အရာရှိနှင့် စစ်သည်များရှေ့တန်းတွင်ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်နေဟု အာဏာသိမ်းခေါင်းဆောင်ဆို
■ “ကျမ ယောင်္ကျားတိုက်ပွဲကျတာအခုထိ ထောက်ပံ့ကြေးမရသေးဘူး။ သူပြောနေသလို ပျော်ပျော်ကြီးတာဝန်ထမ်းဆောင်နေတာမဟုတ်ဘူး။ ထွက်မပြေးအောင် မိသားစုကို ချိမ်းခြောက်ထားလို့။ရှေ့တန်းရောနောက်တန်းရောဘယ်သူမှပျော်မနေဘူး”-စစ်သားမိသားစုဝင်တစ်ဦး
-ကဖေး/People’s Spring
တိုက်ပွဲများတွင် ဗိုလ်ချုပ်အဆင့်များပါ လက်
နက်ချအညံ့ခံနေကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထွက်ပြေးနေကြသော်လည်း အာ
ဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရာရှိ၊ စစ်သည်များသည်ရှေ့
တန်းစစ်မြေပြင်တွင်ရွပ်ရွပ်ချွံချွံ ထမ်းဆောင်လျက်ရှိကြောင်း စစ်သားနှင့်တပ်မိသားစုဝင်များအား ပြောကြားခဲ့သည်။
ဇန်နဝါရီလ ၂၂ရက်တွင်တောင်ညိုတပ်နယ်ရှိ နယ်
မြေခံလေ့ကျင့်ရေးသင်တန်း ကျောင်းနှင့် တောင်
ညိုတပ်နယ် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်ရှိ စစ်သားများ၊ ဝန်ထမ်းများ ၊မိသားစုဝင်များနှင့်တွေ့ဆုံစဉ် ၎င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။
အရာရှိ၊ စစ်သည်များအနေဖြင့် ရှေ့တန်း စစ်မြေ
ပြင်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင် နေပြီး စစ်တပ်မိသားစုများအနေဖြင့်လည်း မိမိတို့ သက်
ဆိုင်ရာတပ်များအလိုက်လိုက်လံနေထိုင်၍ ပါရမီဖြည့်လျက်ရှိကြကြောင်း ၎င်းကဆိုခဲ့သည်။
ဧရာဝတီတိုင်း ကြံခင်းမြို့မှ စစ်တပ်မိသားစုဝင်တဦးက ” ကျမ ယောင်္ကျားတိုက်ပွဲကျတာအခုထိ ထောက်ပံ့ကြေးမရသေးဘူး။ သူပြောနေသလို ပျော်ပျော်ကြီးတာဝန်ထမ်းဆောင်နေတာမဟုတ်ဘူး။ ထွက်မပြေးအောင် မိသားစုကို ချိမ်းခြောက်ထားလို့။ရှေ့တန်းရောနောက်တန်းရောဘယ်သူမှပျော်မနေဘူး”ဟု ပြောသည်။
စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ်နိုဝင်ဘာလမှ၂၀၂၄ ခုနှစ်ဒီဇင်ဘာလအထိ လက်နက်ချ၊ စစ်သုံ့ပန်း၊ သေဆုံး၊ ပျောက်ဆုံး နှင့် မိမိကိုယ်ကိုသတ်သေခြင်း အပါအဝင် ဗိုလ်ချုပ် နှင့် ဗိုလ်မှူးချုပ်အဆင့် စစ်အရာရှိကြီးများ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံး (၂၅) ဦးထိ ရှိလာခဲ့သည်။
၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့တွင်စတင်ခဲ့
သည့် ရှမ်းပြည်နယ်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” မှစ၍ ၂၀၂၄ နိုဝင်ဘာ လအတွင်းနိုင်ငံတဝန်းတိုက်ပွဲများတွင် ဗိုလ်ချုပ်အဆင့် စစ်သုံ့ပန်း (၁) ဦး ၊ ဗိုလ်မှူးချုပ်အဆင့် စစ်သုံ့ပန်း (၇) ဦး၊ လက်နက်ချ (၆) ဦး၊ သေဆုံး (၇) ဦး၊ ပျောက်ဆုံး (၁) ဦး၊ မိမိကိုယ်ကိုသတ်သေ (၁) ဦး၊ စုစုပေါင်း (၂၃) ဦး ရှိခဲ့ကြောင်း နောင်ရိုး(CDM)၏ဗိုလ်ချုပ် ၊ဗိုလ်မှူးချုပ်အဆင့် ၂၅ ဦးအထိဆုံးရှုံးထားတဲ့ တပ်ပျက်လုလုစစ်ကောင်စီ”
ဆောင်းပါးတွင်ရေးသားထားသည်။ထို့အပြင် သေဆုံး ကြောင်းအတည်ပြုနေဆဲ ဗိုလ်မှူးချုပ်
(၂) ဦး ရှိလည်းကြောင်းသိရသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ နှင့် မဟာမိတ်တပ်များပူးပေါင်းတိုက်ခိုက်သော ၁၀၂၇ စစ်ဆင်ရေးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တိုင်းမှူး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) သိမ်းတိုက်ပွဲများတွင် ဒုတိယဗိုလ်မှူးချုပ်များအပါအဝင် စစ်သား အင်အားထောင်ချီ၍ လက်နက်ချညံ့ခံခဲ့ကြသည်။
၁၀၂၇ ဒုတိယပိုင်းနှင့် ရှမ်းမန်းစစ်ဆင်ရေးတွင်ပါဝင်တိုက်ခိုက်ခဲ့သာ ဒေါင်းနီတပ်ဖွဲ့ ဒုတပ်ရင်းမှူး ကိုနဂါးလေးက “တိုက်ပွဲထဲမှာတော့ အဓိကကစကစတွေကလက်နက်အင်အားရော ၊ လူအင်အားရောကတောင့်တင်းတဲ့စစ်တပ်တခုကိုရင်ဆိုင်ရတာပေါ့။ဒါပေမယ့်ကျနော်တို့မှာ အားသာချက်တစ်ခုရှိတယ်၊ကျနော်တို့မှာခံယူချက်၊ယုံကြည်ချက်ရှိတယ်။သူတို့မှာကဘာယုံကြည်ချက်၊ဘာခံယူချက်မှမရှိဘူး။သူတို့ကိုယ်သူတို့တောင်မှ ဘာအတွက်ကာကွယ်နေရလဲဆိုတာတောင်သိချင်မှသိမှာပေါ့။အဲဒီအတွက်ကို သူတို့မှာစိတ်ဓာတ်ပိုင်းဆိုင်ရာအရမ်းကြီးကို ဟိုးအောက်ကိုရောက်နေတဲ့အနေ
အထားဖြစ်တယ်”ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏တိုက်ရည်ခိုက်ရည်ကိုပြောသည်။
ထို့အပြင် စစ်မှုထမ်းဥပဒေထုတ်ပြန်၍ အတင်း
အဓမ္မစစ်သားစုဆောင်းနေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါဘဲ စစ်တပ်ထဲသို့ ဝင်လာကြခြင်းဟု အာဏာသိမ်းခေါင်းဆောင်က လိမ်ညာပြောဆိုခဲ့သည်။
စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်သားသစ်စုဆောင်းမှု သင်တန်းအမှတ်စဥ် ၉ ထိရှိလာချိန်တွင် စစ်ထဲ ဝင်လိုသူနည်းပါးသဖြင့် အတင်းအဓမ္မဖမ်းဆီးခြင်း ၊ပေါ်တာဆွဲခြင်း ၊ကျေးလက်များတွင်သာမက မြို့ကြီးများပေါ်တွင်ပင် ဖမ်းဆီး၍
အဓမ္မစစ်သားသစ်စုဆောင်းမှု ပိုများလာသည်။
နိုင်ငံ၏ လက်ရှိလူဦးရေသည် ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်း နှင့် အမျိုးသမီး ၅၃ ရာခိုင် နှုန်းခန့်ရှိကြောင်း၊ ၎င်းအနက် လူဦးရေအနည်းငယ် သာ တပ်မတော်သားဘဝကိုခံယူ၍ မွန်မြတ်လှသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံ
ခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ကြခြင်းဖြစ်သည်ဟုဆိုသည်။
အမှန်တကယ်တွင် စစ်ကောင်စီသည်နိုင်ငံတဝန်း တိုက်ပွဲများတွင် စစ်ရှုံးပြီး သေဆုံးသူ ဒဏ်ရာရသူထွက်ပြေးသူများလာပြီအင်အားနည်းလာခြင်း၊ပြည်သူလူထုကို အကြမ်းဖက်သော စစ်သားသစ်အဖြစ် တာဝန်ထမ်းဆောင်လိုသူနည်းလာခြင်း၊ ပြည်သူနှင့် ပူပေါင်း၍ အလင်းဝင်သူ CDMပြုလုပ်သော စစ်သားများလာသောကြောင့် ၂၀၂၄ဖေဖော် ဝါရီလတွင် စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကိုပြဌာန်းကာ လူငယ်များအား အတင်း
အကြပ်ဖိအားပေး၍စစ်သားစုဆောင်းနေခြင်းဖြစ်သည်။
ထိုအပြင်စစ်မှုထမ်းဥပဒေအပြင် အရန်စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းဟောင်းများကို အသက် ၅၅ နှစ်အောက်ဖြစ်ပါက လှုပ်ရှားစစ်ဆင်ရေးတာ၀န်၊ အသက် ၅၅ နှစ်မှ ၆၇ နှစ်အထိဖြစ်ပါက တပ်ဌာနချုပ်များ၊ စစ်ဆင်ရေးစခန်းများ၊ ခြေကုပ်
စခန်းများ၌နေရာလုံခြုံရေးတာ၀န်များ ထမ်းဆောင်ခိုင်းရမည်ဟုထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၄ခုနှစ်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင်ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၄၀၉၃ဦး သေဆုံးပြီး ၇၃၆၃ဦး ဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီ
ညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီး
ဌာန(MOD)က ဇန်နဝါရီလ၁၇ရက်တွင်သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် NUG ၏ ၂၀၂၄ စစ်ရေးတိုးတက်မှုအစီအရင်ခံစာတွင် စစ်တပ်အာဏာသိမ်းလေးနှစ်အတွင်း စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင် တစ်သောင်းငါးထောင်ခန့်ပြည်သူ့ရင်ခွင်သို့ဘက်ပြောင်းခိုလှုံခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။
လက်ရှိတွင်စစ်ကောင်စီသည်မြေပြင်မှစစ်ကြောင်း
ထိုးခြင်းများနည်းပါးသွားပြီ လေကြာင်း နှင့် ဒရုန်းများအသုံးပြု၍ ပြည်သူများကိုပါမရှောင် ဗုံးကြဲတိုက်ခိုက်အကြမ်းဖက်မှုများကို ပိုမိုပြုလုပ်နေ
သည်။
(အာဏာသိမ်းခေါင်းဆောင်ကို ဇန်နဝါရီ ၂၂ ရက်ကတွေ့ရစဥ် / ရခိုင်ပြည်နယ် အမ်း နပခ သိမ်းတိုက်ပွဲတွင်အလံဖြူထောင်လက်နက်ချသောစစ်သားများ နှင့်စစ်သုံ့ပန်းများ။
ဓါတ်ပုံ- cincds ၊ AA info desk )