စစ်ကောင်စီက လိုင်စင်မဲ့ကားများကို စီမံချက်ဖြင့် ဖမ်းဆီးနေခြင်းကြောင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်တွင် မြန်မာဘက်သို့ ပို့မည့် ဂျပန်ကားဟောင်းများ စုပုံနေ

by

in

စစ်ကောင်စီက လိုင်စင်မဲ့ကားများကို စီမံချက်ဖြင့် ဖမ်းဆီးနေခြင်းကြောင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်တွင် မြန်မာဘက်သို့ ပို့မည့် ဂျပန်ကားဟောင်းများ စုပုံနေ
ရန်ကုန်၊ ဇွန် ၂၄

အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် လိုင်စင်မဲ့ကားများကို စီမံချက်ဖြင့် ဖမ်းဆီးနေခြင်းကြောင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်တွင် မြန်မာနိုင်ငံဘက်သို့ ပို့မည် ဂျပန်ကားအဟောင်းများ စုပုံနေကြောင်း Chiang Mai News သတင်းအရ သိရှိရသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်ဖြစ်သော မယ်ဟောင်ဆောင်ဘက်မှ မြန်မာနိုင်ငံအတွင်းသို့ပုံမှန် တင်ပို့နေသော ဂျပန်ကားအဟောင်းများမှာ စစ်ကောင်စီ၏ အဖမ်းအဆီးများကြောင့် ရပ်တန့်သွားကြောင်း၊ မြန်မာဘက်သို့ တင်ပို့မရတော့သဖြင့် ဂျပန်ကားစီးရေ ရာပေါင်းများစွာ နယ်စပ်တွင် စုပုံနေကြောင်း သိရှိရသည်။
ဇွန်လဆန်းပိုင်းမှစတင်၍ မယ်ဟောင်ဆောင်ဘက်မှ မြန်မာနိုင်ငံဘက်သို့ ဂျပန်ကားအဟောင်းများ တင်ပို့မှု ရပ်တန့်သွားခဲ့ပြီး ရာပေါင်းများစွာ စုံပုံနေသော ကားများကြောင့် မယ်ဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူးက ဇွန်လ ၇ ရက်နေ့တွင် သက်ဆိုင်ရာ ထိုင်းအကောက်ခွန်ဌာနမှ တာဝန်ရှိသူများနှင့်အတူ လာရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဂျပန်ကားအဟောင်းများသည် ထိုင်းနိုင်ငံသို့ အတွင်းသို့ ဝင်ရောက်လာပြီးမှ မြန်မာဘက်သို့ တင်ပို့ခြင်းဖြစ်သည့်အတွက် ထိုင်းဘက်သို့ အခွန်ပေးဆောင်ထားခြင်းရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လိုင်စင်မဲ့ဆိုင်ကယ်နှင့်ကားများ စီးနင်းနေမှုများကြောင့် နိုင်ငံတော်အနေဖြင့် အခွန်အခများစွာ နစ်နာသည့်အပြင် လုံခြုံရေး အခက်အခဲများ ဖြစ်ပေါ်နိုင်သည်ဟုဆိုကာ လိုင်စင်မဲ့မော် တော်ယာဉ်နှင့် ဆိုင်ကယ်များ စီးနင်းမှု မရှိစေရေး ဖမ်းဆီးရန် အမိန့်ပေးညွှန်ကြားခဲ့သည်။