Author: admin
-
နေပြည်တော်က လွှတ်တော်အဆောက်အအုံတွေ ငလျင်ကြောင့် ပျက်စီး
နေပြည်တော်က လွှတ်တော်အဆောက်အအုံတွေ ငလျင်ကြောင့် ပျက်စီး နေပြည်တော်၊ မြန်မာ – လာမည့်ရွေးကောက်ပွဲကျင်းပမည့်ရက်များကို မြန်မာစစ်တပ်ခေါင်းဆောင်က ကြေညာပြီး ရက်ပိုင်းအတွင်း အင်အားပြင်းငလျင်လှုပ်ခဲ့သဖြင့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံများ သိသိသာသာပျက်စီးခဲ့ မတ်လ ၂၅ ရက် အစည်းအဝေးအတွင်း စစ်ခေါင်းဆောင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ တတိယနဲ့ စတုတ္ထပတ်တွေမှာ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ပထမနဲ့ ဒုတိယပတ်တွေမှာလည်း ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။ သို့သော်လည်း မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက ငလျင်လှုပ်ခတ်ခဲ့သဖြင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ ရှမ်းပြည်နယ်အပါအဝင် ဒေသများ၌ ပြင်းထန်စွာလှုပ်ခတ်ခဲ့ပါသည်။ ငလျင်ကြောင့် ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားသည့် အဆောက်အဦများထဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦများ…
-
နေပြည်တော် မြန်မာ့မီးရထားအိမ်ရာများ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးပြီး Non-CDM ဝန်ထမ်းနှင့်မိသားစု ၁၆၀၀ ကျော် ကယ်ကူသူမဲ့နေ
နေပြည်တော် မြန်မာ့မီးရထားအိမ်ရာများ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးပြီး Non-CDM ဝန်ထမ်းနှင့်မိသားစု ၁၆၀၀ ကျော် ကယ်ကူသူမဲ့နေ ရန်ကုန်၊ ဧပြီ ၂ နေပြည်တော် မြန်မာ့မီးရထားအိမ်ရာများ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးပြီး Non-CDM ဝန်ထမ်းနှင့်မိသားစု ၁၆၀၀ ကျော် ကယ်ကူသူမဲ့နေကြောင်း မြန်မာ့မီးရထားရုံးချုပ်မှ ဝန်ထမ်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်ရှိ မြန်မာ့မီးရထားရုံးချုပ် ဝန်ထမ်းအိမ်ရာများအနက်မှ ၄ ထပ်တိုက် အမှုထမ်းအိမ်ရာ ၂၅ လုံး၊ အရာထမ်းအိမ်ရာ ၁၇ လုံးမှာ ပျက်စီးခြင်း၊ ပြိုကျခြင်းနှင့် အက်ကွဲခြင်းတို့ကြောင့် လူနေထိုင်၍ မရတော့ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ဝန်ထမ်းများနှင့် မိသားစုများကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ဘူတာကြီး အမှတ် ၁…
-
နေပြည်တော်ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်
နေပြည်တော်ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ် ရန်ကုန်၊ ဧပြီ ၁ နေပြည်တော်ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့-USGS က သတင်းထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၁ ရက်နေ့ ည ၉ နာရီ ၅၇ မိနစ်အချိန် နေပြည်တော်မြို့၏ မြောက်ဘက် ၃၇ ကီလိုမီတာအကွာ အနက် ၃ ဒသမ ၂ ကီလိုမီတာကို ဗဟိုပြု၍ မြေငလျင်လှုပ်ခတ်သွားကြောင်း သိရှိရသည်။ ယနေ့ ဧပြီလ ၁ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် မြန်မာပြည်တွင်း၊ မန္တလေးမြို့၏ အနောက်မြောက်ဘက် ၁၅…
-
မန္တလေးနှင့်စစ်ကိုင်းတွင် နောက်ဆက်တွဲငလျင်ဘေးစိုးရိမ်၍ ပြည်သူများ လမ်းပေါ်ထွက်အိပ်စဉ် သူခိုးနှင့်ဓားပြတိုက်မှုများ စိုးရိမ်နေရပြီး အိမ်အများအပြား သူခိုး အခိုးခံနေရ ၊ စစ်တပ်၊ရဲနှင့်ပျူစောထီးများ ပျောက်ချင်းမလှ ပျောက်နေ
မန္တလေးနှင့်စစ်ကိုင်းတွင် နောက်ဆက်တွဲငလျင်ဘေးစိုးရိမ်၍ ပြည်သူများ လမ်းပေါ်ထွက်အိပ်စဉ် သူခိုးနှင့်ဓားပြတိုက်မှုများ စိုးရိမ်နေရပြီး အိမ်အများအပြား သူခိုး အခိုးခံနေရ ၊ စစ်တပ်၊ရဲနှင့်ပျူစောထီးများ ပျောက်ချင်းမလှ ပျောက်နေ ရန်ကုန်၊ ဧပြီ ၂ မန္တလေးတွင် နောက်ဆက်တွဲ ငလျင်ဘေးစိုးရိမ်၍ ပြည်သူများ လမ်းပေါ်ထွက်အိပ်စဉ် သူခိုးနှင့်ဓားပြတိုက်မှုများ စိုးရိမ်နေရပြီး နေအိမ်အများအပြားမှာ သူခိုးခိုးခံနေရကြောင်း မန္တလေးနှင့်စစ်ကိုင်းတို့တွင် ကူညီကယ်ဆယ်ရေး လုပ်နေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၂ ရက်နေ့ညပိုင်း မန္တလေးမြို့၊ ၃၈ လမ်းနှင့် ၄၁ လမ်းအကြား ၈၉ လမ်းမပေါ်တွင် မျက်နှာဖုံးစွပ်ထားသော ဓားကိုင် လူ ၅ ဦးက သွားလာလှုပ်ရှားနေသဖြင့် ပြည်သူများ စုဝေးကာ ယင်းလူ ၅ ဦးကို လိုက်လံ ရှာဖွေခဲ့ရကြောင်း၊ ထို့ပြင်…
-
▪️Breaking News ငလျင်ဘေးကူညီလာသည့် တရုတ်ကြက်ခြေနီ အသင်းယာဉ်တန်းကို စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်
▪️Breaking News ငလျင်ဘေးကူညီလာသည့် တရုတ်ကြက်ခြေနီ အသင်းယာဉ်တန်းကို စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက် ဧပြီ၁၊၂၀၂၅။ ခွာညို/People’s Spring ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံကြက်ခြေနီအသင်းယာဉ်တန်းအား စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။ ယနေ့ (ဧပြီ ၁၇က်) ညနေ၉နာရီခွဲအချိန်တွင် တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာ ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်း(၉)စီးသည် မန္တလေးမြို့သို့ ခရီးဆက်ရာတွင် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်း ဟု ထုတ်ပြန်ထားသည်။ အဆိုပါ ယာဉ်တန်းသည် မန္တလေးမြို့သို့ ခရီးဆက်သွားမည့်အကြောင်းကိုလည်း စစ်ကောင်စီထံ သတင်းပေးပို့ခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ လမ်းခရီးတွင် ပစ်ခတ်ခံခဲ့ရပြီး နောင်ချိုမြို့သို့ ပြည်လှည့်ခဲ့ရသည်ဟု TNLAက ထုတ်ပြန် အသိပေးထားသည်။ ယာဉ်တန်းအား ကာကွယ်စောင့်ရှောက်ပေးထားပြီး ၎င်းတို့လိုရာခရီးကို ဆက်လက်ပို့ဆောင်သွားမည်ဟု TNLA…
-
ငလျင်ဒဏ်ခံထားရသော်လည်း စစ်ကောင်စီက ကာကွယ်ရေးလုပ်ငန်းများ ဆက်ဆောင်ရွက်ပြီး စစ်ဆက်လက်တိုက်မည်ဟု မင်းအောင်လှိုင်က ကြေညာပြန်
ငလျင်ဒဏ်ခံထားရသော်လည်း စစ်ကောင်စီက ကာကွယ်ရေးလုပ်ငန်းများ ဆက်ဆောင်ရွက်ပြီး စစ်ဆက်လက်တိုက်မည်ဟု မင်းအောင်လှိုင်က ကြေညာပြန် ရန်ကုန်၊ ဧပြီ ၂ စစ်တပ်အနေဖြင့် ငလျင်ဒဏ်ခံထားရသော်လည်း ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပြီး စစ်ဆက်လက်တိုက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာပြန်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ငလျင်ဘေးဒဏ်ကူညီရေး ငွေလှူဒါန်းမှုများ လက်ခံပွဲတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ လူထုအစိုးရထံမှ အာဏာကို လက်နက်ဖြင့် စစ်အာဏာ သိမ်းယူခဲ့သော မင်းအောင်လှိုင်က လက်ရှိ နိုင်ငံရေးအရ ဖြစ်ပေါ်လာသော ပြဿနာကို အကြမ်းဖက်သည့် နည်းလမ်းဖြင့် ရွေးချယ်ခဲ့ကြသည့်အတွက် စစ်တပ်အနေဖြင့် ချမှတ်ထားသော လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချို့သော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်ရှိအခြေအနေတွင် တိုက်ပွဲ ဖော်ဆောင်ခြင်းမရှိသော်လည်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် စုဖွဲ့ခြင်း၊…
-
တော်လှန်ရေးတပ်များက ယာယီအပစ်ရပ်ကြေ ညာသော်လည်း အာဏာသိမ်းခေါင်းဆောင်က စစ်ဆက်တိုက်မည်ဆို
တော်လှန်ရေးတပ်များက ယာယီအပစ်ရပ်ကြေ ညာသော်လည်း အာဏာသိမ်းခေါင်းဆောင်က စစ်ဆက်တိုက်မည်ဆို ■ပိတ်မိပြည်သူများအပျက်စီးပုံများအောက်မှအပြင်ထုတ်မပြီးသေးသော်လည်း သင်္ကြန်ပွဲတော်ကျင်းပဦးမည် ဧပြီ-၁၊၂၀၂၅။ခွာညို/People’s Spring ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများမြန်ဆန်ထိရောက်စွာလုပ်ကိုင်နိုင်ရန် ယာယီအပစ်ရပ်မည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် NUG ကကြေညာ ထားသော်လည်း စစ်ကောင်စီဘက်ကမူ ဆက်လက်တိုက်ခိုက်မည်ဟုအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၁ ရက်တွင်ပြောသည်။ ထို့အပြင်မြေငလျင်ကြီးကြောင့် ပြည်သူထောင်ချီသေဆုံး၍ ပြည်သူအများအပြားမှာလ်း ပြိုကျနေသောအဆောက်အုံပျက်များအောက်တွင် ပိတ်မိ၊ပိနေသည်ကို အပြင်မထုတ်နိုင်သေးသော်လည်းစစ်ကောင်စီက ယခုနှစ်သင်္ကြန်ပွဲတော်ကိုကျင်းပသွားမည်ဟုထုတ်ပြန်သည်။ နေပြည်တော်တွင် ဧပြီ ၁ ရက်နေ့တွင်ပြုလုပ်သည့် ငလျင်ပြန်လည်ထူထောင်ရေးအလှူငွေပေးအပ်ပွဲတွင်အာဏာသိမ်း ခေါင်းဆောင်က အချို့သောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် လက်ရှိအခြေအနေတွင် တိုက်ပွဲဖော်ဆောင်ခြင်းများမရှိသော်လည်း တိုက်ခိုက်မှုများလုပ်ဆောင်ရန်အတွက် စုဖွဲ့ခြင်း၊ လေ့ကျင့်ပြင်ဆင်ခြင်းများလုပ်ဆောင် နေကြသည်ကို စစ်ကောင်စီက သိရှိပြီးဖြစ်ပြီး ထိုသို့ဆောင်ရွက်နေခြင်းသည် တိုက် ခိုက် ခြင်းပင်ဖြစ်သဖြင့်စစ်တပ် အနေဖြင့်လိုအပ်သည့် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ကို ဆက် လက်ဆောင်ရွက်သွားမည်ဟုပြောဆိုခဲ့ခြင်းဖြစ်သည်။…
-
မန္တလေးမြို့ပေါ်တွင် ပြည်သူများ ညအချိန် လမ်းမများ၌ ဖြစ်သလို အိပ်စက်နေရပြီး စစ်ကောင်စီ၏ ထောက်ပံ့မှုများ လုံးဝ မရရှိသေး
မန္တလေးမြို့ပေါ်တွင် ပြည်သူများ ညအချိန် လမ်းမများ၌ ဖြစ်သလို အိပ်စက်နေရပြီး စစ်ကောင်စီ၏ ထောက်ပံ့မှုများ လုံးဝ မရရှိသေး ရန်ကုန်၊ ဧပြီ ၂ မန္တလေးမြို့ပေါ်တွင် ပြည်သူများ ညအချိန် လမ်းမများ၌ ဖြစ်သလို အိပ်စက်နေရပြီး စစ်ကောင်စီ၏ ထောက်ပံ့မှုများ လုံးဝ မရရှိသေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်၏ နောက်ဆက်တွဲအဖြစ် မန္တလေးမြို့ပေါ်တွင် နေ့စဉ် ငလျင်များ ဆက်တိုက် လှုပ်ခတ်နေခြင်းကြောင့် ပြည်သူများသည် ညအချိန်တွင် နေအိမ်များ၌ အိပ်စက်ရဲခြင်းမရှိတော့ဘဲ လမ်းမတွင်သာ ဖြစ်သလို အိပ်စက်နေရခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ လမ်းမများပေါ်တွင် ဖြစ်သလို အိပ်စက်နေရခြင်းကြောင့် ခြင်ပေါများပြီး ခြင်ထောင်များ အရေးပေါ်လိုအပ်နေကာ သက်ကြီးရွယ်အိုများနှင့်…
-
မုန်တိုင်းဖြစ်လာနိုင်ချေရှိပြီးမြေကျွံခြင်းအပေါ် သက်ရောက်မှုရှိလာနိုင်
မုန်တိုင်းဖြစ်လာနိုင်ချေရှိပြီးမြေကျွံခြင်းအပေါ် သက်ရောက်မှုရှိလာနိုင် ဧပြီ ၁ လာမယ့် သုံးရက်အတွင်း မုန်တိုင်းဖြစ်ပေါ်လာနိုင် ချေရှိတယ်လို့ မိုးဇလပညာရှင်ဦးဝင်းနိုင်က နိုင်ငံတ ကာ မိုးလေဝသဌာနတွေနဲ့ ဂြိုလ်တုတွေရဲ့ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပြီးခန့်မှန်းပြောကြားထားပါတယ်။ မြန်မာနိုင်ငံအတွက် မိုးလေဝသ ခန့်မှန်းချက်တွေ ထုတ်ပေးနေတဲ့ မိုးဇလကျွမ်းကျင်သူဦးဝင်းနိုင်ကမုန်တိုင်းကြောင်း မိုးရွာသွန်းလာခဲ့ရင် Liquefaction ဆိုတဲ့ မြေအောက်ရေတိုးခြင်း သက်ရောက်မှုရှိလာမှာ ဖြစ်ပြီး ငလျင်လှုပ်ထားတာကြောင့် ပျက်ယွင်းနေတဲ့ မြေအနေအထား တွေကြောင့် မြေကျွံခြင်းတွေ ရှိလာနိုင်တယ်လို့သတိပေးထားတာပါ။ မြေအောက်ရေတိုးလာပြီး Liquefaction ဖြစ်လာရင် မြေတွေကျွံ့ကျသွားနိုင်တယ်။ ဒါကြောင့် မုန် တိုင်းဟာ အရေးတကြီးစောင့်ကြည့်ရမယ့် အနေအ ထားဖြစ်တယ် လို့ ဦးဝင်းနိုင်က ဆိုပါတယ်။ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနေရာတချို့မှာ မြေကြီးထဲက ရေတွေ ပန်းထွက်လာတာ၊ နုန်းရေတွေပန်းထွက် လျှံထွက်တာတွေရှိနေတာဖြစ်ပါတယ်။…
-
“ငလျင်အပြီး မဟာမြတ်မုနိဘုရားကြီးမှာ”
“ငလျင်အပြီး မဟာမြတ်မုနိဘုရားကြီးမှာ” ဟာာာ အပေါ်က အမိုးမပြိုကျဘဲ (မဟာမြတ်မုနိဘုရားကြီး) မကိုဋ်တော်ကြီး စောင်းသွားတယ် ပြောရမဲ့စကားတွေ ဆွံ့အကုန်ပီ