Author: admin
-
ငလျင်ကြောင့် သေဆုံးသူအလောင်းများ ကိုင်တွယ်သည့် ကယ်ဆယ်ရေးသမားတချို့ ခန္ဓာကိုယ်အနှံ့ အနီစက်ထွက်
ငလျင်ကြောင့် သေဆုံးသူအလောင်းများ ကိုင်တွယ်သည့် ကယ်ဆယ်ရေးသမားတချို့ ခန္ဓာကိုယ်အနှံ့ အနီစက်ထွက် သံလွင်ခက် ဧပြီ ၈၊ ၂၀၂၅။ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနှင့် စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူရုပ်အလောင်းများအား သယ်ဆောင်သည့် ကယ်ဆယ်ရေးသမားတချို့ ခန္ဓာကိုယ်အနှံ့ အနီစက်ထွက်နေသည်ဟု ကယ်ဆယ်ရေးသမားများထံမှ သိရသည်။ ယခုလိုဖြစ်ရခြင်းသည် ကယ်ဆယ်ရေးသမားများက လုံခြုံရေးဝတ်စုံအပြည့်ဝတ်သော်လည်း အနီစက်များ မထွက်လာခင်အချိန်အထိ ဆေးရုံသုံးလက်အိတ်အဖြူဖြင့် အလောင်းကိုင်တွယ်ခြင်း၊ အလောင်းကိုင်ပြီးပြီးချင်း သန့်ရှင်းရေး သေချာမလုပ်နိုင်ခြင်း၊ ပိုးသတ်ဆေးမဖြန်းရခြင်းကြောင့် ဖြစ်နိုင်သည်ဟု မြေပြင်လုံခြုံရေးသမားတစ်ဦးက ဆိုသည်။ ၎င်းက “Dead body အရည်နဲ့ ထိပါများတော့ ဒီလိုမျိုးတွေဖြစ်တော့ လက်အိတ်အရှည်ကြီးတွေ လုံးဝ အရမ်းကောင်းတဲ့အိတ် တံတောင်ဆစ်လောက်ရှိတဲ့ လက်အိတ်ကြီးကို ကျွန်တော်တို့ သုံးလာတယ်။ အလောင်းသယ်လာတဲ့သူကို ကျွန်တော်တို့ ကလိုရင်းဆေးရည် (ပိုးသတ်ဆေး)နဲ့ တစ်ကိုယ်လုံးဖြန်းပါတယ်။ စိုရွှဲနေအောင်…
-
ပြည်ပရောက် ကျောင်းသားများနှင့် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာသေးပါက လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀ ပေးရမည်ဟု လှိုင်သာယာ FMI City အုပ်ချုပ်ရေးမှူးက တောင်းခံနေ
ပြည်ပရောက် ကျောင်းသားများနှင့် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာသေးပါက လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀ ပေးရမည်ဟု လှိုင်သာယာ FMI City အုပ်ချုပ်ရေးမှူးက တောင်းခံနေ ရန်ကုန်၊ ဧပြီ ၉ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၄ ရပ်ကွက် (FMI City) အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးက ပြည်ပတွင် ကျောင်းတက်၊ အလုပ်လုပ်ကိုင်နေသော လူငယ်များကို စစ်မှုထမ်းရန် မဖြစ်မနေ ပြန်လာရမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် သိန်း ၅၀ တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလပိုင်းမှ စတင်၍ စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လှိုင်သာယာမြို့နယ် အမှတ် ၄ ရပ်ကွက် (FMI…
-
စစ်ကောင်စီ၏ ယာယီအပစ်ရပ်မည်ကြေညာချက်မှာ ငလျင်ဘေးအကြောင်းပြပြီး နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ်မှုဟု မန္တလေး PDF ထုတ်ပြန်
စစ်ကောင်စီ၏ ယာယီအပစ်ရပ်မည်ကြေညာချက်မှာ ငလျင်ဘေးအကြောင်းပြပြီး နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ်မှုဟု မန္တလေး PDF ထုတ်ပြန် ဧပြီ ၈၊၂၀၂၅။တေဇ၊ရဲခေါင်/People’s Spring စစ်ကောင်စီ၏ ယာယီအပစ်ရပ်စဲမည်ဟူသောကြေညာချက်သည် ငလျင်ဘေးအကြောင်းပြုကာ ပြည် သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ်မှုဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY PDFက ယနေ့(ဧပြီ ၈ရက်)တွင် ထုတ်ပြန်သည်။ စစ်ကောင်စီက ဧပြီ ၂ ရက်မှ ဧပြီ ၂၂ရက်အထိ ယာယီအပစ်အခတ်ရပ်စဲမည်ဟု ကြေညာခဲ့သည်ကို တွေ့ရှိရသော်လည်း လက်တွေ့မြေပြင်တွင်မူ အပစ်အခတ်ရပ်စဲကြောင်းထုတ်ပြန်ပြီးနောက် အချိန်နာရီမျှ မခြားဘဲ အရပ်သား ပြည်သူများနေထိုင်ရာမြို့ရွာဒေသများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း အသိပေးသည်။ ထိုအပြင် စဉ့်ကူးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ၊မတ္တရာမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ၊ သပိတ်ကျင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်၊မိုးကုတ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု…
-
တောင်ငူမြို့၊ သမိုင်းဝင် နန်းတော်ဦး လောကမာရဇိန် စေတီတော်သို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ဖိနပ်စီး တက်ရောက်ခဲ့မှု စစ်ရုံးပြန်ကြားရေးမှတ်ချက်ကြောင့် ပြည်သူများ သိခွင့်ရ
တောင်ငူမြို့၊ သမိုင်းဝင် နန်းတော်ဦး လောကမာရဇိန် စေတီတော်သို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ဖိနပ်စီး တက်ရောက်ခဲ့မှု စစ်ရုံးပြန်ကြားရေးမှတ်ချက်ကြောင့် ပြည်သူများ သိခွင့်ရ ရန်ကုန်၊ ဧပြီ ၉ . ပဲခူးတိုင်း၊ တောင်ငူမြို့၊ သမိုင်းဝင် နန်းတော်ဦး လောကမာရဇိန်စေတီတော်သို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ဖိနပ်စီး တက်ရောက်ခဲ့မှုကို စစ်ရုံး၏ပြန်ကြားရေး Website တွင် မှတ်ချက်ဖြင့် တကွ ဖော်ပြခဲ့သဖြင့် ပြည်သူများ သိရှိခွင့်ရရှိခဲ့ကြသည်။ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ငလျင်ဒဏ်သင့်သော ပဲခူးတိုင်းသို့ သွားရောက် စစ်ဆေးခဲ့ရာတွင် တောင်ငူမြို့တွင် တည်ထားသော သမိုင်းဝင် နန်းတော်ဦး လောကမာရဇိန်စေတီတော်သို့ ဖိနပ်စီး၍ တက်ရောက်ခဲ့ကြောင်း စစ်တပ်၏ ပြန် ကြားရေး Website တွင် မှတ်ချက်ပုံစံဖြင့် သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ စစ်ရုံး၏…
-
စစ်တပ်ကလွဲရင် KIA ၊ TNLA ၊ AA နှင့် KNDF/KNPP တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းမရှိဘဲ တိုက်ခိုက်မှုများ ဆက်လုပ်နေဟု အကြမ်းဖက် ဇော်မင်းထွန်း ဆက်ပြောပြန်
စစ်တပ်ကလွဲရင် KIA ၊ TNLA ၊ AA နှင့် KNDF/KNPP တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းမရှိဘဲ တိုက်ခိုက်မှုများ ဆက်လုပ်နေဟု အကြမ်းဖက် ဇော်မင်းထွန်း ဆက်ပြောပြန် ရန်ကုန်၊ ဧပြီ ၈ စစ်တပ်ကလွဲရင် KIA ၊ TNLA ၊ AA နှင့် KNDF/KNPP တို့အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းမရှိဘဲ တိုက် ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ဆက်လက်ပြောဆိုနေပြန်ပါတယ်။ စစ်တပ်အနေနဲ့ ငလျင်ဒဏ်ကူညီရေးနဲ့ ကယ်ဆယ်ရေးအတွက် ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့ အထိ ရက် ၂၀ အကြာ အပစ်ရပ်ထားပေမယ့်လည်း တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ တိုက်ခိုက်မှုတွေကို ဆက်လုပ်နေတယ်လို့…
-
အင်းတော်မြို့မှနေ၍ စစ်ကောင်စီ၏ ရှေ့တန်းတပ်မဌာနချုပ် တပ်မ ၇၇ တပ်မမှူး ဦးဆောင်သည့်အဖွဲ့ ထွက်ပြေးသွားပြီး မြို့ကို အပြီးသတ်သိမ်းဆည်းရရှိ ဟု NUG ထုတ်ပြန်
အင်းတော်မြို့မှနေ၍ စစ်ကောင်စီ၏ ရှေ့တန်းတပ်မဌာနချုပ် တပ်မ ၇၇ တပ်မမှူး ဦးဆောင်သည့်အဖွဲ့ ထွက်ပြေးသွားပြီး မြို့ကို အပြီးသတ်သိမ်းဆည်းရရှိ ဟု NUG ထုတ်ပြန် ဧရာဝတီတိုင်းမ် ဧပြီ ၈ရက် စစ်ကိုင်းတိုင်း၊ ကသာခရိုင်ရှိ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ပြီး မြို့ကို အပြီးသတ်သိမ်းယူခဲ့ရာ စစ်ကောင်စီ၏ တပ်မမှူးဦးဆောင်သည့်အဖွဲ့များ ထွက်ပြေးသွားကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့် အင်းတော် မြို့သိမ်းတိုက်ပွဲကို ရှစ်လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်နေ့၊ ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်ကြောင်း MOD က ထုတ်ပြန်သည်။ အင်းတော်မြို့သိမ်းစစ်ဆင်ရေးသည် ရက်ရှည်တိုက်ပွဲတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့…
-
အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၄၀ ကျော်နှင့် ၁၂၀ မမ ၊ ၁၂၂ မမ အမြောက်လက်နက်ကြီးများ အပါ အဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၄၀ ကျော်နှင့် ၁၂၀ မမ ၊ ၁၂၂ မမ အမြောက်လက်နက်ကြီးများ အပါ အဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ ရန်ကုန်၊ ဧပြီ ၈ စစ်ကိုင်းတိုင်းဒေသကြီး ၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၄၀ ကျော်နှင့် ၁၂၀ မမ ၊ ၁၂၂ မမ အမြောက်လက်နက်ကြီးများ အပါ အဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေး တပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက် တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ “စစ်သုံ့ပန်း…
-
၈ လနီးပါး ကြာမြင့်ခဲ့သော အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၄၀ ကျော်နှင့် အမြောက်လက်နက်ကြီးများ အပါ အဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)
၈ လနီးပါး ကြာမြင့်ခဲ့သော အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၄၀ ကျော်နှင့် အမြောက်လက်နက်ကြီးများ အပါ အဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ) ရန်ကုန်၊ ဧပြီ ၈ စစ်ကိုင်းတိုင်းဒေသကြီး ၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၄၀ ကျော်နှင့် ၁၂၀ မမ ၊ ၁၂၂ မမ အမြောက်လက်နက်ကြီးများ အပါ အဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေး တပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက် တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ “စစ်သုံ့ပန်း ၄၀…
-
စစ်ကိုင်းငလျင်ကြောင့် အင်း၀မြို့ဟောင်း၏ ရေနန်းဆောင် တွေ့ရှိရဟု စစ်ကောင်စီက သတင်းထုတ်ပြန်
စစ်ကိုင်းငလျင်ကြောင့် အင်း၀မြို့ဟောင်း၏ ရေနန်းဆောင် တွေ့ရှိရဟု စစ်ကောင်စီက သတင်းထုတ်ပြန် ရန်ကုန်၊ ဧပြီ ၈ စစ်ကိုင်းငလျင်ကြောင့် ရတနာပူရ အင်း၀မြို့ဟောင်း၏ ရေနန်းဆောင်တစ်ခုကို တွေ့ရှိရကြောင်း စစ်ကောင်စီ၏ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရတနာပူရ အင်းဝမြို့ဟောင်း စည်သူပုံ မြို့ရိုး၏ အပြင်ဘက် အရှေ့ မြောက်ထောင့်တွင် ကုန်းဘောင်ခေတ်ဦး ဆင်ဖြူရှင်မင်းနှင့် စစ်ကိုင်းမင်းတို့လက်ထက် တည်ဆောက်ခဲ့သည့် ရေနန်းတော်ဆိုသည်မှာ လက်ဝဲနော်ရထာ အမတ်၏ ပုရပိုက်ပုံတွင် တွေ့ရှိရကြောင်း၊ ယခုတွေ့ရှိရသည့် အဆောက် အအုံ၏ တောင်ဘက်ရှိ သရက်ကင်းလှေကား အစိတ်အပိုင်းများကို ၂၀၀၉ ခုနှစ်တွင် ဒေသခံများ အုတ်ဖုတ်လုပ် ငန်း ဆောင်ရွက်ရာမှ စတင်တွေ့ရှိခဲ့သဖြင့် ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားရှိခဲ့ပြီး မတ်လ…
-
မန္တလေးစကိုင်းဗီလာတွင် အလောင်း ၁၄ လောင်း တစ်ရက်တည်း တွေ့ရှိရပြီး ကလေးနှင့်မိခင်အလောင်းများ ပါဝင်နေ
မန္တလေးစကိုင်းဗီလာတွင် အလောင်း ၁၄ လောင်း တစ်ရက်တည်း တွေ့ရှိရပြီး ကလေးနှင့်မိခင်အလောင်းများ ပါဝင်နေ ရန်ကုန်၊ ဧပြီ ၈ မန္တလေးစကိုင်းဗီလာတွင် အလောင်း ၁၄ လောင်း တစ်ရက်တည်းတွေ့ရှိရပြီး ကလေးနှင့်မိခင်အလောင်းများ ပါ ဝင်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် မိသားစုဝင်များ ပျောက်ဆုံးနေ၍ သွားရောက်စောင့် ကြည့်နေသူတချို့၏ ပြောဆိုချက်အရ သိရှိရသည်။ ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ပြိုကျနေသည့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ စကိုင်းဗီလာကွန်ဒိုအပျက်အစီးများအကြားတွင် ရှာဖွေရေးများ ဆက်လက် ဆောင်ရွက်ခဲ့ရာ ကလေးနှင့်မိခင်အလောင်းများ အပါအဝင် အလောင်း ၁၄ လောင်းကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။ “ကလေးနဲ့ မိခင်တွေလို့ ယူဆရပါတယ်။ အမျိုးသမီးအလောင်းတွေနဲ့ ကလေးအလောင်းတွေ တွေ့ရတယ်။ အလောင်း တွေကတော့ အင်မတန်မှ ပျက်စီးနေပါပြီ။…