-
မြစ်ကြီးနားလေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို တော်လှန်ရေးတပ်များက အပြီးသတ် ထိုးစစ်ဆင်နေ
မြစ်ကြီးနားလေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို တော်လှန်ရေးတပ်များက အပြီးသတ် ထိုးစစ်ဆင်နေ ရန်ကုန်၊ ဇန်နဝါရီ ၂၄ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်အတွင်းသို့ KIA ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေတပ်ဝင်းအတွင်းသို့ KIA က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံးသည် လေတပ်ဝင်းအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့သော်လည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။ “ဟုတ်တယ်။ မြစ်ကြီးနား လေတပ် ကို ငါတို့လက်နက်ကြီးနဲ့ပစ်တာပါ” ဟု KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မြစ်ကြီးနားလေတပ်မှာ KIA…
-
ဗန်းမော်မြို့ရှိ စစ်ကောင်စီ သံချပ်ကာတပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်၊ သံချပ်ကာယာဉ် ၄စီး ရဟုဆို
ဗန်းမော်မြို့ရှိ စစ်ကောင်စီ သံချပ်ကာတပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်၊ သံချပ်ကာယာဉ် ၄စီး ရဟုဆို ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်လျက်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ယနေ့(ဇန်နဝါရီ ၂၄ရက်)တွင် စစ်ကောင်စီ၏ ဗန်းမော်အခြေစိုက် သံချပ်ကာ တပ်ရင်းသိမ်းပိုက်ရာ သံချပ်ကာယာဉ် ၄စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ KIAနှင့် မဟာမိတ်တပ်များသည် ယနေ့တွင် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။ “ဗန်းမော် သံချပ်ကာ တပ်ရင်းသိမ်းပိုက်။ သံချပ်ကာ တင့်ကား ၄စီး သိမ်းဆည်းရရှိထား” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။ ယင်းနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းရာ သံချပ်ကာတပ်ကို ဝင်စီးပြီး သံချပ်ကာ…
-
ဆိပ်ဖြူ အခြေစိုက် ငွေစက္ကူရိုက်ထုတ်နေသော ဝါဇီစက်ရုံ အပါအဝင် စစ်တပ်ဂိတ်စခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်မှု စက်ရုံလိုင်းခန်းအဆောက်အအုံများ ထိခိုက်ပျက်စီး
ဆိပ်ဖြူ အခြေစိုက် ငွေစက္ကူရိုက်ထုတ်နေသော ဝါဇီစက်ရုံ အပါအဝင် စစ်တပ်ဂိတ်စခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်မှု စက်ရုံလိုင်းခန်းအဆောက်အအုံများ ထိခိုက်ပျက်စီး ရန်ကုန်၊ ဇန်နဝါရီ ၂၄ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ငွေစက္ကူရိုက်ထုတ်နေသော ဝါဇီစက်ရုံအပါအဝင် စစ်တပ်ဂိတ်စခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဝါဇီစက်ရုံအတွင်းရှိ လိုင်းခန်းအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F) တပ်ဖွဲ့မှ ကိုCyrus က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ကစတင်ပြီး နိုင်ငံ့ငွေတန်ဖိုး ကျဆင်းစေမှုတွင် အဓိက အခန်းကဏ္ဍမှ ပါ၀င်၍ အကြမ်းဖက်စစ်ကောင်စီ ခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေသော ဆိပ်ဖြူ မြို့နယ်အတွင်းရှိ…
-
ကိုယ်ပိုင်သံစဉ်အဆိုတော် မာရဇ္ဇ ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်
ကိုယ်ပိုင်သံစဉ်အဆိုတော် မာရဇ္ဇ ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန် ဆဏ်း /People’s Spring ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ ပရိသတ် အားပေးမှုရရှိထားတဲ့ ဝါရင့်အဆိုတော် မာရဇ္ဇဟာ ကျောက်ကပ်ရောဂါနဲ့ ဗဟိုစည်ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။ “မနေ့ည(ဇန်နဝါရီ ၂၃ရက်) ၁၁ နာရီ ၅ မိနစ်မှာဆုံးသွားတာပါ။ နာရေးကိုတော့ မနက်ဖြန် နေ့လည်ရေဝေးမှာပြုလုပ်မှာပါ” လို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ အဆိုတော်မာရဇ္ဇက မြန်မာအနုပညာလောကမှာ ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ ရပ်တည်နိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးပါ။ ကွယ်လွန်ချိန်မှာ အသက်(၅၈)နှစ်အရွယ်ရှိပြီဖြစ်ပြီး အနုပညာမောင်နှမတွေအပါအဝင် ပရိသတ်တွေက နှမြောရကြောင်း လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။ “ကိုမာကြီးရေ စိတ်မကောင်းဘူးဗျာ ကောင်းရာသုဂတိလားပါစေဗျာ အေးချမ်းပါစေဗျာ” လို့ အဆိုတော် R ဇာနည်က စိတ်မကောင်းကြောင်း ရေးသားထားပါတယ်။ အဆိုတော် မာရဇ္ဇက ဆွဲအား…
-
ဗန်းမော်မြို့အပြီးသတ်သိမ်းနိုင်ရေး KIA ထိုးစစ်အရှိန်ထပ်မံမြှင့်တင်၍ ယနေ့ နံနက် တိုက်ပွဲပြင်းထန်
ဗန်းမော်မြို့အပြီးသတ်သိမ်းနိုင်ရေး KIA ထိုးစစ်အရှိန်ထပ်မံမြှင့်တင်၍ ယနေ့ နံနက် တိုက်ပွဲပြင်းထန် ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင် လွတ်လပ်ရေးတပ်မတော်(KIA) မဟာမိတ် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် အကြား ယနေ့(ဇန်နဝါရီ ၂၄ရက်)နံနက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ KIA ပူးပေါင်းတပ်သည် ၂၀၂၄ ဒီဇင်ဘာ ၄ရက် ကတည်းက ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုးစစ်အရှိန်ကို လိုအပ်လျင်လိုအပ်သလို အရှိန်မြှင့် ဆောင်ရွက် နေခြင်းဖြစ်သည်။ ဇန်နဝါရီ ၆ရက်က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ပွဲအနည်းငယ် ငြိမ်သက်နေရာ ယနေ့ ဇန်နဝါရီ ၂၄ရက် နံနက် ၆နာရီမှစ၍ KIA ပူးပေါင်းတပ်က ထပ်မံ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ” ဒီမနက် ဗန်းမော်မှာတိုက်ပွဲရက်စက်…
-
ငွေစက္ကူထုတ်ဝါဇီစက်ရုံအား တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက် ▪️စစ်ဆင်ရေးအသေးများပြုလုပ်ပြီး အာရုံလွှဲလုပ်ဆောင်ခဲ့ခြင်းဟု မကွေးတိုင်း ပကဖ Droneလက်ရုံးတပ်ဖွဲ့ စစ်ဆင်ရေးတာဝန်ခံ ပြော
ငွေစက္ကူထုတ်ဝါဇီစက်ရုံအား တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက် ▪️စစ်ဆင်ရေးအသေးများပြုလုပ်ပြီး အာရုံလွှဲလုပ်ဆောင်ခဲ့ခြင်းဟု မကွေးတိုင်း ပကဖ Droneလက်ရုံးတပ်ဖွဲ့ စစ်ဆင်ရေးတာဝန်ခံ ပြော ကျော်ဇော/People’s Spring မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဝါဇီဒေသရှိ လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ(လနစ) ခေါ် မြန်မာငွေစက္ကူထုတ်ဝေရေးအလုပ်ရုံ(ဝါဇီ)အား တော်လှန်ရေးပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်း ပကဖ Droneလက်ရုံးတပ်ဖွဲ့ စစ်ဆင်ရေးတာဝန်ခံ ကိုCyrusက ပြောသည်။ ဇန်နဝါရီ ၁၉ရက်က အဆိုပါ ဝါဇီစက်ရုံ ပင်မအဆောက်အဦးအား အချိန် ၂နာရီကြာပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် အခြားစစ်ဆင်ရေးမစ်ရှင်များပြုလုပ်ကာ အာရုံလွှဲပြောင်းပြီး ပြုလုပ်ခဲ့ခြင်းဟု ကိုCyrusက ပြောသည်။ “ဒီဟာလုပ်ဖို့အတွက် အခြားမစ်ရှင်ပွဲအသေးတွေကို အာရုံလွှဲပြီး ပွဲကခဲ့တာ။ ဆိပ်ဖြူနယ်မှာ အခြားနေရာတွေ မစ်ရှင်လုပ်အပြီးမှာ သူတို့အဲဘက်အာရုံရောက်အောင်လုပ်ပြီး ပြင်ဆင်ခဲ့တာ။ နှစ်ပတ်လောက်အချိန်ယူ ပြင်ဆင်ခဲ့တယ်”ဟု မကွေးတိုင်း ပကဖ Droneလက်ရုံးတပ်ဖွဲ့ စစ်ဆင်ရေးတာဝန်ခံ ကိုCyrus…
-
စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ပြီး စစ်မှုမထမ်းသူနှင့် ထွက်ပြေးရန် အားပေးသူများကို ထောင် ဒဏ် ချမှတ်မည့် ပြည်သူ့စစ်ထမ်းနည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာ 🟥စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအားလုံး နည်းဥပဒေအရ စာရင်းသွင်း မှတ်ပုံတင်မည်ဖြစ်ပြီး တရားဝင်ကင်း လွတ်၊ ရွှေ့ဆိုင်း၊ လျှော့ပေါ့ခွင့်မရှိလျှင် မဖြစ်မနေ စစ်မှုထမ်းရမည်
စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ပြီး စစ်မှုမထမ်းသူနှင့် ထွက်ပြေးရန် အားပေးသူများကို ထောင် ဒဏ် ချမှတ်မည့် ပြည်သူ့စစ်ထမ်းနည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာ 🟥စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအားလုံး နည်းဥပဒေအရ စာရင်းသွင်း မှတ်ပုံတင်မည်ဖြစ်ပြီး တရားဝင်ကင်း လွတ်၊ ရွှေ့ဆိုင်း၊ လျှော့ပေါ့ခွင့်မရှိလျှင် မဖြစ်မနေ စစ်မှုထမ်းရမည် ရန်ကုန်၊ ဇန်နဝါရီ ၂၄ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ပြီး ထွက်ပြေးသူ၊ တိမ်းရှောင်သူလူငယ်များနှင့် စစ်ထဲမဝင်စေရေး အားပေးသူများကို ထောင်ဒဏ်ချမှတ်နိုင်သည့် ပြည်သူ့စစ်ထမ်းနည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်သည်။ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး အဆိုပါ နည်းဥပဒေတွင် အခန်း ၁၀ ခန်း ပါဝင်ကာ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့နှင့်…
-
အရာရှိနှင့် စစ်သည်များရှေ့တန်းတွင်ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်နေဟု အာဏာသိမ်းခေါင်းဆောင်ဆို ■ “ကျမ ယောင်္ကျားတိုက်ပွဲကျတာအခုထိ ထောက်ပံ့ကြေးမရသေးဘူး။ သူပြောနေသလို ပျော်ပျော်ကြီးတာဝန်ထမ်းဆောင်နေတာမဟုတ်ဘူး။ ထွက်မပြေးအောင် မိသားစုကို ချိမ်းခြောက်ထားလို့။ရှေ့တန်းရောနောက်တန်းရောဘယ်သူမှပျော်မနေဘူး”-စစ်သားမိသားစုဝင်တစ်ဦး
အရာရှိနှင့် စစ်သည်များရှေ့တန်းတွင်ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်နေဟု အာဏာသိမ်းခေါင်းဆောင်ဆို ■ “ကျမ ယောင်္ကျားတိုက်ပွဲကျတာအခုထိ ထောက်ပံ့ကြေးမရသေးဘူး။ သူပြောနေသလို ပျော်ပျော်ကြီးတာဝန်ထမ်းဆောင်နေတာမဟုတ်ဘူး။ ထွက်မပြေးအောင် မိသားစုကို ချိမ်းခြောက်ထားလို့။ရှေ့တန်းရောနောက်တန်းရောဘယ်သူမှပျော်မနေဘူး”-စစ်သားမိသားစုဝင်တစ်ဦး -ကဖေး/People’s Spring တိုက်ပွဲများတွင် ဗိုလ်ချုပ်အဆင့်များပါ လက် နက်ချအညံ့ခံနေကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထွက်ပြေးနေကြသော်လည်း အာ ဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရာရှိ၊ စစ်သည်များသည်ရှေ့ တန်းစစ်မြေပြင်တွင်ရွပ်ရွပ်ချွံချွံ ထမ်းဆောင်လျက်ရှိကြောင်း စစ်သားနှင့်တပ်မိသားစုဝင်များအား ပြောကြားခဲ့သည်။ ဇန်နဝါရီလ ၂၂ရက်တွင်တောင်ညိုတပ်နယ်ရှိ နယ် မြေခံလေ့ကျင့်ရေးသင်တန်း ကျောင်းနှင့် တောင် ညိုတပ်နယ် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်ရှိ စစ်သားများ၊ ဝန်ထမ်းများ ၊မိသားစုဝင်များနှင့်တွေ့ဆုံစဉ် ၎င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။ အရာရှိ၊ စစ်သည်များအနေဖြင့် ရှေ့တန်း စစ်မြေ ပြင်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင် နေပြီး စစ်တပ်မိသားစုများအနေဖြင့်လည်း မိမိတို့ သက် ဆိုင်ရာတပ်များအလိုက်လိုက်လံနေထိုင်၍…
-
ဗန်းမော်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်လက် ဗုံးကျဲ ခုခံနေ
ဗန်းမော်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်လက် ဗုံးကျဲ ခုခံနေ ရန်ကုန်၊ ဇန်နဝါရီ ၂၃ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်လက် ဗုံးကျဲ ခုခံနေကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဗန်းမော်မြို့တွင် KIA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ ခုခံနေခြင်းဖြစ်ကြောင်း၊ အဆိုပါ ထိတွေ့ တိုက်ပွဲများသည် မွန်းလွဲ ၂ နာရီခန့်တွင် ခေတ္တခဏ ငြိမ်းသတ်သွားကြောင်း…
-
မြန်မာနိုင်ငံမှ ပြည်တွင်းစစ် လူ့အခွင့်အရေးအတွက် ထိပ်တန်းဦးစားပေးအရေးကိစ္စဟု သမ္မတထရမ့် အဆိုပြုထားသော ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပြောဆို
မြန်မာနိုင်ငံမှ ပြည်တွင်းစစ် လူ့အခွင့်အရေးအတွက် ထိပ်တန်းဦးစားပေးအရေးကိစ္စဟု သမ္မတထရမ့် အဆိုပြုထားသော ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပြောဆို ရန်ကုန်၊ ဇန်နဝါရီ ၂၃ မြန်မာနိုင်ငံမှ ပြည်တွင်းစစ်မှာ လူ့အခွင့်အရေးအတွက် ထိပ်တန်းဦးစားပေး အရေးကိစ္စဖြစ်ကြောင်း အမေရိကန် သမ္မတထရမ့် က အဆိုပြုထားသော ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Elise Stefanik က ပြောဆိုလိုက်သည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရှေ့တွင် ကမ္ဘာ့ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး မည်သို့ ကိုင်တွယ်မည်ကို လာရောက်ရှင်းပြစဉ် ၎င်းက မြန်မာ့အရေးကို ထည့်သွင်း ပြောဆိုလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ပြည်တွင်းစစ်သည် လူ့အခွင့်အရေးအတွက် ရပ်တည်ပြောဆိုရာတွင် ထိပ်တန်းဦးစားပေးများတွင် ပါဝင်ရန် လို အပ်ကြောင်း ၎င်းက ပြောသည်။ အမေရိကန် သမ္မတထရမ့်က…