အဓမ္မစစ်သားစု​ဆောင်းခံရ​သော စစ်သားသစ်များ ကရင်နီပြည်တွင် ရာနှင့်ချီ၍ အလင်းဝင်

by

in

အဓမ္မစစ်သားစု​ဆောင်းခံရ​သော စစ်သားသစ်များ ကရင်နီပြည်တွင် ရာနှင့်ချီ၍ အလင်းဝင်
-ရဲခေါင်/People’s Spring
စစ်ကောင်စီတပ်အတွင်း အဓမ္မစစ်မှုထမ်းရသူ
များမှာ တစ်လအတွင်းရာနှင့်ချီ၍ ကရင်နီပူး​ပေါင်းတပ်များထံအလင်းဝင်လာကြောင်း ကရင်နီအမျိုး
သားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
ဖိအား​ပေး၍ စစ်ထဲဝင်ခဲ့ရ​သော စစ်သား သုံးဦးမှာ
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)
ထံ ထပ်မံခိုလှုံ လာကြောင်း KNDF ဗျူဟာ ၂ က ယနေ့ (ဇန်နဝါရီ ၂၄ ရက်)တွင် ထုတ်ပြန်သည်။
ခိုလှုံလာသူသုံးဦးသည် စစ်ကောင်စီ၏ အတင်း
အဓမ္မ တပ်သားစုဆောင်းခြင်းဖြင့် ကရင်နီဒေသသို့ ရောက်ရှိလာပြီးရှေ့တန်း တနေရာမှ ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်။၎င်းတို့ထွက်ဆိုချက်အရ ၂၀၂၄ ခုနှစ် နဧပြီလတွင် စစ်ကောင်
စီ၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်းကိုခံခဲ့ရပြီး ပုသိမ်မြို့တွင် အခြေခံစစ်သင်တန်း ရက်
သတ္တပတ် (၁၁)ပတ်ခန့် တက်ရောက်ခဲ့ရသည်။
ထို​နောက် ကရင်နီဒေသ၊ ရှေ့တန်းတနေရာသို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်းသိရသည်။ ဘောလခဲ မြို့အခြေစိုက် အမှတ်( ၄၃၀) ခြေမြန်တပ်ရင်း
(ခမရ ၄၃၀)သို့ရောက်ရှိပြီး ဇန်နဝါရီလ ၁၆ ရက်​နေ့ကကရင်နီပူးပေါင်းတပ်နှင့်ချိတ်ဆက်ကာ ပြည်
သူ့ရင်ခွင်ထံ ခိုလှုံလာခဲ့ကြောင်း အသိပေးသည်။
“စစ်ကောင်စီဘက်က အတင်းအဓမ္မစစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းပြီးတဲ့နောက်မှာ အတင်းအဓမ္မစစ်မှု ထမ်းစုဆောင်းတာတွေရှိတယ်။အခုဆိုရင် စစ်သင် တန်းတွေပေးတဲ့အပတ်စဥ် ၅ ခု ၆ ခုလောက်ထိပြီးနေပြီ။အဲဒီထဲက အမှန်တကယ်စစ်မှုမထမ်းချင်တဲ့သူတွေရှိတယ်။စစ်ကောင်စီအောက်မှာအမှန်တကယ် စစ်မှုမထမ်းချင်တဲ့သူ၊အတင်း
အဓမ္မဖမ်းခံရတဲ့သူတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ချိတ်ဆက်လာတဲ့သူတနေ့တ ခြားများ ပြားလာတယ်။ကရင်နီပြည်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးဆီပြေးလာတဲ့ အယောက်ရာနဲ့ချီရှိနေပါပြီ”ဟု KNDF တာဝန်ရှိသူက ပြောသည်။
အလင်းဝင်လာ​သော စစ်သားသစ်များ၏ အချက်
အလက် အသေးစိတ်ကိုမူ ၎င်းတို့ လုံခြုံရေးနှင့် နောက်ဆက်တွဲ ဖြစ်စဥ်များအတွက် အသိမပေးလို​သေးကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
စစ်တပ်၏ အဓမ္မတပ်သားသစ်စုဆောင်းခံရသူ
များသည် ရှေ့တန်းရောက်ချိန်တွင် နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့်ချိတ်ဆက်ကာ အလင်း ဝင်လာသည့် ဖြစ်စဥ် နိုင်ငံတစ်ဝန်းအများအ ပြားရှိလာနေသည်။
ပြည်သူ့ရင် ခွင်ခိုလှုံရေး အစီအစဥ်မှတဆင့် ၂၀၂၄ ခုနှစ်ကုန်အထိ စစ်ကောင်စီ၏ တပ်သား ၃,၈၇၂ ဦး နှင့်ရဲ ၁၀,၈၈၈ ဦးမှာ ပြည်သူနှင့်အတူ ပူးပေါင်းထားကြောင်းလည်း အမျိုးသားညီညွတ်ရေးအ
စိုးရ NUG က ထုတ်ပြန်ထားသည်။
( KNDF ဗျူဟာ ၂ ထံအလင်းဝင်လာ​သော စစ်
သားသစ် သုံးဦး ကရင်နီပြည်တ​နေရာတွင် မီးလှုံ​နေစဥ်။ဓါတ်ပုံ-KNDF )