-
ဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၄၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၄၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက် ရန်ကုန်၊ မတ် ၉ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၄၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယမန်နေ့ မတ်လ ၈ ရက်နေ့ ည ၁၀ နာရီ ၁ မိနစ်အချိန် ရန်ကုန်တိုင်း ၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၄၁ ရပ် ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများမှာ ပြည်သူများကို အမြဲ အနိုင်ကျင့်နေခြင်းကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဇိုးအုပ်ကြီးနှင့်နွဲ့ဇိုးတွေ သေဆုံးထိခိုက်ဖို့ သေချာသလောက်ရှိပါတယ်။ နောက်ထပ်ပစ်မှတ်ကြီးတွေကိုလည်းအကြမ်းဖက်စစ်အာဏာရှင်မပြုတ်မချင်း ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမယ်” ဟု Yangon Army (YA)…
-
ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ရှင်းလင်းမှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်ရရှိ
ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ရှင်းလင်းမှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်ရရှိ ရန်ကုန်၊ မတ် ၉ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ရှင်းလင်းရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်ရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ အကြား ရန်ကုန်-မန္တလေး ကားလမ်းအနီး ကျောက်တိုင်ကျေးရွာရှိ စစ်တပ် ကင်းစခန်းကို ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ၊ ဗျူဟာ ၂၃ ၊ တပ်ရင်း၃၅၀၂၊…
-
သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သပြေညွန့်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများအများအပြား သိမ်းဆည်းရရှိ
သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သပြေညွန့်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများအများအပြား သိမ်းဆည်းရရှိ 🟥 စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင် စခန်းစွန့်ခွာ ထွက်ပြေး ရန်ကုန်၊ မတ် ၉ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သပြေညွန့်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများအများအပြား သိမ်းဆည်းရရှိကြောင်း KNU က တရားဝင် ပြောဆိုသည်။ အဆိုပါ သပြေညွန့် စစ်တပ်စခန်းကို မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ တိုက်ခိုက်ခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် သိမ်းပိုက်ရရှိကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲတွင်…
-
၂၀၂၅ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ စစ်ရေးအရှိန် ပိုမိုမြှင့်တင် လုပ်ဆောင်လာနိုင်ဟုဆို
၂၀၂၅ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ စစ်ရေးအရှိန် ပိုမိုမြှင့်တင် လုပ်ဆောင်လာနိုင်ဟုဆို မတ် ၈ ၊ ၂၀၂၅ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေတဲ့ ပကဖ တပ်ဖွဲ့ဝင်တွေအနေနဲ့ ၂၀၂၅ ခုနှစ်ထဲမှာ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံတစ်ဝှမ်းက အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာနိုင်ပြီဖြစ်တယ်လို့ ပကဖအသံ က သတင်းထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တပ်ဖွဲ့ဝင်တွေအနေနဲ့ အခုနှစ်အတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတို့မှာရှိတဲ့ အကြမ်းစစ်တပ်ရဲ့ တပ်စခန်း၊ ဂိတ်စခန်းတွေအပါဝင် ပျုစောထီးရွာတွေကို ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်တာ၊ ပြောက်ကျားနည်းနဲ့ ကြားဖြတ်တိုက်ခိုက်တာတွေကို အရင်နှစ်တွေကထက် ပိုမိုလုပ်ဆောင်လာနိုင်ခဲ့ပြီး တိုက်ခိုက်ရေးစွမ်းရည် ပိုမိုမြင့်တက်လာတယ်လို့ ဆိုလိုက်တာပါ။ ဥပမာအဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊…
-
ပြည်ပရောက် မြန်မာများ ပြည်တွင်း သို့ ပြန်လည် ဝင်ရောက်ခြင်း မရှိတော့၍ အခြေခံအလုပ်သမားများအားလုံး ပြည်ပသို့ စေလွှတ်မှု အကန့်အသတ်မရှိ ရပ်ဆိုင်းထား 🟥ကျွမ်းကျင်လုပ်သားနှင့် G to G အစီအစဉ်အရ အလုပ်သမားများကိုသာ စစ်ကောင်စီက စိစစ်၍ ပြည်ပထွက်ခွင့်ပြုနေ
ပြည်ပရောက် မြန်မာများ ပြည်တွင်း သို့ ပြန်လည် ဝင်ရောက်ခြင်း မရှိတော့၍ အခြေခံအလုပ်သမားများအားလုံး ပြည်ပသို့ စေလွှတ်မှု အကန့်အသတ်မရှိ ရပ်ဆိုင်းထား 🟥ကျွမ်းကျင်လုပ်သားနှင့် G to G အစီအစဉ်အရ အလုပ်သမားများကိုသာ စစ်ကောင်စီက စိစစ်၍ ပြည်ပထွက်ခွင့်ပြုနေ ရန်ကုန်၊ မတ် ၉ ပြည်ပရောက် မြန်မာများ ပြည်တွင်း သို့ ပြန်လည် ဝင်ရောက်ခြင်းမရှိတော့၍ အခြေခံအလုပ်သမားများအားလုံး ပြည်ပသို့ အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်ပြီး ကျွမ်းကျင်လုပ်သားနှင့် G to G အစီအစဉ်အရ အလုပ်သမားများသာ ပြည်ပထွက်ခွင့်ပြုနေကြောင်း နေပြည်တော် အလုပ်သမားဝန်ကြီးဌာန၊ သတင်း ရင်းမြစ်က ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ပြည်ပသို့ အလုပ်သမားများ စေလွှတ်မှုများအားလုံး ယာယီရပ်ဆိုင်းထားခဲ့ကြောင်း၊ ယင်းနောက် ကျွမ်းကျင်အလုပ်…
-
ရန်ကုန်တိုင်းတွင် ၁ လအတွင်း လူငယ် ၂၀၀ ကျော် ဖမ်းဆီးခံရပြီး ရောင်နီ သီချင်းသီဆို၍ ဖမ်းဆီးခံရသူများပါရှိ
ရန်ကုန်တိုင်းတွင် ၁ လအတွင်း လူငယ် ၂၀၀ ကျော် ဖမ်းဆီးခံရပြီး ရောင်နီ သီချင်းသီဆို၍ ဖမ်းဆီးခံရသူများပါရှိ ဧရာဝတီတိုင်းမ် မတ် ၈ ရက် ရန်ကုန်တိုင်းတွင် စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ တစ်လအတွင်း လူငယ် ၂၃၃ ဦးကို ဖမ်းဆီးခဲ့ပြီး ၅၄ ဦး ပြန်လည်လွတ်မြောက်လာကြောင်း Rangoon Scout Network ထံကသိရသည်။ လွတ်မြောက်ခြင်းမရှိဘဲ ဆက်လက် ဖမ်းဆီးခံရသူ ၁၇၉ ဦးအနက်မှ ရှစ် ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်းသိရပြီး ကျန် ၁၇၁ ဦး၏ အခြေအနေကို သိရှိရခြင်းမရှိကြောင်း Rangoon Scout Network က ထုတ်ပြန်ထားသည်။ “ကျွန်မတို့ဘက်ကိုတော့ ည ၇နာရီကျော်ရင် လူငယ်တွေအပြင်မထွက်နဲ့၊ စစ်တပ်က ကင်းပတ်ပြီး…
-
ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ) မတ် ၈၊ ၂၀၂၅ ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေး ဂိတ်ကို မတ်လ ၈ ရက် ယနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။ အဲဒီစစ်ဆေးရေးဂိတ်ဟာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း ဝေါမြို့နယ်အတွင်းရှိပြီး တိုက် ခိုက်ခံရမှုကြောင့် ထိခိုက်မှုပျက်စီးမှုကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဝေါမြို့အဝင်အထွက် စစစ်ဆေးရေးဂိတ်တွေကို အင်အားတိုးချပြီး စစ်ဆေးရေးတွေ တင်းကြပ် စွာ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကို ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) နဲ့ ကဝမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (ပကဖ) တို့က…
-
ဓညဝတီရေတပ်ဌာနချုပ်အနီးတိုက်ပွဲပြင်းထန် ၊ ▪︎ AA နှင့် စစ်ကောင်စီဒရုန်းတိုက်ပွဲဆင်နွှဲ
ဓညဝတီရေတပ်ဌာနချုပ်အနီးတိုက်ပွဲပြင်းထန် ၊ ▪︎ AA နှင့် စစ်ကောင်စီဒရုန်းတိုက်ပွဲဆင်နွှဲ ကဖေး/People’s Spring ကျောက်ဖြူမြို့နယ်တွင် ဓညဝတီရေတပ်ဌာနချုပ်အနီး ဦးကင်းကျေးရွာသို့ ဝင်ရောက်မီးရှို့သည့် စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်ပြီးနောက်ပိုင်းစစ်ကောင်စီတပ်ပြန်ဆုတ် ခွာသွားပြီ ဒရုန်းများအပြန်အလှန်သုံး၍တိုက်ပွဲဖြစ်ပွားနေသည်။ စစ်ကောင်စီစစ်ကြောင်းက မတ်လ ၆ရက် နံနက်ပိုင်းတွင် ဦးကင်းကျေးရွာကို ဝင်ရောက်လာခြင်းဖြစ်ပြီး ယင်းစစ်ကြောင်းကို AAကလာရောက်တိုက်ခိုက်သွားသည်ဟု ကျောက်ဖြူမြို့ခံသတင်း ရင်းမြစ်က ပြောသည်။ “ဦးကင်းရွာတိုက်ပွဲလည်းတော်တော်ပြင်းထန်တယ်။ ရွာကို လေကြောင်းကနေအရင်ပစ်ပြီးမြေ ပြင်ကလည်း စစ်ကြောင်းဝင်လာတာ။ AAက လာတိုက်တော့ စစ်ကောင်စီဘက်က ၃၀ လောက်သေတယ်ကြားတယ်။ အလောင်းတွေထားခဲ့ပြီး ပြန်ဆုတ်သွားတယ်။ ဒါပေမယ့် အခုက ဓညဝတီကာကင်းတွေကို AA တိုက်နေပြီး နှစ်ဘက်စလုံးက ဒရုန်းတွေနဲ့ ချနေကြတယ်”ဟု အဆိုပါ ဒေသခံကပြောသည်။ ဓညဝတီရေတပ်ဌာနချုပ်နှင့် သုံးမိုင်ခန့်အကွာတွင်ရှိသော ဦးကင်းရွာတွင် အိမ်ခြေ ၁၇၀…
-
‼️နေ့ခင်းကြီးပေါ်တင်ခိုးနေတဲ့မန္တလေး😌
‼️နေ့ခင်းကြီးပေါ်တင်ခိုးနေတဲ့မန္တလေး😌 မိန်းထဲ လမ်း 69 / 38 လမ်း coco မှာ Honda Cilck 2017 (MDY-61W 16284) အမဲလေး ခိုးခံရလို့ပါ 8.3.2025 1:45 လောက်တွင်း ခိုးခံရလို့ပါ လာရောင်းသည်ဖစ်စေ တွေ့သည် ဖစ်စေ အကြောင်းကြာပါအုံး ပြန်ဝယ်ပမယ် ဖုန်း 09787797005 09400890980
-
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းရှိ စစ်တပ်၏ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းရှိ စစ်တပ်၏ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် ရန်ကုန်၊ မတ် ၈ ပဲခူးတိုင်း၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းရှိ အကြမ်းဖက် စစ်တပ်၏ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၈ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း၊ ဝေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ညောင်ခါးရှည် X Ray ဂိတ်ကို တော်လှန်ရေး…