MYIA MM

    • Sample Page
Illustration of a bird flying.
  • မကွေးတိုင်းထဲက ဂုတ်စည်းရိုး တာဝါတိုင် စခန်း ကို AA သိမ်းပိုက် စစ်ကောင်စီ ၁၅၀ ကျော်သေဆုံး

    မကွေးတိုင်းထဲက  ဂုတ်စည်းရိုး တာဝါတိုင် စခန်း ကို AA သိမ်းပိုက် စစ်ကောင်စီ ၁၅၀ ကျော်သေဆုံး

    မကွေးတိုင်းထဲက ဂုတ်စည်းရိုး တာဝါတိုင် စခန်း ကို AA သိမ်းပိုက် စစ်ကောင်စီ ၁၅၀ ကျော်သေဆုံး အဉ္စနလီညှင်း လေး၀တီ(FM) ၃ ဖေဖော်၀ါရီ ၂၀၂၅ မကွေးတိုင်း ငဖဲမြို့နယ် ထဲက ဂုတ်စီးရိုး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁၅၀ ကျော်သေဆုံးပြီးနောက် ဂုတ်စီးစခန်းကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့တယ် လို့ မြေပြင်သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက စစ်ကောင်စီရဲ့ ဆက်သွယ်ရေးအတွက် အရေးပါလှတဲ့ ရခိုင်-မကွေးနယ်စပ်ပေါ်က ဂုတ်စီးရိုး စခန်းကို AA က သိမ်းပိုက်ထိမ်းချုပ်လိုက်ပြီး တပ်သား ၅၀ ကျော်ကိုလည်း လက်ရဖမ်းဆီးခဲ့တယ်လို့ သတင်းရင်းမြစ် က ပြောပါတယ်။ “ဂုတ်စည်းရိုးမှာ တိုက်ပွဲက ၄ ရက်လောက်ပြင်းခဲ့တယ် ၊ အခု အကုန်နောက်ဆုတ်သွားပြီ…

    February 3, 2025
  • AAနှင့် ဖြစ်ပွားသည့် ငဖဲမြို့နယ်တိုက်ပွဲအတွင်း အင်အား ၁၃၀၀ ကျော်စစ်ကောင်စီတပ်၊အင်အား ၇၀၀ ခန့်သာ ကျန်ရှိတော့ဟုဆို

    AAနှင့် ဖြစ်ပွားသည့် ငဖဲမြို့နယ်တိုက်ပွဲအတွင်း အင်အား ၁၃၀၀ ကျော်စစ်ကောင်စီတပ်၊အင်အား ၇၀၀ ခန့်သာ ကျန်ရှိတော့ဟုဆို

    အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ငဖဲမြို့နယ်တွင် တိုက်ပွဲဝင်နေသည့် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းများတွင်နဂိုက အင်အား ၁၃၀၀ ကျော်ရှိခဲ့သော်လည်း လက်ရှိတွင် အင်အား ၇၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း ဧရာ၀တီသတင်းဌာ၏ သတင်းတစ်ပုဒ်အရ သိရသည်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာ အနီးမှာ ခံစစ်တည်ဆောက်ထားသည့်အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းများကို ဇန်နဝါရီ၃၁ ရက်နေ့က အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရုပ်အလောင်း ၆၀ ကျော် ရရှိပြီး စစ်သုံ့ပန်း တချို့ကို ထိမ်းသိမ်းထားသလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ရရှိထားသော မြေပြင် အချက်အလက်များကိုကိုးကားပြီး ဧရာ၀တီက သတင်းဖော်ပြသည်။ ထိုသို့ တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီ တပ်မ…

    February 3, 2025
  • ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရဲစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ် စခန်းစွန့်ထွက်​ပြေး

    ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရဲစခန်းကို တိုက်ခိုက်ရာ  စစ်ကောင်စီတပ် စခန်းစွန့်ထွက်​ပြေး

    ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရဲစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ် စခန်းစွန့်ထွက်​ပြေး ရဲခေါင်/People’s Spring မကွေးတိုင်း၊ မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရဲစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်​ပြေးသွားကြောင်း Earthquake People’s Defence Force တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်ကစ၍ ပွင့်ဖြူမြို့နှင့် မိုင် ၂၀ ခန့် အကွာရှိ မဲဇလီရဲစခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် ရဲနှင့်စစ်သားများထိခိုက်မှုရှိပြီး စခန်းအား ယာယီစွန့်ခွာသွားသည်ဟု ဆိုသည်။ “ယာယီ စခန်းစွန့်တာမျိုးတော့ဖြစ်နိုင်တယ်။ မဲဇ လီက ရဲနဲ့စကစ တပ်သား ၃၀ နဲ့ ၅၀ ဝန်းကျင်ရှိတယ်။ နောက်ပြီး စစ်ကူလာတဲ့ စစ်ကြောင်းကိုပါ ဖြတ်တောက်တိုက်ခိုက်ခဲ့တာ စကစ ၂၀ ဝန်းကျင်လောက်ထိခိုက်နိုင်တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ ဖေဖော်ဝါရီ…

    February 3, 2025
  • ဘုတလင်မြို့တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် စိမ့်တော တောရ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် ဉူးက္ကဒ္ဓိဗလ ပျံလွန်တော်မူ

    ဘုတလင်မြို့တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် စိမ့်တော တောရ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် ဉူးက္ကဒ္ဓိဗလ ပျံလွန်တော်မူ

    ဘုတလင်မြို့တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် စိမ့်တော တောရ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် ဉူးက္ကဒ္ဓိဗလ ပျံလွန်တော်မူ ရန်ကုန်၊ ဖေဖော်ဝါရီ ၂ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် စိမ့်တော တောရ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာ တော် ဉူးက္ကဒ္ဓိဗလ ပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ တပည့် ဒါယကာများထံမှ သိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီအချိန် ဘုတလင်မြို့ ၊ အ နောက်ဘက်ရှိ စိမ့်တော တောရဘုန်း တော်ကြီး ကျောင်းကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ သက်တော် ၅၀ နှစ်ရှိ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ…

    February 3, 2025
  • ပြည်ပသို့ သွားရောက်ခွင့်ရရှိရေး စစ်မှုထမ်း ရွှေ့ဆိုင်းခွင့် လျှောက်ထားရာ မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းနေ

    ပြည်ပသို့ သွားရောက်ခွင့်ရရှိရေး  စစ်မှုထမ်း ရွှေ့ဆိုင်းခွင့် လျှောက်ထားရာ မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းနေ

    ပြည်ပသို့ သွားရောက်ခွင့်ရရှိရေး စစ်မှုထမ်း ရွှေ့ဆိုင်းခွင့် လျှောက်ထားရာ မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းနေ ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ခွင့်နှင့် ပညာသင်ကြားခွင့်ရရှိရေး စစ်မှုထမ်း ရွှေ့ဆိုင်းခွင့် လျှောက်ထားရာတွင် မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းယူနေကြောင်း သိရှိရသည်။ ဇန်နဝါရီလနှောင်းပိုင်း မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့တွင် စစ်မှုထမ်းရမည့် လူငယ်များစာရင်း ကောက် ယူခဲ့ကြောင်း၊ မရမ်းကုန်းမြို့နယ်တွင် ဂျပန်နိုင်ငံသို့ PJ ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည့် အသက် ၂၉ နှစ်အရွယ် အမျိုး သားလူငယ် ၁ ဦးနှင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ထိုင်းနိုင်ငံသို့ သွားရောက် တက္ကသိုလ်တက်မည့် အသက် ၂၁…

    February 3, 2025
  • ရန်ကုန်တွင် စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် လူငယ်များကို နေ့အချိန်တွင်ပါ ဖမ်းဆီးမှုများ ဖြစ်နေ၊ မန္တလေး မြို့နယ် ၇ ခုတွင် ဇန်နဝါရီလ အတွင်း လူငယ် ၂၃၇ ဦး စစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရ

    ရန်ကုန်တွင် စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် လူငယ်များကို  နေ့အချိန်တွင်ပါ ဖမ်းဆီးမှုများ ဖြစ်နေ၊ မန္တလေး မြို့နယ် ၇ ခုတွင် ဇန်နဝါရီလ အတွင်း လူငယ် ၂၃၇ ဦး စစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရ

    ရန်ကုန်တွင် စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် လူငယ်များကို နေ့အချိန်တွင်ပါ ဖမ်းဆီးမှုများ ဖြစ်နေ၊ မန္တလေး မြို့နယ် ၇ ခုတွင် ဇန်နဝါရီလ အတွင်း လူငယ် ၂၃၇ ဦး စစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရ ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရန်ကုန်မြို့ရှိ မရမ်းကုန်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စစ်မှုထမ်း စာရင်းများ လိုက်ကောက်ပြီး လူငယ်တချို့ကို ပေါ်တာဆွဲ ဖမ်းဆီးကာ ပေါ်တာဆွဲထားသော လူငယ်များကို အုပ်ချုပ်ရေးမှူးရုံးများတွင် ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်ရှိ အောင်သပြေ ၂ လမ်း အပါအဝင် လမ်းများအားလုံးတွင်…

    February 3, 2025
  • ဘီလင်းမြို့နယ်၊ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး သော်တာ အပါအဝင် ၂၀ ကျော်အရှင်ဖမ်းဆီးရရှိ 🟥 စစ်တပ်၏ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီးကို အကောင်းပကတိအတိုင်း လက်ခံရရှိထား

    ဘီလင်းမြို့နယ်၊ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး သော်တာ အပါအဝင် ၂၀ ကျော်အရှင်ဖမ်းဆီးရရှိ 🟥 စစ်တပ်၏ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီးကို အကောင်းပကတိအတိုင်း လက်ခံရရှိထား

    ဘီလင်းမြို့နယ်၊ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး သော်တာ အပါအဝင် ၂၀ ကျော်အရှင်ဖမ်းဆီးရရှိ 🟥 စစ်တပ်၏ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီးကို အကောင်းပကတိအတိုင်း လက်ခံရရှိထား ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်၊ မဲပလီ တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ရာတွင် စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီးသော်တာ အပါအဝင် ၂၇ ဦး အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဘီးလင်းမြို့နယ်၊ မဲပလီစစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း ၁၂၀ မမ…

    February 3, 2025
  • မဲပလီဗျူဟာစခန်းသိမ်း တိုက်ပွဲမှတ်တမ်း BPLA ထုတ်ပြန် (ရုပ်/သံ)

    မဲပလီဗျူဟာစခန်းသိမ်း တိုက်ပွဲမှတ်တမ်း BPLA ထုတ်ပြန် (ရုပ်/သံ)

    ■Photo News ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲပလီဗျူဟာစခန်းက ဟောင်ဝစ်ဇာအမြောက်၊လက်နက်ကြီး လက်နက်ငယ်နဲ့ ခဲယမ်းတွေအများအပြားသိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၁)က ဓာတ်ပုံမှတ်တမ်းတွေ ဒီကနေ့ ညပိုင်းမှာ ဖော်ပြခဲ့ပါတယ်။မဲပလီဗျူဟာစခန်းကို ကရင်အမျိုးသာလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ကဖေဖော်ဝါရီ ၁ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ဒီကနေ့မှာ စခန်းသိမ်းရုပ်သံမှတ်တမ်းကို ထုတ်ပြန်ပြသခဲ့ပါတယ်။ မဲပလီ စခန်းသိမ်းတိုက်ပွဲက စစ်သုံ့ပန်း ၂၅ ​ဦးကိုဖမ်းဆီးရရှိတာကိုလည်းKNLA တပ်မဟာ -၁ထုတ်ပြန်တဲ့သတင်းဓါတ်ပုံမှာ​တွေ့ရပါတယ်။မဲပလီ စခန်းသိမ်းစစ်ဆင်ရေးမှာ KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ BPLAနဲ့ FFD မဟာမိတ်ပူးပေါင်းတပ်တွေ အတူတကွ စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဓါတ်ပုံ-KNLA တပ်မဟာ -၁ မဲပလီဗျူဟာစခန်းသိမ်း တိုက်ပွဲမှတ်တမ်း BPLA ထုတ်ပြန် (ရုပ်/သံ) ဖေဖော်ဝါရီ ၂၊ ၂၀၂၅ KNU…

    February 2, 2025
  • ဗန်းမော် စကခ(၂၁)အနီးရှိ အမတ(၃၆၆)တပ်ရင်းဌာနချုပ်ကို KIAနှင့်ပူး​ပေါင်းတပ်ထပ်မံသိမ်းပိုက်

    ဗန်းမော် စကခ(၂၁)အနီးရှိ အမတ(၃၆၆)တပ်ရင်းဌာနချုပ်ကို  KIAနှင့်ပူး​ပေါင်းတပ်ထပ်မံသိမ်းပိုက်

    ဗန်းမော် စကခ(၂၁)အနီးရှိ အမတ(၃၆၆)တပ်ရင်းဌာနချုပ်ကို KIAနှင့်ပူး​ပေါင်းတပ်ထပ်မံသိမ်းပိုက် ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ဗန်းမော်မြို့အခြေစိုက်စစ်ကောင် စီ အမြောက်တပ်အပါအဝင် တပ်ရင်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ကယနေ့ (​ဖေ​ဖော်ဝါရီ ၂ရက်)ညနေပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ကြောင်းကချင်စစ်​ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည့် KIA ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂ရက်မနက်အစောတွင် ထိုးစစ်အရှိန်မြှင့်ပြီး လက်ကျန်စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ ညနေ ၄နာရီခွဲခန့်တွင်အမှတ် ၃၆၆ အ​မြောက်တပ်ရင်း ( အမတ-၃၆၆) ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကချင်သတင်းရင်းမြစ်က အသိပေးသည်။ ဗန်မော်ရှိ အမှတ်(၃၆၆)အမြောက်တပ်ရင်းဌာန ချုပ် နှင့် အမှတ်(၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင် နီယာတပ် အား အပြီးသိမ်းပိုက်ရရှိခဲ့ပြီးလက်နက်ခဲယမ်းများရရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။ ယင်းနှင့်ပတ်သက်၍ KIA သတင်းရင်းမြစ်တစ်ဦးကသိမ်းပိုက်ရရှိသည်မှာမှန်ကန်ကြောင်း အတည် ပြုသည်။…

    February 2, 2025
  • ရန်ကုန်တိုင်း၊ ကမာရွတ်တွင် လူနာတင်ကားဖြင့် စစ်တပ်က လှည့်လည် ပေါ်တာဆွဲ၊ ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းတွင် စစ်တပ်က လူငယ် ၄၀ ကျော်ကို ဖမ်းဆီးပြီး ငွေညှစ်မှုများ လုပ်နေ

    ရန်ကုန်တိုင်း၊ ကမာရွတ်တွင် လူနာတင်ကားဖြင့် စစ်တပ်က လှည့်လည် ပေါ်တာဆွဲ၊ ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းတွင် စစ်တပ်က လူငယ် ၄၀ ကျော်ကို ဖမ်းဆီးပြီး ငွေညှစ်မှုများ လုပ်နေ

    ရန်ကုန်တိုင်း၊ ကမာရွတ်တွင် လူနာတင်ကားဖြင့် စစ်တပ်က လှည့်လည် ပေါ်တာဆွဲ၊ ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းတွင် စစ်တပ်က လူငယ် ၄၀ ကျော်ကို ဖမ်းဆီးပြီး ငွေညှစ်မှုများ လုပ်နေ ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရန်ကုန်မြို့၊ ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် အကြမ်း ဖက် စစ်တပ်က လူငယ် ၄၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူနာတင်ကားများဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ကမာရွတ်ဘူတာတွင် ရထားစောင့်နေသည့် လူငယ် ၁ ဦးကို ပရဟိတ လူနာတင်ကားဖြင့် ရောက်လာသည့် အရပ်ဝတ်…

    February 2, 2025
←Previous Page
1 … 159 160 161 162 163 … 202
Next Page→

MYIA MM

Proudly powered by WordPress