-
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရ
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရ ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Operation Flame သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၆ နာရီ ၂၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့် နယ်မြေရဲစခန်းကို Operation Flame အဖွဲ့မှ မြို့ပြ…
-
အာရှလမ်းပိုင်းကို ၁ လအတွင်း ပြန်သိမ်းရန် အောင်ဇေယျစစ်ကြောင်း အင်အားဖြည့်တင်း
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းနဲ့ အောက်ဗိုလ်တဲ့ လမ်းဟောင်းကို ၁ လအတွင်း ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်က အောင်ဇေယျစစ်ကြောင်းကို အင်အားဖြည့်တင်းနေတယ်လို့ မြေပြင် ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အာရှလမ်းနဲ့ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ဒုတိယပတ်ကစတင်ပြီး တကျော့ပြန် ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းဟာ KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ခံထားရတာကြောင့် စစ်ကောင်စီတပ်ဘက်က မြေပြင်လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေပါတယ်။ လက်ရှိမှာ စစ်ကောင်စီက ဘားအံ-ကျုံဒိုး-ကော့ကရိတ်လမ်းအတိုင်း သံချပ်ကာယာဉ်တွေနဲ့အတူ အရပ်သား ယာဉ်တွေကို အသုံးပြုပြီး အင်အား ဖြည့်တင်းနေပါတယ်။ ရှေ့တန်းသတင်းရင်းမြစ်က “အဲလောက်ကြီးမဟုတ်ပါဘူး။ ရှေ့မှာတော့ အကုန်လုံးရှိပါတယ်။ ထိပ်တိုက်တော့ ကောင်းကောင်းမတွေ့သေးဘူး။ ဒါပေမဲ့…
-
ထောက်ကြန့်ရဲစခန်းကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်
ထောက်ကြန့်ရဲစခန်းကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက် သတိုး / People’s Spring ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေရဲစခန်းအား အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက လူထုနွေဦးသို့ပြောသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုနှင့်ပတ်သက်၍ မြေပြင်သို့ ဆက်လက်အတည်ပြုနေဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ယင်းရဲစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ Operation Flame အနေဖြင့် ဆက်လက်၍ ရန်ကုန် တော်လှန်ရေး မဟာမိတ်များဖြင့် ပူးပေါင်းကာ စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။
-
NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ PDF တပ်ရင်းများထံ ဇန်နဝါရီလ ပထမ နှစ်ပတ်အတွင်း စစ်သားနှင့် ရဲ ၂၉ ဦး အလင်းဝင်
NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ PDF တပ်ရင်းများထံ ဇန်နဝါရီလ ပထမ နှစ်ပတ်အတွင်း စစ်သားနှင့် ရဲ ၂၉ ဦး အလင်းဝင် ရန်ကုန်၊ ဇန်နဝါရီ ၁၄ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းများထံ ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း စစ်သားနှင့် ရဲ ၂၉ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဆောမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး ဂန့်ဂေါခရိုင် တပ်ရင်း-၂ ထံ G-3 သေနတ် ၁ လက်၊ 7.62 ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂…
-
မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက် (ရုပ်/သံ)
မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက် (ရုပ်/သံ) ဇန်နဝါရီ ၁၄၊ ၂၀၂၅ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Hero Defence Force အဖွဲ့ထံက သိရပါတယ်။ တိုက်ပွဲ ၄ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်စခန်းအတွင်း ဝင်ရောက်တိုက်ခိုက်ကာ စခန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် လေကြောင်း ပစ်ခတ်မှုနဲ့ စခန်းရှိ ဘန်ကာကို မသိမ်းပိုက်နိုင်ခဲ့မှုကြောင့် ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြားသေပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားခဲ့တယ်လို့ သိရပါတယ်။
-
စစ်ရှိန်မြင့်နေသည့် တောင်သာမြို့နယ်အတွင်း လမ်းပိုင်းများအသုံးပြုမှု ကန့်သတ်
စစ်ရှိန်မြင့်နေသည့် တောင်သာမြို့နယ်အတွင်း လမ်းပိုင်းများအသုံးပြုမှု ကန့်သတ် ရဲခေါင်/People’s Spring စစ်ရှိန်မြင့်နေသည့် မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းနှင့် မြို့နယ်ချင်းစပ် လမ်းပိုင်းများ အသုံးပြုမှုကို ကန့်သတ်ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၄ ရက်)ကစ၍ ထုတ်ပြန်သည်။ တောင်သာ-မြင်းခြံလမ်းပိုင်း၊ တောင်သာ-ဝဲလောင် – ကျောက်ပန်းတောင်းလမ်းပိုင်း၊ တောင်သာ-မလှိုင်လမ်းပိုင်း၊ တောင်သာ-ရုံးစဉ်-မလှိုင်လမ်းပိုင်း၊ တောင်သာ-နွားထိုးကြီးလမ်းပိုင်းတို့အပြင် မြို့နယ်အတွင်း ကျေးရွာချင်းဆက် လမ်းပိုင်းများအားလုံး ပါဝင်သည်ဟု ဆိုသည်။ “စစ်ရေးကြိုတင်ပြင်ဆင်တာပါသလို ဒီကာလမှာ စခတွေက အယောင်ဖျောက်ပြီး ပြည်သူ့ကားတွေ နဲ့ ကုန်တင်ကားတွေ၊Faw ကားတွေ အသုံးပြုတာကိုဟန့်တာ ချင်လို့ပါ”ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ ကန့်သတ်မှုအရ ယာဉ်များအားလုံး ညနေ ၆ နာရီမှ နံနက်၆ နာရီ အတွင်း လုံးဝမောင်းနှင်အသုံးပြုခြင်း မပြုလုပ်ရန်နှင့် အရေးပေါ်ကျန်းမာရေးအခြေအနေအရ…
-
စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားတွင် စစ်ကောင်စီက ဘေးကင်းရန်ကင်း အောင်နိုင်ရေး ယတြာချေ
စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားတွင် စစ်ကောင်စီက ဘေးကင်းရန်ကင်း အောင်နိုင်ရေး ယတြာချေ ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရခိုင်ပြည်၊ စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားတွင် စစ်ကောင်စီက ဘေးရန်အပေါင်းကို အောင်နိုင်ရေး ယတြာချေမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်တွေ ဝန်ထမ်း သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်း စစ်တွေမြို့ရှိ ရန်ပြေမာန်ပြေဘုရားတွင် စစ်ကောင်စီ၏ ရခိုင်ပြည် ဝန် ကြီးချုပ် ထိန်လင်း ဦးဆောင်၍ ဘုရားပူဇော်ကန်တော့ပွဲနှင့် အနေကဇာတင်ပူဇော်ပွဲဟု အမည်တပ်ကာ ဘေးကင်း ရန်ကင်း အန္တရာယ်အပေါင်းကို အောင်နိုင်စေမည့် ယတြာချေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ “ဘုရားကြီးပရဝဏ်ပတ်ပတ်လည်မှာ အောင်သပြေစိုက်တယ်။ အောင်သပြေနဲ့ နံ့သာဖြန်းတယ်။ အောင်မင်္ဂလာ ကုသိုလ်ပြုတယ်။ အောင်နမိတ်ဆောင်တဲ့ တေးဂီတွေကို ရခိုင်စည်တော် မင်္ဂလာအဖွဲ့က တီးမှုတ်ပူဇော်ရတယ်။…
-
ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း (ရုပ်/သံ)
ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း (ရုပ်/သံ) ဇန်နဝါရီ ၁၄၊ ၂၀၂၅ ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း မှတ်တမ်းရုပ်သံကို အမှတ် -၁၂၂၂ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်တစ်ခုဖြစ်သလို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က မွေးထုတ်ပေးခဲ့တဲ့ တပ်ဖြစ်ပြီး One Two Tri ၊ အမှတ် -၁၂၂၂ တပ်ရင်း ၊ ထွိုင်ရဲဘော်တစ်ဦးချင်းစီရဲ့ ကြိုးပမ်းတည်ထောင်မှုကြောင့် ပေါ်ပေါက်လာတဲ့ ဗျူဟာ ဖြစ်ပါတယ်။ ရှမ်းမြောက်စစ်ဆင်ရေးအတွင်း မိုးကုတ်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့သိမ်းစစ်ဆင်ရေးတွေကို မဟာမိတ် TNLA၊ စစ်ဒေသ (၁) ကွပ်ကဲတဲ့ တပ်ရင်းတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ် ရင်းတွေ၊…
-
မံစီမြို့သိမ်းတိုက်ပွဲမှထွက်ပြေးသည့် စစ်ကောင်စီတပ်အင်အား ၃၀၀ကျော်အနက် ၁၀၀ကျော်သာ ဗန်းမော်သို့ ပူးပေါင်းနိုင်ဟုဆို
မံစီမြို့သိမ်းတိုက်ပွဲမှထွက်ပြေးသည့် စစ်ကောင်စီတပ်အင်အား ၃၀၀ကျော်အနက် ၁၀၀ကျော်သာ ဗန်းမော်သို့ ပူးပေါင်းနိုင်ဟုဆို ဟန်နွေ/People’s Spring ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါ တပ်စခန်းများမှ စစ်ကောင်စီတပ်သားများ ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးသွား၍ KIAပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဇန်နဝါရီ ၈ရက်တွင် စစ်ကောင်စီ၏ မံစီမြို့အခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ(၃၁၉)၊ ခမရ(၆၀၁)နှင့် အမတ(၃၅၂)တို့ကို KIA/KPDFနှင့် ABSDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀၀ ကျော်မှာ မံစီမှ ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ထွက်ပြေးသည့် စစ်ကောင်စီတပ်များအား KIA ပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ ဇန်နဝါရီ ၉ရက်မှ ဇန်နဝါရီ ၁၂ရက်အတွင်း…
-
AA နှင့်တော်လှန်ရေးတပ်များကို ကြောက်လန့်၍ ချောင်းသာနှင့်ငွေဆောင်တွင် စစ်တပ်က အင်အားတိုးမြှင့်ပြီး စစ်သင်္ဘောတချို့ ကင်းလှည့်၊ လမ်းခရီးနှင့်ဂိတ်များတွင် မှတ်ပုံတင်၊ လက်ကိုင်ဖုန်းများကို တင်းကျပ်စွာ စစ်ဆေးနေ
AA နှင့်တော်လှန်ရေးတပ်များကို ကြောက်လန့်၍ ချောင်းသာနှင့်ငွေဆောင်တွင် စစ်တပ်က အင်အားတိုးမြှင့်ပြီး စစ်သင်္ဘောတချို့ ကင်းလှည့်၊ လမ်းခရီးနှင့်ဂိတ်များတွင် မှတ်ပုံတင်၊ လက်ကိုင်ဖုန်းများကို တင်းကျပ်စွာ စစ်ဆေးနေ ရန်ကုန်| ဇန်နဝါရီ ၁၄ ရခိုင်ပြည် ဂွမြို့နှင့်နီးသည့် ဧရာဝတီတိုင်းထဲက မကျီးဇင်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ရွှေသောင်ယံ၊ ငွေဆောင်နှင့်ချောင်းသာဘက်များတွင် စစ်အင်အားတိုးမြှင့်ချထားသည့်အပြင် လမ်းခရီးနှင့် ဂိတ်များတွင် တင်းကျပ်စွာ စစ်ဆေးနေကြောင်း၊ စစ်သင်္ဘောတချို့ကလည်း ငွေဆောင်နှင့်ချောင်းသာ တကြောတွင် ကင်းလှည့်နေကြောင်း၊ လေယာဉ်များဖြင့်လည်း မကြာခဏ ပျံဝဲ လှည့်လည်နေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ လတ်တလော အာဏာသိမ်း စစ်ကောင်စီသည် ချောင်းသာမြို့တွင် အထိုင်တပ်စခန်း ၂ ခု ထပ်မံ တိုးချဲ့ တပ်စွဲထားကြောင်း ပုသိမ်သတင်းရင်းမြစ်က ပြောသည်။ “အခုတလော ငွေဆောင်နဲ့ ချောင်းသာဘက်ကို စစ်သင်္ဘောတွေ လှည့်တယ်။…