ဓနုတပ် DPLAကို TNLA လက်နက်တပ်ဆင်ပေး

by

in

ဓနုတပ် DPLAကို TNLA လက်နက်တပ်ဆင်ပေး
ဇွန်-၂၄၊ ၂၀၂၅။ People’s Spring

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)ရဲ့ အပတ်စဉ်(၆)စစ်သင်တန်းဆင်းပွဲကို ဇွန်လ ၂၁ရက်က ပြုလုပ်ခဲ့ရာ တအာင်းတပ်မတော်(TNLA)က လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ DPLF/DPLA)ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။
ဓနုဒေသအတွင်းရှိ ပြည်သူလူထုတွေ ကာကွယ်နိုင်ဖို့ ၊ ရန်သူကို အမြဲသတိထားတတ်‌စေဖို့နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိ‌စေဖို့တို့ကို အဓိကထားပြီး အချိန်ကာလ သုံးလကျော်ကြာ စစ်သင်တန်းပေးခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)က ထုတ်ပြန်ပါတယ်။
အဲဒီအခမ်းအနားကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF/DPLA ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ဓနု‌ဒေသအတွင်းက ပြည်သူလူထုကို သစ္စာရှိရှိနဲ့ ကာကွယ်သွားကြဖို့၊ အမိန့်နာခံတတ်စေဖို့နဲ့ ဘယ်လိုအခြေနေမှာဖြစ်စေ စိတ်ဓာတ်မကျဘဲ စစ်အာဏာရှင်ကို တိုက်ထုတ်သွားကြဖို့ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓနုတပ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းက ကျောက်ဂူဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုဒေသတွေမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ တပ်ဖြစ်ပါတယ်။
လတ်တလော နောင်ချိုဒေသမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
(ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) အပတ်စဉ်(၆)စစ်သင်တန်းဆင်းပွဲကို တွေ့ရစဉ်။ ဓာတ်ပုံ − ထွန်းထွန်းနိုင်)