်းပင်ရပ်ကွက်၊ မြောက်ဥက္ကလာမြို့နယ် ပုရွက်ဆိပ်ကုန်းရပ်ကွက်၊ ဝေဘာဂီ မြို့သစ်ရပ်ကွက်တို့နဲ့ ထိစပ်နေတာပါ။ ၂၀၂၂ ခုနှစ်ကတည်းက မင်္ဂလာဒုံ ၅၀၂…

  • လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့  စစ်အုပ်စုကို လိုက်လံရှာဖွေတိုက်ခိုက်မှု ပျူစောထီး အများအပြားသေပြီး ဖမ်းဆီးခံ လူငယ် ပြန်လည်လွတ်မြောက် (ရုပ်/သံ)

    လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့ စစ်အုပ်စုကို လိုက်လံရှာဖွေတိုက်ခိုက်မှု ပျူစောထီး အများအပြားသေပြီး ဖမ်းဆီးခံ လူငယ် ပြန်လည်လွတ်မြောက် (ရုပ်/သံ)

    by

    in

    လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့ စစ်အုပ်စုကို လိုက်လံရှာဖွေတိုက်ခိုက်မှု ပျူစောထီး အများအပြားသေပြီး ဖမ်းဆီးခံ လူငယ် ပြန်လည်လွတ်မြောက် (ရုပ်/သံ) ဇန်နဝါရီ ၁၃၊ ၂၀၂၅ မန္တလေးတိုင်း၊ တောင်သာမြို့နယ် စွပ်ကျယ်စက်ရုံကနေ အင်အား ၃၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ခြေလျင်စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံရှာဖွေ တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃) ထံက သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ တောင်သာမြို့နယ် နန်းမြင့်ရွာအရှေ့ဘက် နန်းမြင့်စွယ် ဘုန်းကြီးကျောင်းအတွင်း အင်အားအများအပြားနဲ့ စုပေါင်းထားပြီး တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေချိန် မြင်းခြံခရိုင်တပ်ရင်း(၃) ဒရုန်းအဖွဲ့က 28KG ဗုံးသီးတွေ ကြဲချပြီး တောင်သာမြို့နယ်ပကဖနဲ့အတူ…

  • မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    by

    in

    မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ ဇန်နဝါရီ၁၂ မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် မြင်းခြံ- တောင်သာ-မန္တလေးသွားကားလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ “ကျနော်တို့သိထားရတာက မနက်ခင်းပိုင်းက တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်းပါတဲ့အဖွဲ့တွေက မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ အထူးကွန်မာဒိုအဖွဲ့…

  • အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်

    အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်

    by

    in

    အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင် ရန်ကုန်၊ ဇန်နဝါရီ ၁၃ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၄ နာရီကျော်ကြာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၏ တာဝန်ခံ ရန်ကြီးအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းတွင် ယာဉ်သွားယာဉ်လာများကို စစ်ဆေးခြင်းနှင့် လမ်းပိုင်း လုံခြုံရေးအတွက် တော်လှန်ရေးတပ်ဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း၊ ယင်း လုံခြုံရေး စစ်ဆေးမှု လုပ်ငန်းစဉ်တွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ၄ နာရီကျော်ကြာ စစ်ဆေးခဲ့သည့်အပြင် ပြည်သူများကိုလည်း မိတ်ဆက်ခဲ့ကြောင်း သိရှိရသည်။ “အဓိက ကတော့ သတင်းရရင်ရသလို စကစ ဒေါက်တိုင်တွေ အရပ်သားအယောင်ဆောင်ပြီးသွားလာတာကို…

  • မံစီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA က ချေမှုန်းသုတ်သင်

    မံစီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA က ချေမှုန်းသုတ်သင်

    by

    in

    မံစီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA က ချေမှုန်းသုတ်သင် ရန်ကုန်၊ ဇန်နဝါရီ ၁၃ ကချင်ပြည်နယ်၊ မံစီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက လိုက်လံ ချေမှုန်းသုတ်သင်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် မံစီမြို့အခြေစိုက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် တပ်ရင်းများဖြစ်သော ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကိုအပြီးသတ်သိမ်းပိုက်ခဲ့ပြီး မံစီမြို့ နယ်တစ်ခုလုံးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း…

  • တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် မြန်မာကို လူကုန်ကူးခံရသူ ၆ထောင်ကျော်ထိရှိ၊ စောချစ်သူ ဦးဆောင်တဲ့ BGF/DKBA က အဆိုပါလူကုန်ကူးမှုများကို ကူညီပေးနေ

    တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် မြန်မာကို လူကုန်ကူးခံရသူ ၆ထောင်ကျော်ထိရှိ၊ စောချစ်သူ ဦးဆောင်တဲ့ BGF/DKBA က အဆိုပါလူကုန်ကူးမှုများကို ကူညီပေးနေ

    by

    in

    တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် မြန်မာကို လူကုန်ကူးခံရသူ ၆ထောင်ကျော်ထိရှိ၊ စောချစ်သူ ဦးဆောင်တဲ့ BGF/DKBA က အဆိုပါလူကုန်ကူးမှုများကို ကူညီပေးနေ ဇန်နဝါရီ ၁၂၊ ၂၀၂၄ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော်ဟာ မြန်မာပြည်ကို လူကုန်ကူးခံထားရကြောင်း လူကုန်ကူးမှုစောင့်ကြည့်ကူညီရေးအဖွဲ့တွေက ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် နစ်နာသူတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ အပြင်းအထန် ခံခဲ့ရပြီး မိသားစုဝင်တွေဟာလည်း မတန်တဆ ပြန်ပေးငွေတွေ တောင်းခံခြင်း ခံနေရကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ၊ မြဝတီမြို့ရဲ့တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ဟာ လူကုန်ကူးရာမှာ အဓိကကျတဲ့ အကူးအပြောင်းနေရာဖြစ်ပြီး တရုတ်ရာဇဝတ်ဂိုဏ်းတွေက မြန်မာစစ်ကောင်စီရဲ့ မဟာမိတ်ဖြစ်တဲ့…

  • ချောင်းသာနှင့်ရွှေသောင်ယံမှ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ၀န်ထမ်းမိသားစုများ ပြောင်းရွှေ့ရန်ပြင်ဆင်

    ချောင်းသာနှင့်ရွှေသောင်ယံမှ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ၀န်ထမ်းမိသားစုများ ပြောင်းရွှေ့ရန်ပြင်ဆင်

    by

    in

    ချောင်းသာနှင့်ရွှေသောင်ယံမှ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ၀န်ထမ်းမိသားစုများ ပြောင်းရွှေ့ရန်ပြင်ဆင် ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၂ ရက် ဧရာ၀တိီတိုင်း ၊ ပုသိမ်မြို့နယ် မကျီးဇင်ကျေးရွာကို ဇန်နဝါရီ ၉ ရက်နေ့တွင် အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ချောင်းသာမြို့နှင့်ရွှေသောင်ယံမြို့တို့မှ စစ်ကောင်စီ လက်အောက်ခံ၀န်ထမ်းမိသားစု၀င်များ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြကြောင်း သိရသည်။ ” ၁၀ရက်နေ့ညပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဌာနဆိုင်ရာတွေကို အစည်းအဝေးခေါ်ပြီး လောလောဆယ် မိသားစုတွေကို ပုသိမ်နဲ့အခြားမြို့တွေကို ပို့ထားဖို့ ခေါ်ပြောထားတယ်။ ဒီရက်ပိုင်းအတွင်းရွှေ့ကြလိမ့်မယ်” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။ လက်ရှိတွင် ချောင်းသာမြို့ ဘောလုံးကွင်းကို ရဟတ်ယာဉ်ဆင်းရန်အတွက် အရေးပေါ်ပြင်ဆင်နေပြီး ရွှေသောင်ယံမြို့တွင်လည်း ဟောင်ဝှစ်ဆာအမြောက်များကို တပ်ဆင်ထား၍ တင်ကားများစွာလည်း သွားလာနေကြောင်း ဒေသခံများက ဆိုသည်။ စစ်ကောင်စီတပ်သည် မကျီးဇင်ကျေးရွာကိုပြန်လည်ရရှိရေးအတွက် ကြည်း ၊ရေ ၊လေ…

  • ပဒါန်းမြို့ အပိုင် ဂုတ်ကြီးဗျူဟာ စခန်းကို AA နဲ့ ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင်

    ပဒါန်းမြို့ အပိုင် ဂုတ်ကြီးဗျူဟာ စခန်းကို AA နဲ့ ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင်

    by

    in

    ပဒါန်းမြို့ အပိုင် ဂုတ်ကြီးဗျူဟာ စခန်းကို AA နဲ့ ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင် အဥ္စနလီညှင်း(လေး၀တီFM) ၁၂ ၊ဇန်န၀ါရီ ၊၂၀၂၅ မကွေးတိုင်း ငဖဲမြို့နယ် ထဲက ဂုတ်ကြီးဗျူဟာကို အာရက္ခတပ်တော်နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်း ထိုးစစ်ဆင်လျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၁ ရက်ညပိုင်းက စပြီး ဂုတ်ကြီးကျေးရွာ၊ လင်းတဲ ကျေးရွာနဲ့ စွန်တက်ကျေးရွာတွေမှာ အခြေစိုက်ထားတဲ့ ဗျူဟာစခန်းနဲ့ ကာကင်းစခန်းတွေကို AA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ “တိုက်ပွဲဖြစ်နေတာမနေ့ညကပင် အခုလည်းဖြစ်နေတယ်၊ ဂုတ်ကြီးနဲ့ အဲ့အနီးအနားက ရွာတွေ ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာကြဲနေတယ်”လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦး က ပြောပါတယ်။ အာရက္ခတပ်တော် AA ဟာ မကွေးတိုင်းနဲ့…

  • တောင်ပိုင်းစစ်ဒေသ ဗျူဟာ(၃၂)ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှု တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ကျော် သေဆုံး တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၄၀ ကျဆုံး၊ ၁၉၀ ဒဏ်ရာရ

    တောင်ပိုင်းစစ်ဒေသ ဗျူဟာ(၃၂)ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှု တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ကျော် သေဆုံး တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၄၀ ကျဆုံး၊ ၁၉၀ ဒဏ်ရာရ

    by

    in

    တောင်ပိုင်းစစ်ဒေသ ဗျူဟာ(၃၂)ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှု တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ကျော် သေဆုံး တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၄၀ ကျဆုံး၊ ၁၉၀ ဒဏ်ရာရ ဟန်နွေ/People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသရှိ စစ်ဒေသခွဲအမှတ်(၃) ဗျူဟာ ၃၂ ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၄ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ကျော်သေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ဟု တောင်ပိုင်းစစ်ဒေသက ယနေ့(ဇန်န၀ါရီ ၁၁ရက်)တွင် ထုတ်ပြန်သည်။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)ဗျူဟာ ၃၂ ‌စစ်ကြောင်းများဖြစ်သော ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနှင့် Venom စစ်ကြောင်းတို့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၂၄အတွင်း ဖော်ဆောင်ခဲ့သော တိုက်ပွဲသတင်းများကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၃၂…

  • ဧရာဝတီတိုင်းတွင်းရှိ မကျီးစင်ကို AA သိမ်းပြီး ဆက်လက်စစ်ကြောင်းထိုးလာ၍ စစ်ကောင်စီက ဝက်သေတွင် တင့်ကားများ စစ်သင်္ဘောများဖြင့် အထူးခံစစ်ပြင်ဆင်နေရ

    ဧရာဝတီတိုင်းတွင်းရှိ မကျီးစင်ကို AA သိမ်းပြီး ဆက်လက်စစ်ကြောင်းထိုးလာ၍ စစ်ကောင်စီက ဝက်သေတွင် တင့်ကားများ စစ်သင်္ဘောများဖြင့် အထူးခံစစ်ပြင်ဆင်နေရ

    by

    in

    ဧရာဝတီတိုင်းတွင်းရှိ မကျီးစင်ကို AA သိမ်းပြီး ဆက်လက်စစ်ကြောင်းထိုးလာ၍ စစ်ကောင်စီက ဝက်သေတွင် တင့်ကားများ စစ်သင်္ဘောများဖြင့် အထူးခံစစ်ပြင်ဆင်နေရ ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၂ရက် အာရက္ခတပ်တော် (AA) သည် ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာအချို့ကိုပါသိမ်းပြီး စစ်ကြောင်း ဆက်ထိုးလာ၍ စစ်ကောင်စီက စစ်ရေးရောက်လာနိုင်သည့် ကျေးရွာများတွင် အထူးခံစစ်ပြင်ဆင်နေကြောင်း သိရသည်။ ရွှေသောင်ယံမြို့နယ်အတွင်းရှိ ဝက်သေကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ ၁၁ရက်နေ့က မကျီးစင်မှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်များအပြင် နောက်ထပ် စစ်ကောင်စီအင်အား ၃၀၀ခန့်ကိုပါ တိုးချဲ့ထားကြောင်း သိရသည်။ ထို့အပြင် ရွှေသောင်ယံကမ်းခြေအနီးတွင် စစ်သင်္ဘောများ အသင့်အနေအထား ​ပြင်ဆင်ထားပြီး လက်နက်ကြီးများ၊ အမြောက်များကိုပါ တပ်ဆင်ထားကြောင်း သိရသည်။ “AAကမကျီးစင်ကိုသိမ်းထားပြီး တိုက်ပွဲဆက်လက်ဖြစ်နေတယ်” ဟုဧရာဝတီသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။ စစ်ကောင်စီသည် AA၏ ထိုးစစ်ကို ခုခံနိုင်ရန်…