ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း (ရုပ်/သံ)

by

in

ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း (ရုပ်/သံ)
ဇန်နဝါရီ ၁၄၊ ၂၀၂၅

ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း မှတ်တမ်းရုပ်သံကို အမှတ် -၁၂၂၂ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်တစ်ခုဖြစ်သလို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က မွေးထုတ်ပေးခဲ့တဲ့ တပ်ဖြစ်ပြီး One Two Tri ၊ အမှတ် -၁၂၂၂ တပ်ရင်း ၊ ထွိုင်ရဲဘော်တစ်ဦးချင်းစီရဲ့ ကြိုးပမ်းတည်ထောင်မှုကြောင့် ပေါ်ပေါက်လာတဲ့ ဗျူဟာ ဖြစ်ပါတယ်။
ရှမ်းမြောက်စစ်ဆင်ရေးအတွင်း မိုးကုတ်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့သိမ်းစစ်ဆင်ရေးတွေကို မဟာမိတ် TNLA၊ စစ်ဒေသ (၁) ကွပ်ကဲတဲ့ တပ်ရင်းတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ် ရင်းတွေ၊ မြို့နယ်ပကဖအဖွဲ့တွေနဲ့ စည်းလုံးညီညွတ်စွာ စစ်ရေးတွေ ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ ဟာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ် ပြုတ်ကျတဲ့အထိ အစွမ်းကုန်တိုက်ပွဲဖြစ်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

TNLA မှာ စစ်ပညာသင်၊ TNLA က မွေးထုတ်ပေးလိုက်တဲ့ PDF “TRI”ဗျူဟာ လက်နက်တပ်ဆင်ပွဲ ကျင်းပ၊
ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁၄
Photo – Min Khant Kyaw

ပြည်သူ့ကာကွယ်ရေးတပ်မတော် “TRIဗျူဟာ” သင်တန်းဆင်းပွဲ၊ လက်နက်တပ်ဆင်ပွဲနဲ့ တပ်အပ်ပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တယ်လို့ TRIဗျူဟာ က ထုတ်ပြန်ပါတယ်။
“ပြည်သူ့ကာကွယ်ရေးတပ်မတော် “TRIဗျူဟာ” သည် “ပြည်သူ ၊ တော်လှန်ရေး၊ စစ်စည်းကမ်းကျင့်ဝတ်” ဟူသော အဓိက မဏ္ဍိုင် (၃)ရပ်ကို အလေးထား မျက်နှာမူသော တပ်ဖြစ်ပြီး One Two Tri ၊ အမှတ် ၁၂၂၂ တပ်ရင်း၊ ထွိုင်ရဲဘော်များ တစ်ဦးချင်းစီ၏ ကြိုးပမ်းတည်ထောင်မှုကြောင့် ပေါ်ပေါက်လာသော ဗျူဟာ ဖြစ်သည်။ ပြည်သူ့ ကာကွယ်ရေး တပ်မတော် “TRIဗျူဟာ”သည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိ တပ်တစ်ခု ဖြစ်ပြီး စစ်ပညာရပ်များကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ထံမှ သင်ယူခဲ့သော၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က မွေးထုတ်ပေးခဲ့သော တပ် ဖြစ်သည်။ ရှမ်းမြောက် မိုးကုတ် မြို့သိမ်းစစ်ဆင်ရေး၊ စဉ့်ကူးမြို့သိမ်း စစ်ဆင်ရေးနှင့် သပိတ်ကျင်း စစ်ဆင်ရေးတို့တွင် မဟာမိတ် TNLAတပ်များ၊ စစ်ဒေသ(၁)က ကွပ်ကဲ‌‌သော တပ်ရင်းများ၊ ကာကွယ်ရေး ဝန်ကြီးဌာန အောက်ရှိ တပ်ရင်းများ ၊ မြို့နယ်ပကဖ အဖွဲ့များနှင့် စည်းလုံးညီညွတ်‌စွာ စစ်ရေးဖော်ဆောင်ခဲ့သည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် “TRI ဗျူဟာ”သည် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ အုပ်စုတစ်ခုလုံး ပြုတ်ကျသွားသည်အထိ အစွမ်းကုန် တိုက်ခိုက်သွားမည့် တပ် ဖြစ်သည်” လို့ TRIဗျူဟာ က ဖော်ပြပါတယ်။