ဗန်းမော် စကခ(၂၁)အနီးရှိ အမတ(၃၆၆)တပ်ရင်းဌာနချုပ်ကို KIAနှင့်ပူးပေါင်းတပ်ထပ်မံသိမ်းပိုက်
ဟန်နွေ/People’s Spring
ကချင်ပြည်နယ်၊ဗန်းမော်မြို့အခြေစိုက်စစ်ကောင်
စီ အမြောက်တပ်အပါအဝင် တပ်ရင်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ကယနေ့ (ဖေဖော်ဝါရီ ၂ရက်)ညနေပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည့် KIA ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂ရက်မနက်အစောတွင် ထိုးစစ်အရှိန်မြှင့်ပြီး လက်ကျန်စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ ညနေ ၄နာရီခွဲခန့်တွင်အမှတ် ၃၆၆ အမြောက်တပ်ရင်း ( အမတ-၃၆၆) ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကချင်သတင်းရင်းမြစ်က အသိပေးသည်။
ဗန်မော်ရှိ အမှတ်(၃၆၆)အမြောက်တပ်ရင်းဌာန
ချုပ် နှင့် အမှတ်(၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင်
နီယာတပ် အား အပြီးသိမ်းပိုက်ရရှိခဲ့ပြီးလက်နက်ခဲယမ်းများရရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။
ယင်းနှင့်ပတ်သက်၍ KIA သတင်းရင်းမြစ်တစ်ဦးကသိမ်းပိုက်ရရှိသည်မှာမှန်ကန်ကြောင်း အတည်
ပြုသည်။
အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ယခု သိမ်းရခဲ့သည့် အမြောက်
တပ်သည် စကခ(၂၁) အနီး၌ တည်ရှိသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အမြောက်တပ် သိမ်းပိုက်နိုင်မှုအပါအဝင်ဗန်းမော်မြို့စစ်ရေး အခြေအနေနှင့်ပတ်သက်၍ KIA သ
တင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ နောက်ဆုံးပတ်ကလည်း KIAသည် စကခ(၂၁) အနီးရှိ သံချပ်ကာတပ်ရင်း နှင့် လေယာဉ်ကွင်း၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်စု အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို သိမ်းပိုက်ထားပြီးဖြစ်သည်။ထိုစဉ်ကလည်း အမတ(၃၆၆)ရှိ စစ်ကောင်စီ၏ လက်နက်ခဲယမ်းသိုလှောင်ရုံ KIA၏ လက်နက်ကြီးထိမှန်၍ မီး
လောင်ပျက်စီးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တို့ကပြောသည်။
KIA ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီ၏ သံချပ်ကာ ယာဉ် ၈စီးထက်မနည်းနှင့် စစ်သုံ့ပန်းများ၊လက်နက်ခဲယမ်းများရရှိထား
သည်။
KIAသည် ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးစတင်ခဲ့ရာ တိုက်ပွဲ ၂လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း ပစ်ကူ၊ ဒရုန်း၊လက်နက်ကြီးများဖြင့် ခုခံလျက်ရှိသည်။ ဗန်းမော် တိုက်ပွဲပြင်းထန်ခဲ့ပြီးနှစ်ဖက်ထိခိုက်ကျဆုံးများပြားကြောင်းလည်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
(ဗန်းမော်လေဆိပ်ကိုဇန်နဝါရီလကုန်ပိုင်းတွင်သိမ်း
ပိုက်ခဲ့သော KIA နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များ။
ဓါတ်ပုံ-ကချင်တောင်တန်း Screenshot)