-
အဓမ္မစစ်သားစုဆောင်းခံရသော စစ်သားသစ်များ ကရင်နီပြည်တွင် ရာနှင့်ချီ၍ အလင်းဝင်
အဓမ္မစစ်သားစုဆောင်းခံရသော စစ်သားသစ်များ ကရင်နီပြည်တွင် ရာနှင့်ချီ၍ အလင်းဝင် -ရဲခေါင်/People’s Spring စစ်ကောင်စီတပ်အတွင်း အဓမ္မစစ်မှုထမ်းရသူ များမှာ တစ်လအတွင်းရာနှင့်ချီ၍ ကရင်နီပူးပေါင်းတပ်များထံအလင်းဝင်လာကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။ ဖိအားပေး၍ စစ်ထဲဝင်ခဲ့ရသော စစ်သား သုံးဦးမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ထံ ထပ်မံခိုလှုံ လာကြောင်း KNDF ဗျူဟာ ၂ က ယနေ့ (ဇန်နဝါရီ ၂၄ ရက်)တွင် ထုတ်ပြန်သည်။ ခိုလှုံလာသူသုံးဦးသည် စစ်ကောင်စီ၏ အတင်း အဓမ္မ တပ်သားစုဆောင်းခြင်းဖြင့် ကရင်နီဒေသသို့ ရောက်ရှိလာပြီးရှေ့တန်း တနေရာမှ ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်။၎င်းတို့ထွက်ဆိုချက်အရ ၂၀၂၄ ခုနှစ် နဧပြီလတွင် စစ်ကောင် စီ၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်းကိုခံခဲ့ရပြီး ပုသိမ်မြို့တွင် အခြေခံစစ်သင်တန်း ရက် သတ္တပတ်…
-
အရေးပေါ် အခြေအနေပေါ်ပေါက်၍ တစ်နိုင်ငံလုံးရှိ အရွယ်ရောက်သူအားလုံးကို စစ်မှုထမ်းရန် စစ်စည်းရုံးခြင်း အမိန့် ထုတ်ဆင့်နိုင်ဟု ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတွင် ပြဋ္ဌာန်း 🟥ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးခြင်းကို အခြေခံပညာကျောင်းများတွင် သင်ရိုးညွှန်းတမ်း ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းပို့ချရမည်
အရေးပေါ် အခြေအနေပေါ်ပေါက်၍ တစ်နိုင်ငံလုံးရှိ အရွယ်ရောက်သူအားလုံးကို စစ်မှုထမ်းရန် စစ်စည်းရုံးခြင်း အမိန့် ထုတ်ဆင့်နိုင်ဟု ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတွင် ပြဋ္ဌာန်း 🟥ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးခြင်းကို အခြေခံပညာကျောင်းများတွင် သင်ရိုးညွှန်းတမ်း ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းပို့ချရမည် ရန်ကုန်၊ ဇန်နဝါရီ ၂၅ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် အရေးပေါ် အခြေအနေပေါ်ပေါက်၍ တစ်နိုင်ငံလုံးတွင် အရွယ်ရောက်သူအား လုံးကို စစ်မှုထမ်းရန် စစ်စည်းရုံးခြင်း အမိန့်ကို စစ်ကောင်စီက ထုတ်ပြန်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ စစ်ကောင်စီက ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ အခန်း ၉ ၊ စစ်စည်းရုံးခြင်း ပုဒ်မ ၄၉ တွင် အထက်ပါအတိုင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပုဒ်မ ၄၉ တွင်…
-
စစ်မှုထမ်းရမည့် လူငယ်များ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် မရှိစေရဟု စစ်မှုထမ်းနည်းဥပဒေဖြင့် ပြဋ္ဌာန်း ပိတ်ပင်လိုက်ပြီး စစ်မှုထမ်းရမည့် လူငယ်များစာရင်းကို အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ပေးပို့တော့မည်
စစ်မှုထမ်းရမည့် လူငယ်များ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် မရှိစေရဟု စစ်မှုထမ်းနည်းဥပဒေဖြင့် ပြဋ္ဌာန်း ပိတ်ပင်လိုက်ပြီး စစ်မှုထမ်းရမည့် လူငယ်များစာရင်းကို အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ပေးပို့တော့မည် ရန်ကုန်၊ ဇန်နဝါရီ ၂၅ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းရမည့် လူငယ်များကို စစ်မှုထမ်းဆင့် ခေါ်ရေး ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် မရှိစေရဆိုသော ပြဋ္ဌာန်းချက်များကို ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် တရားဝင်ပြဋ္ဌာန်း ၍ စတင်ပိတ်ပင်လိုက်ကြောင်း အဆိုပါ နည်းဥပဒေအရ သိရှိရသည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သော ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေတွင် စစ်မှုထမ်းရန် အကျုံးဝင်သော အသက် အရွယ်များအားလုံးသည် မဖြစ်မနေ စာရင်းသွင်းမှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရှိရသည်။ ပြည်သူ့စစ်မှုထမ်း နည်း ဥပဒေ အခန်း ၁၀ အထွေထွေ ပြဋ္ဌာန်းချက် ၏ ပုဒ်မ…
-
ပဲခူးတွင် ကျောင်းသား ၃၀ ကျော်ကို အဓမ္မပြုကျင့်ခဲ့သည့် ယာယီကျောင်းအုပ်ကို ဖမ်းဆီးစစ်ဆေးနေ
ပဲခူးတွင် ကျောင်းသား ၃၀ ကျော်ကို အဓမ္မပြုကျင့်ခဲ့သည့် ယာယီကျောင်းအုပ်ကို ဖမ်းဆီးစစ်ဆေးနေ ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၂၄ ရက် ပဲခူးတိုင်း၊ ပဲခူးမြို့၊ မုက္ကလကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ယာယီကျောင်းအုပ် ဆရာဖြစ်သူက ကျောင်းသား ၃၀ ကျော်ကို အဓမ္မပြုကျင့်ခဲ့ သည့်အတွက် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ အဓမ္မပြုကျင့်ခဲ့သည့် အသက် ၂၉ နှစ်အရွယ် ယာယီကျောင်းအုပ် ဦးသက်ဇော်အောင်ကို ယမန်နေ့ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ပဲခူးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံက သိရသည်။ “သူထွက်ဆိုတာက အရင်ဆုံး ၁၇ ယောက်ပေါ့။ နောက်မှ ကလေးတွေက တဖြည်းဖြည်း လာထွက် ဆိုကြလို့ အဲ့ဒီလောက်ဆိုတာ သိရတာ။ ထပ်စစ်နေတုန်းပဲ။ လောလောဆယ် ပဲခူးမြို့မရဲစခန်းမှာ ချုပ်ထားတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက…
-
ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း ၅၁၀၂နှင့် ဗျူဟာစစ်ကြောင်း ၁ ကို ကျည်ကာပစ္စည်းများတပ်ဆင်ခြင်းအခမ်းအနား ကျင်းပ
ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း ၅၁၀၂နှင့် ဗျူဟာစစ်ကြောင်း ၁ ကို ကျည်ကာပစ္စည်းများတပ်ဆင်ခြင်းအခမ်းအနား ကျင်းပ ရန်ကုန်၊ ဇန်နဝါရီ ၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း၅၁၀၂ နှင့် ဗျူဟာစစ်ကြောင်း ၁ ကို ကျည်ကာပစ္စည်းများတပ်ဆင်ခြင်းအခမ်းအနားကို ရှေ့တန်းတစ်နေရာတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရန်ကုန်တိုင်းစစ်ဌာနမှ စစ်ဦးစီးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး တပ်ရင်း ၅၁၀၂ နှင့် ဗျူဟာစစ်ကြောင်း ၁ မှ ရဲဘော်များကို ကျည်ကာအင်္ကျီ၊ ကျည်ကာပြားနှင့် ကျည်ကာဦးထုပ်တို့ကို တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။
-
မန္တလေးမှာ စစ်အုပ်စုက ဆိုက်ဘာလုံခြုံရေး ဥပဒေ အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်မှုတွေ ပိုလုပ်လာ၊ ဖုန်းစစ်ဆေးရာမှာ VPN သာမက ဖုန်း Contact list တွေအထိ စစ်ဆေးနေ၊
မန္တလေးမှာ စစ်အုပ်စုက ဆိုက်ဘာလုံခြုံရေး ဥပဒေ အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်မှုတွေ ပိုလုပ်လာ၊ ဖုန်းစစ်ဆေးရာမှာ VPN သာမက ဖုန်း Contact list တွေအထိ စစ်ဆေးနေ၊ ဇူဇူး/MFP၊ ဇန်နဝါရီ – ၂၄ မန္တလေးမြို့မှာ ယခု ဇန်နဝါရီ လဆန်းကစလို့ စစ်အုပ်စုက လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေး ငွေညှစ်တာတွေ ပိုမို လုပ်ဆောင်နေပြီး ဖုန်းတွေကို အဓိကထား စစ်ဆေးနေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ ဇန်နဝါရီလ ၁ရက်မှာ စစ်အုပ်စုက ဆိုက်ဘာလုံခြုံရေး ဥပဒေကို အတည်ပြုပြီးနောက် အခုလို စစ်ဆေး ငွေညှစ်တာတွေ ပိုလုပ်နေတာ ဖြစ်ပြီး ဖုန်းတွေကို စစ်ဆေးရာမှာ VPN (Virtual Private Network) သာမက…
-
ရန်ကုန်မြို့ခံများ ညဘက် ဖုန်းမီးရောင်ဖြင့် သွားလာနေရ၊ ခိုးဆိုး လုယက်မှုများဖြင့် မလုံမခြုံ ဖြစ်နေ
ရန်ကုန်မြို့မှာ ညဘက်လျှပ်စစ်မီးမလာလို့ မြို့ခံတွေဟာ ဖုန်းမီးရောင်ကို အားကိုး သွားလာနေကြပြီး လုံခြုံမှုမရှိ သူခိုးနဲ့ ဒုစရိုက်သမားတွေ သောင်းကျန်းလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အရင်ကမီးထိန်ထိန်လင်းပြီးစည်ကားခဲ့တဲ့ ရန်ကုန်မြို့ရဲ့ ညတွေဟာ အခုတော့ ဖုန်းမီးကိုအားပြုပြီး ခပ်သွက်သွက်သွားလာရတဲ့အခြေအနေအထိ ပြောင်းလဲလာသလို သူခိုးတွေသောင်းကျန်းလို့ သာမန်ပြည်သူတွေသာမက ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတွေပါ ညဘက်အလုပ်ဆင်းရတာ စိုးရိမ်စရာဖြစ်လာတယ်လို့ ပန်းဘဲတန်းမြို့နယ်က ပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။ “ညတိုင်းလိုလိုပတ်နေတာ သူခိုးက။ ရဲလည်း လာတော့လာတာပဲ။ သူတို့ကရှေ့ကသွား။ သူတို့ကနောက်ကဝင်ပေါ့။ မီးကတော့ညတိုင်းလိုလို ပျက်တာပဲ။ မီးပျက်တဲ့ရက်တွေ ပိုဂရုစိုက်ရတယ်။ ကျန်တဲ့အချိန်ကတော့ မီးလေးလာနေရင် နည်းနည်း သာသာယာယာ ရှိတာပေါ့။ မီးမလာတဲ့အချိန်ကျတော့ ပိုစိုးရိမ်ရတာပေါ့။ ကိုယ်ကလည်း ကိုယ့်နယ်မြေမဟုတ်တော့ ဂရိုစိုက်ရတာပေါ့။ ခိုးတာကတော့ ပိုးဆိုးပက်စက်။ ရဲကရှေ့ကသွား။ သူတို့က နောက်ကဝင်။ ပတ်တာကတော့…
-
ရေးတွင် ခလရ-၃၁ လက်အောက်ခံ စခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး
ရေးတွင် ခလရ-၃၁ လက်အောက်ခံ စခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး ဧရာဝတီတိုင်းမ် (ခေါဇာ)၊ ဇန်နဝါရီ ၂၄ ရက် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့အခြေစိုက် စစ်ကောင်စီ ခလရ-၃၁ တပ်ရင်းလက်အောက်ခံ စခန်းတစ်ခုကို ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ထံက သိရသည်။ ခလရ-၃၁ တပ်ရင်းအနီးရှိ စစ်ကောင်စီ၏ မီးတိုင်တတ် စခန်းမှာ အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီစခန်းတစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ မိနစ် လေးဆယ် ဝန်းကျင်တိုက်ပွဲအတွင်း စစ် ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးခဲ့ပြီး သုံး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “ပထမ တပ်မှူးတွေရဲ့ သတင်းပို့ချက်အရ အလောင်းနှစ်လောင်းနဲ့ ဒဏ်ရာရတဲ့…
-
မြစ်ကြီးနားလေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို တော်လှန်ရေးတပ်များက အပြီးသတ် ထိုးစစ်ဆင်နေ
မြစ်ကြီးနားလေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို တော်လှန်ရေးတပ်များက အပြီးသတ် ထိုးစစ်ဆင်နေ ရန်ကုန်၊ ဇန်နဝါရီ ၂၄ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်အတွင်းသို့ KIA ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေတပ်ဝင်းအတွင်းသို့ KIA က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံးသည် လေတပ်ဝင်းအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့သော်လည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။ “ဟုတ်တယ်။ မြစ်ကြီးနား လေတပ် ကို ငါတို့လက်နက်ကြီးနဲ့ပစ်တာပါ” ဟု KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မြစ်ကြီးနားလေတပ်မှာ KIA…
-
ဗန်းမော်မြို့ရှိ စစ်ကောင်စီ သံချပ်ကာတပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်၊ သံချပ်ကာယာဉ် ၄စီး ရဟုဆို
ဗန်းမော်မြို့ရှိ စစ်ကောင်စီ သံချပ်ကာတပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်၊ သံချပ်ကာယာဉ် ၄စီး ရဟုဆို ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်လျက်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ယနေ့(ဇန်နဝါရီ ၂၄ရက်)တွင် စစ်ကောင်စီ၏ ဗန်းမော်အခြေစိုက် သံချပ်ကာ တပ်ရင်းသိမ်းပိုက်ရာ သံချပ်ကာယာဉ် ၄စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ KIAနှင့် မဟာမိတ်တပ်များသည် ယနေ့တွင် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။ “ဗန်းမော် သံချပ်ကာ တပ်ရင်းသိမ်းပိုက်။ သံချပ်ကာ တင့်ကား ၄စီး သိမ်းဆည်းရရှိထား” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။ ယင်းနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းရာ သံချပ်ကာတပ်ကို ဝင်စီးပြီး သံချပ်ကာ…