-
KIAထိန်းချုပ်နယ်မြေအတွင်း TNLAတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် နှစ်ဖက် အချင်းများ။ KIAတပ်ဖွဲ့တစ်ဦးကို TNLAတပ်ဖွဲ့ဝင်များမှ သေနတ်ဒင်းဖြင့်ထုလိုက်သောကြောင့် ဒဏ်ရာရ။
KIAထိန်းချုပ်နယ်မြေအတွင်း TNLAတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် နှစ်ဖက် အချင်းများ။ KIAတပ်ဖွဲ့တစ်ဦးကို TNLAတပ်ဖွဲ့ဝင်များမှ သေနတ်ဒင်းဖြင့်ထုလိုက်သောကြောင့် ဒဏ်ရာရ။ နမ့်ဖက်ကာ- ၂၆ ဇန်နဝါရီ ၂၀၂၅။ KIOအစိုးရ ထိန်းချုပ်ထားပြီး မြို့ပြ စီမံရေးဖော်ဆောင်နေလျက်ရှိသော နမ့်ဖက်ကာသို့ TNLAတပ်များ အင်အား အလုံးအရင်းဖြင့် တိုးဝင်လာသောကြောင့် KIAနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ တားဆီးထားကာ နှစ်ဖက် အချင်းများနေလျက်ရှိကြောင်းနှင့် KIAတပ်ဖွဲ့တစ်ဦးက TNLAတပ်များမှ သေနတ်ဒင်းဖြင့် ထုလိုက်သောကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ (၂၆)ရက်နေ့ မွန်းလွဲ (၁)နာရီခွဲခန့်မှစ၍ နမ့်ဖက်ကာသို့ TNLAတပ်များမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသော အခြေအနေဖြစ်ပြီး KIAနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ တားဆီးထားရသည့်အပြင် TNLAတပ်များ အတင်းအဓမ္မ ဝင်ရောက်လာရန် ကြိုးစားသောကြောင့် နှစ်ဖက် အခြေအနေ တင်းမာမှုများရှိနေကြောင်း KIA…
-
ဗန်းမော်မြို့ လေယာဉ်ကွင်းကို KIA ပူးပေါင်းတပ် ဝင်ရောက်ရှင်းလင်း၊ တိုက်ပွဲဆက်ပြင်းထန်နေ
ဗန်းမော်မြို့ လေယာဉ်ကွင်းကို KIA ပူးပေါင်းတပ် ဝင်ရောက်ရှင်းလင်း၊ တိုက်ပွဲဆက်ပြင်းထန်နေ ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) တပ်ဌာနချုပ်အနီးရှိ လေယာဉ်ကွင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဝင်ရောက်ရှင်းလင်းနိုင်ပြီး လက်ကျန် စစ်ကောင်စီတပ်များနှင့်လည်း တိုက်ပွဲဆက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ ဇန်နဝါရီ ၂၄ရက်တွင် ထိုးစစ်အရှိန်မြှင့်ပြီးနောက် KIAက ဗန်းမော်မြို့ရှိ (၇၀၀၆)သံချပ်ကာ တပ်ရင်းကို ဇန်နဝါရီ ၂၅ရက်တွင် အပြီးသတ် သိမ်းပိုက် ကာ အနီးရှိ အမြောက်တပ်ကိုလည်း တိုက်ခိုက်ခဲ့သည်။ ယနေ့(ဇန်နဝါရီ ၂၆ရက်)တွင် အဆိုပါသံချပ်ကာတပ်၊ အမြောက်တပ်များအနီးရှိ လေယာဉ်ကွင်းအတွင်းသို့ KIA ပူးပေါင်းတပ်များ ဝင်ရောက်နိုင်သည့် ရုပ်သံမှတ်တမ်းအချို့လည်း ထွက်ပေါ်လာရာ လေယာဉ်ကွင်းကို တစိတ်တပိုင်း သိမ်းပိုက်ရရှိထားနိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။ “လေယာဉ်ကွင်းထဲဝင်နေပြီ။ အကုန်တော့ မရသေးဘူး။…
-
မြင်းခြံ ဗုံးကြဲ သတ်ဖြတ်ခံရမှု သေဆုံးသူ ဒါဇင်ချီပြီး အရေအတွက် စာရင်းမကောက်နိုင်သေး၊ ဖုန်း၊ အင်တာနက် သုံးတဲ့နေရာကို လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ နာရီဝက်ကြာ ပစ်သတ်ဟုဆို၊
မြင်းခြံ ဗုံးကြဲ သတ်ဖြတ်ခံရမှု သေဆုံးသူ ဒါဇင်ချီပြီး အရေအတွက် စာရင်းမကောက်နိုင်သေး၊ ဖုန်း၊ အင်တာနက် သုံးတဲ့နေရာကို လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ နာရီဝက်ကြာ ပစ်သတ်ဟုဆို၊ MN၊ ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၂၆ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ – ဆီးမီးခုံ ကားလမ်းပေါ်က ဆင်းဂွတ်ကျေးရွာကို ဒီမနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ နာရီဝက်နီးပါးကြာ ပစ်ခတ် သတ်ဖြတ်ခဲ့ရာ လူ ဒါဇင်နဲ့ချီ သေဆုံးပြီး သေဆုံးသူ၊ ဒဏ်ရာရသူနဲ့ ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေတွေ စာရင်းမကောက်နိုင်သေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဇန်နဝါရီလ ၂၆ရက် ဒီကနေ့ မနက် ၈နာရီကျော်အချိန် မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ၊…
-
KIA၏ လက်နက်ကြီးထိမှန်၍ ဗန်းမော်ရှိ စစ်ကောင်စီအမြောက်တပ် လက်နက်ခဲယမ်းသိုလှောင်ရုံ မီးလောင်ပေါက်ကွဲ ■ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ရက်ပေါင်း ၅၀ ကျော်အတွင်း စစ်ကောင်စီ၏ သံချပ်ကာယာဉ် ၉ စီး ကို KIA နှင့်ပူးပေါင်းတပ်သိမ်းပိုက်ရရှိထား
KIA၏ လက်နက်ကြီးထိမှန်၍ ဗန်းမော်ရှိ စစ်ကောင်စီအမြောက်တပ် လက်နက်ခဲယမ်းသိုလှောင်ရုံ မီးလောင်ပေါက်ကွဲ ■ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ရက်ပေါင်း ၅၀ ကျော်အတွင်း စစ်ကောင်စီ၏ သံချပ်ကာယာဉ် ၉ စီး ကို KIA နှင့်ပူးပေါင်းတပ်သိမ်းပိုက်ရရှိထား ဟန်နွေ/People’s Spring ကချင်ပြည်နယ် ဗန်းမော်အခြေစိုက် အမြောက် တပ် အမတ(၃၆၆) တပ်ရင်းဌာနချုပ် အတွင်းရှိ လက်နက်ခဲယမ်း သိုလှောင်ရုံသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၂၅ရက် ညပိုင်း၌ မီးလောင်ပေါက်ကွဲသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ KIA နှင့်ပူးပေါင်းတပ်များက ဗန်းမော်အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အနီးရှိ သံချပ်ကာ တပ်ရင်းကို ဇန်နဝါရီ ၂၅ရက် ညနေပိုင်း၌ အပြီးသိမ်းပိုက်ခဲ့သည်။ထို့အပြင် အမြောက်တပ်ကို KIAက လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဇန်နဝါရီ…
-
ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို ထောင် ၃ နှစ်ချ
ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို ထောင် ၃ နှစ်ချ ဆိုင်းမင်း/People’s Spring အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ဇန်နဝါရီလ ပထမ ပတ်အတွင်း ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်လို့ မန္တလေးမြို့ တရားရုံးအသိုင်းအဝိုင်းက တဆင့် သိရပါတယ်။ မန္တလေးအိုးဘို ထောင်တွင်းတရားရုံးက အမိန့်ချတာဖြစ်ပြီး အဲဒီထောင်မှာ ပဲ အကျဉ်းချထားတယ်လို့သိရပါတယ်။ ” ပုဒ်မတစ်ခုတည်းပဲပါပဲ၊ ထပ်တိုးစွဲထားတာမရှိတော့ဘူး”လို့ တရားရုံး အသိုင်းအဝိုင်းနဲ့ နီးစပ်သူကပြောပါတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တာကြောင့် ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးလိုက်ပြီလို့ စစ်ကောင်စီကပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့ပါတယ်။ ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့ နယ်မှာ နေထိုင်တဲ့ ဒေါက်တာနေစိုးမောင်ကို အောက်တိုဘာလ ၂၃ ရက်…
-
“အားရလိုက်တာ ပျော်လိုက်ကြစမ်း😍 မွင်းငါးပွဲ ၃၁၀၀ ကျော် အ၀ဆွဲလိုက်ကြောင်း ခုပဲ အတည်ပြုလာပြီ😋”
“အားရလိုက်တာ ပျော်လိုက်ကြစမ်း😍 မွင်းငါးပွဲ ၃၁၀၀ ကျော် အ၀ဆွဲလိုက်ကြောင်း ခုပဲ အတည်ပြုလာပြီ😋”
-
မန္တလေးတွင် အောင်မြေမန္တလာ ဘောလုံးကွင်းဘေးရှိ အိမ်များနှင့် ဗထူးကွင်းပတ်လည်ရှိ ဈေးဆိုင်ခန်း ၁၃၃ ခန်း စုစုပေါင်း ၂၅၀ နီးပါးကို စစ်တပ်နှင့် စည်ပင်များက နိုင်ငံတော်ပိုင်မြေဟုဆိုကာ အတင်းအဓမ္မ ၀င်ရောက် ဖျက်ဆီး
မန္တလေးတွင် အောင်မြေမန္တလာ ဘောလုံးကွင်းဘေးရှိ အိမ်များနှင့် ဗထူးကွင်းပတ်လည်ရှိ ဈေးဆိုင်ခန်း ၁၃၃ ခန်း စုစုပေါင်း ၂၅၀ နီးပါးကို စစ်တပ်နှင့် စည်ပင်များက နိုင်ငံတော်ပိုင်မြေဟုဆိုကာ အတင်းအဓမ္မ ၀င်ရောက် ဖျက်ဆီး ရန်ကုန်၊ ဇန်နဝါရီ ၂၆ မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ၂၂ လမ်း ၊ ၈၀ x ၉၀ လမ်းမှ အောင်မြေမန္တလာ ဘောလုံးကွင်း ကပ်လျက်ရှိ အိမ်ခန်းပေါင်း ၁၀၀ ကျော် နှင့် ဗထူးကွင်း ပတ်ပတ်လည်ရှိ ဈေးဆိုင်ခန်း ၁၃၃ ခန်း အပါအဝင် အိမ်ခြေနှင့် ဆိုင်ခန်း ၂၅၀ နီးပါးကို အကြမ်း ဖက်စစ်တပ်က နိုင်ငံတော်ပိုင်မြေအဖြစ် ဆိုင်းဘုတ်ထောင်၍ လာရောက်ဖျက်ဆီး သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့…
-
တည်ငြိမ်အေးချမ်းရေးကူညီပေး၍ တရုတ်ကို ကျေးဇူးတင်ကြောင်း စစ်ခေါင်းဆောင်ပြော၊ တရုတ်စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်နိုင်မည့် အခင်းအကျင်း ဖော်ဆောင်မည်ဟုဆို
တည်ငြိမ်အေးချမ်းရေးကူညီပေး၍ တရုတ်ကို ကျေးဇူးတင်ကြောင်း စစ်ခေါင်းဆောင်ပြော၊ တရုတ်စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်နိုင်မည့် အခင်းအကျင်း ဖော်ဆောင်မည်ဟုဆို 001 မဇ္ဈိမ။ ။ တရုတ်အနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအပေါ် ထောက်ခံပြီး တည်ငြိမ်အေးချမ်းရေးကို အလေးထား ကူညီပေးနေသည့်အတွက် တရုတ်အစိုးရနှင့် တရုတ်နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို ကျေးဇူးတင်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (ဇန်နဝါရီလ ၂၅) တက်ရောက်သည့် တရုတ်နှစ်သစ် ကူးပွဲတော် အခမ်းအနားတွင် ပြောသည်။ စစ်ကောင်စီအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေရာ အောင်မြင်သည့်အရွေ့များ ဖြစ်ပေါ်လာပြီး ယင်းမှာ အိမ်နီးချင်းဖြစ်သည့် တရုတ်နိုင်ငံ၏ အားပေးကူညီမှုကြောင့်ဟုလည်း သူကဆိုသည်။ “ဆက်လက်ပြီးတော့လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများမှာ ကူညီဆောင်ရွက်ပေးရန် ပန်ကြားလိုကြောင်း” စစ်ခေါင်းဆောင်က ပြောသည်။…
-
ရခိုင်ပြည်နယ်ပြင်ပအထိရောက်လာတဲ့ AAရဲ့ အာဏာရှင် ဖြုတ်ချရေးတိုက်ပွဲတွေ
ရခိုင်ပြည်နယ်ပြင်ပအထိရောက်လာတဲ့ AAရဲ့ အာဏာရှင် ဖြုတ်ချရေးတိုက်ပွဲတွေ ကဖေး/People’s Spring အာရက္ခတပ်တော် (AA)ရဲ့ ရခိုင်ပြည်နယ် နဲ့ ထိစပ်နေတဲ့ တိုင်း ၃ တိုင်းအထိပါ ထိုးစစ်ဆင်နေတဲ့အကြောင်း ဒီတစ်ပါတ်ပြောပြပါမယ် ။ အာရက္ခတပ်တော်(AA)က ဂွမြို့၊တောင်ကုတ်နဲ့ အမ်းမြို့တွေကို သိမ်းပိုက်ပြီးနောက်ပိုင်း အဲဒီမြို့တွေနဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းနယ်စပ်တွေမှာပါ တိုက်ပွဲဖြစ်နေတဲ့အကြောင်း ဇန်နဝါရီလ (၂၀) ရက်မှာ ပထမဆုံးအကြိမ် အသိပေးလာပါတယ်။ ဂွမြို့ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့မှာ AAက သိမ်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာ ဂွမြို့နဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း၊ ရွှေသောင်ယံ၊ ရေကြည်၊သာပေါင်းမြို့နယ်တွေထဲမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဂွမြို့နဲ့ရွှေသောင်ယံမြို့ကြားရှိတဲ့ မကျီးစင်ကျေးရွာမှာ ဇန်နဝါရီလ ၈ ရက်နေ့ကစပြီး တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့တာပါ။ ဧရာဝတီတိုင်းအတွင်း လူထုတော်လှန်ရေးတိုက်ပွဲခေါ်သံ စတင်ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်အထိနာပြီး ဧရာဝတီတိုင်းအတွင်းပထမဆုံးအကြိမ် လေကြောင်းသုံးခုခံတိုက်ခိုက်ခဲ့ပါတယ်…
-
အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ၆ လ ထပ်မံသက်တမ်းတိုးမည်ဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက် ပွဲ မလုပ်တော့ဘဲ ၂၀၂၆ ခုနှစ်တွင် ပြုလုပ်ရန် လျာထားဟုဆို
အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ၆ လ ထပ်မံသက်တမ်းတိုးမည်ဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက် ပွဲ မလုပ်တော့ဘဲ ၂၀၂၆ ခုနှစ်တွင် ပြုလုပ်ရန် လျာထားဟုဆို ရန်ကုန်၊ ဇန်နဝါရီ ၂၆ အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ယခုလာမည့် ဇန်နဝါရီလကုန်တွင် ၆ လ ထပ်မံ သက်တမ်းတိုးမည်ဖြစ်ပြီး ရွေး ကောက်ပွဲကိုလည်း ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်ရန် ဆွေးနွေး ပြောဆိုလျာထားကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့ သက်တမ်းကုန်မည့် အကြမ်းဖက်စစ်ကောင်စီကို ယာယီသမ္မတ ခံယူထားသော အကြမ်း ဖက်မင်းအောင်လှိုင် ၆ လ ထပ်မံ သက်တမ်းတိုးမည်ဖြစ်ပြီး ရွေးကောက်ပွဲကိုမူ…